တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၊ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၅) စစ်လက်ရုံး ရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်

ေနျပည္ေတာ္၊ ေအာက္တုိဘာ – ၂၆

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ယေန႔နံနက္ပုိင္းတြင္ တပ္မေတာ္(ၾကည္း)ဗုိလ္သင္တန္းေက်ာင္း(ေမွာ္ဘီ)၌ ျပဳလုပ္သည့္ ဘြဲ႕ရအမ်ိဳးသမီး ဗုိလ္ေလာင္း သင္တန္းအမွတ္စဥ္(၅) စစ္လက္႐ုံးေရြးခ်ယ္ပြဲသုိ႔ တက္ေရာက္ စိစစ္ေရြးခ်ယ္သည္။

အဆုိပါစစ္လက္႐ုံးေရြးခ်ယ္ပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွတပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ သက္ပုံႏွင့္ တပ္မေတာ္(ၾကည္း) ဗုိလ္သင္တန္း ေက်ာင္း(ေမွာ္ဘီ) ေခတၱေက်ာင္းအုပ္ႀကီး ဗုိလ္မွဴးႀကီး ေက်ာ္ဇံတုိ႔တက္ေရာက္ၾကၿပီး အမ်ိဳးသမီးဗုိလ္ေလာင္းမ်ားအား စစ္လက္႐ုံးအသီးသီး အတြက္ စိစစ္ေရြးခ်ယ္ေပးၾကသည္။

ထုိ႔ေနာက္ ေန႔လယ္ပုိင္းတြင္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ား သည္ ဗုိလ္ေလာင္း စားရိပ္သာ၌ သင္တန္းသူဗုိလ္ေလာင္းမ်ားႏွင့္ ေန႔လယ္စာကုိ အတူတကြသုံးေဆာင္ ၾကၿပီးမြန္းလြဲပုိင္းတြင္ စစ္လက္႐ုံးေရြးခ်ယ္ျခင္းအားဆက္လက္ ျပဳလုပ္ၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ တပ္မေတာ္(ၾကည္း) ဗုိလ္သင္တန္း ေက်ာင္း (ေမွာ္ဘီ)မွ နည္းျပအရာရွိမ်ားႏွင့္ သင္တန္းသူဗုိလ္ေလာင္းမ်ားအား ျမ၀တီခန္းမ၌ ေတြ႕ဆုံအမွာ စကားေျပာၾကားသည္။

