တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စား လှယ်အဖွဲ့ လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ Wat Ong Teu ဘုန်းတော်ကြီး ကျောင်းသို့သွားရောက်ဖူး မြော်ကြည် ညို 

ေနျပည္ေတာ္၊ ေအာက္တုိဘာ – ၁၀ 

လာအုိႏုိင္ငံသုိ႔ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ဇနီးေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး သန္းထြန္းဦး ႏွင့္တပ္မေတာ္အရာရွိႀကီးမ်ား၊ လာအုိႏုိင္ငံဆုိင္ရာျမန္္မာသံအမတ္ႀကီး ဦးကုိကုိႏုိင္၊ ျမန္မာစစ္သံ (ၾကည္း၊ေရ၊ ေလ) ဗုိလ္မွဴးႀကီးေက်ာ္ေက်ာ္မင္းႏွင့္တာ၀န္ရွိသူမ်ားလုိက္ပါၿပီး ယေန႔မြန္းလြဲပုိင္းတြင္ ဗီယင္က်န္း ၿမိဳ႕ရွိ Wat Ong Teu ဘုန္းေတာ္ႀကီးေက်ာင္းသုိ႔ သြားေရာက္ဖူးေျမာ္ၾကည္ညိဳၾက သည္။ 

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဘုန္းေတာ္ႀကီးေက်ာင္းရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ အားဖူးေျမာ္ၾကည္ ညိဳၿပီးပန္း၊ ေရခ်မ္း၊ ဆီမီးမ်ားကပ္လွဴပူေဇာ္သည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အဖြဲ႕၀င္မ်ားသည္ ေက်ာင္းထုိင္ဆရာေတာ္ လာခမ္းေ၀ါရမုနိခမ္းဖီက်န္း အားဖူးေျမာ္ၾကည္ညိဳ၍ ဆရာေတာ္ႀကီး ထံမွ ငါးပါးသီလ ခံယူေဆာက္တည္ၾကသည္။ 

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတို႕က ေက်ာင္းထုိင္ ဆရာေတာ္ႀကီးထံ ပိဋကတ္ေတာ္ စာအုပ္မ်ား၊ လွဴဖြယ္ပစၥည္းမ်ားႏွင့္ အလွဴေငြမ်ား ဆက္ကပ္လွဴဒါန္းၿပီး ဆရာေတာ္ႀကီးက ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ အား ဓမၼဒါနလက္ေဆာင္ အျဖစ္ ျပန္လည္ေပးအပ္သည္။ ၎င္းေနာက္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီးသန္းထြန္းဦးႏွင့္တပ္မေတာ္အရာရွိႀကီးမ်ားသည္လည္း သံဃာေတာ္မ်ားထံလွဴဖြယ္ပစၥည္း မ်ား အသီးသီးဆက္ကပ္လွဴဒါန္းၾကသည္။ 

ထုိ႔ေနာက္ လွဴဒါန္းမႈအစုစုအတြက္ေရစက္သြန္းခ်အမွ်ေပးေ၀ၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ျပန္လည္ျပဳျပင္မြမ္းမံလ်က္ရွိသည့္ ႏွစ္ေပါင္း ၄၆၀ ခန္႔သက္တမ္းရွိ လာအုိႏုိင္ငံ တြင္အႀကီးဆုံးေၾကးသြန္း ဗုဒၶ႐ုပ္ပြားေတာ္ ျဖစ္သည့္ Ong Teu Mahavihan ဗုဒၶ႐ုပ္ပြားေတာ္ေက်ာင္းေဆာင္ အတြင္းလွည့္လည္ ၾကည့္႐ႈရာ ေက်ာင္းထုိင္ဆရာေတာ္ႀကီးကလုိက္လံရွင္းလင္းျပသသည္။ ယင္းေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႕သည္ ေက်ာင္းေဆာင္အတြင္းရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ အားပန္း၊ ေရခ်မ္း၊ ဆီမီးမ်ား ကပ္လွဴပူေဇာ္ၾကသည္။ 

