တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုကိုးကျွန်းမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်း များနှင့်ဒေသခံပြည်သူများအား တွေ့ဆုံအမှာစကားပြောကြား 

ေနျပည္ေတာ္၊ ေအာက္တုိဘာ – ၂၉ 

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ယေန႔နံနက္ပုိင္းတြင္ ရန္ကုန္တုိင္း ေဒသႀကီး၊ ကုိကုိးကြၽန္းၿမိဳ႕နယ္ရွိ ဌာနဆုိင္ရာ၀န္ထမ္းမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား ကုိကုိးကြၽန္းၿမိဳ႕ရွိ ၿမိဳ႕နယ္ ခန္းမ၌ေတြ႕ဆုံအမွာစကား ေျပာၾကားသည္။ 

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ ႀကီးတင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး မ်ိဳးေဇာ္သိန္းႏွင့္ တပ္မေတာ္အရာ ရွိႀကီးမ်ား၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴးဗုိလ္ခ်ဳပ္သက္ပုံႏွင့္ တာ၀န္ရွိသူမ်ားလုိက္ပါၿပီး ကုိကုိးကြၽန္းၿမိဳ႕ သုိ႔ေရာက္ရွိၾကရာ နယ္ေျမခံေရတပ္စခန္းဌာနခ်ဳပ္မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ဌာနဆုိင္ရာတာ၀န္ ရွိသူမ်ား က ႀကိဳဆုိႏႈတ္ဆက္ၾကသည္။ 

ယင္းေနာက္နယ္ေျမခံေရတပ္စခန္း အစည္းအေ၀းခန္းမတြင္ ေရတပ္စခန္းမွဴးက နယ္ေျမေဒသဆုိင္ရာ အခ်က္ အလက္မ်ား၊ နယ္ေျမေဒသလုံၿခဳံေရးလုပ္ငန္းမ်ား ေဆာင္ရြက္ထားရွိမႈအေျခအေနမ်ားႏွင့္ သဘာ၀သယံဇာတ အရင္းအျမစ္မ်ား ထိန္းသိမ္းေဆာင္ရြက္ေနမႈအေျခအေနမ်ား၊ ကုိကုိးကြၽန္းၿမိဳ႕ေန ေဒသခံျပည္သူမ်ားအား တပ္မေတာ္မွေလယာဥ္၊ ေရယာဥ္မ်ားျဖင့္ အပတ္စဥ္/လစဥ္ အခမဲ့ပုိ႔ေဆာင္ေပးေနမႈအေျခအေနမ်ား၊ တပ္ပုိင္ စုိက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားေဆာင္ရြက္ထားရွိမႈႏွင့္ထြက္ရွိလာသည့္ အသားငါး၊ ဟင္းသီးဟင္းရြက္မ်ားအား တပ္မိသားစု၀င္မ်ားႏွင့္ ေဒသခံျပည္သူမ်ားအား သက္သာေသာေစ်းႏႈန္းျဖင့္ေရာင္းခ်ေပးေနမႈ အေျခအေနမ်ား ႏွင့္ ကုိကုိးကြၽန္းေဒသဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ ေဆာင္ရြက္ေနမႈအေျခအေနမ်ားအား ရွင္းလင္းတင္ျပသည္။ 

ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္ပုိင္စုိက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားမွ ထြက္ရွိလာသည့္ အသား၊ ငါး၊ ၾကက္ဥ၊ ဟင္းသီးဟင္းရြက္၊ မ်ားအား ေဒသခံျပည္သူမ်ားအား သက္သာေသာ ေစ်းျဖင့္ေရာင္းခ်သကဲ့သုိ႔ ေဒသခံျပည္သူမ်ား တစ္ပုိင္တစ္ႏုိင္စုိက္ပ်ိဳးေမြးျမဴေရး လုပ္ငန္းမ်ားေဆာင္ရြက္ ႏုိင္ေရးအတြက္ မ်ိဳးေကာင္းမ်ိဳးသန္႔မ်ားရရွိေရးအပါအ၀င္ တက္ႏုိင္သမွ်တစ္ဖက္တစ္လမ္းမွမွ်ေ၀ ကူညီေဆာင္ ရြက္ေပးရန္၊ ေဒသမွထြက္ရွိသည့္အုန္းထြက္ပစၥည္းမ်ားအား ကုန္ေခ်ာထုတ္ကုန္မ်ားအထိထုတ္ လုပ္ႏုိင္ေရးႏွင့္ ေစ်းကြက္ရရွိေစေရး ပံ့ပုိးကူညီေဆာင္ရြက္ေပးရန္၊ ကုိကုိးကြၽန္းေနေဒသခံျပည္သူမ်ားအား တပ္မေတာ္ ေလယာဥ္၊ ေရယာဥ္မ်ားႏွင့္ပုိ႔ေဆာင္ ေပးရာတြင္လုိအပ္ခ်က္အတုိင္း ပုိ႔ေဆာင္ေပးႏုိင္ေရးစီစဥ္ေဆာင္ရြက္ ေပးရန္ႏွင့္ သဘာ၀ေဘးအႏၲရာယ္မ်ားျဖစ္ေပၚပါက အျမန္ဆုံးကူညီႏုိင္ေရးေဆာင္ရြက္သြားရန္တုိ႔အားမွာၾကား သည္။ 

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ကိုကုိးကြၽန္းၿမိဳ႕နယ္ရွိ ဌာနဆုိင္ရာ၀န္ထမ္းမ်ားႏွင့္ ေဒသခံ ျပည္သူမ်ားအား ၿမိဳ႕နယ္ခန္းမ၌ ေတြ႕ဆုံအမွာစကားေျပာၾကားသည္။ ထုိသုိ႔ေတြ႕ဆုံရာတြင္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က မိမိတုိ႔အေနျဖင့္ ၂၀၁၁ ခုႏွစ္မွစတင္၍ ကုိကုိးကြၽန္းေဒသဖြံ႕ၿဖိဳးတုိးတက္ေရး အတြက္ ေဆာင္ရြက္ခဲ့ၿပီး ယခုအခါတုိးတက္မႈမ်ားကုိေတြ႕ျမင္ရေသာ္လည္း ပုိမုိတုိးတက္ေအာင္ေဆာင္ရြက္ရန္ လိုအပ္ေနေသးေၾကာင္း၊ ေဒသဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ မိမိတုိ႔အေနျဖင့္အေျခခံအေဆာက္အဦမ်ား ျဖည့္ဆည္းတည္ေဆာက္ေပးေန႐ုံျဖင့္မလုံေလာက္ဘဲ ေဒသခံျပည္သူမ်ားမွလည္း မိမိတုိ႔နယ္ေျမေဒသဖြံ႕ ၿဖိဳးတုိးတက္ေအာင္ ေဆာင္ရြက္လုိစိတ္ရွိရမည္ျဖစ္ေၾကာင္း၊ “လူမွာအ၀တ္၊ ေတာင္းမွာအကြပ္” ဆုိသည့္အတုိင္း မိမိတုိ႔ေနထုိင္ရာပတ္၀န္းက်င္သည္လည္း သန္႔ရွင္းသာယာမႈရွိရမည္ျဖစ္ေၾကာင္း၊ ေဒသဖြံ႕ၿဖိဳးတုိးတက္ေရး အတြက္ေဒသထြက္ ကုန္ပစၥည္းမ်ားထုတ္လုပ္ႏုိင္ရမည္ျဖစ္ၿပီး ထြက္ရွိသည့္ေဒသထုတ္ကုန္ပစၥည္းမ်ားသည္ အရည္အေသြးျပည့္မီရန္လုိေၾကာင္း၊ ေစ်းကြက္လည္းရရမည္၊ အလုပ္အကိုင္အခြင့္အလမ္းမ်ား လည္းရရွိရမည္ ဆုိသည့္ရည္ရြယ္ခ်က္ျဖင့္ အုန္းထြက္ပစၥည္းမ်ားထုတ္လုပ္ႏုိင္ေရး၊ ထုတ္လုပ္သည့္ ထုတ္ကုန္မ်ားသယ္ယူ ပုိ႔ေဆာင္ေရာင္းခ်ႏုိင္ေစေရးအတြက္ နယ္ေျမခံတပ္မွ ဦးေဆာင္ပံ့ပုိး ကူညီစီစဥ္ေပးလ်က္ရွိေၾကာင္း ေျပာၾကား သည္။ 

