အချိန်ကာလအလျောက် အသက်အရွယ်များကြီးရင့်လာသော်လည်း မိမိတို့၏ အမျိုးသားရေးနှင့် မျိုးချစ်စိတ်ဓာတ်များ ထာဝစဉ်ရှင်သန်လျက်ရှိရန် အထူးလိုအပ်

ေနျပည္ေတာ္၊ ေအာက္တုိဘာ – ၃၁

ျမန္မာႏုိင္ငံစစ္မႈထမ္းေဟာင္းအဖဲြ႕သည္ တပ္မေတာ္၏ကာကြယ္ေရးအရန္ အင္အားစုႀကီးျဖစ္သည္ႏွင့္ အညီ စနစ္တက်ဖဲြ႕စည္းတည္ေဆာက္ထားသည့္အဖဲြ႕အစည္း တစ္ခုျဖစ္ေၾကာင္း၊ တပ္မေတာ္၌ တာ၀န္ထမ္းေဆာင္စဥ္ကလည္း ေပးအပ္သည့္ တာ၀န္မ်ားကုိေက်ပြန္စြာထမ္းေဆာင္ခဲ့ၾကသကဲ့သုိ႔ တပ္မေတာ္မွအၿငိမ္းစားယူခဲ့ၾကေသာ္လည္း Once  a  soldier  always   a   soldier “တစ္ခါစစ္သားျဖစ္ခဲ့ဖူးပါက အၿမဲတမ္းစစ္သားပဲ” ဆုိသည့္စကားအတုိင္း မိမိတုိ႔အေနျဖင့္ တပ္မေတာ္၏ လမ္းၫႊန္မႈမ်ားကုိခံယူၿပီး ေပးအပ္သည့္တာ၀န္မ်ားကုိ ႏုိးၾကားတက္ၾကြစြာ ထမ္းေဆာင္ ၾကရမွာျဖစ္ေၾကာင္း၊ အခ်ိန္ကာလအေလ်ာက္ အသက္အရြယ္မ်ားႀကီးရင့္လာေသာ္လည္း မိမိတုိ႔၏ အမ်ဳိးသားေရးႏွင့္ မ်ဳိးခ်စ္စိတ္ဓာတ္မ်ား ထာ၀စဥ္ရွင္သန္လ်က္ရွိရန္ အထူးလိုအပ္ေၾကာင္းျဖင့္ ျမန္မာႏုိင္ငံစစ္မႈထမ္းေဟာင္းအဖြဲ႕ နာယက၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ဒကၡိဏသီရိၿမိဳ႕နယ္၊ ျမန္မာႏုိင္ငံစစ္မႈထမ္းေဟာင္းအဖြဲ႕ ဗဟုိဌာနခ်ဳပ္ရွိ ညီလာခံခန္းမ၌ က်င္းပျပဳလုပ္သည့္ ျမန္မာႏုိင္ငံ စစ္မႈထမ္းေဟာင္းအဖြဲ႔ အထူးညီလာခံ(၂၀၁၈) ဒုတိယေန႔အစည္းအေ၀းသုိ႔ တက္ေရာက္မိန္႔ခြန္း ေျပာၾကားရာတြင္ ထည့္သြင္းေျပာၾကားသည္။

အဆုိပါအစည္းအေ၀းသုိ႔ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ျပည္ေထာင္စု၀န္ႀကီးမ်ားျဖစ္ၾကသည့္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စိန္၀င္း၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ)ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွတပ္မေတာ္အရာရွိႀကီးမ်ား၊ ျမန္မာႏုိင္ငံစစ္မႈထမ္း ေဟာင္းအဖြဲ႕ ဗဟုိအမႈေဆာင္အဖြဲ႕ဥကၠ႒ ဗုိလ္ခ်ဳပ္ ျမ၀င္း(အၿငိမ္းစား)ႏွင့္အဖြဲ႕၀င္မ်ား၊ ေနျပည္ေတာ္ တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး၊ ျမန္မာႏုိင္ငံစစ္မႈထမ္းေဟာင္းအဖြဲ႕အထူး ညီလာခံ(၂၀၁၈)သုိ႔ တက္ေရာက္ လာၾကသည့္ စစ္မႈထမ္းေဟာင္းႀကီးၾကပ္ေရးအဖြဲ႕ ဥကၠ႒မ်ားႏွင့္ ညီလာခံကုိယ္စားလွယ္မ်ား၊ ဖိတ္ၾကားထားသည့္ဧည့္သည္ေတာ္မ်ား တက္ေရာက္ ၾကသည္။

