တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား လာအို အမျိုးသား ကာကွယ်ရေးဝန်ကြီး Lieutenant General Chansamone CHANYALATH က ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး

 

ေနျပည္ေတာ္၊ ေအာက္တုိဘာ – ၁၁

လာအုိအမ်ိဳးသားကာကြယ္ေရး၀န္ႀကီး Lieutenant General Chansamone CHANYALATH ၏ဖိတ္ၾကားခ်က္အရ လာအုိျပည္သူ႕ဒီမုိကရက္တစ္သမၼတႏုိင္ငံသုိ႔ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေန သည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္အား ယေန႔နံနက္ပုိင္းတြင္ လာအုိကာကြယ္ေရး၀န္ႀကီး႐ုံး၌ ဂုဏ္ျပဳတပ္ဖြဲ႕ ျဖင့္ႀကိဳဆုိသည္။

အဆုိပါအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း) မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး သန္းထြန္းဦးႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ လာအုိႏုိင္ငံဆုိင္ရာျမန္မာႏုိင္ငံ သံအမတ္ႀကီး ဦးကုိကုိႏုိင္၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ ေလ) ဗုိလ္မွဴးႀကီး ေက်ာ္ေက်ာ္မင္းတုိ႔ တက္ေရာက္ၾကၿပီး လာအုိအမ်ိဳးသားကာကြယ္ေရး ၀န္ႀကီးႏွင့္အတူလာအုိတပ္မေတာ္မွ အရာရွိႀကီး မ်ားတက္ေရာက္ၾကသည္။
ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ အခမ္းအနားက်င္းပ ျပဳလုပ္မည့္ လာအုိ ကာကြယ္ေရး၀န္ႀကီး႐ုံးသုိ႔ေရာက္ရွိရာ လာအုိအမ်ိဳးသားကာကြယ္ေရး ၀န္ႀကီးကႀကိဳဆုိႏႈတ္ဆက္ သည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ လာအုိႏုိင္ငံအမ်ိဳးသားကာကြယ္ေရး ၀န္ႀကီးတုိ႔သည္ ဂုဏ္ျပဳတပ္ဖြဲ႕၏အေလးျပဳျခင္း ကုိခံယူၿပီး ဂုဏ္ျပဳတပ္ဖြဲ႕အားစစ္ေဆးသည္။

 

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ လာအုိႏုိင္ငံအမ်ိဳးသား ကာကြယ္ေရး၀န္ႀကီးတုိ႔သည္ ႏွစ္ႏုိင္ငံတပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ အျပန္အလွန္ မိတ္ဆက္ေပးၾကၿပီး အမွတ္တရ စုေပါင္းဓာတ္ပုံ႐ုိက္ကူးၾကသည္။ ယင္းေနာက္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ လာအုိအမ်ိဳးသား ကာကြယ္ေရး၀န္ႀကီး Lieutenant General Chansamone CHANYALATH တုိ႔သည္၀န္ႀကီး႐ုံးဧည့္ခန္းမ၌ ေတြ႕ဆုံေဆြးေႏြးၾကသည္။