ယင္းေနာက္တစ္ပုိင္တစ္ႏုိင္စုိက္ပ်ိဳးေမြးျမဴေရး လုပ္ငန္းမ်ားအားစနစ္တက် လုပ္ေဆာင္၍ မိမိတုိ႔မိသားစုမ်ား ၀င္ေငြရရွိေအာင္လည္း ေဆာင္ရြက္ႏုိင္ေၾကာင္း၊ မိမိတုိ႔၏သားသမီးမ်ားဘ၀ဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ ေက်ာင္း သားမ်ားအားအတန္း ပညာေအာင္ျမင္ေစေရးအတြက္ ဆရာ၊ ဆရာမမ်ားႏွင့္ မိဘမ်ားပူးေပါင္းေဆာင္ရြက္ရန္ လိုအပ္ေၾကာင္း၊ ဘ၀အတြက္လုိအပ္သည့္ ဗဟုသုတမ်ားရရွိေစရန္အတြက္လည္း သုတ၊ ရသ စာအုပ္စာေစာင္ မ်ားႏွင့္ စုိက္ပ်ိဳးေရး၊ ေမြးျမဴေရးဆုိင္ရာ ပညာေပးစာအုပ္မ်ားကုိ ဖတ္႐ႈရန္လုိေၾကာင္း၊ မိမိတုိ႔ေဒသမွ ပညာတတ္ မ်ားထြက္ေပၚျခင္းသည္လည္း ေဒသဖြံ႕ၿဖိဳးတုိးတက္မႈကုိ အေထာက္အကူျပဳျခင္းပင္ျဖစ္ေၾကာင္း၊ ကုိကုိးကြၽန္း ေဒသသည္ ရာသီဥတုျပင္းထန္သည့္ ေဒသျဖစ္သည့္အတြက္ မိမိတုိ႔က်န္းမာေရး ကုိထိခုိက္ေစသည့္ အရက္ ေသစာေသာက္စားျခင္းႏွင့္ ကြမ္းစားျခင္း၊ ေဆးလိပ္ေသာက္ျခင္းမ်ားကုိ တတ္ႏုိင္သမွ်ေရွာင္ၾကဥ္ရန္ အႀကံျပဳ လုိေၾကာင္း၊ ေဒသခံျပည္သူမ်ား၏က်န္းမာေရးေစာင့္ေရွာက္မႈအတြက္ မိမိတို႔ တပ္မေတာ္မွဆရာ၀န္မ်ားကုိ လည္း သက္ဆုိင္ရာက်န္းမာေရးဌာနမွ တာ၀န္ရွိသူမ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္ရန္ မွာၾကားထားေၾကာင္း၊ ေဒသဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ နယ္ေျမခံတပ္မေတာ္သားမ်ား၊ ဌာနဆုိင္ရာ တာ၀န္ရွိ သူမ်ား၊ ေဒသခံျပည္သူ မ်ား စည္းစည္းလုံးလုံး၊ ညီညီၫြတ္ၫြတ္ေနထုိင္၍ ႀကိဳးစားအားထုတ္ေဆာင္ရြက္ သြားၾကရန္လုိေၾကာင္း ေျပာၾကားသည္။ 

