သွင်းကုန်အစားထိုးနိုင်ရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်ဟူသော မူလ ရည်မှန်းချက်အတိုင်း ဆောင်ရွက်နိုင်ရန်အရေးကြီး၊ ပြည်တွင်းဖြစ်ကို အားပေးရန်၊ နိုင်ငံသားများ၏ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများကိုလည်းအားပေးရန်နှင့် ပူးပေါင်းဆောင်ရွက်ကြရန်လို

ေနျပည္ေတာ္၊ ႏို၀င္ဘာ – ၁၃

စက္႐ုံမ်ား၏စက္မ်ားစြမ္းအားျပည့္လည္ပတ္ၿပီး ျပည္တြင္းလုိအပ္ခ်က္မ်ားကုိ ျဖည့္ဆည္းေဆာင္ရြက္ ေပးၾကရန္လုိေၾကာင္း၊ ေစ်းကြက္ရရွိရန္ အတြက္ထုတ္ကုန္ပစၥည္းမ်ား အရည္အေသြးေကာင္းမြန္ရန္ လိုေၾကာင္း၊ ေစ်းကြက္ယွဥ္ၿပိဳင္ရာတြင္လည္း ပစၥည္းခ်င္းတူပါက ေစ်းႏႈန္းသက္သာရမည္၊ ေစ်းႏႈန္းခ်င္းတူပါက ပစၥည္းပုိေကာင္းရမည္ျဖစ္ေၾကာင္း၊ ႏုိင္ငံဖြံ႕ၿဖိဳးေရးအတြက္ ႏုိင္ငံေတာ္၏ အစီအစဥ္ျဖင့္ စက္႐ုံမ်ားစြာတည္ေဆာက္ခဲ့ေၾကာင္း၊ ယခုအခါစက္႐ုံအခ်ိဳ႕ကုိ တပ္မေတာ္မွ လႊဲေျပာင္း ရယူလည္ပတ္လ်က္ရွိၿပီး အခ်ိဳ႕စက္႐ုံမ်ားကုိပုဂၢလိကသုိ႔လႊဲေျပာင္းေပးခဲ့ေၾကာင္း၊ အဆုိပါစက္႐ုံမ်ား အားလုံးသည္ သြင္းကုန္အစားထုိးႏုိင္ရန္ႏွင့္ ျပည္တြင္းလုိအပ္ခ်က္မ်ားကုိျဖည့္ဆည္းေပးရန္ဟူေသာ မူလရည္မွန္းခ်က္အတုိင္း ဆက္လက္အေကာင္အထည္ ေဖာ္လုပ္ေဆာင္ႏုိင္ရန္အေရးႀကီးေၾကာင္း၊ ထုိ႔အျပင္ျပည္တြင္းျဖစ္ကုိအားေပးရန္၊ ႏုိင္ငံသားမ်ား၏ျပည္တြင္းရင္းႏွီးျမႇဳပ္ႏွံ မႈမ်ားကုိလည္း အားေပးရန္ႏွင့္ ပူးေပါင္းေဆာင္ရြက္ၾကရန္လုိေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က တပ္မေတာ္စက္႐ုံမ်ားသုိ႔ သြားေရာက္ၾကည့္႐ႈစစ္ေဆးစဥ္ မွာၾကားရာ၌ ထည့္သြင္းေျပာၾကားသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး မ်ိဳးေဇာ္သိန္းႏွင့္တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္သက္ပုံ တို႔လုိက္ပါၿပီး ယေန႔နံနက္ပုိင္းတြင္ တပ္မေတာ္ ခ်ည္မွ်င္ႏွင့္အထည္စက္႐ုံ(သမုိင္း) သို႔ သြားေရာက္ၾကည့္႐ႈစစ္ေဆးသည္။

 

ဦးစြာအစည္းအေ၀းခန္းမ၌ စက္႐ုံမွဴးက စက္႐ုံသမုိင္းအက်ဥ္း၊ ၀န္ထမ္းမ်ားခန္႔အပ္ထားရွိမႈ၊ ေဆးဂြမ္းလိပ္၊ တီရွပ္၊ မ်က္ႏွာသုတ္ပ၀ါမ်ားႏွင့္ ပိတ္ညိဳမ်ားထုတ္လုပ္ေနမႈ အေျခအေနမ်ား၊ ၀န္ထမ္းမ်ားသက္သာေခ်ာင္ခ်ိေရးေဆာင္ရြက္ေပးေနမႈအေျခအေနမ်ားအား ရွင္းလင္းတင္ျပသည္။ ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က မိမိတုိ႔စက္႐ုံမွထုတ္လုပ္သည့္ ကုန္ပစၥည္းမ်ားအားတပ္မေတာ္အတြက္သာမက ျပင္ပသုိ႔ေရာင္းခ်ေပးျခင္းျဖင့္ ျပည္ပသြင္းကုန္မ်ား ၀ယ္ယူရျခင္းအား