မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံး ရမှုများနှင့် ပတ်သက်၍ မော်စကိုမြို့နှင့် ရုရှားနိုင်ငံလုံးဆိုင်ရာ ရှေးရိုးခရစ်ယာန်ဂိုဏ်းဘုန်းတော်ကြီး ကီးလ်ရီယိုက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့  ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

နေပြည်တော်     မေ    ၁၅

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့်   အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ၊ အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ အမြောက်အမြားဖြစ်ပေါ်ခဲ့ခြင်းအတွက် မော်စကိုမြို့ နှင့်ရုရှားနိုင်ငံလုံးဆိုင်ရာ ရှေးရိုးခရစ်ယာန်ဂိုဏ်းဘုန်းတော်ကြီး ကီးလ်ရီယိုက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ဝမ်းနည်း ကြောင်းသဝဏ်လွှာပေးပို့သည်။

အဆိုပါသဝဏ်လွှာတွင်   မြန်မာနိုင်ငံ၌  ငလျင်လှုပ်ခတ်ခဲ့သည့်သတင်းကို ကြားသိရသည့်အတွက်  များစွာဝမ်းနည်းမိပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့်   ပြည်သူများစွာအသက်ဆုံးရှုံး ထိခိုက်ခံစားခဲ့ရပြီး နိုင်ငံ၏အခြေခံအဆောက်အအုံများ ပျက်စီးခဲ့ရခြင်းအတွက် အထူးစာနာ ထောက်ထားမိပါကြောင်းနှင့် မြေငလျင်ကြောင့် ထိခိုက်ခံစားရ သူများအနေဖြင့် ခွန်အားသစ် များပြန်လည်ရရှိပါစေကြောင်း  ဆုမွန်ကောင်းတောင်းအပ်ပါကြောင်းတို့ဖော်ပြပါရှိကြောင်း သတင်းရ ရှိသည်။

အဆွေတော် မစ္စတာ မင်းအောင်လှိုင်

ဝန်ကြီးချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အဆွေတော်၊

ဝန်ကြီးချုပ်၊

မြန်မာနိုင်ငံတွင် မြေငလျင်လှုပ်ခတ်ခဲ့သည့်သတင်းကို ကြားသိရသည့်အတွက် များစွာကြေကွဲမိပါသည်။ သဘာဝဘေးအန္တရာယ်ကြောင့်   ပြည်သူများစွာ  အသက်ဆုံးရှုံး၊  ထိခိုက်ခံစားခဲ့ရပြီး   နိုင်ငံ၏အခြေခံ အဆောက်အအုံများပျက်စီးခဲ့ကြောင်း သိရှိရပါသည်။

အဆွေတော်နှင့် မြန်မာပြည်သူများအား အထူးစာနာထောက်ထားမိပါကြောင်းနှင့် မြေငလျင်ကြောင့် ထိခိုက်ခံစားရသူများအနေဖြင့်ခွန်အားသစ်များပြန်လည်ရရှိပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်။

ဝမ်းနည်းမှုဖြင့်

ကီးလ်ရီယို

မော်စကိုမြို့နှင့် ရုရှားနိုင်ငံလုံးဆိုင်ရာ ရှေးရိုးခရစ်ယာန်ဂိုဏ်းဘုန်းတော်ကြီး

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။