၎ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က စားေသာက္ဖြယ္ရာမ်ားႏွင့္ သုတ၊ ရသစာအုပ္စာ ေစာင္မ်ား အားေပးအပ္ရာ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးကလက္ခံရယူသည္။ ထုိ႔ေနာက္ ၿမိဳ႕မိ၊ ၿမိဳ႕ဖတစ္ဦးကေက်းဇူး တင္ စကားေျပာၾကားၿပီး ေဒသခံျပည္သူမ်ားႏွင့္ ဌာနဆုိင္ရာတာ၀န္ရွိသူမ်ား၏ တင္ျပခ်က္မ်ားအေပၚ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က လုိအပ္သည္မ်ားျဖည့္ဆည္းေဆာင္ရြက္ေပးၿပီး ရင္းရင္းႏွီးႏွီးလုိက္လံႏႈတ္ဆက္သည္။ 

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ကုိကုိးကြၽန္းၿမိဳ႕ အေျခခံပညာအထက္ တန္းေက်ာင္းသုိ႔ ေရာက္ရွိၾကရာေက်ာင္းအုပ္ဆရာမႀကီးက ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ပညာသင္ၾကား ေပးေနမႈအေျခအေနမ်ားႏွင့္ ေက်ာင္း၏ လုိအပ္ခ်က္မ်ားအားရွင္းလင္းတင္ျပမႈအေပၚ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က လုိအပ္သည္မ်ားျဖည့္ဆည္းေဆာင္ရြက္ေပးသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က စာၾကည့္တုိက္အတြင္းလွည့္လည္ၾကည့္႐ႈရာ ေက်ာင္းအုပ္ဆရာမႀကီးက ရွင္းလင္းျပသသည္။ 

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ေက်ာင္းခန္းမ၌ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ေတြ႕ ဆုံၿပီး ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနျဖင့္ ပညာသင္ၾကားရမည့္အရြယ္တြင္ ပညာသင္ၾကားမႈကုိဦးစား ေပးရန္၊ အတန္းအလိုက္ပညာရပ္မ်ားအား တတ္ကြၽမ္းေအာင္သင္ၾကားၾကရန္လုိေၾကာင္း၊ ထုိသုိ႔ပညာသင္ၾကား ႏုိင္ရန္အတြက္ က်န္းမာႀကံ့ခုိင္ရမည္ျဖစ္ေၾကာင္း၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားသည္ တက္လူမ်ားျဖစ္၍ က်န္းမာေရးႏွင့္ေလ်ာ္ညီသည့္ ေနထုိင္စားေသာက္မႈမ်ားရွိရမည္ျဖစ္ၿပီး ေဆးလိပ္၊ ကြမ္း၊ အရက္ႏွင့္ မူးယစ္ေဆး ၀ါးမ်ားကုိေရွာင္ၾကဥ္ရန္လိုေၾကာင္း၊ မိမိတုိ႔အားလပ္ခ်ိန္မ်ားတြင္ မိသားစုတစ္ပုိင္တစ္ႏုိင္ စုိက္ပ်ိဳးေမြးျမဴေရး အပါအ၀င္ မိဘမ်ားအားကူညီေဆာင္ရြက္ရန္ႏွင့္ ကုိယ္လက္လႈပ္ရွားအားကစားမ်ားကုိ ေဆာင္ရြက္ၾကရမည္ ျဖစ္ေၾကာင္း၊ က်န္းမာႀကံ့ခုိင္မႈရွိျခင္းသည္ ပညာေရးကိုလည္းတစ္ဖက္တစ္လမ္းမွ အေထာက္အကူ ေပးႏုိင္ မည္ျဖစ္ေၾကာင္း၊ မိမိတုိ႔၏တစ္ေန႔တာသင္ၾကားခဲ့မႈမ်ားအား တစ္ေန႔စာတစ္ေန႔က်က္မွတ္ၿပီး တစ္ႏွစ္တစ္တန္း မွန္မွန္ေအာင္ျမင္ေအာင္ ေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔ပညာသင္ၾကားရန္အတြက္ မိဘမ်ားမွ အခ်ိန္ႏွင့္ေငြမ်ားကုန္က်ခံကာသင္ၾကားေပးေနရျခင္းျဖစ္သည့္ အတြက္ပညာကုိႀကိဳးစား သင္ယူၾက ေစလုိ ေၾကာင္း၊ ကုိယ္စီဘ၀ရည္မွန္းခ်က္မ်ားထားၿပီး မိမိတုိ႔ရည္မွန္းခ်က္မ်ားအတုိင္းျပည့္၀ေအာင္ႀကိဳးစား ေဆာင္ရြက္ ၾကေစလိုၿပီး ဗဟုသုတတုိးပြားေစရန္အတြက္ သုတ၊ ရသစာအုပ္စာေစာင္မ်ား အားဖတ္႐ႈေလ့လာေနရန္လုိ ေၾကာင္းမွာၾကားသည္။ 