ဦးစြာ ျမန္မာႏုိင္ငံစစ္မႈထမ္းေဟာင္းအဖြဲ႕နာယက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က မိန္႔ခြန္းေျပာၾကားရာတြင္ ယေန႔တပ္မေတာ္သည္ ႏုိင္ငံေတာ္၏အခုိင္အမာဆုံး ေသာအဖဲြ႕အစည္း တစ္ခုျဖစ္သကဲ့သုိ႔ စစ္မႈထမ္းေဟာင္းအဖဲြ႕သည္လည္း ကာကြယ္ေရးအရန္ အင္အားစုျဖစ္သည္ႏွင့္အညီ အေတြ႔အႀကဳံရင့္က်က္သူမ်ား၊ ႏိုင္ငံေတာ္ႏွင့္ျပည္သူလူထုအေပၚ ခိုင္မာသည့္စိတ္ရင္း ေစတနာေကာင္းမ်ားရွိၿပီး ျဖစ္သူမ်ားျဖင့္ဖြဲ႕စည္းထားသည့္ အဖြဲ႕အစည္း တစ္ခုျဖစ္ေၾကာင္း၊ ကမၻာ့ႏုိင္ငံအသီးသီးတြင္ တုိင္းျပည္ကုိကာကြယ္ေစာင့္ေရွာက္သည့္ တပ္မေတာ္ တစ္ရပ္ ရွိသကဲ့သုိ႔ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ တပ္မေတာ္တာ၀န္မ်ားၿပီးဆုံးၾကခ်ိန္တြင္ စစ္မႈထမ္း ေဟာင္းမ်ားလည္းရွိၾကၿမဲျဖစ္ေၾကာင္း၊ ကာကြယ္ေရးအရန္အင္အားစုကုိ တည္ေဆာက္ရာတြင္ စစ္မႈေရးရာအတတ္ပညာႏွင့္ စစ္ေရးအျမင္ရွိမႈ၊ အမိန္႔နာခံတတ္မႈမ်ား ျပည့္၀ၿပီးျဖစ္သည့္ စစ္မႈထမ္း ေဟာင္းမ်ားျဖင့္ သေႏၶတည္တည္ေဆာက္ရမွာျဖစ္ေၾကာင္း၊ တစ္နည္းအားျဖင့္ စစ္မႈထမ္းေဟာင္း အဖဲြ႕ဆုိသည္မွာ ကာကြယ္ေရးအတြက္ အေပ်ာ္တမ္းဖဲြ႕စည္းထားသည့္အဖဲြ႕အစည္းမဟုတ္ဘဲ ႏုိင္ငံေတာ္ကာကြယ္ေရးအတြက္ တရား၀င္ ဖဲြ႕စည္းထားသည့္ ႏုိင္ငံေတာ္ႏွင့္တပ္မေတာ္အတြက္ အားထားရသည့္အဖဲြ႕အစည္းပင္ ျဖစ္ေၾကာင္း ေျပာၾကားသည္။

ထုိ႔ေနာက္ စစ္မႈထမ္းေဟာင္းအဖဲြ႕ဆုိသည္မွာ တပ္မေတာ္တြင္သက္ျပည့္ျဖင့္  တာ၀န္မ်ား ထမ္းေဆာင္ၿပီး၍ေသာ္လည္းေကာင္း၊ က်န္းမာေရးေၾကာင့္ေသာ္လည္းေကာင္း အသီးသီးပါ၀င္ စစ္မႈထမ္းေဆာင္ခဲ့ၾကသည့္ ပုဂၢိဳလ္မ်ားျဖင့္ဖြဲ႕စည္းထားရွိျခင္းျဖစ္ၿပီး  တပ္မေတာ္၌ တာ၀န္ ထမ္းေဆာင္စဥ္ကအတုိင္း ေပးအပ္သည့္တာ၀န္မ်ားကုိ  စစ္သားေကာင္းပီသစြာျဖင့္ပခုံးေျပာင္းယူခဲ့၊ ဆက္လက္တာ၀န္ထမ္းေဆာင္ခဲ့ၾကသူမ်ားျဖစ္ေၾကာင္း၊ ပခုံးေျပာင္းတာ၀န္မ်ားကုိ ဆက္လက္ ထမ္းေဆာင္ၾကမည့္သူမ်ားကလည္း  ၂၀၁၆ ခုႏွစ္တြင္က်င္းပခဲ့သည့္ ျမန္မာႏုိင္ငံစစ္မႈထမ္းေဟာင္း ညီလာခံကခ်မွတ္ထားေသာ ေရွ႕လုပ္ငန္းစဥ္(၇)ရပ္ႏွင့္အတူေပးအပ္လာသည့္ မိမိတုိ႔၏တာ၀န္မ်ားကုိ  ေက်ပြန္စြာ ထမ္းေဆာင္ၾကရန္မွာၾကားလုိေၾကာင္း၊ ခ်မွတ္ခဲ့သည့္  ေရွ႕လုပ္ငန္းစဥ္မ်ားကုိ  အေကာင္ အထည္ေဖာ္ေဆာင္ရြက္ႏုိင္ရန္ ဗဟုိအမႈေဆာင္အဖဲြ႕အေနျဖင့္ ေဆာင္ရြက္ ေနဆဲျဖစ္သည့္ ကာလတုိ လုပ္ငန္း၊ ၾကားကာလလုပ္ငန္း၊ ေရရွည္လုပ္ငန္းတုိ႔ကုိ  စနစ္တက်လႊဲေျပာင္းလက္ခံၿပီးျဖစ္သျဖင့္ ေအာင္ျမင္ေအာင္ဆက္လက္ အေကာင္ အထည္ေဖာ္ၾကရန္မွာၾကားလုိေၾကာင္း၊ ေပးအပ္လာသည့္ တာ၀န္မ်ားကို ေက်ပြန္စြာ ထမ္းေဆာင္ႏိုင္ျခင္းသည္ စစ္သားေကာင္းတစ္ေယာက္အတြက္  ဂုဏ္ျဒပ္ျဖစ္သကဲ့သုိ႔ မိမိတုိ႔တပ္မေတာ္ႏွင့္ ႏုိင္ငံေတာ္အတြက္ အေကာင္းဆုံးေသာသက္ေရာက္မႈကုိ ျဖစ္ေစ ေၾကာင္း၊ ထုိ႔ေၾကာင့္မိမိတုိ႔အေပၚ ေပးအပ္လာသည့္တာ၀န္မ်ားကုိ ေက်ပြန္ေအာင္ ထမ္းေဆာင္ၾကရန္ႏွင့္ ပခုံးေျပာင္းတာ၀န္မ်ားကို လႊဲေျပာင္းယူၾကမည့္ စစ္မႈထမ္းေဟာင္း အဖဲြ႕၀င္မ်ားအေနျဖင့္လည္း ပုိမုိက်စ္လ်စ္ခုိင္မာသည့္ စည္းလုံးညီၫြတ္မႈကုိ တည္ေဆာက္ ႏုိင္ရန္လုိအပ္ေၾကာင္း၊ သုိ႔မွသာကာကြယ္ေရးအရန္အင္အားျဖစ္သည့္ စစ္မႈထမ္းေဟာင္း အဖဲြ႕ဆိုတာ အစဥ္တည္တံ့ေနမွာပဲျဖစ္ေၾကာင္းေျပာၾကားသည္။