တစ္ဖက္တစ္လမ္းမွ ေလွ်ာ့ခ်ႏုိင္ျခင္းျဖင့္ ႏုိင္ငံျခားေငြကုန္က်မႈကုိ ေလ်ာ့က် ေစမည္ျဖစ္ေၾကာင္း၊ ထုတ္ကုန္မ်ား အားအရည္အေသြးျပည့္မီၿပီး ေစ်းႏႈန္းသက္သာစြာျဖင့္ ေရာင္းခ်ေပးရန္လုိေၾကာင္း ေျပာၾကားၿပီး တပ္ဆင္ထားသည့္စက္မ်ားအား စြမ္းအားျပည့္လည္ပတ္ ႏုိင္ေရးေဆာင္ရြက္ရန္၊ ထုတ္ကုန္မ်ားဒီဇုိင္းဆန္းသစ္ၿပီး အရည္အေသြးအာမခံႏုိင္သည္အထိ ေဆာင္ရြက္၍ ျပည္တြင္းလုိအပ္ခ်က္မ်ားကုိျဖည့္ဆည္းေဆာင္ရြက္ရန္၊ ၀န္ထမ္းမ်ား၏သက္သာ ေခ်ာင္ခ်ိေရးအတြက္ အၿမဲမျပတ္ေဆာင္ရြက္ေပးေနရန္တုိ႔အား မွာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ခင္းက်င္းျပသထားသည့္ စက္႐ုံမွ ထုတ္လုပ္ေသာ တပ္မေတာ္သုံးအ၀တ္အထည္မ်ား၊ ေဆးဂြမ္းလိပ္မ်ား၊ ပိတ္စမ်ား၊ ပ၀ါေရာင္စုံ၊ တီရွပ္ေရာင္စုံႏွင့္ အိပ္ရာခင္းေရာင္စုံတုိ႔အား ၾကည့္႐ႈစစ္ေဆးရာ စက္႐ုံမွဴးက ရွင္းလင္းျပသသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ စက္႐ုံအတြင္း ခ်ည္ေခ်ာမ်ား ထုတ္လုပ္ေနမႈႏွင့္ ပိတ္စမ်ားအဆင့္ဆင့္ထုတ္လုပ္ေနမႈ အေျခအေနမ်ားအားလွည့္လည္ၾကည့္႐ႈ စစ္ေဆးၾကသည္။ ၎ေနာက္ စက္႐ုံေမာ္ေတာ္ယာဥ္ဌာန၊ ၀န္ထမ္းစားေသာက္ဆုိင္ႏွင့္ ၀န္ထမ္းသက္သာေခ်ာင္ခ်ိေရးအေရာင္းဆုိင္ တုိ႔အားလွည့္လည္ၾကည့္႐ႈစစ္ေဆးၿပီး တာ၀န္ရွိသူမ်ား၏ တင္ျပခ်က္မ်ားအေပၚ လုိအပ္သည္မ်ားမွာၾကားျဖည့္ဆည္းေဆာင္ရြက္ေပးသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ တပ္မေတာ္သတၱဳပစၥည္း စက္႐ုံ(အုတ္က်င္း)သုိ႔ေရာက္ရွိၾကရာ အစည္းအေ၀းခန္းမတြင္ စက္႐ုံမွဴးက တပ္မေတာ္သုံးပစၥည္းမ်ား ထုတ္လုပ္ေနမႈႏွင့္ လူသုံးကုန္ပစၥည္းမ်ားထုတ္လုပ္ေနမႈ အေျခအေနမ်ားအားရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ႏုိင္ငံျခားေငြသုံးစြဲမႈအားေလွ်ာ့ခ်ႏုိင္ေသာ ျပည္တြင္းလုိအပ္ခ်က္ ျဖစ္သည့္ ေစ်းကြက္၀င္လူသုံးကုန္ပစၥည္းမ်ားအား ထုတ္လုပ္ႏုိင္ေရးေဆာင္ရြက္ရန္၊ စက္႐ုံရွိ စက္မ်ားစြမ္းအားျပည့္ လည္ပတ္ႏုိင္ေရးေဆာင္ရြက္ရန္၊ ၀န္ထမ္းမ်ားသက္သာေခ်ာင္ခ်ိေရးအတြက္ ေဆာင္ရြက္ေပးရန္ႏွင့္ လုိအပ္သည္မ်ားအားမွာၾကားသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ စက္႐ုံအတြင္း တပ္မေတာ္ အသုံးအေဆာင္ပစၥည္းမ်ားႏွင့္ လူသုံးကုန္ပစၥည္းမ်ားထုတ္လုပ္ေနမႈအေျခ အေနမ်ားအားလုိက္လံ ၾကည့္႐ႈစစ္ေဆးရာ စက္႐ုံမွဴးႏွင့္တာ၀န္ရွိသူမ်ားက ရွင္းလင္းတင္ျပၾကသည္။ ရွင္းလင္းတင္ျပမႈမ်ား အေပၚတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လုိအပ္သည္မ်ား မွာၾကားျဖည့္ဆည္းေဆာင္ရြက္ေပးၿပီး စက္႐ုံ၀န္ထမ္းမ်ားအတြက္ ခ်ီးျမႇင့္ေငြမ်ားေပးအပ္သည္။

