တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Dynamic Display of Arms and Military Equipment သရုပ်ပြသမှုများနှင့် စစ်ဘက်နည်းပညာပြခန်းများအား ကြည့်ရှုလေ့လာ

ေနျပည္ေတာ္၊ ၾသဂုတ္ ၂၂

႐ုရွားဖက္ဒေရးရွင္းႏုိင္ငံတြင္က်င္းပျပဳလုပ္လ်က္ရွိသည့္ ႏုိင္ငံတကာစစ္ဘက္ နည္းပညာဖိုရမ္ (Army Forum-2018) ႏွင့္ ႏုိင္ငံတကာအမ်ိဳးသားလုံၿခဳံေရးဖုိရမ္ (Week of National Security) ဖြင့္ပြဲအခမ္းအနားသုိ႔တက္ေရာက္ခဲ့သည့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ၾသဂုတ္ ၂၁ ရက္ ညေနပုိင္းတြင္ ကူဘင္ကာၿမိဳ႕ရွိ Alabino ေလ့က်င့္ေရးကြင္း၌ က်င္းပျပဳလုပ္သည့္ Dynamic Display of Arms and Military Equipment သ႐ုပ္ျပသမႈအခမ္းအနားအား တက္ေရာက္ ၾကည့္႐ႈေလ့လာသည္။

အဆုိပါအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၊ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ကာကြယ္ေရး၀န္ႀကီး Army General Sergey Kuzhugetovich Shouigu ၊ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဗုိလ္ခ်ဳပ္မုိးျမင့္ထြန္း၊ ဗုိလ္ခ်ဳပ္စုိး၀င္းႏွင့္ ျမန္မာ့တပ္မေတာ္အရာရွိႀကီးမ်ား၊ ႏုိင္ငံတကာတပ္မေတာ္မ်ားမွ ကာကြယ္ေရးဦးစီးခ်ဳပ္မ်ားႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ားတက္ေရာက္ၾကသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ Dynamic Display of Arms and Military Equipment အစီအစဥ္မ်ားအျဖစ္ ဖုိရမ္တြင္ျပသ ထားသည့္တင့္ယာဥ္မ်ားႏွင့္သံခ်ပ္ကာယာဥ္မ်ား၊ ေလေၾကာင္းရန္ ကာကြယ္ေရးယာဥ္မ်ား ႏွင့္ဒုံးယာဥ္မ်ားအား ေမာင္းႏွင္၍ ေရြ႕လ်ားမႈစြမ္းရည္ႏွင့္ ထိေရာက္မႈစြမ္းအားမ်ား သ႐ုပ္ျပသမႈ၊ ရဟတ္ယာဥ္မ်ားစြမ္းရည္သ႐ုပ္ျပ ေမာင္းႏွင္မႈမ်ားအားၾကည့္႐ႈအား ေပးၾကသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ယေန႕ နံနက္ပုိင္းတြင္ ႏုိင္ငံတကာစစ္ဘက္ နည္းပညာဖိုရမ္ (Army Forum-2018) ရွိစစ္ဘက္နည္းပညာျပခန္းမ်ားႏွင့္ ႐ုရွားႏုိင္ငံမွ အသုံးျပဳလ်က္ရွိသည့္ ေလေၾကာင္း ရန္ကာကြယ္ေရး လက္နက္စနစ္မ်ား၊ သံခ်ပ္ကာယာဥ္မ်ား၊ တင့္ယာဥ္မ်ား၊ ေလယာဥ္မ်ားႏွင့္ စစ္ဘက္သုံး ပစၥည္းမ်ားအား လုိက္လံၾကည့္႐ႈ ေလ့လာၾကရာ တာ၀န္ရွိသူမ်ားက ရွင္းလင္းျပသခဲ့ၾက သည္။ အဆုိပါ ႏုိင္ငံတကာစစ္ဘက္ နည္းပညာဖုိရမ္ (Army Forum-2018)သည္႐ုရွား ႏုိင္ငံ၏စစ္ဘက္နည္းပညာ ဖြံ႕ၿဖိဳးတုိးတက္မႈအား ႏုိင္ငံတကာသုိ႔ျပသရန္၊ ႐ုရွားႏုိင္ငံသားမ်ားမ်ိဳးခ်စ္ စိတ္ဓာတ္ရွင္သန္ထက္ျမက္လာေစရန္၊ ႏုိင္ငံတကာႏွင့္စစ္ဘက္ဆုိင္ ရာပူးေပါင္း ေဆာင္ရြက္မႈမ်ားျမႇင့္တင္ရန္ အတြက္ရည္ရြယ္ က်င္းပျခင္းျဖစ္ၿပီး အဆုိပါဖုိရမ္တြင္ ႐ုရွားကာကြယ္ေရး၀န္ႀကီးဌာနႏွင့္ ႏုိင္ငံတကာစစ္လက္နက္ပစၥည္း ကုမၸဏီေပါင္း ၁၅၀၀ ေက်ာ္မွ ထုတ္လုပ္ထားေသာလက္နက္မ်ားႏွင့္ ကာကြယ္ေရး ပစၥည္းေပါင္း ႏွစ္ေသာင္းေျခာက္ေထာင္ေက်ာ္အား စတုရန္းမီတာ ၂ သိန္းခန္႔ဧရိယာ အတြင္း ျပပြဲအမ်ိဳးအစား ေပါင္း ၁၄၀ ေက်ာ္ႏွင့္ ျပခန္းေပါင္းမ်ားစြာ ခင္းက်င္းျပသထားၿပီး ႏုိင္ငံေပါင္း ၁၀၂ ႏုိင္ငံမွစစ္ဘက္ဆုိင္ရာ ကုိယ္စားလွယ္မ်ား၊ ႐ုရွားႏုိင္ငံႏွင့္ ႏုိင္ငံတကာမွ စစ္ဘက္နည္းပညာ ေလ့လာသူမ်ား တက္ေရာက္ေလ့လာလ်က္ရွိသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Dynamic Display of Arms and Military Equipment သရုပ်ပြသမှုများနှင့် စစ်ဘက် နည်းပညာပြခန်းများအားကြည့်ရှုလေ့လာ

