တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အာရှရေးရာအထူးကိုယ်စားလှယ် H.E. Mr. Sun Guoxiang အားလက်ခံတွေ့ဆုံ 

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ  ၈

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ ႏုိင္ငံျခား ေရး၀န္ႀကီးဌာန၏ အာရွေရးရာအထူးကုိယ္စားလွယ္ H.E. Mr. Sun Guoxiang အား ယေန႔ညေနပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး သန္းထြန္းဦး၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ားတက္ေရာက္ၾကၿပီး တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ ႏုိင္ငံျခားေရး၀န္ႀကီးဌာန၏ အာရွေရးရာအထူးကုိယ္စားလွယ္ႏွင့္အတူ ျမန္မာႏုိင္ငံ ဆုိင္ရာတ႐ုတ္ႏုိင္ငံသံ႐ုံးမွ တာ၀န္ရွိသူမ်ားတက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ျမန္မာႏုိင္ငံ၏ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား၌ တ႐ုတ္ႏုိင္ငံမွပါ၀င္ကူညီေဆာင္ရြက္ ေပးေနမႈ အေျခအေနမ်ား၊ ထာ၀ရၿငိမ္းခ်မ္းေရးရရွိရန္အတြက္ တပ္မေတာ္အေနျဖင့္ ၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္၍ ခ်မွတ္ ထားသည့္ မူ၀ါဒ(၆)ရပ္အတုိင္း ေဆာင္ရြက္ေနမႈအေျခအေနမ်ား၊ ရခုိင္ျပည္နယ္အေရးကိစၥႏွင့္ ပတ္သက္၍ အစိုးရႏွင့္ တပ္မေတာ္၏ေဆာင္ရြက္ခ်က္မ်ားအား ႏုိင္ငံတကာမ်က္ႏွာစာတြင္တ႐ုတ္ႏုိင္ငံက ေထာက္ခံရပ္ တည္ေဆာင္ရြက္ေပးေနမႈအေျခအေနမ်ား၊ ႏွစ္ႏုိင္ငံနယ္စပ္ေဒသတည္ၿငိမ္ ေအးခ်မ္းမႈကုိေဆာင္ရြက္ၿပီး ႏွစ္ႏုိင္ငံ ႏွင့္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈ ပုိမုိတုိးတက္ေအာင္ ေဆာင္ရြက္ႏုိင္မည့္ အေျခအေန မ်ားအား ရင္းႏွီးပြင့္လင္းက်ယ္ျပန္႔စြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တ႐ုတ္ျပည္သူ႕ သမၼတႏုိင္ငံ၊ ႏုိင္ငံျခားေရး၀န္ႀကီး ဌာန၏ အာရွေရးရာအထူးကုိယ္စားလွယ္တုိ႔သည္ တက္ေရာက္လာၾကသူမ်ားႏွင့္အတူ စုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အာရှရေးရာအထူးကိုယ်စားလှယ် H.E. Mr. Sun Guoxiang အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာ  ၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြား ရေးဝန်ကြီးဌာန၏ အာရှရေးရာအထူးကိုယ်စားလှယ် H.E. Mr. Sun Guoxiang အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများတက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာအထူးကိုယ်စားလှယ်နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာတရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ တရုတ်နိုင်ငံမှပါဝင်ကူညီဆောင်ရွက် ပေးနေမှု အခြေအနေများ၊ ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ချမှတ် ထားသည့် မူဝါဒ(၆)ရပ်အတိုင်း ဆောင်ရွက်နေမှုအခြေအနေများ၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ အစိုးရနှင့် တပ်မတော်၏ဆောင်ရွက်ချက်များအား နိုင်ငံတကာမျက်နှာစာတွင်တရုတ်နိုင်ငံက ထောက်ခံရပ် တည်ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ် အေးချမ်းမှုကိုဆောင်ရွက်ပြီး နှစ်နိုင်ငံ နှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည့် အခြေအနေ များအား ရင်းနှီးပွင့်လင်းကျယ်ပြန့်စွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၏ အာရှရေးရာအထူးကိုယ်စားလှယ်တို့သည် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။