တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ H.E. Mr. Bounnhang VORACHITH အား ဂါရဝပြုတွေ့ဆုံ

ေနျပည္ေတာ္၊ ေအာက္တုိဘာ ၁၁

လာအုိအမ်ိဳးသားကာကြယ္ေရး၀န္ႀကီး Lieutenant General Chansamone CHANYALATH ၏ဖိတ္ၾကားခ်က္အရ လာအုိျပည္သူ႕ဒီမုိကရက္တစ္သမၼတႏုိင္ငံသုိ႔ ခ်စ္ၾကည္ေရးခရီး ေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ယေန႔ ေန႔လယ္ပုိင္းတြင္ လာအုိျပည္သူ႕ ဒီမုိကရက္တစ္သမၼတႏုိင္ငံ သမၼတ H.E. Mr. Bounnhang VORACHITH အား ဗီယင္က်န္းၿမိဳ႕ရွိ သမၼတအိမ္ေတာ္ ၌ ဂါရ၀ျပဳေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး သန္းထြန္းဦးႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ လာအုိႏုိင္ငံဆုိင္ရာ ျမန္မာႏုိင္ငံ သံအမတ္ႀကီး ဦးကုိကုိႏုိင္၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ ေလ) ဗုိလ္မွဴးႀကီး ေက်ာ္ေက်ာ္မင္းတုိ႔ တက္ေရာက္ၾကၿပီး လာအုိျပည္သူ႕ဒီမုိကရက္တစ္ သမၼတႏုိင္ငံ သမၼတႏွင့္အတူ လာအုိအမ်ိဳးသား ကာကြယ္ေရး၀န္ႀကီး Lieutenant General Chansamone CHANYALATH ႏွင့္ တာ၀န္ရွိသူမ်ားတက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ရာတြင္ လာအုိႏုိင္ငံသမၼတ H.E. Mr. Bounnhang VORACHITH က လာအုိ-ျမန္မာႏွစ္ႏုိင္ငံႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကား ဆက္ဆံေရးမ်ားေကာင္းမြန္ တုိးတက္ လ်က္ရွိေၾကာင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ခရီးစဥ္မွတစ္ဆင့္ ႏွစ္ႏုိင္ငံရွိရင္းစြဲခ်စ္ၾကည္ရင္းႏွီးမႈ၊ ပူးေပါင္း ေဆာင္ရြက္မႈမ်ား ပုိမုိတုိးျမႇင့္ႏုိင္မည္ဟု ေမွ်ာ္လင့္ေၾကာင္းဦးစြာႏႈတ္ခြန္းဆက္စကားေျပာၾကားသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က မိမိတုိ႔ ခ်စ္ၾကည္ေရး ကုိယ္စားလွယ္အဖြဲ႕အားလက္ခံေတြ႕ဆုံမႈအတြက္ ေက်းဇူးတင္ရွိပါေၾကာင္း၊ ျမန္မာႏုိင္ငံ သမၼတႀကီးကလည္း ႏွစ္ႏုိင္ငံခ်စ္ၾကည္ရင္းႏွီးမႈမ်ားပုိမုိတုိးတက္ပါေစေၾကာင္း ဆုမြန္ေကာင္းေတာင္း စကားပါးလုိက္ပါေၾကာင္း၊ ျမန္မာ-လာအုိႏွစ္ႏုိင္ငံသည္ ခြဲျခားမရ သည့္ အိမ္နီးခ်င္းေကာင္း၊ မိတ္ေဆြေဟာင္း၊ မိတ္ေဆြေကာင္းမ်ားျဖစ္ၿပီး လြတ္လပ္ေရး ရရွိခ်ိန္မွစ၍ ႏွစ္ႏုိင္ငံေခါင္းေဆာင္ မ်ားအျပန္အလွန္လည္ပတ္ျခင္းျဖင့္ ဆက္ဆံေရး ေကာင္းမြန္ခဲ့သည့္ အစဥ္အလာကုိမိမိတုိ႔အေနျဖင့္ ဆက္လက္ျမႇင့္တင္ႏုိင္ေအာင္ႀကိဳးစား ေဆာင္ရြက္ေနပါေၾကာင္း၊ ယခုခရီးစဥ္အတြင္း မိမိႏွင့္ လာအုိႏုိင္ငံအမ်ိဳးသားကာကြယ္ေရး၀န္ႀကီးတုိ႔ ႏွစ္ႏုိင္ငံခ်စ္ၾကည္ရင္းႏွီးေရးႏွင့္ ႏွစ္ႏုိင္ငံ တပ္မေတာ္ႏွစ္ရပ္အၾကားအျပန္အလွန္ ပူးေပါင္းေဆာင္ရြက္ေရး လုံၿခဳံေရးဆုိင္ရာ ပူးေပါင္း ေဆာင္ရြက္ေရးကိစၥရပ္မ်ားကုိ က်ယ္ျပန္႔စြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကၿပီး သေဘာတူညီခ်က္ မ်ားစြာရရွိခဲ့ပါေၾကာင္း ႏႈတ္ခြန္းဆက္စကားျပန္လည္ေျပာၾကားသည္။