ထုိသုိ႔ေတြ႕ရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္္မာ-လာအုိႏွစ္ႏုိင္ငံ သည္မိတ္ေဆြ ေဟာင္း၊ မိတ္ေဆြေကာင္းႏုိင္ငံမ်ားျဖစ္ေၾကာင္း၊ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္ အၾကား ပူးေပါင္း ေဆာင္ရြက္မႈမ်ားပုိမုိတုိးျမႇင့္ေဆာင္ရြက္ႏုိင္ရန္အတြက္ယခုကဲ့သုိ႔ ခ်စ္ၾကည္ေရးခရီးလာေရာက္ျခင္း ျဖစ္ေၾကာင္း၊ ႏွစ္ႏုိင္ငံသည္ ၁၉၅၅ ခုႏွစ္ကတည္းက သံတမန္ဆက္ဆံေရးရွိခဲ့ၿပီး အာဆီယံ အဖြဲ႕သုိ႔အတူတကြ၀င္ေရာက္ခဲ့သည့္ႏုိင္ငံမ်ားျဖစ္ ေၾကာင္း၊ မိမိတုိ႔ႏွစ္ႏုိင္ငံသည္ ဖြံ႕ၿဖိဳးဆဲႏုိင္ငံမ်ား ျဖစ္ၿပီး နယ္စပ္ေဒသရွိတုိင္းရင္းသားမ်ားမွာ ယဥ္ေက်းမႈ၊ ဓေလ့စ႐ုိက္မ်ားတူညီမႈရွိၾကေၾကာင္း၊ လာအုိျမန္မာခ်စ္ၾကည္ေရးတံတား တည္ေဆာက္ဖြင့္လွစ္ၿပီး ႏွစ္ႏုိင္ငံကူးလူးဆက္ဆံေရး ကုိေဆာင္ရြက္လ်က္ရွိသကဲ့သုိ႔ ႏွစ္ႏုိင္ငံ ကုန္သြယ္ေရးကုိလည္းတုိးျမႇင့္ေဆာင္ရြက္ရန္လုိေၾကာင္း၊ ထုိ႔အတူ နယ္စပ္ေဒသတည္ၿငိမ္ ေအးခ်မ္းေရးႏွင့္ မူးယစ္ေဆး၀ါးကုန္သြယ္မႈမ်ားပေပ်ာက္ေရးအတြက္ ႏွစ္ႏုိင္ငံႏွင့္ ႏွစ္ႏုိင္ငံ တပ္မေတာ္ႏွစ္ရပ္အၾကား သတင္းမ်ားဖလွယ္၍ ပူးေပါင္းေဆာင္ရြက္မႈမ်ားျမႇင့္ တင္ေဆာင္ရြက္ရန္လုိေၾကာင္းေျပာၾကားသည္။
ထုိ႔ေနာက္ လာအုိအမ်ိဳးသားကာကြယ္ေရး၀န္ႀကီးက ယခုကဲ့သုိ႔ခ်စ္ၾကည္ေရးခရီးစဥ္ မ်ား လည္ပတ္ျခင္းႏွင့္ ေဆြးေႏြးမႈမ်ားမွတစ္ဆင့္ ႏွစ္ႏုိင္ငံႏွင့္ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္ အၾကား ခ်စ္ၾကည္ရင္းႏွီးမႈကုိပုိမုိတုိးတက္ေကာင္းမြန္ေစေၾကာင္း၊ မိမိတုိ႔ႏွစ္ႏုိင္ငံသည္ ေရွးယခင္ကတည္းက ခ်စ္ၾကည္ရင္းႏွီးမႈရွိခဲ့သည့္ သမုိင္းအစဥ္အလာေကာင္းမ်ားရွိခဲ့ၿပီး ဆက္လက္တုိးျမႇင့္ေဆာင္ရြက္ လ်က္ရွိေၾကာင္း၊ ယခုအခါခ်စ္ၾကည္ရင္းႏွီးမႈပုိမုိတုိးတက္ ေကာင္းမြန္လာၿပီျဖစ္သျဖင့္ ႏွစ္ႏုိင္ငံအက်ိဳး ကုိျဖစ္ထြန္းေစေၾကာင္းေျပာၾကားသည္။