ေတြ႕ဆုံအမွာစကားေျပာၾကားတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာ ႏုိင္ငံ၏ လူဦးေရ ၅၀ ရာခုိင္ႏႈန္းေက်ာ္မွာအမ်ိဳးသမီးမ်ားျဖစ္ေၾကာင္း၊ လက္ရွိ ကမၻာေပၚတြင္ အမ်ိဳးသမီးမ်ား၏ အခန္းက႑က်ယ္ျပန္႔လာၿပီး အမ်ိဳးသမီးႏုိင္ငံ့ေခါင္းေဆာင္မ်ား၊ ႏုိင္ငံ့၀န္ထမ္းမ်ား၏ ထိပ္ပုိင္း တာ၀န္မ်ားကုိထမ္းေဆာင္ေနသူမ်ားႏွင့္ ထူးခြၽန္ထက္ျမတ္ သည့္ပညာရွင္မ်ားမ်ားစြာရွိေၾကာင္း၊ ထုိ႔အတူ ျမန္မာႏုိင္ငံတြင္လည္းထင္ရွားသည့္ ႏုိင္ငံ့ တာ၀န္ထမ္းေဆာင္ေနသူမ်ားမ်ားစြာရွိိေၾကာင္း၊ ကုလသမဂၢအပါအ၀င္ႏုိင္ငံတကာႏွင့္ ပတ္သက္သည့္ေဆြးေႏြးပြဲမ်ား၌ အမ်ိဳးသမီးမ်ား ၏ အခန္းက႑မ်ားျမႇင့္တင္ရန္ ေတာင္းဆုိမႈမ်ားရွိၿပီး မိမိတုိ႔အေနျဖင့္အေလးထားေၾကာင္း၊ မိမိတုိ႔တပ္မေတာ္တြင္ လြတ္လပ္ေရးရရွိၿပီးခ်ိန္တြင္ အမ်ိဳးသမီးစစ္မႈထမ္းမ်ားအား လက္႐ုံး၊ ၀န္ထမ္းတပ္ဖြဲ႕မ်ားတြင္ တာ၀န္ေပးအပ္ခဲ့ၿပီး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေဆးတပ္ဖြဲ႕တြင္သာ ဆက္လက္တာ၀န္ေပးအပ္ခဲ့ေၾကာင္း၊ ယခုအခါ မိမိတုိ႔အေနျဖင့္ အမ်ိဳးသမီးအရာရွိ၊ စစ္သည္မ်ားအား ျပန္လည္ေမြးထုတ္ၿပီးတာ၀န္ေပးအပ္လ်က္ရွိေၾကာင္း၊ ယခုကဲ့သုိ႔ အမ်ိဳးသမီး အရာရွိမ်ား ေမြးထုတ္ေပးေနျခင္းသည္ စစ္ဘက္ေခါင္းေဆာင္မ်ားေမြးထုတ္ ေပးေနျခင္းပင္ျဖစ္ၿပီး ေလ့က်င့္ခန္းမ်ားသင္ၾကားရာတြင္ စစ္ဘက္ေလ့က်င့္မႈမ်ားျဖင့္ စနစ္တက်စီမံခန္႔ခြဲ ေဆာင္ရြက္ ႏုိင္ရန္ေလ့က်င့္ေပးလ်က္ရွိေၾကာင္း၊ သင္တန္းတက္ ေရာက္ေနစဥ္ကာလအတြင္း အရာရွိတစ္ဦး အေနျဖင့္သိသင့္သိထုိက္၊ တတ္သင့္ တတ္ထုိက္သည့္ စစ္ဘက္ဆုိင္ရာပညာရပ္မ်ားႏွင့္ ေခါင္းေဆာင္မႈပညာရပ္မ်ားကုိ ကြၽမ္းက်င္တတ္ေျမာက္ ေအာင္ေဆာင္ရြက္ သြားရမည္ျဖစ္ ေၾကာင္းမွာၾကားသည္။

ထုိ႔ေနာက္ မိမိတို႔ရည္မွန္းခ်က္မ်ားကုိအေကာင္အထည္ေဖာ္ရာတြင္ ႀကိဳးစား အားထုတ္မႈမ်ားအျပင္ ကုိယ့္ကုိယ္ကုိထိိန္းသိမ္းေနထုိင္ရမည္ျဖစ္ေၾကာင္း၊ ႀကိဳးစားအား ထုတ္မႈ၊ စစ္စည္းကမ္းလုိက္နာမႈ၊ က်န္းမာေရးေကာင္းမြန္မႈႏွင့္ တာ၀န္ထမ္းေဆာင္မႈမ်ား အေပၚမူတည္၍ အဆင့္လို္က္ ကြာျခားသြားေၾကာင္း၊ မိမိတုိ႔သည္ဘြဲ႕ရပညာတတ္မ်ားျဖစ္ ၿပီး လူငယ္ေခါင္းေဆာင္မ်ားအျဖစ္ တာ၀န္ယူေဆာင္ရြက္ရမည့္သူမ်ားျဖစ္သျဖင့္ ေခါင္းေဆာင္စိတ္ေမြးျမဴရန္လုိေၾကာင္း၊ မွန္ကန္သည့္ ေခါင္းေဆာင္ျဖစ္ေစရန္အတြက္ အမိန္႔နာခံမႈေကာင္းစြာျဖင့္ ေနာက္လုိက္ ေကာင္းျဖစ္ရန္ လည္းလုိအပ္ေၾကာင္း၊ ထုိ႔အတူ ဗဟုသုတျပည့္စုံေနေစရန္အတြက္ စာအုပ္စာေပမ်ားအား အၿမဲမျပတ္ဖတ္္႐ႈေလ့လာေန ရန္လုိေၾကာင္း၊ မိမိတုိ႔ႏုိင္ငံကုိ တုိးတက္ေကာင္းမြန္ ေအာင္ေဆာင္ရြက္လုိသည့္ အျမင္မ်ိဳး တပ္မေတာ္ေခါင္း ေဆာင္တုိင္းတြင္ရွိရမည္ျဖစ္ေၾကာင္း၊ ေခါင္းေဆာင္စိတ္ေမြး၍ မိမိတုိ႔ ကုိယ္ကုိထိန္းသိမ္းၿပီး ႀကိဳးစားအားထုတ္မႈမ်ားျဖင့္ ဘ၀တုိးတက္ေအာင္ေဆာင္ရြက္ကာ တပ္မေတာ္အရာရွိ ေခါင္းေဆာင္ေကာင္းမ်ားျဖစ္ေအာင္ ေဆာင္ရြက္သြားရမည္ျဖစ္ ေၾကာင္းမွာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ညေနပိုင္းတြင္ စစ္မႈထမ္း ေဟာင္းအိမ္ရာ(ရန္ကုန္)သုိ႔ ေရာက္ရွိၾကရာ ရွင္းလင္းေဆာင္၌ တုိင္းမွဴးကစစ္မႈ ထမ္းေဟာင္း အိမ္ရာေဆာက္လုပ္ထားရွိမႈႏွင့္ ေနရာခ်ထားမႈအေျခအေနမ်ားအား ရွင္းလင္းတင္ျပသည္။ ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ စစ္မႈထမ္းေဟာင္း အိမ္ရာတုိးခ်ဲ႕ ေဆာက္လုပ္ေနမႈအေျခအေနမ်ားအား လုိက္လံၾကည့္႐ႈစစ္ေဆးရာ တုိင္းမွဴးႏွင့္တာ၀န္ရွိသူမ်ားက ရွင္းလင္းတင္ျပၾကသည္။

