တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအိုနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးရှိ ဝန်ထမ်းများနှင့် စစ်သံရုံးရှိ အရာရှိ၊ စစ်သည်၊ မိသားစု များအားတွေ့ဆုံအမှာစကားပြောကြား

ေနျပည္ေတာ္၊ ေအာက္တုိဘာ ၁၁

လာအုိႏုိင္ငံသုိ႔ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ သည္ ဇနီးေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး သန္းထြန္းဦးႏွင့္တပ္မေတာ္အရာရွိႀကီးမ်ား၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးႀကီး ေက်ာ္ေက်ာ္မင္းႏွင့္တာ၀န္ရွိသူမ်ားလုိက္ပါၿပီး ေအာက္တုိဘာ ၁၀ ရက္ညပုိင္းတြင္ ဗီယင္က်န္းၿမိဳ႕ရွိ လာအုိႏုိင္ငံဆုိင္ရာျမန္မာႏုိင္ငံ သံ႐ုံးသုိ႔ေရာက္ရွိၾကရာ လာအုိႏုိင္ငံဆုိင္ရာျမန္္မာသံအမတ္ႀကီး ဦးကုိကုိႏုိင္ႏွင့္သံ႐ုံး ၀န္ထမ္းမ်ား၊ စစ္သံ႐ုံးမွအရာရွိ၊ စစ္သည္မ်ားႏွင့္မိသားစုမ်ား၊ သင္တန္းသား အရာရွိမ်ားကႀကိဳဆုိႏႈတ္ဆက္ၾကသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ သံ႐ုံးရွိဧည့္သည္ေတာ္မွတ္တမ္း စာအုပ္တြင္ မွတ္တမ္းတင္လက္မွတ္ေရးထုိးသည္။ ၎ေနာက္သံအမတ္ႀကီးက သံ႐ုံး၊ စစ္သံ႐ုံး ၀န္ထမ္းမ်ားႏွင့္ သင္တန္းသားအရာရွိမ်ားအားတစ္ဦးခ်င္းမိတ္ဆက္ေပးၿပီး သံ႐ုံးလုပ္ငန္းေဆာင္ရြက္ေနမႈ အေျခအေနမ်ားႏွင့္ ျမန္မာ-လာအုိ ႏွစ္ႏုိင္ငံဆက္ဆံေရး တုိးတက္ေကာင္းမြန္မႈအေျခအေနမ်ားအား ရွင္းလင္းတင္ျပသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကအမွာစကားေျပာၾကားရာ၌ ျမန္မာ-လာအုိ ႏွစ္ႏုိင္ငံသည္ အိမ္နီးခ်င္းေကာင္းႏုိင္ငံမ်ားျဖစ္ၿပီးယခင္ကတည္းက ႏွစ္ႏုိင္ငံ ေခါင္းေဆာင္မ်ား ခ်စ္ၾကည္ရင္းႏွီးမႈမ်ားရွိခဲ့ေၾကာင္း၊ ထုိ႔အျပင္အာဆီယံအဖြဲ႕သုိ႔ တစ္ခ်ိန္ တည္း၀င္ေရာက္ခဲ့ၾကသည့္ ႏုိင္ငံမ်ားျဖစ္ၿပီး တစ္ႏုိင္ငံႏွင့္တစ္ႏုိင္ငံအျပန္အလွန္ရပ္တည္ ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ ၎အျပင္မိမိတို႔ႏွစ္ႏုိင္ငံသည္ယဥ္ေက်းမႈႏွင့္ဓေလ့ ထုံးစံမ်ား မ်ားစြာတူညီမႈရွိၿပီး ႏွစ္ႏုိင္ငံဆက္ဆံေရး ႏွင့္ပူးေပါင္းေဆာင္ရြက္ေရးကိစၥရပ္မ်ားတြင္ ခ်စ္ၾကည္ရင္းႏွီးမႈသာမက စီးပြားေရးလုပ္ငန္းမ်ားႏွင့္ ကုန္သြယ္မႈလုပ္ငန္းမ်ားကုိပါ ပူးေပါင္းေဆာင္ရြက္ႏုိင္ရန္ မိမိတုိ႔သက္ဆုိင္ရာက႑အလိုက္ ႀကိဳးပမ္းေဆာင္ရြက္ ၾကေစလိုေၾကာင္း၊ မိမိတုိ႔တာ၀န္ထမ္းေဆာင္ေနသူမ်ားသည္ ႏုိင္ငံေတာ္ႏွင့္ တပ္မေတာ္ ကုိယ္စားေဆာင္ရြက္ေနၾကသူမ်ားျဖစ္ေသာေၾကာင့္ မိသားစုစိတ္ဓာတ္ျဖင့္ စည္းစည္း လုံးလုံး၊ ညီညီၫြတ္ၫြတ္ေနထုိင္ၾကရန္လုိေၾကာင္းမွာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သံ႐ုံးမိသားစုမ်ားႏွင့္ စစ္သံ႐ုံး မိသားစုမ်ား၊ သင္တန္းသားအရာရွိမ်ားအတြက္ စားေသာက္ဖြယ္ရာမ်ားႏွင့္ လက္ေဆာင္ပစၥည္းမ်ားေပးအပ္ရာ သံအမတ္ႀကီးႏွင့္ဇနီး၊ စစ္သံမွဴးႏွင့္ဇနီး၊ သံ႐ုံး၀န္ထမ္းမ်ား၊ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားႏွင့္ သင္တန္းသားအရာရွိမ်ားကအသီးသီးလက္ခံရယူၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အဖြဲ႕၀င္မ်ားအား သံ႐ုံး မိသားစုမ်ားက ညစာျဖင့္တည္ခင္းဧည့္ခံခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအိုနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးရှိ ၀န်ထမ်းများနှင့် စစ်သံရုံးရှိ အရာရှိ၊ စစ်သည်၊ မိသားစု များအားတွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ အောက်တိုဘာ ၁၁