အလားတူ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ႏုိ၀င္ဘာ ၁၂ ရက္ကလည္း ရန္ကုန္တုိင္းေဒသႀကီး၊ အင္းစိန္ၿမိဳ႕နယ္ရွိ ျမန္မာစီးပြားေရး ေကာ္ပုိေရးရွင္း၊ တာယာစက္႐ုံ(ရြာမ)သုိ႔ သြားေရာက္ၾကည့္႐ႈစစ္ေဆးရာ အစည္းအေ၀းခန္းမတြင္ စက္႐ုံမွဴးက စက္႐ုံလုပ္ငန္းေဆာင္ရြက္ေနမႈ အေျခအေနမ်ားႏွင့္ တာယာမ်ားထုတ္လုပ္၍ ျပည္တြင္း ေစ်းကြက္သုိ႔ျဖန္႔ခ်ိေနမႈႏွင့္ ျပည္ပသုိ႔တင္ပုိ႔ေရာင္းခ်ႏုိင္ေရးေဆာင္ရြက္ေနမႈ အေျခအေနမ်ားအား ရွင္းလင္းတင္ျပသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က စက္႐ုံမွထုတ္ လုပ္ေသာတာယာ မ်ားအား သြင္းကုန္အစားထုိးႏုိင္ရန္ရည္ရြယ္၍ ထုတ္လုပ္ေနျခင္းျဖစ္ၿပီး အရည္အေသြးေကာင္းမြန္မႈ ရွိေစရန္အတြက္ အသုံးျပဳသည့္ရာဘာကုန္ၾကမ္းႏွင့္ ဆက္စပ္ပစၥည္းမ်ားအား အရည္အေသြးျပည့္မီစြာ အသုံးျပဳႏုိင္ေရး စီမံေဆာင္ရြက္ရန္၊ ျပည္ပေခ်းေငြျဖင့္ေဆာင္ရြက္ရျခင္းျဖစ္၍ ျပည္တြင္းေစ်းကြက္ သာမက ျပည္ပႏုိင္ငံမ်ားသုိ႔လည္း အရည္အေသြးျပည့္မီသည့္ တာယာမ်ားထုတ္လုပ္ေရာင္းခ်၍ ႏုိင္ငံျခား ၀င္ေငြရရွိေအာင္ေဆာင္ရြက္ရန္၊ စက္စြမ္းအားမ်ားအျပည့္အ၀အသုံးခ်လည္ပတ္ေရးႏွင့္ ေရရွည္အသုံးျပဳႏုိင္ေရး ေဆာင္ရြက္ရန္မွာၾကားၿပီး စက္႐ုံ၀န္ထမ္းမ်ား၏သက္သာေခ်ာင္ခ်ိေရးႏွင့္ ေနထုိင္စားေသာက္ေရးအတြက္ လုိအပ္သည္မ်ားအားစီမံျဖည့္ဆည္း ေဆာင္ရြက္ေပးသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ တာယာစက္႐ုံ (ရြာမ)မွ ထုတ္လုပ္သည့္ ျပည္တြင္းသုိ႔ျဖန္႔ခ်ိလ်က္ရွိသည့္ TRI STAR တာယာမ်ားႏွင့္ ျပည္ပသုိ႔ တင္ပုိ႔ႏုိင္ေရးေဆာင္ရြက္လ်က္ရွိသည့္ TRI STAR တာယာမ်ားအား လွည့္လည္ၾကည့္႐ႈစစ္ေဆးရာ စက္႐ုံမွဴးႏွင့္တာ၀န္ရွိသူမ်ားက ရွင္းလင္းတင္ျပၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ စက္႐ုံအတြင္း TRI STAR တာယာမ်ား ထုတ္လုပ္ေနမႈ အဆင့္ဆင့္အားလွည့္လည္ၾကည့္႐ႈစစ္ေဆးရာ စက္႐ုံမွဴးႏွင့္တာ၀န္ရွိသူ မ်ားကလုိက္လံရွင္းလင္း တင္ျပၾကသည္။ ၎ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က စက္႐ုံ၀န္ထမ္းမ်ားအတြက္ ခ်ီးျမႇင့္ေငြမ်ားအားေပးအပ္ရာ တာ၀န္ရွိသူမ်ားကလက္ခံရယူၾကသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ျမန္မာစီးပြားေရး ေကာ္ပုိေရးရွင္း၊ အမွတ္(၃)သံမဏိစက္႐ုံ(ရြာမ)သုိ႔ေရာက္ရွိၾကရာ အစည္းအေ၀းခန္းမ၌ စက္႐ုံမွဴးက