နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ တောင်သူလယ်သမားနေ့အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာ

၂၀၂၁ ခုနှစ်၊ မတ်လ-၂

ချစ်ခင်လေးစားရပါသော တောင်သူလယ်သမားကြီးများခင်ဗျား-

ယနေ့အချိန်အခါသမယသည် နိုင်ငံတော်တစ်ဝန်းလုံးရှိ တောင်သူလယ်သမားများအား အထူးအလေးအနက် ဂုဏ်ပြု သတ်မှတ်ထားသောသမိုင်းဝင်နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။ ဤရက်မြတ်အချိန်အခါကာလတွင် နိုင်ငံတော်တစ်ဝန်း လုံးရှိ တောင်သူလယ်သမားများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပြီး ကောင်းကျိုးမင်္ဂလာအဖြာဖြာတို့နှင့် ပြည့်စုံကြပါစေကြောင်း နှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆတက်ထမ်းပိုး တိုးတက်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

လယ်ယာကဏ္ဍ၏ စိုက်ပျိုးမွေးမြူထုတ်လုပ်မှု လုပ်ငန်းစဉ်များသည် စားနပ်ရိက္ခာထုတ်လုပ်မှုအတွက်သာမက ကျေးလက်နေပြည်သူသန်းပေါင်းများစွာ၏အသက်မွေးဝမ်းကျောင်းမှုအတွက် အဓိကကျောရိုးလုပ်ငန်းကြီးဖြစ်ပါသည်။ ထို့ပြင် နိုင်ငံ၏စီးပွားရေး၊လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်အခြေအနေများတိုးတက်ပြောင်းလဲမှုပုံသဏ္ဌာန်ကို ဖော် ဆောင်လျက်ရှိသည့်အတွက် လယ်ယာစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံ၏ပဓာနကျသည့်တာဝန်တစ်ရပ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူများ၏ နေ့စဉ်စားနပ်ရိက္ခာဖူလုံရန်နှင့်အလုပ်အကိုင်အခွင့်အလမ်းများပေါ်ထွက်လာစေရန်၊ ပြည်ပတင်ပို့မှုမှ နိုင်ငံခြားဝင်ငွေရရှိစေရန် အပင်ပန်းခံကြိုးပမ်းစိုက်ပျိုးထုတ်လုပ်ပေးကြသည့် နိုင်ငံ၏ထမင်းရှင်၊ ကျေးဇူးရှင်ကြီးများ ဖြစ်ကြသော တောင်သူလယ်သမားကြီးများအား နိုင်ငံတော်အစိုးရအနေဖြင့် ပြဋ္ဌာန်းထားသည့် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေနှင့်အညီ ပံ့ပိုးကူညီ ထောက်ပံ့မှုများကို ထိရောက်အောင် ဆောင်ရွက်ပေးလျက်ရှိပါသည်။ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးသည့်စိုက်ပျိုးသီးနှံများအတွက် တောင်သူလယ်သမားများအား အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ကြေးများကို ကျပ် ၂၃ ဒသမ ၆၈ ဘီလီယံထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။ ထို့ပြင် တောင်သူလယ်သမားများဈေးကွက်တွင် မျှတသည့်ဈေးနှုန်းရရှိနိုင်ရန် အခြေခံရည်ညွှန်းစပါး ဈေးနှုန်း ထုတ်ပြန်သတ်မှတ်ခြင်းကို၂၀၁၇-၂၀၁၈ ခုနှစ်မှစတင်ဆောင်ရွက်ပေးခဲ့ပါသည်။

ယင်းစနစ်ကို ပိုမိုထိရောက်ကျယ်ပြန့်စွာ တိုးချဲ့ဆောင်ရွက်ရေးအပြင် တစ်ဖက်တွင်လည်း တောင်သူလယ်သမားများ အတွက် သွင်းအားစုရရှိရေးနှင့်ဈေးကွက်သေချာစေမည့် အကျိုးတူကန်ထရိုက်လယ်ယာစနစ် ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာနိုင်ရေးအတွက်တွန်းအားပေးလျက်ရှိပြီး ယင်းစနစ်အား တစ်ပြေးညီကျင့်သုံးနိုင်မည့်လုပ်ထုံးလုပ်နည်းကို ချမှတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