 

ဆက္လက္ၿပီး တပ္မေတာ္သည္ျပည္သူကေပါက္ဖြားလာသည့္ တပ္မေတာ္ ျဖစ္သည္ႏွင့္အညီ ျပည္သူႏွင့္တစ္သားတည္းရွိေနရန္လုိအပ္ေၾကာင္း၊ တပ္မေတာ္သည္ ႏုိင္ငံေတာ္ကုိကုိယ္စားျပဳ သကဲ့သုိ႔ ျမန္မာႏုိင္ငံစစ္မႈထမ္းေဟာင္းအဖဲြ႕သည္လည္း ျပည္သူမ်ားႏွင့္အၿမဲထိေတြ႕မႈရွိေနသည့္ အတြက္ တပ္မေတာ္ႏွင့္ျပည္သူအၾကားေပါင္းကူး တံတားသဖြယ္ ေဆာင္ရြက္သြားရမွာျဖစ္ေၾကာင္း၊ အမ်ဳိးသားေရးတာ၀န္ျဖစ္သည့္  ဒုိ႔တာ၀န္အေရးသုံးပါးကုိထိပါးေစမယ့္ အေျပာအဆုိအျပဳအမူမ်ားကုိ သတိျပဳၾကရန္ႏွင့္  မိမိ၏အျပဳအမူအေျပာအဆိုသည္ မိမိအဖဲြ႕အစည္းႏွင့္ တစ္ဆက္တစ္စပ္တည္း ျဖစ္သည့္ တပ္မေတာ္ကုိပါ တုိက္႐ုိက္အက်ဳိးသက္ေရာက္မႈရွိေစသည္ကုိလည္း ႏွလုံးသြင္း ထားၾကရန္ လိုအပ္ေၾကာင္း၊  မိမိတုိ႔ႏုိင္ငံသည္ လြတ္လပ္ၿပီးအခ်ဳပ္အျခာအာဏာပုိင္သည့္ ႏုိင္ငံတစ္ခုျဖစ္ ေၾကာင္း၊ ယခုအခါျပည္သူ႕ဆႏၵန႔ဲအညီ ေခတ္မီဖြံ႕ၿဖိဳးတုိးတက္သည့္ ပါတီစုံ ဒီမုိကေရစီႏုိင္ငံအျဖစ္ ေလွ်ာက္လွမ္းလ်က္ရွိရာတြင္ တပ္မေတာ္အေနျဖင့္ တစ္တပ္တစ္အား ပူးေပါင္းပါ၀င္လ်က္ရွိေၾကာင္း၊ ထုိသုိ႔ေလွ်ာက္လွမ္းရာတြင္ ၂၀၀၈ ခုႏွစ္ ႏုိင္ငံေတာ္ဖြဲ႕စည္းပုံ အေျခခံဥပေဒပုဒ္မ ၄၁ ျပ႒ာန္းခ်က္အတုိင္း ႏုိင္ငံျခားေရးမူ၀ါဒျဖစ္သည့္ “ႏုိင္ငံေတာ္သည္ လြတ္လပ္၍တက္ၾကြၿပီး  ဘက္မလုိက္ေသာ ႏုိင္ငံျခားေရး၀ါဒကုိက်င့္သုံးသည္။ ကမၻာ့ၿငိမ္းခ်မ္းေရးႏွင့္ ႏုိင္ငံအခ်င္းခ်င္း မိတ္၀တ္မပ်က္ ေပါင္းဖက္ဆက္ဆံေရးကုိ ေရွး႐ႈသည္။ ႏုိင္ငံအခ်င္းခ်င္း ၿငိမ္းခ်မ္းစြာအတူ ယွဥ္တဲြေနထုိင္ေရးမူမ်ားကုိ ေစာင့္ထိန္းသည္” ဟု အတိအလင္းျပ႒ာန္းထားၿပီးျဖစ္ေၾကာင္း၊ ထုိ႔အျပင္ ႏုိင္ငံတကာဆက္ဆံေရးတြင္ ၿငိမ္းခ်မ္းစြာအတူယွဥ္တဲြေနထုိင္ေရးမူႀကီး(၅)ရပ္ကုိ အစဥ္ေလးစား လုိက္နာလ်က္ရွိေၾကာင္း၊ ႏုိင္ငံေတာ္ကခ်မွတ္ထားသည့္ျပ႒ာန္းခ်က္မ်ားကုိ တပ္မေတာ္အေနျဖင့္ တစ္သေ၀မတိမ္း တိက်စြာလုိက္နာလ်က္ရွိေၾကာင္း၊ သုိ႔ေသာ္ျပည္ပႏုိင္ငံအခ်ဳိ႕၊ အဖြဲ႕အစည္း အခ်ိဳ႕သည္ မိမိတုိ႔ႏုိင္ငံ၏အခ်ဳပ္အျခာအာဏာကုိ မ်က္ကြယ္ျပဳၿပီး ျပည္တြင္းေရးကုိ ၀င္ေရာက္ စြက္ဖက္လ်က္ရွိသည္ကုိလည္း အားလုံးအသိပင္ျဖစ္ေၾကာင္း၊ ထုိသုိ႔ျပည္ပႏုိင္ငံအခ်ဳိ႕၊ အဖြဲ႕အစည္း အခ်ိဳ႕က မိမိတု႔ိႏုိင္ငံ၏ျပည္တြင္းေရးတြင္ ၀င္ေရာက္စြက္ဖက္ၿပီး တစ္ဖက္သတ္ပုတ္ခတ္မႈမ်ားကုိ အၿမိဳ႕ၿမိဳ႕အနယ္နယ္တြင္ရွိသည့္ အမ်ဳိးသားေရးႏွင့္မ်ဳိးခ်စ္စိတ္ဓာတ္ထက္သန္သည့္ ျပည္သူမ်ားက မိမိတုိ႔ႏုိင္ငံ၏ အခ်ဳပ္အျခာအာဏာထိပါးမႈကုိဆန္႔က်င္ၿပီး တပ္မေတာ္၏ေဆာင္ရြက္ခ်က္မ်ားအေပၚ ေထာက္ခံပြဲမ်ား ျပဳလုပ္ေနသည္ကိုေတြ႕ရေၾကာင္း၊ အဆုိပါေဆာင္ရြက္ခ်က္မ်ားသည္ ႏုိင္ငံေတာ္ႏွင့္ ျပည္သူအေပၚထားရွိသည့္ တပ္မေတာ္၏စစ္မွန္ေသာ သေဘာထားမ်ား ကုိသိရွိၿပီး တပ္မေတာ္ႏွင့္ ျပည္သူတစ္သားတည္းရွိသည္ဆုိသည့္ ျပယုဂ္ပင္ျဖစ္ေၾကာင္း၊ ဒီလုိအစဥ္အလာေကာင္းမ်ားကုိ ဆက္လက္ထိန္းသိမ္းၾကရမည္ျဖစ္ေၾကာင္း၊ စည္း႐ုံးေရး ဆုိသည္မွာ အေရးေပၚမွထလုပ္ရသည့္ ေဆာင္ရြက္မႈမ်ဳိးမဟုတ္ဘဲ မျပတ္ထိေတြ႕ၿပီး ျပည္သူမ်ား၏ အက်ဳိးျပဳလုပ္ငန္းမ်ားကုိ စိတ္အား ထက္သန္စြာသယ္ပုိးရင္း ႏုိင္ငံေတာ္ႏွင့္ ျပည္သူလူထုအေပၚထားရွိသည့္ မိမိတုိ႔၏သေဘာထားမ်ားကုိ သိရွိေအာင္ လက္ေတြ႕ က်က် လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္းမွာၾကားသည္။