စက္႐ုံလုပ္ငန္းေဆာင္ရြက္ေနမႈအေျခအေနမ်ားႏွင့္ Bolt , Nuts ႏွင့္ Washers မ်ားထုတ္လုပ္၍ ျဖန္႔ျဖဴးေရာင္းခ်ေနမႈအေျခအေနမ်ားအား ရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လုိအပ္သည္မ်ားမွာၾကား ျဖည့္ဆည္းေဆာင္ရြက္ေပးသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ စက္႐ုံအတြင္း လုပ္ငန္း ေဆာင္ရြက္ေနမႈအေျခအေနမ်ား၊ Bolt , Nuts ႏွင့္ Washers မ်ားထုတ္လုပ္ေနမႈ အေျခအေနမ်ားအား လွည့္လည္ၾကည့္႐ႈစစ္ေဆးၿပီး တာ၀န္ရွိသူမ်ား၏တင္ျပခ်က္မ်ား အေပၚလုိအပ္သည္မ်ား မွာၾကား ျဖည့္ဆည္းေဆာင္ရြက္ေပးသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္၊ အမွတ္(၃) စုိက္ပ်ိဳးေမြးျမဴေရးစခန္းသို႔ေရာက္ရွိၾကရာ ရွင္းလင္းေဆာင္ ၌ တုိင္းမွဴးက Cooling Pad စနစ္ျဖင့္ Hydroponic ေျမလႊာမဲ့နည္းပညာသုံးစုိက္ပ်ိဳးေရးၿခံမ်ားျဖင့္ စုိက္ပ်ိဳးထားရွိမႈ၊ Hyline မိဘမ်ိဳးဥစားၾကက္မ်ားေမြးျမဴထားရွိမႈ၊ DYL ၀က္မ်ား ေမြးျမဴထားရွိမႈ၊ ငါးေမြးျမဴေရးလုပ္ငန္းမ်ား ေဆာင္ရြက္ထားရွိမႈ၊ ႏုိ႔စားႏြားမ်ားေမြးျမဴထားရွိမႈမ်ားႏွင့္ တုိင္းစစ္ဌာနခ်ဳပ္ စုိက္ပ်ိဳးေမြးျမဴေရး စခန္းမ်ားမွ ထြက္ရွိသည့္ အသား၊ ငါး၊ ၾကက္ဥႏွင့္ ႏြားႏုိ႔မ်ားအား တပ္မေတာ္သား မိသားစု၀င္မ်ားထံသက္သာေသာ ေစ်းႏႈန္းမ်ားျဖင့္ေရာင္းခ်ေပးလ်က္ရွိသကဲ့သုိ႔ အသား၊ ငါး၊ ဟင္းသီးဟင္းရြက္ မ်ားအား ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕၀င္မ်ားႏွင့္မိသားစု၀င္မ်ား၊ ပညာေရး၀န္ထမ္းမ်ားႏွင့္ ဌာဆုိင္ရာ ၀န္ထမ္းမ်ား၊ ေဒသခံျပည္သူမ်ားထံသက္သာေသာေစ်းႏႈန္းျဖင့္ေရာင္းခ်ေပး ေနမႈအေျခ အေနမ်ားအား ရွင္းလင္းတင္ျပသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျပည္သူမ်ား၏ စားေရး လုိအပ္ခ်က္အတြက္ တတ္ႏုိင္သည့္ဘက္က ျဖည့္ဆည္းေဆာင္ရြက္ေပးသည့္ အေနျဖင့္ စုိက္ပ်ိဳး ေမြးျမဴေရးမွထြက္ကုန္မ်ားအား တပ္မေတာ္သားမိသားစု၀င္မ်ားအတြက္ သက္သာေသာ ေစ်းႏႈန္းျဖင့္ ေရာင္းခ်ရာမွ ပုိလွ်ံေသာအသား၊ ငါး၊ ၾကက္ဥ၊ ဟင္းသီး ဟင္းရြက္မ်ားအား ျပည္သူသုိ႔ ေစ်းႏႈန္းသက္သာစြာျဖန္႔ျဖဴးေရာင္းခ်ေပးႏုိင္ေရး စီမံေဆာင္ရြက္ရာတြင္ အာဟာရျပည့္၀ၿပီး လူအမ်ား ႏွစ္သက္စြာစားသုံးၾကသည့္ ငါးအမ်ိဳးအစားမ်ားကုိ တုိးခ်ဲ႕ေမြးျမဴရန္မွာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ငါးကန္အတြင္း ငါးမ်ား ေမြးျမဴ ထားရွိမႈႏွင့္ ေမြးျမဴေရးၿခံအတြင္း DYL ၀က္မ်ားေမြးျမဴ ထားရွိမႈအေျခအေနမ်ားအား လွည့္လည္ ၾကည့္႐ႈစစ္ေဆးၿပီး တာ၀န္ရွိသူမ်ား၏ တင္ျပခ်က္မ်ားအေပၚလုိအပ္သည္မ်ား မွာၾကားျဖည့္ဆည္း ေဆာင္ရြက္ေပးခဲ့သည္။

