တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန် H.E. Mr. Vijay Gokhale အားလက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ေအာက္တုိဘာ  ၂၂

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ အိႏၵိယႏုိင္ငံျခားေရး အတြင္း၀န္ H.E. Mr. Vijay Gokhale အားယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ ရိပ္သာဧည့္ခန္းမေဆာင္၌လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး အိႏၵိယ ႏုိင္ငံျခားေရးအတြင္း၀န္ႏွင့္အတူ ျမန္မာႏုိင္ငံဆုိင္ရာ အိႏၵိယႏုိင္ငံသံအမတ္ႀကီး H.E. Mr. Vikram Misri ႏွင့္တာ၀န္ရွိသူမ်ားတက္ေရာက္ ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ႏွစ္ႏုိင္ငံနယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းေရးႏွင့္ဖြံ႕ၿဖိဳးတုိး တက္ေရးအတြက္ တပ္မေတာ္ႏွစ္ရပ္ပူးေပါင္းေဆာင္ရြက္လ်က္ရွိသည့္ အေျခအေနမ်ားႏွင့္ အိႏၵိယသမုဒၵရာႏွင့္ ေဒသတြင္းလုံၿခဳံေရးဆုိင္ရာ ကိစၥရပ္မ်ား၊ မုန္တုိင္းအႏၲရာယ္ႏွင့္ သဘာ၀ေဘးအႏၲရာယ္ ႀကိဳတင္ ကာကြယ္ေရးဆုိင္ရာ သတင္းအခ်က္အလက္မ်ား ဖလွယ္ေရးကိစၥရပ္မ်ား၊ ေလ့က်င့္ေရးဆုိင္ရာ အျပန္အလွန္ပူးေပါင္းေဆာင္ရြက္မႈ ကိစၥရပ္မ်ား၊ ျမန္မာႏုိင္ငံတြင္ျပည္သူမ်ားမွေရြးခ်ယ္သည့္ ပါတီစုံဒီမုိကေရစီ လမ္းေၾကာင္းေပၚတြင္ေလွ်ာက္လွမ္းေနမႈအေျခအေနမ်ားႏွင့္ အစုိးရႏွင့္တပ္မေတာ္မွ ထာ၀ရၿငိမ္းခ်မ္းေရးရရွိေအာင္ ေဆာင္ရြက္ေနမႈအေျခအေနမ်ား၊ ရခုိင္ျပည္နယ္၊ ဘူးသီးေတာင္၊ ေမာင္ေတာေဒသမွ တစ္ဖက္ႏုိင္ငံသုိ႔ထြက္ခြာသြားသည့္ ဘဂၤါလီလူမ်ိဳးမ်ား ျပန္လည္ေနထုိင္ရန္ အတြက္ အိႏၵိယႏုိင္ငံမွ ပါ၀င္ကူညီေဆာင္ရြက္ေပးေနမႈအေျခအေနမ်ား အားရင္းႏွီးပြင့္လင္းစြာ အျပန္အလွန္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အိႏၵိယႏုိင္ငံျခားေရး အတြင္း၀န္တုိ႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ၿပီး စုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန် H.E. Mr. Vijay Gokhale အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ ၂၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန် H.E. Mr. Vijay Gokhale အားယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာဧည့်ခန်းမဆောင်၌လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vikram Misri နှင့်တာဝန်ရှိသူများတက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုး တက်ရေးအတွက် တပ်မတော်နှစ်ရပ်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် အိန္ဒိယသမုဒ္ဒရာနှင့် ဒေသတွင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ရေးကိစ္စရပ်များ၊ လေ့ကျင့်ရေးဆိုင်ရာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင်ပြည်သူများမှရွေးချယ်သည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင်လျှောက်လှမ်းနေမှုအခြေအနေများနှင့် အစိုးရနှင့်တပ်မတော်မှ ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေမှုအခြေအနေများ၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဒေသမှ တစ်ဖက်နိုင်ငံသို့ထွက်ခွာသွားသည့် ဘင်္ဂါလီလူမျိုးများ ပြန်လည်နေထိုင်ရန် အတွက် အိန္ဒိယနိုင်ငံမှ ပါဝင်ကူညီဆောင်ရွက်ပေးနေမှုအခြေအနေများ အားရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။