တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီး H.E. Mr. Ronen Gilor အားလက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ေအာက္တုိဘာ – ၃၁

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္   ျမန္မာႏုိင္ငံဆုိင္ရာ အစၥေရးႏုိင္ငံသံအမတ္ႀကီးအျဖစ္ ခန္႔အပ္ျခင္းခံရသည့္ H.E. Mr. Ronen Gilor အား  ယေန႔ မြန္းလြဲပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမ ေဆာင္၌လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ျမန္မာႏုိင္ငံဆုိင္ရာ အစၥေရးႏုိင္ငံသံအမတ္ႀကီးႏွင့္အတူ သံ႐ုံးမွ တာ၀န္ရွိသူမ်ားတက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ျမန္မာ၊ အစၥေရးႏွစ္ႏုိင္ငံစလုံး ၁၉၄၈ ခုႏွစ္တြင္ လြတ္လပ္ေရးရရွိခဲ့ၿပီးေနာက္ အစၥေရးႏုိင္ငံသုိ႔ ပထမဆုံးႏုိင္ငံေတာ္အဆင့္ခ်စ္ၾကည္ေရး ခရီးကုိ ၁၉၅၅ ခုႏွစ္တြင္ ျမန္မာႏုိင္ငံ ၀န္ႀကီးခ်ဳပ္ ဦးႏု သြားေရာက္ခဲ့ျခင္းအပါအ၀င္ ႏွစ္ႏုိင္ငံေခါင္းေဆာင္မ်ား အျပန္အလွန္ခ်စ္ၾကည္ေရး ခရီး လည္ပတ္ခဲ့မႈအေျခအေနမ်ား၊ ႏွစ္ႏုိင္ငံႏွင့္တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးစြာျဖင့္ က႑မ်ားစြာတြင္ က်ယ္ျပန္႔စြာ ပူးေပါင္းေဆာင္ရြက္ခဲ့မႈအေျခအေနမ်ား၊ ရွိရင္းစြဲခ်စ္ၾကည္ရင္းႏွီးမႈကုိ ပုိမုိတုိးျမႇင့္ႏုိင္မည့္အေျခအေနမ်ား၊ ပညာေရးက႑၊ စုိက္ပ်ိဳးေရးက႑ႏွင့္က်န္းမာေရး က႑မ်ားတြင္ ပူးေပါင္းေဆာင္ရြက္ႏုိင္မည့္အေျခအေနမ်ား၊  ျမန္မာႏုိင္ငံတြင္ျပည္သူမ်ားမွ ေရြးခ်ယ္သည့္ ပါတီစုံ ဒီမုိကေရစီလမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္းေနမႈအေျခအေနမ်ားႏွင့္ လူ႕အခြင့္အေရးဆုိင္ရာ ကိစၥရပ္မ်ားႏွင့္ ပတ္သက္သည့္အေတြ႕အႀကဳံမ်ားဖလွယ္ေရး ဆုိင္ရာကိစၥရပ္မ်ားအား ရင္းႏွီး ပြင့္လင္းစြာအျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာႏုိင္ငံဆုိင္ရာ အစၥေရးႏုိင္ငံ သံအမတ္ႀကီးအား အမွတ္တရလက္ေဆာင္ပစၥည္းေပးအပ္ၿပီး တက္ေရာက္လာၾကသူမ်ားႏွင့္အတူ စုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီး H.E. Mr. Ronen Gilor  အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ – ၃၁

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်   မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည့် H.E. Mr. Ronen Gilor အား  ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ ဆောင်၌လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံသံအမတ်ကြီးနှင့်အတူ သံရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ၊ အစ္စရေးနှစ်နိုင်ငံစလုံး ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့ပြီးနောက် အစ္စရေးနိုင်ငံသို့ ပထမဆုံးနိုင်ငံတော်အဆင့်ချစ်ကြည်ရေး ခရီးကို ၁၉၅၅ ခုနှစ်တွင် မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဦးနု သွားရောက်ခဲ့ခြင်းအပါအဝင် နှစ်နိုင်ငံခေါင်းဆောင်များ အပြန်အလှန်ချစ်ကြည်ရေး ခရီး လည်ပတ်ခဲ့မှုအခြေအနေများ၊ နှစ်နိုင်ငံနှင့်တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးစွာဖြင့် ကဏ္ဍများစွာတွင် ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးမြှင့်နိုင်မည့်အခြေအနေများ၊ ပညာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့်ကျန်းမာရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊  မြန်မာနိုင်ငံတွင်ပြည်သူများမှ ရွေးချယ်သည့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေမှုအခြေအနေများနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့်အတွေ့အကြုံများဖလှယ်ရေး ဆိုင်ရာကိစ္စရပ်များအား ရင်းနှီး ပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီးအား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။