ချစ်ခင်လေးစားရပါသော တောင်သူလယ်သမားကြီးများခင်ဗျား-

လယ်ယာကဏ္ဍကြီးအနေဖြင့် အရည်အသွေးကောင်းသီးနှံ၊ အသားနှင့် ငါးများထုတ်လုပ်နိုင်ရေး အတွက်မျိုးကောင်း မျိုးသန့်များအသုံးပြုနိုင်ရေး၊ စိုက်ပျိုးရေရရှိရေး၊ ဒေသရေမြေနှင့်လျော်ညီသည့် သီးနှံ၊ သားငါးများ စိုက်ပျိုးမွေးမြူ ထုတ်လုပ်နိုင်မည့် ခေတ်မီနည်းပညာဖြန့်ဖြူးရေး၊ ခေတ်မီလယ်ယာသုံးစက်ကိရိယာများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု နိုင်ရေး၊ ပိုးမွှားရောဂါကျရောက်ကူးစက်မှုများ ကာကွယ်ထိန်းချုပ်ရေး၊လယ်ယာသားငါးကုန်စည်များ ပြည်တွင်း/ပြည်ပ ဈေးကွက်များသို့ ချောမွေ့စွာကူးသန်းရောင်းဝယ်နိုင်ရေး စသည့်လုပ်ငန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက ပူးပေါင်းကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါသည်။

လယ်ယာကဏ္ဍကြီးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကတာဝန်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် တောင်သူလယ်သမားကြီးများ ဈေးကောင်းရမည့် အရည်အသွေးကောင်းသီးနှံများ၊ မွေးမြူရေးတိရစ္ဆာ န်များ၊ ရေသတ္တဝါများ၊စိုက်ပျိုး၊မွေးမြူထုတ်လုပ်နိုင်ရန် မျိုးကောင်းမျိုးသန့်များဖြန့်ဖြူးပေးခြင်းနှင့် နည်းပညာပေးခြင်းများ အပြင်စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း(GAP)၊ ကောင်းမွန်သောတိရိစ္ဆာန်မွေးမြူရေးလေ့ကျင့်စဉ် (GAHP)၊ ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ်(GAqP)တို့ကို ကျင့်သုံးရေးဆောင်ရွက်ခြင်း၊ Myanmar’s GAP Protocol and Guidelineများထုတ်ပြန်ခြင်းတို့ကို တိုးချဲ့ဆောင်ရွက်လျက်ရှိပါသည်။