ယင္းေနာက္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကားခ်စ္ၾကည္ရင္းႏွီးမႈတုိးျမႇင့္ ေဆာင္ရြက္ေရးႏွင့္ ပူးေပါင္းေဆာင္ရြက္ေရး၊ ေလ့က်င့္ေရးဆုိင္ရာမ်ားႏွင့္ေဆးဘက္ဆုိင္ရာ နည္းပညာ အေတြ႕ အႀကဳံမ်ားအျပန္အလွန္ဖလွယ္ေရး၊ တပ္မေတာ္ႏွစ္ရပ္အၾကားအဆင့္ အလုိက္ ခ်စ္ၾကည္ေရး ခရီးစဥ္မ်ားအျပန္အလွန္လည္ပတ္ေရး၊ နယ္စပ္ေဒသကုန္သြယ္မႈ တုိးျမႇင့္ေဆာင္ရြက္ေရး ဆုိင္ရာ ကိစၥရပ္မ်ားအား ရင္းႏွီးပြင့္လင္းစြာအျမင္ခ်င္းဖလွယ္ ေဆြးေႏြးၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ လာအုိအမ်ိဳးသား ကာကြယ္ေရး၀န္ႀကီး တုိ႔သည္္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ားအျပန္အလွန္ေပးအပ္ ၾကသည္။ ၎ေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္သည္ အညတရစစ္သည္ဗိမာန္ သုိ႔ေရာက္ရွိၿပီး ပန္းေခြခ် အေလးျပဳသည္။

ယင္းေနာက္ ညေနပုိင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ လာအုိအမ်ိဳးသား ကာကြယ္ေရး ၀န္ႀကီးဌာန၊ ဒုတိယ၀န္ႀကီးႏွင့္ စစ္ဦးစီးဌာနအႀကီးအကဲ Lieutenant General Souvone LEUANGBOUNMY အားလက္ခံေတြ႕ဆုံ၍ ႏွစ္ႏုိင္ငံ တပ္မေတာ္ႏွစ္ရပ္အၾကား အဆင့္လုိက္ ေခါင္းေဆာင္မ်ား ခ်စ္ၾကည္ေရးခရီးစဥ္မ်ား အျပန္အလွန္လည္ပတ္၍ ဆက္ဆံမႈ တုိးျမႇင့္ေဆာင္ရြက္ေရး၊ ႏွစ္ႏုိင္ငံနယ္စပ္ေဒသ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ ထိေရာက္စြာ ပူးေပါင္းေဆာင္ရြက္ေရး၊ ေလ့က်င့္ေရး ဆုိင္ရာမ်ား၊ ေဆးဘက္နည္းပညာမ်ားႏွင့္ သဘာ၀ ေဘးအႏၲရာယ္ကာကြယ္ေရး ဆုိင္ရာအေတြ႕အႀကဳံမ်ားအားအျပန္အလွန္ဖလွယ္ေရး၊ တပ္မေတာ္ အားကစားအဖြဲ႕မ်ား ႏွင့္ ယဥ္ေက်းမႈအဖြဲ႕မ်ားအျပန္အလွန္ေစလႊတ္ေရးႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈပုိမုိတုိးတက္ခုိင္မာေစေရးဆုိင္ရာကိစၥရပ္မ်ားအားရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္း ဖလွယ္ ေဆြးေႏြးၾကသည္။
ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္လာအုိအမ်ိဳးသား ကာကြယ္ေရး၀န္ႀကီးဌာန၊ ဒုတိယ၀န္ႀကီးႏွင့္ စစ္ဦးစီးဌာနအႀကီးအကဲျဖစ္သူတုိ႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ၿပီး တက္ေရာက္လာၾက သူမ်ားႏွင့္အတူ စုေပါင္းဓာတ္ပုံ႐ုိက္ကူးၾကသည္။
ဆက္လက္၍တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ လာအုိအမ်ိဳးသား တပ္မေတာ္ အမွတ္(၄၉၇) တုိက္ခိုက္ေရးတပ္ရင္းသုိ႔ေရာက္ရွိၾကရာ တပ္ရင္းအႀကီးအကဲ ဗုိလ္မွဴးႀကီး အုဒုံအြန္႔ဆပ္ဒါ ႏွင့္ အရာရွိႀကီးမ်ားကႀကိဳဆုိႏႈတ္ဆက္ၾကသည္။ ယင္းေနာက္ တပ္ရင္းအစည္းအေ၀း ခန္းမတြင္ တပ္ရင္းအႀကီးအကဲက တပ္ရင္း၏သမုိင္းေၾကာင္းႏွင့္ ဖြဲ႕စည္းထားရွိမႈအေျခအေနမ်ားႏွင့္ လာအုိျပည္သူမ်ားသဘာ၀ေဘးအႏၲရာယ္က်ေရာက္ခ်ိန္တြင္ ကူညီေဆာင္ရြက္ ေပးမႈအေျခအေန မ်ားအားရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္မေတာ္သားမ်ားသည္ ႏုိင္ငံတာ္ ကာကြယ္ေရးတာ၀န္သာမက ျပည္သူ႕အက်ိဳးျပဳလုပ္ငန္းမ်ားကုိေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔ ျမန္မာ့တပ္မေတာ္တြင္လည္း တပ္မေတာ္သားမ်ားအေနျဖင့္ ႏုိင္ငံေတာ္ကာကြယ္ေရးတာ၀န္မ်ား သာမက ျပည္သူ႕အက်ိဳးျပဳလုပ္ငန္းမ်ားအား ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ ယခုကဲ့သုိ႔ျပည္သူ မ်ား၏အက်ိဳးစီးပြားကုိေဆာင္ရြက္ၿပီး မိမိတုိ႔တပ္၏ဂုဏ္ကုိျမႇင့္တင္ရန္လုိအပ္ေၾကာင္း ရွင္းလင္း ေျပာၾကားသည္။
ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ တပ္ရင္းအႀကီးအကဲ၊ တပ္ရင္းမွ အရာရွိမ်ားႏွင့္အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ကူးၾကသည္။ ယင္းေနာက္ တပ္ရင္းမွ အၾကမ္းဖက္ ႏွိမ္နင္းေရး အရာရွိ၊ စစ္သည္မ်ား၊ အမ်ိဳသမီးစစ္သည္မ်ား၏ သ႐ုပ္ျပသမႈမ်ား လာအုိျပည္သူ႕ တပ္မေတာ္၏အထူးစစ္နည္းဗ်ဴဟာ ေလ့က်င့္ခန္းမ်ား၊ ညတုိက္ပြဲဆင္ႏႊဲျခင္း ေလ့က်င့္ခန္း သ႐ုပ္ျပသမႈအားၾကည့္႐ႈအားေပးၿပီး သ႐ုပ္ျပသခဲ့သည့္ အရာရွိ၊ စစ္သည္မ်ားႏွင့္ အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သ႐ုပ္ျပသခဲ့သည့္အရာရွိ၊ စစ္သည္၊ စစ္သမီး မ်ားအား ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ားေပးအပ္ခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား လာအို အမျိုးသား ကာကွယ်ရေးဝန်ကြီး Lieutenant General Chansamone CHANYALATH က ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ အောက်တိုဘာ – ၁၁

လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီး Lieutenant General Chansamone CHANYALATH ၏ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေ သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ယနေ့နံနက်ပိုင်းတွင် လာအိုကာကွယ်ရေးဝန်ကြီးရုံး၌ ဂုဏ်ပြုတပ်ဖွဲ့ ဖြင့်ကြိုဆိုသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် တပ်မတော်အရာရှိကြီးများ၊ လာအိုနိုင်ငံဆိုင်ရာမြန်မာနိုင်ငံ သံအမတ်ကြီး ဦးကိုကိုနိုင်၊ မြန်မာစစ်သံ(ကြည်း၊ရေ၊ လေ) ဗိုလ်မှူးကြီး ကျော်ကျော်မင်းတို့ တက်ရောက်ကြပြီး လာအိုအမျိုးသားကာကွယ်ရေး ၀န်ကြီးနှင့်အတူလာအိုတပ်မတော်မှ အရာရှိကြီး များတက်ရောက်ကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အခမ်းအနားကျင်းပ ပြုလုပ်မည့် လာအို ကာကွယ်ရေးဝန်ကြီးရုံးသို့ရောက်ရှိရာ လာအိုအမျိုးသားကာကွယ်ရေး ၀န်ကြီးကကြိုဆိုနှုတ်ဆက် သည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လာအိုနိုင်ငံအမျိုးသားကာကွယ်ရေး ၀န်ကြီးတို့သည် ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်း ကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့အားစစ်ဆေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လာအိုနိုင်ငံအမျိုးသား ကာကွယ်ရေးဝန်ကြီးတို့သည် နှစ်နိုင်ငံတပ်မတော်အရာရှိကြီးများနှင့် အပြန်အလှန် မိတ်ဆက်ပေးကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။ ယင်းနောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီး Lieutenant General Chansamone CHANYALATH တို့သည်ဝန်ကြီးရုံးဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးကြသည်။