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ လာအုိႏုိင္ငံ ဆုိင္ရာ ျမန္မာႏုိင္ငံစစ္သံ (ၾကည္း၊ေရ၊ေလ)႐ုံးသုိ႔ေရာက္ရွိၾကၿပီး စစ္သံ႐ုံးအတြင္း လွည့္လည္ၾကည့္႐ႈစစ္ေဆးရာ စစ္သံမွဴးကလုိက္လံ ရွင္းလင္းတင္ျပသည္။ ရွင္းလင္း တင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လုိအပ္သည္မ်ား မွာၾကား ျဖည့္ဆည္းေဆာင္ရြက္ေပးသည္။ 

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးခ်ဳပ္က စစ္သံ႐ုံးရွိဧည့္သည္ေတာ္မွတ္တမ္း စာအုပ္တြင္မွတ္တမ္းတင္ လက္မွတ္ေရးထုိးသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ စစ္သံ႐ုံးေရွ႕၌ အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ခဲ့သည္။ 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စား လှယ်အဖွဲ့ လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ Wat Ong Teu ဘုန်းတော်ကြီး ကျောင်းသို့သွားရောက်ဖူး မြော်ကြည် ညို 

နေပြည်တော်၊ အောက်တိုဘာ  ၁၀

လာအိုနိုင်ငံသို့ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး နှင့်တပ်မတော်အရာရှိကြီးများ၊ လာအိုနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကိုကိုနိုင်၊ မြန်မာစစ်သံ (ကြည်း၊ရေ၊ လေ) ဗိုလ်မှူးကြီးကျော်ကျော်မင်းနှင့်တာဝန်ရှိသူများလိုက်ပါပြီး ယနေ့မွန်းလွဲပိုင်းတွင် ဗီယင်ကျန်း မြို့ရှိ Wat Ong Teu ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ဖူးမြော်ကြည်ညိုကြ သည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဘုန်းတော်ကြီးကျောင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ် အားဖူးမြော်ကြည် ညိုပြီးပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ကျောင်းထိုင်ဆရာတော် လာခမ်းဝေါရမုနိခမ်းဖီကျန်း အားဖူးမြော်ကြည်ညို၍ ဆရာတော်ကြီး ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ကျောင်းထိုင် ဆရာတော်ကြီးထံ ပိဋကတ်တော် စာအုပ်များ၊ လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီးက ဗုဒ္ဓရုပ်ပွားတော်မြတ် အား ဓမ္မဒါနလက်ဆောင် အဖြစ် ပြန်လည်ပေးအပ်သည်။ ၎င်းင်းနောက်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသန်းထွန်းဦးနှင့်တပ်မတော်အရာရှိကြီးများသည်လည်း သံဃာတော်များထံလှူဖွယ်ပစ္စည်း များ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချအမျှပေးဝေကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ပြန်လည်ပြုပြင်မွမ်းမံလျက်ရှိသည့် နှစ်ပေါင်း ၄၆၀ ခန့်သက်တမ်းရှိ လာအိုနိုင်ငံ တွင်အကြီးဆုံးကြေးသွန်း ဗုဒ္ဓရုပ်ပွားတော် ဖြစ်သည့် Ong Teu Mahavihan ဗုဒ္ဓရုပ်ပွားတော်ကျောင်းဆောင် အတွင်းလှည့်လည် ကြည့်ရှုရာ ကျောင်းထိုင်ဆရာတော်ကြီးကလိုက်လံရှင်းလင်းပြသသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် ကျောင်းဆောင်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ် အားပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြသည်။ 

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် လာအိုနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံစစ်သံ (ကြည်း၊ရေ၊လေ)ရုံးသို့ရောက်ရှိကြပြီး စစ်သံရုံးအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ စစ်သံမှူးကလိုက်လံ ရှင်းလင်းတင်ပြသည်။ ရှင်းလင်း တင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးချုပ်က စစ်သံရုံးရှိဧည့်သည်တော်မှတ်တမ်း စာအုပ်တွင်မှတ်တမ်းတင် လက်မှတ်ရေးထိုးသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စစ်သံရုံးရှေ့၌ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့သည်။ 

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။