ချစ်ခင်လေးစားရပါသော တောင်သူလယ်သမားကြီးများခင်ဗျား-

လက်ရှိကာလတွင် ရာသီဥတုပြောင်းလဲမှုကြောင့်မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ မိုးသီးကြွေခြင်း၊ တောမီးလောင်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မြေပြိုခြင်းအစရှိသည့် သဘာဝဘေးအန္တရာယ်ကျရောက်မှုအမျိုးမျိုးကြောင့် တောင်သူ လယ်သမားအများစု၏ လူမှုစီးပွားဘဝကို ထိခိုက်မှုများရှိနေပါသည်။ မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(၂၀၁၈-၂၀၃၀)တွင် တစ်ခုအပါအဝင်ဖြစ်သည့် နိုင်ငံတော်၏အနာဂတ်မျိုး ဆက်များအတွက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးလုပ်ငန်း များကို သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါသည်။ တစ်ဖက်မှလည်း သစ်တောပြုန်းတီးမှု ကာကွယ်ထိန်းသိမ်းခြင်းနှင့် မြေဆီလွှာအဆင့်အတန်း နိမ့်ကျမှု လျော့နည်းစေရေးအတွက် မြေဆီလွှာ ထိန်းသိမ်းမှု လုပ်ငန်းများ ဆောင်ရွက်ရမည့်အပြင် ရေရှည်စိုက်ပျိုးနိုင်ပြီး မြေဆီလွှာအရည်အသွေးတိုး တက်မြင့်မားလာစေမည့် သီးနှံစိုက်ပျိုး နည်းစနစ်များကိုလည်းပြောင်းလဲကျင့်သုံးသွားရမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် လက်ရှိအားဖြင့် အသားတင်စိုက်ပျိုးမြေဧက(၂၉ ဒသမ ၅၉)သန်းဖြစ်သော်လည်း ယင်းမြေ ပေါ်တွင် တောင်သူလယ်သမားကြီးများကရာသီအလိုက် သီးထပ်၊ သီးညှပ်များလည်း စိုက်ပျိုးလျက်ရှိသဖြင့် နှစ်စဉ် သီးနှံစိုက်ပျိုးဧကစုစုပေါင်းမှာ ဧက(၄၈)သန်းကျော်ဖြစ်ပါသည်။ တိုးတက်လာသော နိုင်ငံ့လူဦးရေ၏ နေ့စဉ်စားနပ်ရိက္ခာ ဖူလုံရန်အတွက်တောင်သူလယ်သမားကြီးများက စိုက်ပျိုးမြေများ ကိုစနစ်တကျပြုပြင်ပြီး ရာသီအလိုက် အရည် အသွေးကောင်း၊ အထွက်နှုန်းကောင်းသီးနှံမျိုးများကို စိုက်ပျိုးခြင်းဖြင့် သီးနှံအထွက်နှုန်းမြင့်မားလာစေမည်ဖြစ်ပါသည်။

ထို့ပြင် မြေယာအသုံးချမှုတွင် တိရစ္ဆာန်မွေးမြူရေးနှင့် ငါးမွေးမြူရေးလုပ်ငန်းများ ထိရောက်အကျိုးရှိစွာဆောင် ရွက်နိုင် ရေးအတွက်လည်း အားပေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သို့မှသာ မိသားစုဝင်ငွေကိုတိုးတက်စေသည့်အပြင် နိုင်ငံအတွက် စားနပ်ရိက္ခာကိုဖူလုံပိုလျှံစေမည်ဖြစ်သဖြင့် စိုက်ပျိုးမြေများကို အကျိုးရှိထိရောက်စွာအသုံးပြုကြပါရန် တိုက်တွန်းအပ်ပါသည်။

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် ယခုရာစုနှစ်အတွင်းမှာပင် ကမ္ဘာတစ်ဝန်းစိုက်ပျိုးထုတ်လုပ်မှု ကျဆင်း လာနိုင်မည်ဟုခန့်မှန်းထားရာ ပြောင်းလဲလာသည့်ရာသီဥတုနှင့်အညီ လိုက်လျောညီထွေရှိမည့်သီးနှံအမျိုးအစား၊ သီးနှံပုံစံ၊ စိုက်ပျိုးနည်းစနစ် စသည်တို့ကို ပြောင်းလဲစိုက်ပျိုးနိုင်မည့်အစီအမံများကို ရေတိုရေရှည်စီမံချက်များချမှတ်၍ သက်ဆိုင်ရာဌာနများနှင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ပူးပေါင်းပြီးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ပါသည်။

ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်ကြီးများကြုံတွေ့ပါက စားနပ်ရိက္ခာမလုံလောက်မှုအန္တရာယ်မှ ကျော်လွှားနိုင်ရေးနှင့် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းအားကောင်းရေးတို့ကို နိုင်ငံတိုင်း အလေးထားဆောင်ရွက်လျက်ရှိသည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း အစိုးရနှင့်ပုဂ္ဂလိက ညီညွတ်စွာပူးပေါင်း၍အရန်မျိုးစေ့များစုဆောင်းထားရှိခြင်း၊ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခြင်း၊ သီးနှံပျက်စီးဧရိယာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကိုအားပေးကူညီလျက်ရှိပါသည်။