ဆက္လက္ၿပီးတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ မဂၤလာဒုံတပ္နယ္ရွိ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္၊ အမွတ္(၁)စုိက္ပ်ိဳးေမြးျမဴေရးစခန္း သုိ႔ေရာက္ရွိၾကၿပီး Green House မ်ားျဖင့္ ရာသီသီးႏွံမ်ားစုိက္ပ်ိဳးထားရွိမႈ၊ Hydroponic ေျမဆီလႊာမဲ့စုိက္ပ်ိဳးနည္းစနစ္ျဖင့္ သီးႏွံပင္မ်ားစုိက္ပ်ိဳးထားရွိမႈႏွင့္ Cooling Pad ေလေအးေပးစနစ္ျဖင့္ ႏုိဘုိဂ်င္ဘေရာင္း ဥစားၾကက္မ်ား ေမြးျမဴထားရွိမႈတုိ႔အား လွည့္လည္ ၾကည့္႐ႈစစ္ေဆးရာ တုိင္းမွဴးႏွင့္တာ၀န္ရွိ သူမ်ားကလုိက္လံရွင္းလင္းတင္ျပၾကသည္။ ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္က ဥစားၾကက္၊ အသားစားၾကက္မ်ားကုိ စဥ္ဆက္မျပတ္ ထုတ္လုပ္ ႏုိင္သည့္အသုတ္လုိက္၊ အကန္႔လုိက္ အလွည့္က်စနစ္ျဖင့္ေမြးျမဴ၍ စစ္သည္၊ မိသားစုမ်ားသာမက ႏုိင္ငံ့၀န္ထမ္းမ်ားကိုပါ သက္သာေသာေစ်းႏႈန္းျဖင့္ ေရာင္းခ်ေပးႏုိင္ေရးစီစဥ္ ေဆာင္ရြက္ရန္ မွာၾကားခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၊ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၅) စစ်လက်ရုံး ရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်

နေပြည်တော်၊ အောက်တိုဘာ – ၂၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၌ ပြုလုပ်သည့် ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၅) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက် စိစစ်ရွေးချယ်သည်။

အဆိုပါစစ်လက်ရုံးရွေးချယ်ပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့် တပ်မတော်(ကြည်း) ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ) ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး ကျော်ဇံတို့တက်ရောက်ကြပြီး အမျိုးသမီးဗိုလ်လောင်းများအား စစ်လက်ရုံးအသီးသီး အတွက် စိစစ်ရွေးချယ်ပေးကြသည်။