လာအိုနိုင်ငံသို့ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးကြီး ကျော်ကျော်မင်းနှင့်တာဝန်ရှိသူများလိုက်ပါပြီး အောက်တိုဘာ ၁၀ ရက်ညပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံဆိုင်ရာမြန်မာနိုင်ငံ သံရုံးသို့ရောက်ရှိကြရာ လာအိုနိုင်ငံဆိုင်ရာမြန််မာသံအမတ်ကြီး ဦးကိုကိုနိုင်နှင့်သံရုံး ၀န်ထမ်းများ၊ စစ်သံရုံးမှအရာရှိ၊ စစ်သည်များနှင့်မိသားစုများ၊ သင်တန်းသား အရာရှိများကကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် သံရုံးရှိဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။ ၎င်းနောက်သံအမတ်ကြီးက သံရုံး၊ စစ်သံရုံး ၀န်ထမ်းများနှင့် သင်တန်းသားအရာရှိများအားတစ်ဦးချင်းမိတ်ဆက်ပေးပြီး သံရုံးလုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများနှင့် မြန်မာ- လာအို နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်မှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကအမှာစကားပြောကြားရာ၌ မြန်မာ-လာအို နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်ပြီးယခင်ကတည်းက နှစ်နိုင်ငံ ခေါင်းဆောင်များ ချစ်ကြည်ရင်းနှီးမှုများရှိခဲ့ကြောင်း၊ ထို့အပြင်အာဆီယံအဖွဲ့သို့ တစ်ချိန် တည်းဝင်ရောက်ခဲ့ကြသည့် နိုင်ငံများဖြစ်ပြီး တစ်နိုင်ငံနှင့်တစ်နိုင်ငံအပြန်အလှန်ရပ်တည် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၎င်းအပြင်မိမိတို့နှစ်နိုင်ငံသည်ယဉ်ကျေးမှုနှင့်ဓလေ့ ထုံးစံများ များစွာတူညီမှုရှိပြီး နှစ်နိုင်ငံဆက်ဆံရေး နှင့်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များတွင် ချစ်ကြည်ရင်းနှီးမှုသာမက စီးပွားရေးလုပ်ငန်းများနှင့် ကုန်သွယ်မှုလုပ်ငန်းများကိုပါ ပူးပေါင်းဆောင်ရွက်နိုင်ရန် မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်နေသူများသည် နိုင်ငံတော်နှင့် တပ်မတော် ကိုယ်စားဆောင်ရွက်နေကြသူများဖြစ်သောကြောင့် မိသားစုစိတ်ဓာတ်ဖြင့် စည်းစည်း လုံးလုံး၊ ညီညီညွတ်ညွတ်နေထိုင်ကြရန်လိုကြောင်းမှာကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သံရုံးမိသားစုများနှင့် စစ်သံရုံး မိသားစုများ၊ သင်တန်းသားအရာရှိများအတွက် စားသောက်ဖွယ်ရာများနှင့် လက်ဆောင် ပစ္စည်းများပေးအပ်ရာ သံအမတ်ကြီးနှင့်ဇနီး၊ စစ်သံမှူးနှင့်ဇနီး၊ သံရုံးဝန်ထမ်းများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် သင်တန်းသားအရာရှိများကအသီးသီးလက်ခံရယူကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များအား သံရုံး မိသားစုများက ညစာဖြင့်တည်ခင်းဧည့်ခံခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။