သီးနှံစိုက်ပျိုးထုတ်လုပ်မှုစွမ်းအားတိုးတက်ရေးတွင်အဓိကလိုအပ်ချက်ဖြစ်သည့် စိုက်ပျိုးရေရရှိရေးအတွက်နှစ်စဉ်မိုးစပါး၊ နွေစပါးနှင့် အခြားသီးနှံဧက (၂၄)သိန်းခန့်ကို တည်ဆောက်ပြီး ဆည်တမံနှင့် အခြားရေရရှိရေးလုပ်ငန်းများမှ စိုက်ပျိုးရေပေးဝေမှုဆောင်ရွက်လျက်ရှိသကဲ့သို့ သဘာဝဘေးအန္တရာယ်ကြောင့် ရေကြီးနစ်မြုပ်မှုလျော့ပါးရေးအတွက် နိုင်ငံတစ်ဝန်းတွင်ချောင်းကော၊ မြောင်းကောနှင့် ရေနုတ်မြောင်းများတူးဖော်ခြင်းလုပ်ငန်းပေါင်း (၄၅၁၉)ခုကို ဆောင်ရွက်ပေးနိုင်ခြင်းဖြင့် လယ်မြေဧက (၃)သန်းကို ကာကွယ်ပေးနိုင်ခဲ့ပါသည်။

ကုန်ဆုံးခဲ့သည့်နှစ်များအတွင်း မုတ်သုံမိုးရွာသွန်းရက်နှင့် မိုးရေချိန်နည်းပါးလာခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် မိုးရေရရှိမှုလျော့နည်းလျက်ရှိသဖြင့်တည်ဆောက်ပြီး ရေလှောင်တမံများ၏ ရေသိုလှောင်မှုပမာဏလျော့ကျလျက်ရှိပါ သည်။ သိုလှောင်ဖြန့်ဖြူးပေးလျက်ရှိသောရေများ လေလွင့်ဆုံးရှုံးမှုမဖြစ်စေရေးအတွက် ဆည်ရေပေးမြောင်းများ ပြုပြင် တည်ဆောက်မှုအပြင် ရေပေးဝေမှုစနစ်များ ပိုမိုကောင်းမွန်ရန်လုပ်ဆောင်လျက်ရှိပါသည်။ ထို့ပြင် ရေကို အလေအလွင့်လျော့ပါးပြီး ထိရောက်စွာခွဲဝေသုံးစွဲနိုင်ရန်တောင်သူလယ်သမားများကိုယ်တိုင် ပါဝင်စီမံဆောင်ရွက်နိုင် သော ရေအသုံးချသူအစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်စေလျက်ရှိရာ ပြည်နယ်/တိုင်းဒေသကြီး(၁၃)ခုတွင် အဖွဲ့ပေါင်း (၈၁၈၈)ခုကို တောင်သူလယ်သမား (၂၃၈၇၅၀)ဦးဖြင့် ဖွဲ့စည်းထားပြီးဖြစ်ပါသည်။ သို့ဖြစ်ရာ တောင်သူလယ်သမားကြီး များအနေဖြင့် ရေအသုံးချသူအစုအဖွဲ့များတွင် ကိုယ်တိုင်ပါဝင်ပြီး သီးနှံစိုက်ပျိုးမှုအတွက် ထိထိရောက်ရောက်အကျိုး ရှိစွာအသုံးချကြရန်နှင့် လေလွင့်ဖြုန်းတီးမှုမဖြစ်စေရေး အလေးဂရုပြုဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုပါသည်။ တစ်ဖက်တွင်လည်း ရေလိုအပ်မှုများပြားသည့် စပါးအခြေခံသီးနှံပုံစံများနေရာတွင် ဈေးကွက်ဝယ်လိုအားရှိသော တန်ဖိုးမြင့်သီးနှံများစိုက်ပျိုးမှုပုံစံကိုပြောင်းလဲစိုက်ပျိုးရေးအတွက် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကမ္ဘာ တစ်ဝှမ်း ရာသီဥတုပြောင်းလဲမှုကြောင့် မိုးရေရရှိမှုနည်းပါးလာပြီး ဆည်ရေသိုလှောင်မှု ပုံမှန်ထက်လျော့နည်း သဖြင့် ရေကိုအကျိုးရှိရှိအသုံးချစေလိုပါသည်။ နိုင်ငံတော်မှလည်းဒေသအလိုက် သင့်လျော်သောသီးနှံစိုက်ပျိုးမှုပုံစံများကို စံပြကွက်များတည်ထောင်ပြီး ပညာပေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်သွား မည်ဖြစ်ပါသည်။ သို့မှသာစိုက်ပျိုး မွေးမြူသူ တောင်သူလယ်သမားကြီးများအနေဖြင့် ဈေးကွက်ရရှိပြီး ဝင်ငွေမြင့်မားသော လယ်ယာစီးပွားလုပ်ငန်းများ ကိုရွေးချယ်ပြီး ပြောင်းလဲဆောင်ရွက်သွားနိုင်မည်ဖြစ်ပါသည်။