နေပြည်တော်၊ သြဂုတ် ၂၂

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင်ကျင်းပပြုလုပ်လျက်ရှိသည့် နိုင်ငံတကာစစ်ဘက် နည်းပညာဖိုရမ် (Army Forum-2018) နှင့် နိုင်ငံတကာအမျိုးသားလုံခြုံရေးဖိုရမ် (Week of National Security) ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့သည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သြဂုတ် ၂၁ ရက် ညနေပိုင်းတွင် ကူဘင်ကာမြို့ရှိ Alabino လေ့ကျင့်ရေးကွင်း၌ ကျင်းပပြုလုပ်သည့် Dynamic Display of Arms and Military Equipment သရုပ်ပြသမှုအခမ်းအနားအား တက်ရောက် ကြည့်ရှုလေ့လာသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shouigu ၊ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်မိုးမြင့်ထွန်း၊ ဗိုလ်ချုပ်စိုးဝင်းနှင့် မြန်မာ့တပ်မတော်အရာရှိကြီးများ၊ နိုင်ငံတကာတပ်မတော်များမှ ကာကွယ်ရေးဦးစီးချုပ်များနှင့် တပ်မတော် အရာရှိကြီးများတက်ရောက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် Dynamic Display of Arms and Military Equipment အစီအစဉ်များအဖြစ် ဖိုရမ်တွင်ပြသ ထားသည့်တင့်ယာဉ်များနှင့်သံချပ်ကာယာဉ်များ၊ လေကြောင်းရန် ကာကွယ်ရေးယာဉ်များ နှင့်ဒုံးယာဉ်များအား မောင်းနှင်၍ ရွေ့လျားမှုစွမ်းရည်နှင့် ထိရောက်မှုစွမ်းအားများ သရုပ်ပြသမှု၊ ရဟတ်ယာဉ်များစွမ်းရည်သရုပ်ပြ မောင်းနှင်မှုများအားကြည့်ရှုအား ပေးကြသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းတွင် နိုင်ငံတကာစစ်ဘက် နည်းပညာဖိုရမ် (Army Forum-2018) ရှိစစ်ဘက်နည်းပညာပြခန်းများနှင့် ရုရှားနိုင်ငံမှ အသုံးပြုလျက်ရှိသည့် လေကြောင်း ရန်ကာကွယ်ရေး လက်နက်စနစ်များ၊ သံချပ်ကာယာဉ်များ၊ တင့်ယာဉ်များ၊ လေယာဉ်များနှင့် စစ်ဘက်သုံး ပစ္စည်းများအား လိုက်လံကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ကြ သည်။ အဆိုပါ နိုင်ငံတကာစစ်ဘက် နည်းပညာဖိုရမ် (Army Forum-2018)သည်ရုရှား နိုင်ငံ၏စစ်ဘက်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုအား နိုင်ငံတကာသို့ပြသရန်၊ ရုရှားနိုင်ငံသားများမျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြက်လာစေရန်၊ နိုင်ငံတကာနှင့်စစ်ဘက်ဆိုင် ရာပူးပေါင်း ဆောင်ရွက်မှုများမြှင့်တင်ရန် အတွက်ရည်ရွယ် ကျင်းပခြင်းဖြစ်ပြီး အဆိုပါဖိုရမ်တွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာစစ်လက်နက်ပစ္စည်း ကုမ္ပဏီပေါင်း ၁၅၀၀ ကျော်မှ ထုတ်လုပ်ထားသောလက်နက်များနှင့် ကာကွယ်ရေး ပစ္စည်းပေါင်း နှစ်သောင်းခြောက်ထောင်ကျော်အား စတုရန်းမီတာ ၂ သိန်းခန့်ဧရိယာ အတွင်း ပြပွဲအမျိုးအစား ပေါင်း ၁၄၀ ကျော်နှင့် ပြခန်းပေါင်းများစွာ ခင်းကျင်းပြသထားပြီး နိုင်ငံပေါင်း ၁၀၂ နိုင်ငံမှစစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်များ၊ ရုရှားနိုင်ငံနှင့် နိုင်ငံတကာမှ စစ်ဘက်နည်းပညာ လေ့လာသူများ တက်ရောက်လေ့လာလျက်ရှိသည်။

You May Also Like

Leave a Reply

Your email address will not be published. Required fields are marked *