ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တပ်မေတော်(ကြည်း၊ရေ၊လေ)မိသားစုများနှင့် အလှူရှင်များစုပေါင်း၍ ဆေးရုံသုံးပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၂၇ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် အလှူရှင်များစုပေါင်း၍ ဆေးရုံသုံးပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံကြီးရှိ သူနာပြုခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ပါမောက္ခချုပ် ဒေါက်တာရီရီမြင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊

ဆက်ဖတ်ရန်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်အကြီးစားစက်ရုံ (ရန်ကုန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ – ၂၅ စက်ရုံမှမော်တော်ယာဉ်ထုတ်လုပ်မှုများအား အကြောင်းအမျိုးမျိုးကြောင့်ရပ်ဆိုင်းခဲ့ကြောင်း၊ ယခုအခါ နိုင်ငံတော်နှင့် တပ်မတော်၏လိုအပ်ချက်ဖြစ်သည့် မော်တော်ယာဉ်များအား ပြန်လည်ထုတ်လုပ်လျက် ရှိပြီး နိုင်ငံတော်အားတစ်ဖက်တစ်လမ်းမှအထောက် အကူပြုနိုင်အောင်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ပြည်တွင်း၌ထုတ်လုပ်နိုင်ခြင်းသည် ပြည်ပမှဝယ်ယူခြင်းထက်ကုန်ကျမှုများစွာသက်သာကြောင်း၊ ထို့ကြောင့် မိမိတို့ကျွမ်းကျင်သည့်ပညာရပ်များအလိုက် အပြည့်အ၀အသုံးချပြီး အရည်အသွေးမီသည့် မော်တော်ယာဉ်များနှင့် ဆက်စပ်အစိတ်အပိုင်းများအားထုတ်လုပ်ရမည်ဖြစ်ကြောင်း၊ ထို့အပြင်မိမိတို့ တတ်ကျွမ်းထားသည့်ပညာရပ်များကိုလည်း

ဆက်ဖတ်ရန်

တပ်မတော်သည်နိုင်ငံတော်၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပိုင်မှုကို ကာကွယ်ရန် အဓိကတာဝန်ရှိ၊ နိုင်ငံ၏အကျိုးစီးပွား၊ တိုင်းရင်းသားများ၏အကျိုး  စီးပွားများကိုအကာအကွယ်ပေးခြင်းသည် တရားသော စစ်ကို ဆင်နွှဲခြင်းဖြစ် 

နေပြည်တော်၊ စက်တင်ဘာ – ၂၃                တပ်မတော်၏အဓိကတာဝန်မှာ နိုင်ငံတော်၏လွတ်လပ်ရေးနှင့်အချုပ်အခြာ အာဏာပိုင်မှုအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်ကြောင်း၊ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိချိန်မှစ၍ အစိုးရအဆက်ဆက်နှင့် ပြည်သူလူထု၏အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးကိုကာကွယ်စောင့်ရှောက်ပေးခဲ့ကြောင်း၊ နိုင်ငံ၏အကျိုးစီးပွား၊ တိုင်း ရင်းသားများ၏ အကျိုးစီးပွားများကိုအကာအကွယ်ပေးခြင်းသည် တရားသောစစ်ကို ဆင်နွှဲခြင်းပင်ဖြစ် ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က

ဆက်ဖတ်ရန်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လောက်ကိုင်တပ်နယ်၊ ကုန်းကြမ်းတပ်နယ်နှင့် ညံခွမ်းတပ်နယ်များရှိအရာရှိ၊ စစ်သည်များ၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ စက်တင်ဘာ – ၂၂ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့ နံနက်ပိုင်းတွင်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သို့ ရောက်ရှိရာ အစည်းအဝေးခန်းမ၌ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးက တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လုံခြုံရေးနှင့်နယ်မြေတည်ငြိမ် အေးချမ်း ရေးဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များမှာကြားသည်။ ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည်

ဆက်ဖတ်ရန်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ တိုင်းရင်းသားခေါင်းဆောင်များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ခေါင်းဆောင်များအားတွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာ – ၂၂ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ အတွင်းရှိ တိုင်းရင်းသားခေါင်းဆောင်များနှင့်ပြည်သူ့စစ်(ဌာနေ)အဖွဲ့ခေါင်းဆောင်များအား ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်အစည်းအဝေး ခန်းမ၌တွေ့ဆုံသည်။ အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ

ဆက်ဖတ်ရန်