ချစ်ခင်လေးစားရပါသော တောင်သူလယ်သမားကြီးများခင်ဗျား-

ယနေ့အချိန်ကာလတွင် မြန်မာနိုင်ငံအနေဖြင့်ရာသီဥတုပြောင်းလဲမှုအခြေအနေအရ သဘာဝဘေးအန္တရာယ်များ၊ ကိုရိုနာ ဗိုင်းရပ်ကူးစက်ရောဂါကျရောက်မှုအခြေအနေများကိုရင်ဆိုင်နေရလျက်ရှိပြီးနိုင်ငံနှင့် ပြည်သူပြည်သားများ၏စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊လူမှုရေးအခြေအနေများ ယုတ်လျော့မှုနည်းနိုင်သမျှနည်းပါးအောင် စွမ်းဆောင်ကြိုးပမ်း လျက်ရှိပါသည်။

အထူးသဖြင့် ပြဋ္ဌာန်းထားပြီးဖြစ်သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် ကျေးလက်နေပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို စဉ်ဆက်မပြတ်အကောင် အထည် ဖော်ဆောင်ရွက်နိုင်ရန်၊ မြို့ပြနှင့်ကျေးလက်ဒေသအကြား လူမှုစီးပွားအဆင့်အတန်းကွာဟချက်များ ကျဉ်းမြောင်း လာစေရန်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင်ရရှိနိုင်သော လူ့စွမ်းအားနှင့် ငွေကြေးအရင်းအနှီး များကို ပြည်သူများပူးပေါင်းပါဝင်မှုဖြင့် ထိရောက်အကျိုးရှိစွာအသုံးချနိုင်ရန်၊ ကျေးလက်နေပြည်သူများ၏ စွမ်းဆောင် ရည်တိုးတက်လာစေရေးနှင့် ဘေးအန္တရာယ်များကျရောက်လာပါက ကျေးလက်ဒေသများ၌ တုံ့ပြန်ကာကွယ်ဆောင် ရွက်နိုင်မှုအားကောင်းသော လူမှုအဖွဲ့အစည်းများဖြစ်ပေါ်လာစေရေးတို့အတွက် ဆောင်ရွက်နိုင်ရန်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဒေသခံပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းကို အားပေးမြှင့် တင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးလိုပါသည်။