ယင္းေနာက္ လူတုိ႔အတြက္အေရးအႀကီးဆုံးသည္ မိမိတုိ႔ဘ၀တုိးတက္ေရး၊ က်န္းမာႀကံ႕ခိုင္စြာျဖင့္ ရွင္သန္ရပ္တည္ေရးပင္ျဖစ္ေၾကာင္း၊ က်န္းမာႀကံ႕ခုိင္ၿပီး ရွင္သန္ရပ္တည္ႏုိင္ရန္အတြက္ က်န္းမာေရး ေကာင္းမြန္မႈႏွင့္ လုံေလာက္ေသာအာဟာရ စားသုံးႏုိင္မႈကုိ ရရွိေအာင္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္မိမိတုိ႔အေနျဖင့္ တပ္မေတာ္ကေဆာင္ရြက္ေပးလ်က္ရွိေသာ က်န္းမာေရးေစာင့္ေရွာက္မႈ မ်ားကုိ ခံယူသည့္ အျပင္က်န္းမာေရးႏွင့္ညီၫြတ္ေသာ ေနထုိင္စားေသာက္မႈမ်ားကုိလုိက္နာၾကေစလုိ ေၾကာင္း၊ ထုိ႔အတူစားေရးသည္လည္းအေရးႀကီးသည့္အတြက္ ယေန႔အခ်ိန္တြင္ မိမိတုိ႔ နယ္ေျမ အလိုက္ တစ္ဦးခ်င္းတစ္ပုိင္တစ္ႏုိင္စုိက္ပ်ိဳးေမြးျမဴေရးကုိ တတ္ႏုိင္သမွ် ျပဳလုပ္ၾကၿပီး အဖြဲ႕အစည္း အေနျဖင့္လည္း စုိက္ပ်ိဳးေမြးျမဴေရးကုိ တတ္ႏုိင္သေလာက္ လုပ္ေဆာင္ၾကရန္လုိေၾကာင္း၊ တပ္မေတာ္မွတပ္ရင္း၊ တပ္ဖြဲ႕မ်ားကလည္းတစ္ဖက္ တစ္လမ္းမွ ကူညီေဆာင္ရြက္ေပးသြား မည္ျဖစ္သည့္အတြက္ ပုိမုိျပည့္စုံေအာင္ပူးေပါင္း ေဆာင္ရြက္သြားၾကရန္လုိေၾကာင္းမွာၾကားသည္။

ထုိ႔ေနာက္ ယခုအခါကမၻာႀကီး၏ေျပာင္းလဲတုိးတက္မႈမ်ားႏွင့္အတူ နယ္ပယ္ အသီးသီးတြင္ စိန္ေခၚမႈမ်ားကုိ ႏုိင္ငံအသီးသီးရင္ဆုိင္ေနၾကရေၾကာင္း၊ ႏုိင္ငံေတာ္ကုိ စြမ္းအားျပည့္ကာကြယ္ႏုိင္ရန္ အတြက္ “ေခတ္မီတပ္မေတာ္” တစ္ရပ္ တည္ေထာင္ၾကရာတြင္လည္း အားလုံးကပါ၀င္ေဆာင္ရြက္ ရမည္ျဖစ္ေၾကာင္း၊ ေခတ္မီတပ္မေတာ္ တစ္ရပ္တည္ေဆာက္ရာတြင္လည္း တပ္မေတာ္ တစ္ရပ္တည္းတည္ေဆာက္၍ မရႏုိင္ေသာေၾကာင့္ ျပည္သူလူထု၏အားေပးေထာက္ခံမႈ အထူးလုိအပ္ေၾကာင္း၊ မိမိတုိ႔ အေနျဖင့္ တပ္မေတာ္သားမ်ားပီပီ စြန္႔လႊတ္စြန္႔စားတာ၀န္ထမ္းေဆာင္မႈ၊ တုိင္းျပည္ႏွင့္ လူမ်ိဳးအတြက္ အသက္ေပးတာ၀န္ထမ္းေဆာင္မႈ၊ အ႐ုိးေၾကေၾကအေရခမ္းခမ္းေပးအပ္ သည့္ တာ၀န္မ်ားကုိ  ေနရာမေရြးတာ၀န္ထမ္းေဆာင္ခဲ့ၾကသကဲ့သုိ႔ ယခုအခါတြင္လည္း မိမိတုိ႔ေနရာ ေဒသအသီးသီး၏ ဖြံ႕ၿဖိဳးေရးအေထာက္အကူျပဳလုပ္ငန္းမ်ားကုိ တတ္စြမ္းႏုိင္သေရြ႕ ေဆာင္ရြက္ ေပးၾကရန္ အေလးအနက္တုိက္တြန္းေၾကာင္းမွာၾကားသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္အခမ္းအနား တက္ေရာက္လာၾကသည့္ စစ္မႈထမ္း ေဟာင္းအဖြဲ႕၀င္မ်ားအားရင္းရင္းႏွီႏွီး လုိက္လံႏႈတ္ဆက္ၿပီး ျမန္မာႏုိင္ငံစစ္မႈထမ္းေဟာင္းအဖြဲ႕ ဗဟုိအလုပ္အမႈေဆာင္အဖြဲ႕၀င္မ်ားႏွင့္အတူ မွတ္တမ္းတင္စုေပါင္းဓာတ္ပုံ႐ုိက္ခဲ့သည္။

(Unicode Version)

အချိန်ကာလအလျောက် အသက်အရွယ်များကြီးရင့်လာသော်လည်း  မိမိတို့၏ အမျိုးသားရေးနှင့် မျိုးချစ်စိတ်ဓာတ်များ ထာဝစဉ်ရှင်သန်လျက်ရှိရန် အထူးလိုအပ်