(Unicode Version)

သွင်းကုန်အစားထိုးနိုင်ရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်ဟူသော မူလ ရည်မှန်းချက်အတိုင်း ဆောင်ရွက်နိုင်ရန်အရေးကြီး၊ ပြည်တွင်းဖြစ်ကို အားပေးရန်၊ နိုင်ငံသားများ၏ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများကိုလည်းအားပေးရန်နှင့် ပူးပေါင်းဆောင်ရွက်ကြရန်လို

နေပြည်တော်၊ နိုဝင်ဘာ – ၁၃

စက်ရုံများ၏စက်များစွမ်းအားပြည့်လည်ပတ်ပြီး ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးကြရန်လိုကြောင်း၊ ဈေးကွက်ရရှိရန် အတွက်ထုတ်ကုန်ပစ္စည်းများ အရည်အသွေးကောင်းမွန်ရန် လိုကြောင်း၊ ဈေးကွက်ယှဉ်ပြိုင်ရာတွင်လည်း ပစ္စည်းချင်းတူပါက ဈေးနှုန်းသက်သာရမည်၊ ဈေးနှုန်းချင်းတူပါက ပစ္စည်းပိုကောင်းရမည်ဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်၏ အစီအစဉ်ဖြင့် စက်ရုံများစွာတည်ဆောက်ခဲ့ကြောင်း၊ ယခုအခါစက်ရုံအချို့ကို တပ်မတော်မှ လွှဲပြောင်း ရယူလည်ပတ်လျက်ရှိပြီး အချို့စက်ရုံများကိုပုဂ္ဂလိကသို့လွှဲပြောင်းပေးခဲ့ကြောင်း၊ အဆိုပါစက်ရုံများ အားလုံးသည် သွင်းကုန်အစားထိုးနိုင်ရန်နှင့် ပြည်တွင်းလိုအပ်ချက်များကိုဖြည့်ဆည်းပေးရန်ဟူသော မူလရည်မှန်းချက်အတိုင်း ဆက်လက်အကောင်အထည် ဖော်လုပ်ဆောင်နိုင်ရန်အရေးကြီးကြောင်း၊ ထို့အပြင်ပြည်တွင်းဖြစ်ကိုအားပေးရန်၊ နိုင်ငံသားများ၏ပြည်တွင်းရင်းနှီးမြှုပ်နှံ မှုများကိုလည်း အားပေးရန်နှင့် ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်စက်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် မှာကြားရာ၌ ထည့်သွင်းပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနှင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ တို့လိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် တပ်မတော် ချည်မျှင်နှင့်အထည်စက်ရုံ(သမိုင်း) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာအစည်းအဝေးခန်းမ၌ စက်ရုံမှူးက စက်ရုံသမိုင်းအကျဉ်း၊ ဝန်ထမ်းများခန့်အပ်ထားရှိမှု၊ ဆေးဂွမ်းလိပ်၊ တီရှပ်၊ မျက်နှာသုတ်ပဝါများနှင့် ပိတ်ညိုများထုတ်လုပ်နေမှု အခြေအနေများ၊ ဝန်ထမ်းများသက်သာချောင်ချိရေးဆောင်ရွက်ပေးနေမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိတို့စက်ရုံမှထုတ်လုပ်သည့် ကုန်ပစ္စည်းများအားတပ်မတော်အတွက်သာမက ပြင်ပသို့ရောင်းချပေးခြင်းဖြင့် ပြည်ပသွင်းကုန်များ ဝယ်ယူရခြင်းအား တစ်ဖက်တစ်လမ်းမှ လျှော့ချနိုင်ခြင်းဖြင့် နိုင်ငံခြားငွေကုန်ကျမှုကို လျော့ကျ စေမည်ဖြစ်ကြောင်း၊ ထုတ်ကုန်များ အားအရည်အသွေးပြည့်မီပြီး ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးရန်လိုကြောင်း ပြောကြားပြီး တပ်ဆင်ထားသည့်စက်များအား စွမ်းအားပြည့်လည်ပတ် နိုင်ရေးဆောင်ရွက်ရန်၊ ထုတ်ကုန်များဒီဇိုင်းဆန်းသစ်ပြီး အရည်အသွေးအာမခံနိုင်သည်အထိ ဆောင်ရွက်၍ ပြည်တွင်းလိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ရန်၊ ဝန်ထမ်းများ၏သက်သာ ချောင်ချိရေးအတွက် အမြဲမပြတ်ဆောင်ရွက်ပေးနေရန်တို့အား မှာကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ခင်းကျင်းပြသထားသည့် စက်ရုံမှ ထုတ်လုပ်သော တပ်မတော်သုံးအဝတ်အထည်များ၊ ဆေးဂွမ်းလိပ်များ၊ ပိတ်စများ၊ ပဝါရောင်စုံ၊ တီရှပ်ရောင်စုံနှင့် အိပ်ရာခင်းရောင်စုံတို့အား ကြည့်ရှုစစ်ဆေးရာ စက်ရုံမှူးက ရှင်းလင်းပြသသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စက်ရုံအတွင်း ချည်ချောများ ထုတ်လုပ်နေမှုနှင့် ပိတ်စများအဆင့်ဆင့်ထုတ်လုပ်နေမှု အခြေအနေများအားလှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။ ၎င်းနောက် စက်ရုံမော်တော်ယာဉ်ဌာန၊ ဝန်ထမ်းစားသောက်ဆိုင်နှင့် ဝန်ထမ်းသက်သာချောင်ချိရေးအရောင်းဆိုင် တို့အားလှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးချုပ်နှင့်အဖွဲ့ဝင်များသည် တပ်မတော်သတ္တုပစ္စည်း စက်ရုံ(အုတ်ကျင်း)သို့ရောက်ရှိကြရာ အစည်းအဝေးခန်းမတွင် စက်ရုံမှူးက တပ်မတော်သုံးပစ္စည်းများ ထုတ်လုပ်နေမှုနှင့် လူသုံးကုန်ပစ္စည်းများထုတ်လုပ်နေမှု အခြေအနေများအားရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံခြားငွေသုံးစွဲမှုအားလျှော့ချနိုင်သော ပြည်တွင်းလိုအပ်ချက် ဖြစ်သည့် ဈေးကွက်ဝင်လူသုံးကုန်ပစ္စည်းများအား ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန်၊ စက်ရုံရှိ စက်များစွမ်းအားပြည့် လည်ပတ်နိုင်ရေးဆောင်ရွက်ရန်၊ ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးရန်နှင့် လိုအပ်သည်များအားမှာကြားသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း တပ်မတော် အသုံးအဆောင်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများထုတ်လုပ်နေမှုအခြေ အနေများအားလိုက်လံ ကြည့်ရှုစစ်ဆေးရာ စက်ရုံမှူးနှင့်တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများ အပေါ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးပြီး စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်သည်။