နိုင်ငံအဝန်းရှိ လုပ်ကွက်ငယ်တောင်သူလယ်သမားများ၏စွမ်းအားကို ရယူပေါင်းစု၍ လယ်ယာထုတ်ကုန် သမဝါယမ အသင်းအဖွဲ့များဖွဲ့စည်းထူထောင်ပြီး၊ မြေပြုပြင်မျိုးစေ့ချစိုက်ပျိုးသည့်အဆင့်မှ ဈေးကွက်သို့တင်ပို့ရောင်းချသည့် အဆင့် ထိ လုပ်ငန်းစဉ်အဆင့်အားလုံးတွင် ပွင့်လင်းမြင်သာမှုရှိစွာဖြင့် တောင်သူလယ်သမားများလည်း လက်တွေ့ပါဝင် လုပ်ဆောင်ခွင့်ရရှိပြီး အလုပ်အကိုင်အခွင့်အလမ်းနှင့် အကျိုးကျေးဇူးများ ခံစားခွင့်ရရှိရေးအတွက် သမဝါယမကဏ္ဍ အနေဖြင့်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုစိတ်စေတနာအပြည့်အဝဖြင့် ရိုးသားဖြူစင်စွာကြိုးစားဆောင်ရွက်ကြသည့် တောင်သူလယ်သမားတို့၏ပေါင်းစည်းအင်အားဖြင့် လယ်ယာကဏ္ဍအပါအဝင်နိုင်ငံတော်၏အမျိုးသားလူမှုစီးပွားရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ကြရမည့်အချိန်အခါဖြစ်သည်နှင့်အညီ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူလယ်သမားများအပါအဝင် နိုင်ငံသားအားလုံး၏ရေရှည်အကျိုးစီးပွားအတွက် ရင်ဆိုင်ကြုံတွေ့ကြရမည့်စိန်ခေါ်မှုများ၊အတားအဆီးများနှင့် အခက်အခဲမှန်သမျှတို့ကိုကျော်လွှားပြီး နိုင်ငံ၏အေးချမ်း သာယာဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူလက်တွဲကြိုးပမ်း ပေးကြပါရန်အလေးအနက်တိုက်တွန်းအပ်ပါသည်။

(ပုံ) မင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး

ဥက္ကဋ္ဌ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

 

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ထံမွ ေတာင္သူလယ္သမားေန႔အခမ္းအနားသို႔ ေပးပို႔ေသာသဝဏ္လႊာ

ခ်စ္ခင္ေလးစားရပါေသာ ေတာင္သူလယ္သမားႀကီးမ်ားခင္ဗ်ား-

ယေန႔အခ်ိန္အခါသမယသည္ ႏိုင္ငံေတာ္တစ္ဝန္းလုံးရွိ ေတာင္သူလယ္သမားမ်ားအား အထူးအေလးအနက္ ဂုဏ္ျပဳ သတ္မွတ္ထားေသာသမိုင္းဝင္ေန႔ထူးေန႔ျမတ္ႀကီးျဖစ္ပါသည္။ ဤရက္ျမတ္အခ်ိန္အခါကာလတြင္ ႏိုင္ငံေတာ္တစ္ဝန္း လုံးရွိ ေတာင္သူလယ္သမားမ်ားအားလုံး ကိုယ္စိတ္ႏွစ္ျဖာက်န္းမာခ်မ္းသာၾကၿပီး ေကာင္းက်ိဳးမဂၤလာအျဖာျဖာတို႔ႏွင့္ ျပည့္စုံၾကပါေစေၾကာင္း ႏွင့္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ား ဆတက္ထမ္းပိုး တိုးတက္ေအာင္ျမင္ပါေစေၾကာင္း ဆုမြန္ေကာင္းေတာင္းရင္း ႏႈတ္ခြန္းဆက္သအပ္ပါသည္။

လယ္ယာက႑၏ စိုက္ပ်ိဳးေမြးျမဴထုတ္လုပ္မႈ လုပ္ငန္းစဥ္မ်ားသည္ စားနပ္ရိကၡာထုတ္လုပ္မႈအတြက္သာမက ေက်းလက္ေနျပည္သူသန္းေပါင္းမ်ားစြာ၏အသက္ေမြးဝမ္းေက်ာင္းမႈအတြက္ အဓိကေက်ာ႐ိုးလုပ္ငန္းႀကီးျဖစ္ပါသည္။ ထို႔ျပင္ ႏိုင္ငံ၏စီးပြားေရး၊လူမႈေရးႏွင့္ သဘာဝပတ္ဝန္းက်င္အေျခအေနမ်ားတိုးတက္ေျပာင္းလဲမႈပုံသဏၭာန္ကို ေဖာ္ ေဆာင္လ်က္ရွိသည့္အတြက္ လယ္ယာစီးပြားဖြံ႕ၿဖိဳးတိုးတက္ေရးကို ႏိုင္ငံ၏ပဓာနက်သည့္တာဝန္တစ္ရပ္အျဖစ္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိပါသည္။