နေပြည်တော်၊ အောက်တိုဘာ – ၃၁

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့သည် တပ်မတော်၏ကာကွယ်ရေးအရန် အင်အားစုကြီးဖြစ်သည်နှင့် အညီ စနစ်တကျဖွဲ့စည်းတည်ဆောက်ထားသည့်အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း၊ တပ်မတော်၌ တာဝန်ထမ်းဆောင်စဉ်ကလည်း ပေးအပ်သည့် တာဝန်များကိုကျေပွန်စွာထမ်းဆောင်ခဲ့ကြသကဲ့သို့ တပ်မတော်မှအငြိမ်းစားယူခဲ့ကြသော်လည်း Once  a  soldier  always   a   soldier “တစ်ခါစစ်သားဖြစ်ခဲ့ဖူးပါက အမြဲတမ်းစစ်သားပဲ” ဆိုသည့်စကားအတိုင်း မိမိတို့အနေဖြင့် တပ်မတော်၏ လမ်းညွှန်မှုများကိုခံယူပြီး ပေးအပ်သည့်တာဝန်များကို နိုးကြားတက်ကြွစွာ ထမ်းဆောင် ကြရမှာဖြစ်ကြောင်း၊ အချိန်ကာလအလျောက် အသက်အရွယ်များကြီးရင့်လာသော်လည်း မိမိတို့၏ အမျိုးသားရေးနှင့် မျိုးချစ်စိတ်ဓာတ်များ ထာဝစဉ်ရှင်သန်လျက်ရှိရန် အထူးလိုအပ်ကြောင်းဖြင့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ နာယက၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်ရှိ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ(၂၀၁၈) ဒုတိယနေ့အစည်းအဝေးသို့ တက်ရောက်မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

အဆိုပါအစည်းအဝေးသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ် မြဝင်း(အငြိမ်းစား)နှင့်အဖွဲ့ဝင်များ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့အထူး ညီလာခံ(၂၀၁၈)သို့ တက်ရောက် လာကြသည့် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ညီလာခံကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက် ကြသည်။

ဦးစွာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့နာယက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာတွင် ယနေ့ တပ်မတော်သည် နိုင်ငံတော်၏အခိုင်အမာဆုံး သောအဖွဲ့အစည်း တစ်ခုဖြစ်သကဲ့သို့ စစ်မှုထမ်းဟောင်းအဖွဲ့သည်လည်း ကာကွယ်ရေးအရန် အင်အားစုဖြစ်သည်နှင့်အညီ အတွေ့အကြုံရင့်ကျက်သူများ၊ နိုင်ငံတော်နှင့်ပြည်သူလူထုအပေါ် ခိုင်မာသည့်စိတ်ရင်း စေတနာကောင်းများရှိပြီး ဖြစ်သူများဖြင့်ဖွဲ့စည်းထားသည့် အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် တိုင်းပြည်ကိုကာကွယ်စောင့်ရှောက်သည့် တပ်မတော် တစ်ရပ် ရှိသကဲ့သို့ အကြောင်းအမျိုးမျိုးဖြင့် တပ်မတော်တာဝန်များပြီးဆုံးကြချိန်တွင် စစ်မှုထမ်း ဟောင်းများလည်းရှိကြမြဲဖြစ်ကြောင်း၊ ကာကွယ်ရေးအရန်အင်အားစုကို တည်ဆောက်ရာတွင် စစ်မှုရေးရာအတတ်ပညာနှင့် စစ်ရေးအမြင်ရှိမှု၊ အမိန့်နာခံတတ်မှုများ ပြည့်ဝပြီးဖြစ်သည့် စစ်မှုထမ်း ဟောင်းများဖြင့် သန္ဓေတည်တည်ဆောက်ရမှာဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် စစ်မှုထမ်းဟောင်း အဖွဲ့ဆိုသည်မှာ ကာကွယ်ရေးအတွက် အပျော်တမ်းဖွဲ့စည်းထားသည့်အဖွဲ့အစည်းမဟုတ်ဘဲ နိုင်ငံတော်ကာကွယ်ရေးအတွက် တရားဝင် ဖွဲ့စည်းထားသည့် နိုင်ငံတော်နှင့်တပ်မတော်အတွက် အားထားရသည့်အဖွဲ့အစည်းပင် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဆိုသည်မှာ တပ်မတော်တွင်သက်ပြည့်ဖြင့်  တာဝန်များ ထမ်းဆောင်ပြီး၍သော်လည်းကောင်း၊ ကျန်းမာရေးကြောင့်သော်လည်းကောင်း အသီးသီးပါဝင် စစ်မှုထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်းထားရှိခြင်းဖြစ်ပြီး  တပ်မတော်၌ တာဝန် ထမ်းဆောင်စဉ်ကအတိုင်း ပေးအပ်သည့်တာဝန်များကို  စစ်သားကောင်းပီသစွာဖြင့်ပခုံးပြောင်းယူခဲ့၊ ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ကြသူများဖြစ်ကြောင်း၊ ပခုံးပြောင်းတာဝန်များကို ဆက်လက် ထမ်းဆောင်ကြမည့်သူများကလည်း  ၂၀၁၆ ခုနှစ်တွင်ကျင်းပခဲ့သည့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း ညီလာခံကချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်(၇)ရပ်နှင့်အတူပေးအပ်လာသည့် မိမိတို့၏တာဝန်များကို  ကျေပွန်စွာ ထမ်းဆောင်ကြရန်မှာကြားလိုကြောင်း၊ ချမှတ်ခဲ့သည့်  ရှေ့လုပ်ငန်းစဉ်များကို  အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် ဗဟိုအမှုဆောင်အဖွဲ့အနေဖြင့် ဆောင်ရွက် နေဆဲဖြစ်သည့် ကာလတို လုပ်ငန်း၊ ကြားကာလလုပ်ငန်း၊ ရေရှည်လုပ်ငန်းတို့ကို  စနစ်တကျလွှဲပြောင်းလက်ခံပြီးဖြစ်သဖြင့် အောင်မြင်အောင်ဆက်လက် အကောင် အထည်ဖော်ကြရန်မှာကြားလိုကြောင်း၊ ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်းသည် စစ်သားကောင်းတစ်ယောက်အတွက်  ဂုဏ်ဒြပ်ဖြစ်သကဲ့သို့ မိမိတို့တပ်မတော်နှင့် နိုင်ငံတော်အတွက် အကောင်းဆုံးသောသက်ရောက်မှုကို ဖြစ်စေ ကြောင်း၊ ထို့ကြောင့်မိမိတို့အပေါ် ပေးအပ်လာသည့်တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန်နှင့် ပခုံးပြောင်းတာဝန်များကို လွှဲပြောင်းယူကြမည့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအနေဖြင့်လည်း ပိုမိုကျစ်လျစ်ခိုင်မာသည့် စည်းလုံးညီညွတ်မှုကို တည်ဆောက် နိုင်ရန်လိုအပ်ကြောင်း၊ သို့မှသာကာကွယ်ရေးအရန်အင်အားဖြစ်သည့် စစ်မှုထမ်းဟောင်း အဖွဲ့ဆိုတာ အစဉ်တည်တံ့နေမှာပဲဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်ပြီး တပ်မတော်သည်ပြည်သူကပေါက်ဖွားလာသည့် တပ်မတော် ဖြစ်သည်နှင့်အညီ ပြည်သူနှင့်တစ်သားတည်းရှိနေရန်လိုအပ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကိုကိုယ်စားပြု သကဲ့သို့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့သည်လည်း ပြည်သူများနှင့်အမြဲထိတွေ့မှုရှိနေသည့် အတွက် တပ်မတော်နှင့်ပြည်သူအကြားပေါင်းကူး တံတားသဖွယ် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ အမျိုးသားရေးတာဝန်ဖြစ်သည့်  ဒို့တာဝန်အရေးသုံးပါးကိုထိပါးစေမယ့် အပြောအဆိုအပြုအမူများကို သတိပြုကြရန်နှင့်  မိမိ၏အပြုအမူအပြောအဆိုသည် မိမိအဖွဲ့အစည်းနှင့် တစ်ဆက်တစ်စပ်တည်း ဖြစ်သည့် တပ်မတော်ကိုပါ တိုက်ရိုက်အကျိုးသက်ရောက်မှုရှိစေသည်ကိုလည်း နှလုံးသွင်း ထားကြရန် လိုအပ်ကြောင်း၊  မိမိတို့နိုင်ငံသည် လွတ်လပ်ပြီးအချုပ်အခြာအာဏာပိုင်သည့် နိုင်ငံတစ်ခုဖြစ် ကြောင်း၊ ယခုအခါပြည်သူ့ဆန္ဒနဲ့အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ပါတီစုံ ဒီမိုကရေစီနိုင်ငံအဖြစ် လျှောက်လှမ်းလျက်ရှိရာတွင် တပ်မတော်အနေဖြင့် တစ်တပ်တစ်အား ပူးပေါင်းပါဝင်လျက်ရှိကြောင်း၊ ထိုသို့လျှောက်လှမ်းရာတွင် ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁ ပြဋ္ဌာန်းချက်အတိုင်း နိုင်ငံခြားရေးမူဝါဒဖြစ်သည့် “နိုင်ငံတော်သည် လွတ်လပ်၍တက်ကြွပြီး  ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကိုကျင့်သုံးသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းသည်” ဟု အတိအလင်းပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတကာဆက်ဆံရေးတွင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်ကို အစဉ်လေးစား လိုက်နာလျက်ရှိကြောင်း၊ နိုင်ငံတော်ကချမှတ်ထားသည့်ပြဋ္ဌာန်းချက်များကို တပ်မတော်အနေဖြင့် တစ်သဝေမတိမ်း တိကျစွာလိုက်နာလျက်ရှိကြောင်း၊ သို့သော်ပြည်ပနိုင်ငံအချို့၊ အဖွဲ့အစည်း အချို့သည် မိမိတို့နိုင်ငံ၏အချုပ်အခြာအာဏာကို မျက်ကွယ်ပြုပြီး ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်လျက်ရှိသည်ကိုလည်း အားလုံးအသိပင်ဖြစ်ကြောင်း၊ ထိုသို့ပြည်ပနိုင်ငံအချို့၊ အဖွဲ့အစည်း အချို့က မိမိတု့ိနိုင်ငံ၏ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ပြီး တစ်ဖက်သတ်ပုတ်ခတ်မှုများကို အမြို့မြို့အနယ်နယ်တွင်ရှိသည့် အမျိုးသားရေးနှင့်မျိုးချစ်စိတ်ဓာတ်ထက်သန်သည့် ပြည်သူများက မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာထိပါးမှုကိုဆန့်ကျင်ပြီး တပ်မတော်၏ဆောင်ရွက်ချက်များအပေါ် ထောက်ခံပွဲများ ပြုလုပ်နေသည်ကိုတွေ့ရကြောင်း၊ အဆိုပါဆောင်ရွက်ချက်များသည် နိုင်ငံတော်နှင့် ပြည်သူအပေါ်ထားရှိသည့် တပ်မတော်၏စစ်မှန်သော သဘောထားများ ကိုသိရှိပြီး တပ်မတော်နှင့် ပြည်သူတစ်သားတည်းရှိသည်ဆိုသည့် ပြယုဂ်ပင်ဖြစ်ကြောင်း၊ ဒီလိုအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း၊ စည်းရုံးရေး ဆိုသည်မှာ အရေးပေါ်မှထလုပ်ရသည့် ဆောင်ရွက်မှုမျိုးမဟုတ်ဘဲ မပြတ်ထိတွေ့ပြီး ပြည်သူများ၏ အကျိုးပြုလုပ်ငန်းများကို စိတ်အား ထက်သန်စွာသယ်ပိုးရင်း နိုင်ငံတော်နှင့် ပြည်သူလူထုအပေါ်ထားရှိသည့် မိမိတို့၏သဘောထားများကို သိရှိအောင် လက်တွေ့ ကျကျ လုပ်ဆောင်ရမည်ဖြစ်ကြောင်းမှာကြားသည်။