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၂ ရက်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း၊ တာယာစက်ရုံ(ရွာမ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ အစည်းအဝေးခန်းမတွင် စက်ရုံမှူးက စက်ရုံလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် တာယာများထုတ်လုပ်၍ ပြည်တွင်း ဈေးကွက်သို့ဖြန့်ချိနေမှုနှင့် ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေးဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်ရုံမှထုတ် လုပ်သောတာယာ များအား သွင်းကုန်အစားထိုးနိုင်ရန်ရည်ရွယ်၍ ထုတ်လုပ်နေခြင်းဖြစ်ပြီး အရည်အသွေးကောင်းမွန်မှု ရှိစေရန်အတွက် အသုံးပြုသည့်ရာဘာကုန်ကြမ်းနှင့် ဆက်စပ်ပစ္စည်းများအား အရည်အသွေးပြည့်မီစွာ အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန်၊ ပြည်ပချေးငွေဖြင့်ဆောင်ရွက်ရခြင်းဖြစ်၍ ပြည်တွင်းဈေးကွက် သာမက ပြည်ပနိုင်ငံများသို့လည်း အရည်အသွေးပြည့်မီသည့် တာယာများထုတ်လုပ်ရောင်းချ၍ နိုင်ငံခြား ဝင်ငွေရရှိအောင်ဆောင်ရွက်ရန်၊ စက်စွမ်းအားများအပြည့်အဝအသုံးချလည်ပတ်ရေးနှင့် ရေရှည်အသုံးပြုနိုင်ရေး ဆောင်ရွက်ရန်မှာကြားပြီး စက်ရုံဝန်ထမ်းများ၏သက်သာချောင်ချိရေးနှင့် နေထိုင်စားသောက်ရေးအတွက် လိုအပ်သည်များအားစီမံဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တာယာစက်ရုံ (ရွာမ)မှ ထုတ်လုပ်သည့် ပြည်တွင်းသို့ဖြန့်ချိလျက်ရှိသည့် TRI STAR တာယာများနှင့် ပြည်ပသို့ တင်ပို့နိုင်ရေးဆောင်ရွက်လျက်ရှိသည့် TRI STAR တာယာများအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ စက်ရုံမှူးနှင့်တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စက်ရုံအတွင်း TRI STAR တာယာများ ထုတ်လုပ်နေမှု အဆင့်ဆင့်အားလှည့်လည်ကြည့်ရှုစစ်ဆေးရာ စက်ရုံမှူးနှင့်တာဝန်ရှိသူ များကလိုက်လံရှင်းလင်း တင်ပြကြသည်။ ၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများအားပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မြန်မာစီးပွားရေး ကော်ပိုရေးရှင်း၊ အမှတ်(၃)သံမဏိစက်ရုံ(ရွာမ)သို့ရောက်ရှိကြရာ အစည်းအဝေးခန်းမ၌ စက်ရုံမှူးက