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ရင္းရင္းႏွီးႏႈတ္ဆက္ခဲ့ သည္။ 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုကိုးကျွန်းမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်း များနှင့်ဒေသခံပြည်သူများအား တွေ့ဆုံအမှာစကားပြောကြား 

နေပြည်တော်၊ အောက်တိုဘာ – ၂၉ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ကိုကိုးကျွန်းမြို့ရှိ မြို့နယ် ခန်းမ၌တွေ့ဆုံအမှာစကား ပြောကြားသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ် ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနှင့် တပ်မတော်အရာ ရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်သက်ပုံနှင့် တာဝန်ရှိသူများလိုက်ပါပြီး ကိုကိုးကျွန်းမြို့ သို့ရောက်ရှိကြရာ နယ်မြေခံရေတပ်စခန်းဌာနချုပ်မှ တပ်မတော်အရာရှိကြီးများနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ က ကြိုဆိုနှုတ်ဆက်ကြသည်။ 

ယင်းနောက်နယ်မြေခံရေတပ်စခန်း အစည်းအဝေးခန်းမတွင် ရေတပ်စခန်းမှူးက နယ်မြေဒေသဆိုင်ရာ အချက် အလက်များ၊ နယ်မြေဒေသလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် သဘာဝသယံဇာတ အရင်းအမြစ်များ ထိန်းသိမ်းဆောင်ရွက်နေမှုအခြေအနေများ၊ ကိုကိုးကျွန်းမြို့နေ ဒေသခံပြည်သူများအား တပ်မတော်မှလေယာဉ်၊ ရေယာဉ်များဖြင့် အပတ်စဉ်/လစဉ် အခမဲ့ပို့ဆောင်ပေးနေမှုအခြေအနေများ၊ တပ်ပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့်ထွက်ရှိလာသည့် အသားငါး၊ ဟင်းသီးဟင်းရွက်များအား တပ်မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးနေမှု အခြေအနေများ နှင့် ကိုကိုးကျွန်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ 