ယင်းနောက် လူတို့အတွက်အရေးအကြီးဆုံးသည် မိမိတို့ဘဝတိုးတက်ရေး၊ ကျန်းမာကြံ့ခိုင်စွာဖြင့် ရှင်သန်ရပ်တည်ရေးပင်ဖြစ်ကြောင်း၊ ကျန်းမာကြံ့ခိုင်ပြီး ရှင်သန်ရပ်တည်နိုင်ရန်အတွက် ကျန်းမာရေး ကောင်းမွန်မှုနှင့် လုံလောက်သောအာဟာရ စားသုံးနိုင်မှုကို ရရှိအောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် တပ်မတော်ကဆောင်ရွက်ပေးလျက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှု များကို ခံယူသည့် အပြင်ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စားသောက်မှုများကိုလိုက်နာကြစေလို ကြောင်း၊ ထို့အတူစားရေးသည်လည်းအရေးကြီးသည့်အတွက် ယနေ့အချိန်တွင် မိမိတို့ နယ်မြေ အလိုက် တစ်ဦးချင်းတစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးကို တတ်နိုင်သမျှ ပြုလုပ်ကြပြီး အဖွဲ့အစည်း အနေဖြင့်လည်း စိုက်ပျိုးမွေးမြူရေးကို တတ်နိုင်သလောက် လုပ်ဆောင်ကြရန်လိုကြောင်း၊ တပ်မတော်မှတပ်ရင်း၊ တပ်ဖွဲ့များကလည်းတစ်ဖက် တစ်လမ်းမှ ကူညီဆောင်ရွက်ပေးသွား မည်ဖြစ်သည့်အတွက် ပိုမိုပြည့်စုံအောင်ပူးပေါင်း ဆောင်ရွက်သွားကြရန်လိုကြောင်းမှာကြားသည်။

ထို့နောက် ယခုအခါကမ္ဘာကြီး၏ပြောင်းလဲတိုးတက်မှုများနှင့်အတူ နယ်ပယ် အသီးသီးတွင် စိန်ခေါ်မှုများကို နိုင်ငံအသီးသီးရင်ဆိုင်နေကြရကြောင်း၊ နိုင်ငံတော်ကို စွမ်းအားပြည့်ကာကွယ်နိုင်ရန် အတွက် “ခေတ်မီတပ်မတော်” တစ်ရပ် တည်ထောင်ကြရာတွင်လည်း အားလုံးကပါဝင်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ခေတ်မီတပ်မတော် တစ်ရပ်တည်ဆောက်ရာတွင်လည်း တပ်မတော် တစ်ရပ်တည်းတည်ဆောက်၍ မရနိုင်သောကြောင့် ပြည်သူလူထု၏အားပေးထောက်ခံမှု အထူးလိုအပ်ကြောင်း၊ မိမိတို့ အနေဖြင့် တပ်မတော်သားများပီပီ စွန့်လွှတ်စွန့်စားတာဝန်ထမ်းဆောင်မှု၊ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးတာဝန်ထမ်းဆောင်မှု၊ အရိုးကြေကြေအရေခမ်းခမ်းပေးအပ် သည့် တာဝန်များကို  နေရာမရွေးတာဝန်ထမ်းဆောင်ခဲ့ကြသကဲ့သို့ ယခုအခါတွင်လည်း မိမိတို့နေရာ ဒေသအသီးသီး၏ ဖွံ့ဖြိုးရေးအထောက်အကူပြုလုပ်ငန်းများကို တတ်စွမ်းနိုင်သရွေ့ ဆောင်ရွက် ပေးကြရန် အလေးအနက်တိုက်တွန်းကြောင်းမှာကြားသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်အခမ်းအနား တက်ရောက်လာကြသည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအားရင်းရင်းနှီနှီး လိုက်လံနှုတ်ဆက်ပြီး မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့်အတူ မှတ်တမ်းတင်စုပေါင်းဓာတ်ပုံရိုက်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။