ထို့နောက် နေ့လယ်ပိုင်းတွင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ သည် ဗိုလ်လောင်း စားရိပ်သာ၌ သင်တန်းသူဗိုလ်လောင်းများနှင့် နေ့လယ်စာကို အတူတကွသုံးဆောင် ကြပြီးမွန်းလွဲပိုင်းတွင် စစ်လက်ရုံးရွေးချယ်ခြင်းအားဆက်လက် ပြုလုပ်ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော်(ကြည်း) ဗိုလ်သင်တန်း ကျောင်း (မှော်ဘီ)မှ နည်းပြအရာရှိများနှင့် သင်တန်းသူဗိုလ်လောင်းများအား မြဝတီခန်းမ၌ တွေ့ဆုံအမှာ စကားပြောကြားသည်။

တွေ့ဆုံအမှာစကားပြောကြားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ နိုင်ငံ၏ လူဦးရေ ၅၀ ရာခိုင်နှုန်းကျော်မှာအမျိုးသမီးများဖြစ်ကြောင်း၊ လက်ရှိ ကမ္ဘာပေါ်တွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကျယ်ပြန့်လာပြီး အမျိုးသမီးနိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံ့ဝန်ထမ်းများ၏ ထိပ်ပိုင်း တာဝန်များကိုထမ်းဆောင်နေသူများနှင့် ထူးချွန်ထက်မြတ် သည့်ပညာရှင်များများစွာရှိကြောင်း၊ ထို့အတူ မြန်မာနိုင်ငံတွင်လည်းထင်ရှားသည့် နိုင်ငံ့ တာဝန်ထမ်းဆောင်နေသူများများစွာရှိကြောင်း၊ ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာနှင့် ပတ်သက်သည့်ဆွေးနွေးပွဲများ၌ အမျိုးသမီးများ ၏ အခန်းကဏ္ဍများမြှင့်တင်ရန် တောင်းဆိုမှုများရှိပြီး မိမိတို့အနေဖြင့်အလေးထားကြောင်း၊ မိမိတို့တပ်မတော်တွင် လွတ်လပ်ရေးရရှိပြီးချိန်တွင် အမျိုးသမီးစစ်မှုထမ်းများအား လက်ရုံး၊ ဝန်ထမ်းတပ်ဖွဲ့များတွင် တာဝန်ပေးအပ်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ဆေးတပ်ဖွဲ့တွင်သာ ဆက်လက်တာဝန်ပေးအပ်ခဲ့ကြောင်း၊ ယခုအခါ မိမိတို့အနေဖြင့် အမျိုးသမီးအရာရှိ၊ စစ်သည်များအား ပြန်လည်မွေးထုတ်ပြီးတာဝန်ပေးအပ်လျက်ရှိကြောင်း၊ ယခုကဲ့သို့ အမျိုးသမီး အရာရှိများ မွေးထုတ်ပေးနေခြင်းသည် စစ်ဘက်ခေါင်းဆောင်များမွေးထုတ် ပေးနေခြင်းပင်ဖြစ်ပြီး လေ့ကျင့်ခန်းများသင်ကြားရာတွင် စစ်ဘက်လေ့ကျင့်မှုများဖြင့် စနစ်တကျစီမံခန့်ခွဲ ဆောင်ရွက် နိုင်ရန်လေ့ကျင့်ပေးလျက်ရှိကြောင်း၊ သင်တန်းတက် ရောက်နေစဉ်ကာလအတွင်း အရာရှိတစ်ဦး အနေဖြင့်သိသင့်သိထိုက်၊ တတ်သင့် တတ်ထိုက်သည့် စစ်ဘက်ဆိုင်ရာပညာရပ်များနှင့် ခေါင်းဆောင်မှုပညာရပ်များကို ကျွမ်းကျင်တတ်မြောက် အောင်ဆောင်ရွက် သွားရမည်ဖြစ် ကြောင်းမှာကြားသည်။