ထုိ႔ေနာက္ လက္ရွိျမန္မာႏုိင္ငံ၏ ႏုိင္ငံေရးအေျခအေနမ်ား၊ ျမန္မာႏုိင္ငံ၏တရားမွ် တစြာ ေျဖရွင္းေဆာင္ရြက္မႈမ်ားအေပၚ လာအုိႏုိင္ငံက ျပတ္သားစြာရပ္တည္ေပးမႈ အေျခအေနမ်ား၊ ႏွစ္ႏုိင္ငံနယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းေရးႏွင့္ နယ္စပ္ကူးလူးဆက္ဆံမႈ၊ ကုန္သြယ္မႈမ်ားမွတစ္ဆင့္ ေဒသတြင္းကုန္သြယ္မႈမ်ားအထိ တုိးျမႇင့္ေဆာင္ရြက္ႏုိင္ေရး၊ ကမၻာ့လွည့္ခရီးသြားလုပ္ငန္း ျမႇင့္တင္ေရးတြင္ပူးေပါင္းေဆာင္ရြက္ႏုိင္ေရး၊ ျမန္မာႏုိင္ငံ၏ ထာ၀ရၿငိမ္းခ်မ္းေရးအတြက္တပ္မေတာ္က မဆုတ္မနစ္ႀကိဳးစားေဆာင္ရြက္ေပးေနသည့္ အေျခအေနမ်ား၊ ႏွစ္ႏုိင္ငံနယ္စပ္ေဒသ မူးယစ္ေဆး၀ါး တုိက္ဖ်က္ေရးႏွင့္တရားမ၀င္ ကုန္သြယ္မႈမ်ားမရွိေစေရးကိစၥရပ္မ်ား၊ ႏွစ္ႏုိင္ငံတပ္မေတာ္ ႏွစ္ရပ္ အၾကား အျပန္အလွန္ လည္ပတ္မႈမ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္မႈမ်ား စဥ္ဆက္ မျပတ္ပုိမုိတုိးတက္ေဆာင္ရြက္ႏုိင္ ေရးကိစၥရပ္မ်ား၊ တပမေတာ္ယဥ္ေက်းမႈအဖြဲ႕မ်ား အျပန္အလွန္ ေစလႊတ္ေရးကိစၥရပ္မ်ား၊ ႏွစ္ႏုိင္ငံ ျပည္သူမ်ား၏လူမႈစီးပြားဘ၀ဖြံ႕ၿဖိဳး တုိးတက္ေရးဆုိင္ရာ ကိစၥရပ္မ်ားအား အျပန္အလွန္ ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ လာအုိျပည္သူ႕သမၼတႏုိင္ငံ သမၼတ တုိ႔သည္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားႏွင့္အတူ အမွတ္တရ စုေပါင္းဓာတ္ပုံ ႐ုိက္ခဲ့ၾကသည္။

 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ H.E. Mr. Bounnhang VORACHITH အား ဂါရဝပြုတွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ ၁၁

လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီး Lieutenant General Chansamone CHANYALATH ၏ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နေ့လယ်ပိုင်းတွင် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Bounnhang VORACHITH အား ဗီယင်ကျန်းမြို့ရှိ သမ္မတအိမ်တော် ၌ ဂါရဝပြုတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် တပ်မတော်အရာရှိကြီးများ၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကိုကိုနိုင်၊ မြန်မာစစ်သံ(ကြည်း၊ရေ၊ လေ) ဗိုလ်မှူးကြီး ကျော်ကျော်မင်းတို့ တက်ရောက်ကြပြီး လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတနှင့်အတူ လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီး Lieutenant General Chansamone CHANYALATH နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ထိုသို့တွေ့ရာတွင် လာအိုနိုင်ငံသမ္မတ H.E. Mr. Bounnhang VORACHITH က လာအို-မြန်မာနှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးများကောင်းမွန် တိုးတက် လျက်ရှိကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ခရီးစဉ်မှတစ်ဆင့် နှစ်နိုင်ငံရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်မည်ဟု မျှော်လင့်ကြောင်းဦးစွာနှုတ်ခွန်းဆက်စကားပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိမိတို့ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ သမ္မတကြီးကလည်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုများပိုမိုတိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်း စကားပါးလိုက်ပါကြောင်း၊ မြန်မာ-လာအိုနှစ်နိုင်ငံသည် ခွဲခြားမရ သည့် အိမ်နီးချင်းကောင်း၊ မိတ်ဆွေဟောင်း၊ မိတ်ဆွေကောင်းများဖြစ်ပြီး လွတ်လပ်ရေး ရရှိချိန်မှစ၍ နှစ်နိုင်ငံခေါင်းဆောင် များအပြန်အလှန်လည်ပတ်ခြင်းဖြင့် ဆက်ဆံရေး ကောင်းမွန်ခဲ့သည့် အစဉ်အလာကိုမိမိတို့အနေဖြင့် ဆက်လက်မြှင့်တင်နိုင်အောင်ကြိုးစား ဆောင်ရွက်နေပါကြောင်း၊ ယခုခရီးစဉ်အတွင်း မိမိနှင့် လာအိုနိုင်ငံအမျိုးသားကာကွယ်ရေးဝန်ကြီးတို့ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးရေးနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြားအပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များကို ကျယ်ပြန့်စွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး သဘောတူညီချက် များစွာရရှိခဲ့ပါကြောင်း နှုတ်ခွန်းဆက်စကားပြန်လည်ပြောကြားသည်။

ထို့နောက် လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများ၊ မြန်မာနိုင်ငံ၏တရားမျှ တစွာ ဖြေရှင်းဆောင်ရွက်မှုများအပေါ် လာအိုနိုင်ငံက ပြတ်သားစွာရပ်တည်ပေးမှု အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ကူးလူးဆက်ဆံမှု၊ ကုန်သွယ်မှုများမှတစ်ဆင့် ဒေသတွင်းကုန်သွယ်မှုများအထိ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်း မြှင့်တင်ရေးတွင်ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ မြန်မာနိုင်ငံ၏ ထာဝရငြိမ်းချမ်းရေးအတွက်တပ်မတော်က မဆုတ်မနစ်ကြိုးစားဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့်တရားမဝင် ကုန်သွယ်မှုများမရှိစေရေးကိစ္စရပ်များ၊ နှစ်နိုင်ငံတပ်မတော် နှစ်ရပ် အကြား အပြန်အလှန် လည်ပတ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ စဉ်ဆက် မပြတ်ပိုမိုတိုးတက်ဆောင်ရွက်နိုင် ရေးကိစ္စရပ်များ၊ တပမတော်ယဉ်ကျေးမှုအဖွဲ့များ အပြန်အလှန် စေလွှတ်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံ ပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအား အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လာအိုပြည်သူ့သမ္မတနိုင်ငံ သမ္မတ တို့သည် အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြသည်။

 

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။