ထိုသို့တွေ့ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန််မာ-လာအိုနှစ်နိုင်ငံ သည်မိတ်ဆွေ ဟောင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်ကြောင်း၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ် အကြား ပူးပေါင်း ဆောင်ရွက်မှုများပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက်ယခုကဲ့သို့ ချစ်ကြည်ရေးခရီးလာရောက်ခြင်း ဖြစ်ကြောင်း၊ နှစ်နိုင်ငံသည် ၁၉၅၅ ခုနှစ်ကတည်းက သံတမန်ဆက်ဆံရေးရှိခဲ့ပြီး အာဆီယံ အဖွဲ့သို့အတူတကွဝင်ရောက်ခဲ့သည့်နိုင်ငံများဖြစ် ကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများ ဖြစ်ပြီး နယ်စပ်ဒေသရှိတိုင်းရင်းသားများမှာ ယဉ်ကျေးမှု၊ ဓလေ့စရိုက်များတူညီမှုရှိကြကြောင်း၊ လာအိုမြန်မာချစ်ကြည်ရေးတံတား တည်ဆောက်ဖွင့်လှစ်ပြီး နှစ်နိုင်ငံကူးလူးဆက်ဆံရေး ကိုဆောင်ရွက်လျက်ရှိသကဲ့သို့ နှစ်နိုင်ငံ ကုန်သွယ်ရေးကိုလည်းတိုးမြှင့်ဆောင်ရွက်ရန်လိုကြောင်း၊ ထို့အတူ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးနှင့် မူးယစ်ဆေးဝါးကုန်သွယ်မှုများပပျောက်ရေးအတွက် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား သတင်းများဖလှယ်၍ ပူးပေါင်းဆောင်ရွက်မှုများမြှင့် တင်ဆောင်ရွက်ရန်လိုကြောင်းပြောကြားသည်။

ထို့နောက် လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးက ယခုကဲ့သို့ချစ်ကြည်ရေးခရီးစဉ် များ လည်ပတ်ခြင်းနှင့် ဆွေးနွေးမှုများမှတစ်ဆင့် နှစ်နိုင်ငံနှင့်နှစ်နိုင်ငံတပ်မတော်နှစ်ရပ် အကြား ချစ်ကြည်ရင်းနှီးမှုကိုပိုမိုတိုးတက်ကောင်းမွန်စေကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် ရှေးယခင်ကတည်းက ချစ်ကြည်ရင်းနှီးမှုရှိခဲ့သည့် သမိုင်းအစဉ်အလာကောင်းများရှိခဲ့ပြီး ဆက်လက်တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း၊ ယခုအခါချစ်ကြည်ရင်းနှီးမှုပိုမိုတိုးတက် ကောင်းမွန်လာပြီဖြစ်သဖြင့် နှစ်နိုင်ငံအကျိုး ကိုဖြစ်ထွန်းစေကြောင်းပြောကြားသည်။