စက်ရုံလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် Bolt , Nuts နှင့် Washers များထုတ်လုပ်၍ ဖြန့်ဖြူးရောင်းချနေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များမှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စက်ရုံအတွင်း လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ Bolt , Nuts နှင့် Washers များထုတ်လုပ်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏တင်ပြချက်များ အပေါ်လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၃) စိုက်ပျိုးမွေးမြူရေးစခန်းသို့ရောက်ရှိကြရာ ရှင်းလင်းဆောင် ၌ တိုင်းမှူးက Cooling Pad စနစ်ဖြင့် Hydroponic မြေလွှာမဲ့နည်းပညာသုံးစိုက်ပျိုးရေးခြံများဖြင့် စိုက်ပျိုးထားရှိမှု၊ Hyline မိဘမျိုးဥစားကြက်များမွေးမြူထားရှိမှု၊ DYL ဝက်များ မွေးမြူထားရှိမှု၊ ငါးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ နို့စားနွားများမွေးမြူထားရှိမှုများနှင့် တိုင်းစစ်ဌာနချုပ် စိုက်ပျိုးမွေးမြူရေး စခန်းများမှ ထွက်ရှိသည့် အသား၊ ငါး၊ ကြက်ဥနှင့် နွားနို့များအား တပ်မတော်သား မိသားစုဝင်များထံသက်သာသော ဈေးနှုန်းများဖြင့်ရောင်းချပေးလျက်ရှိသကဲ့သို့ အသား၊ ငါး၊ ဟင်းသီးဟင်းရွက် များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ၊ ပညာရေးဝန်ထမ်းများနှင့် ဌာဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများထံသက်သာသောဈေးနှုန်းဖြင့်ရောင်းချပေး နေမှုအခြေ အနေများအား ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်သူများ၏ စားရေး လိုအပ်ချက်အတွက် တတ်နိုင်သည့်ဘက်က ဖြည့်ဆည်းဆောင်ရွက်ပေးသည့် အနေဖြင့် စိုက်ပျိုး မွေးမြူရေးမှထွက်ကုန်များအား တပ်မတော်သားမိသားစုဝင်များအတွက် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချရာမှ ပိုလျှံသောအသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီး ဟင်းရွက်များအား ပြည်သူသို့ ဈေးနှုန်းသက်သာစွာဖြန့်ဖြူးရောင်းချပေးနိုင်ရေး စီမံဆောင်ရွက်ရာတွင် အာဟာရပြည့်ဝပြီး လူအများ နှစ်သက်စွာစားသုံးကြသည့် ငါးအမျိုးအစားများကို တိုးချဲ့မွေးမြူရန်မှာကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ငါးကန်အတွင်း ငါးများ မွေးမြူ ထားရှိမှုနှင့် မွေးမြူရေးခြံအတွင်း DYL ဝက်များမွေးမြူ ထားရှိမှုအခြေအနေများအား လှည့်လည် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။