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်၊ များအား ဒေသခံပြည်သူများအား သက်သာသော ဈေးဖြင့်ရောင်းချသကဲ့သို့ ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဆောင်ရွက် နိုင်ရေးအတွက် မျိုးကောင်းမျိုးသန့်များရရှိရေးအပါအဝင် တက်နိုင်သမျှတစ်ဖက်တစ်လမ်းမှမျှေ၀ ကူညီဆောင် ရွက်ပေးရန်၊ ဒေသမှထွက်ရှိသည့်အုန်းထွက်ပစ္စည်းများအား ကုန်ချောထုတ်ကုန်များအထိထုတ် လုပ်နိုင်ရေးနှင့် ဈေးကွက်ရရှိစေရေး ပံ့ပိုးကူညီဆောင်ရွက်ပေးရန်၊ ကိုကိုးကျွန်းနေဒေသခံပြည်သူများအား တပ်မတော် လေယာဉ်၊ ရေယာဉ်များနှင့်ပို့ဆောင် ပေးရာတွင်လိုအပ်ချက်အတိုင်း ပို့ဆောင်ပေးနိုင်ရေးစီစဉ်ဆောင်ရွက် ပေးရန်နှင့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်ပါက အမြန်ဆုံးကူညီနိုင်ရေးဆောင်ရွက်သွားရန်တို့အားမှာကြား သည်။ 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ကိုကိုးကျွန်းမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများအား မြို့နယ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။ ထိုသို့တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မိမိတို့အနေဖြင့် ၂၀၁၁ ခုနှစ်မှစတင်၍ ကိုကိုးကျွန်းဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ခဲ့ပြီး ယခုအခါတိုးတက်မှုများကိုတွေ့မြင်ရသော်လည်း ပိုမိုတိုးတက်အောင်ဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့အနေဖြင့်အခြေခံအဆောက်အဦများ ဖြည့်ဆည်းတည်ဆောက်ပေးနေရုံဖြင့်မလုံလောက်ဘဲ ဒေသခံပြည်သူများမှလည်း မိမိတို့နယ်မြေဒေသဖွံ့ ဖြိုးတိုးတက်အောင် ဆောင်ရွက်လိုစိတ်ရှိရမည်ဖြစ်ကြောင်း၊ “လူမှာအဝတ်၊ တောင်းမှာအကွပ်” ဆိုသည့်အတိုင်း မိမိတို့နေထိုင်ရာပတ်ဝန်းကျင်သည်လည်း သန့်ရှင်းသာယာမှုရှိရမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက်ဒေသထွက် ကုန်ပစ္စည်းများထုတ်လုပ်နိုင်ရမည်ဖြစ်ပြီး ထွက်ရှိသည့်ဒေသထုတ်ကုန်ပစ္စည်းများသည် အရည်အသွေးပြည့်မီရန်လိုကြောင်း၊ ဈေးကွက်လည်းရရမည်၊ အလုပ်အကိုင်အခွင့်အလမ်းများ လည်းရရှိရမည် ဆိုသည့်ရည်ရွယ်ချက်ဖြင့် အုန်းထွက်ပစ္စည်းများထုတ်လုပ်နိုင်ရေး၊ ထုတ်လုပ်သည့် ထုတ်ကုန်များသယ်ယူ ပို့ဆောင်ရောင်းချနိုင်စေရေးအတွက် နယ်မြေခံတပ်မှ ဦးဆောင်ပံ့ပိုး ကူညီစီစဉ်ပေးလျက်ရှိကြောင်း ပြောကြား သည်။ 

ယင်းနောက်တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအားစနစ်တကျ လုပ်ဆောင်၍ မိမိတို့မိသားစုများ ဝင်ငွေရရှိအောင်လည်း ဆောင်ရွက်နိုင်ကြောင်း၊ မိမိတို့၏သားသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်း သားများအားအတန်း ပညာအောင်မြင်စေရေးအတွက် ဆရာ၊ ဆရာမများနှင့် မိဘများပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဘဝအတွက်လိုအပ်သည့် ဗဟုသုတများရရှိစေရန်အတွက်လည်း သုတ၊ ရသ စာအုပ်စာစောင် များနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ပညာပေးစာအုပ်များကို ဖတ်ရှုရန်လိုကြောင်း၊ မိမိတို့ဒေသမှ ပညာတတ် များထွက်ပေါ်ခြင်းသည်လည်း ဒေသဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုခြင်းပင်ဖြစ်ကြောင်း၊ ကိုကိုးကျွန်း ဒေသသည် ရာသီဥတုပြင်းထန်သည့် ဒေသဖြစ်သည့်အတွက် မိမိတို့ကျန်းမာရေး ကိုထိခိုက်စေသည့် အရက် သေစာသောက်စားခြင်းနှင့် ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်းများကို တတ်နိုင်သမျှရှောင်ကြဉ်ရန် အကြံပြု လိုကြောင်း၊ ဒေသခံပြည်သူများ၏ကျန်းမာရေးစောင့်ရှောက်မှုအတွက် မိမိတို့ တပ်မတော်မှဆရာဝန်များကို လည်း သက်ဆိုင်ရာကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် မှာကြားထားကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ဒေသခံပြည်သူ များ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နေထိုင်၍ ကြိုးစားအားထုတ်ဆောင်ရွက် သွားကြရန်လိုကြောင်း ပြောကြားသည်။ 

၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စားသောက်ဖွယ်ရာများနှင့် သုတ၊ ရသစာအုပ်စာ စောင်များ အားပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးကလက်ခံရယူသည်။ ထို့နောက် မြို့မိ၊ မြို့ဖတစ်ဦးကကျေးဇူး တင် စကားပြောကြားပြီး ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။ 

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ကိုကိုးကျွန်းမြို့ အခြေခံပညာအထက် တန်းကျောင်းသို့ ရောက်ရှိကြရာကျောင်းအုပ်ဆရာမကြီးက ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြား ပေးနေမှုအခြေအနေများနှင့် ကျောင်း၏ လိုအပ်ချက်များအားရှင်းလင်းတင်ပြမှုအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က စာကြည့်တိုက်အတွင်းလှည့်လည်ကြည့်ရှုရာ ကျောင်းအုပ်ဆရာမကြီးက ရှင်းလင်းပြသသည်။ 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ကျောင်းခန်းမ၌ကျောင်းသား၊ ကျောင်းသူများအား တွေ့ ဆုံပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာသင်ကြားရမည့်အရွယ်တွင် ပညာသင်ကြားမှုကိုဦးစား ပေးရန်၊ အတန်းအလိုက်ပညာရပ်များအား တတ်ကျွမ်းအောင်သင်ကြားကြရန်လိုကြောင်း၊ ထိုသို့ပညာသင်ကြား နိုင်ရန်အတွက် ကျန်းမာကြံ့ခိုင်ရမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများသည် တက်လူများဖြစ်၍ ကျန်းမာရေးနှင့်လျော်ညီသည့် နေထိုင်စားသောက်မှုများရှိရမည်ဖြစ်ပြီး ဆေးလိပ်၊ ကွမ်း၊ အရက်နှင့် မူးယစ်ဆေး ဝါးများကိုရှောင်ကြဉ်ရန်လိုကြောင်း၊ မိမိတို့အားလပ်ချိန်များတွင် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး အပါအဝင် မိဘများအားကူညီဆောင်ရွက်ရန်နှင့် ကိုယ်လက်လှုပ်ရှားအားကစားများကို ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ကျန်းမာကြံ့ခိုင်မှုရှိခြင်းသည် ပညာရေးကိုလည်းတစ်ဖက်တစ်လမ်းမှ အထောက်အကူ ပေးနိုင် မည်ဖြစ်ကြောင်း၊ မိမိတို့၏တစ်နေ့တာသင်ကြားခဲ့မှုများအား တစ်နေ့စာတစ်နေ့ကျက်မှတ်ပြီး တစ်နှစ်တစ်တန်း မှန်မှန်အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ပညာသင်ကြားရန်အတွက် မိဘများမှ အချိန်နှင့်ငွေများကုန်ကျခံကာသင်ကြားပေးနေရခြင်းဖြစ်သည့် အတွက်ပညာကိုကြိုးစား သင်ယူကြ စေလို ကြောင်း၊ ကိုယ်စီဘဝရည်မှန်းချက်များထားပြီး မိမိတို့ရည်မှန်းချက်များအတိုင်းပြည့်ဝအောင်ကြိုးစား ဆောင်ရွက် ကြစေလိုပြီး ဗဟုသုတတိုးပွားစေရန်အတွက် သုတ၊ ရသစာအုပ်စာစောင်များ အားဖတ်ရှုလေ့လာနေရန်လို ကြောင်းမှာကြားသည်။ 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှုတ်ဆက်ခဲ့ သည်။ 

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။