ယင်းနောက် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြားချစ်ကြည်ရင်းနှီးမှုတိုးမြှင့် ဆောင်ရွက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ လေ့ကျင့်ရေးဆိုင်ရာများနှင့်ဆေးဘက်ဆိုင်ရာ နည်းပညာ အတွေ့ အကြုံများအပြန်အလှန်ဖလှယ်ရေး၊ တပ်မတော်နှစ်ရပ်အကြားအဆင့် အလိုက် ချစ်ကြည်ရေး ခရီးစဉ်များအပြန်အလှန်လည်ပတ်ရေး၊ နယ်စပ်ဒေသကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီး တို့သည်် အမှတ်တရလက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ် ကြသည်။ ၎င်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် အညတရစစ်သည်ဗိမာန် သို့ရောက်ရှိပြီး ပန်းခွေချ အလေးပြုသည်။

ယင်းနောက် ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လာအိုအမျိုးသား ကာကွယ်ရေး ၀န်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲ Lieutenant General Souvone LEUANGBOUNMY အားလက်ခံတွေ့ဆုံ၍ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား အဆင့်လိုက် ခေါင်းဆောင်များ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်၍ ဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ လေ့ကျင့်ရေး ဆိုင်ရာများ၊ ဆေးဘက်နည်းပညာများနှင့် သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေး ဆိုင်ရာအတွေ့အကြုံများအားအပြန်အလှန်ဖလှယ်ရေး၊ တပ်မတော် အားကစားအဖွဲ့များ နှင့် ယဉ်ကျေးမှုအဖွဲ့များအပြန်အလှန်စေလွှတ်ရေးနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးတက်ခိုင်မာစေရေးဆိုင်ရာကိစ္စရပ်များအားရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲဖြစ်သူတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး တက်ရောက်လာကြ သူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။

ဆက်လက်၍တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် လာအိုအမျိုးသား တပ်မတော် အမှတ်(၄၉၇) တိုက်ခိုက်ရေးတပ်ရင်းသို့ရောက်ရှိကြရာ တပ်ရင်းအကြီးအကဲ ဗိုလ်မှူးကြီး အုဒုံအွန့်ဆပ်ဒါ နှင့် အရာရှိကြီးများကကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် တပ်ရင်းအစည်းအဝေး ခန်းမတွင် တပ်ရင်းအကြီးအကဲက တပ်ရင်း၏သမိုင်းကြောင်းနှင့် ဖွဲ့စည်းထားရှိမှုအခြေအနေများနှင့် လာအိုပြည်သူများသဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင် ကူညီဆောင်ရွက် ပေးမှုအခြေအနေ များအားရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သားများသည် နိုင်ငံတာ် ကာကွယ်ရေးတာဝန်သာမက ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့ မြန်မာ့တပ်မတော်တွင်လည်း တပ်မတော်သားများအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များ သာမက ပြည်သူ့အကျိုးပြုလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုကဲ့သို့ပြည်သူ များ၏အကျိုးစီးပွားကိုဆောင်ရွက်ပြီး မိမိတို့တပ်၏ဂုဏ်ကိုမြှင့်တင်ရန်လိုအပ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တပ်ရင်းအကြီးအကဲ၊ တပ်ရင်းမှ အရာရှိများနှင့်အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။ ယင်းနောက် တပ်ရင်းမှ အကြမ်းဖက် နှိမ်နင်းရေးအရာရှိ၊ စစ်သည်များ၊ အမျိုသမီးစစ်သည်များ၏ သရုပ်ပြသမှုများ လာအိုပြည်သူ့ တပ်မတော်၏အထူးစစ်နည်းဗျူဟာ လေ့ကျင့်ခန်းများ၊ ညတိုက်ပွဲဆင်နွှဲခြင်း လေ့ကျင့်ခန်း သရုပ်ပြသမှုအားကြည့်ရှုအားပေးပြီး သရုပ်ပြသခဲ့သည့် အရာရှိ၊ စစ်သည်များနှင့် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သရုပ်ပြသခဲ့သည့်အရာရှိ၊ စစ်သည်၊ စစ်သမီး များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။