ထို့နောက် မိမိတို့ရည်မှန်းချက်များကိုအကောင်အထည်ဖော်ရာတွင် ကြိုးစား အားထုတ်မှုများအပြင် ကိုယ့်ကိုယ်ကိုထိန်းသိမ်းနေထိုင်ရမည်ဖြစ်ကြောင်း၊ ကြိုးစားအား ထုတ်မှု၊ စစ်စည်းကမ်းလိုက်နာမှု၊ ကျန်းမာရေးကောင်းမွန်မှုနှင့် တာဝန်ထမ်းဆောင်မှုများ အပေါ်မူတည်၍ အဆင့်လိုက် ကွာခြားသွားကြောင်း၊ မိမိတို့သည်ဘွဲ့ရပညာတတ်များဖြစ် ပြီး လူငယ်ခေါင်းဆောင်များအဖြစ် တာဝန်ယူဆောင်ရွက်ရမည့်သူများဖြစ်သဖြင့် ခေါင်းဆောင်စိတ်မွေးမြူရန်လိုကြောင်း၊ မှန်ကန်သည့် ခေါင်းဆောင်ဖြစ်စေရန်အတွက် အမိန့်နာခံမှုကောင်းစွာဖြင့် နောက်လိုက် ကောင်းဖြစ်ရန် လည်းလိုအပ်ကြောင်း၊ ထို့အတူ ဗဟုသုတပြည့်စုံနေစေရန်အတွက် စာအုပ်စာပေများအား အမြဲမပြတ်ဖတ်ရှုလေ့လာနေ ရန်လိုကြောင်း၊ မိမိတို့နိုင်ငံကို တိုးတက်ကောင်းမွန် အောင်ဆောင်ရွက်လိုသည့် အမြင်မျိုး တပ်မတော်ခေါင်း ဆောင်တိုင်းတွင်ရှိရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်စိတ်မွေး၍ မိမိတို့ ကိုယ်ကိုထိန်းသိမ်းပြီး ကြိုးစားအားထုတ်မှုများဖြင့် ဘဝတိုးတက်အောင်ဆောင်ရွက်ကာ တပ်မတော်အရာရှိ ခေါင်းဆောင်ကောင်းများဖြစ်အောင် ဆောင်ရွက်သွားရမည်ဖြစ် ကြောင်းမှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ညနေပိုင်းတွင် စစ်မှုထမ်း ဟောင်းအိမ်ရာ(ရန်ကုန်)သို့ ရောက်ရှိကြရာ ရှင်းလင်းဆောင်၌ တိုင်းမှူးကစစ်မှု ထမ်းဟောင်း အိမ်ရာဆောက်လုပ်ထားရှိမှုနှင့် နေရာချထားမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်မှုထမ်းဟောင်း အိမ်ရာတိုးချဲ့ ဆောက်လုပ်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးရာ တိုင်းမှူးနှင့်တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မင်္ဂလာဒုံတပ်နယ်ရှိ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၁)စိုက်ပျိုးမွေးမြူရေးစခန်း သို့ရောက်ရှိကြပြီး Green House များဖြင့် ရာသီသီးနှံများစိုက်ပျိုးထားရှိမှု၊ Hydroponic မြေဆီလွှာမဲ့စိုက်ပျိုးနည်းစနစ်ဖြင့် သီးနှံပင်များစိုက်ပျိုးထားရှိမှုနှင့် Cooling Pad လေအေးပေးစနစ်ဖြင့် နိုဘိုဂျင်ဘရောင်း ဥစားကြက်များ မွေးမြူထားရှိမှုတို့အား လှည့်လည် ကြည့်ရှုစစ်ဆေးရာ တိုင်းမှူးနှင့်တာဝန်ရှိ သူများကလိုက်လံရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဥစားကြက်၊ အသားစားကြက်များကို စဉ်ဆက်မပြတ် ထုတ်လုပ် နိုင်သည့်အသုတ်လိုက်၊ အကန့်လိုက် အလှည့်ကျစနစ်ဖြင့်မွေးမြူ၍ စစ်သည်၊ မိသားစုများသာမက နိုင်ငံ့ဝန်ထမ်းများကိုပါ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေးစီစဉ် ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။