ျပည္သူမ်ား၏ ေန႔စဥ္စားနပ္ရိကၡာဖူလုံရန္ႏွင့္အလုပ္အကိုင္အခြင့္အလမ္းမ်ားေပၚထြက္လာေစရန္၊ ျပည္ပတင္ပို႔မႈမွ ႏိုင္ငံျခားဝင္ေငြရရွိေစရန္ အပင္ပန္းခံႀကိဳးပမ္းစိုက္ပ်ိဳးထုတ္လုပ္ေပးၾကသည့္ ႏိုင္ငံ၏ထမင္းရွင္၊ ေက်းဇူးရွင္ႀကီးမ်ား ျဖစ္ၾကေသာ ေတာင္သူလယ္သမားႀကီးမ်ားအား ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ျပ႒ာန္းထားသည့္ ေတာင္သူလယ္သမား အခြင့္အေရးကာကြယ္ေရးႏွင့္ အက်ိဳးစီးပြားျမႇင့္တင္ေရးဥပေဒႏွင့္အညီ ပံ့ပိုးကူညီ ေထာက္ပံ့မႈမ်ားကို ထိေရာက္ေအာင္ ေဆာင္႐ြက္ေပးလ်က္ရွိပါသည္။ သဘာဝေဘးအႏၲရာယ္ေၾကာင့္ ထိခိုက္ပ်က္စီးသည့္စိုက္ပ်ိဳးသီးႏွံမ်ားအတြက္ ေတာင္သူလယ္သမားမ်ားအား အေရးေပၚရန္ပုံေငြမွ ေထာက္ပံ့ေၾကးမ်ားကို က်ပ္ ၂၃ ဒသမ ၆၈ ဘီလီယံထုတ္ေပးခဲ့ၿပီး ျဖစ္ပါသည္။ ထို႔ျပင္ ေတာင္သူလယ္သမားမ်ားေဈးကြက္တြင္ မွ်တသည့္ေဈးႏႈန္းရရွိႏိုင္ရန္ အေျခခံရည္ၫႊန္းစပါး ေဈးႏႈန္း ထုတ္ျပန္သတ္မွတ္ျခင္းကို၂၀၁၇-၂၀၁၈ ခုႏွစ္မွစတင္ေဆာင္႐ြက္ေပးခဲ့ပါသည္။

ယင္းစနစ္ကို ပိုမိုထိေရာက္က်ယ္ျပန႔္စြာ တိုးခ်ဲ႕ေဆာင္႐ြက္ေရးအျပင္ တစ္ဖက္တြင္လည္း ေတာင္သူလယ္သမားမ်ား အတြက္ သြင္းအားစုရရွိေရးႏွင့္ေဈးကြက္ေသခ်ာေစမည့္ အက်ိဳးတူကန္ထ႐ိုက္လယ္ယာစနစ္ က်ယ္က်ယ္ျပန႔္ျပန႔္ ေပၚေပါက္လာႏိုင္ေရးအတြက္တြန္းအားေပးလ်က္ရွိၿပီး ယင္းစနစ္အား တစ္ေျပးညီက်င့္သုံးႏိုင္မည့္လုပ္ထုံးလုပ္နည္းကို ခ်မွတ္ေဆာင္႐ြက္ေပးသြားမည္ျဖစ္ပါသည္။

ခ်စ္ခင္ေလးစားရပါေသာ ေတာင္သူလယ္သမားႀကီးမ်ားခင္ဗ်ား-

လယ္ယာက႑ႀကီးအေနျဖင့္ အရည္အေသြးေကာင္းသီးႏွံ၊ အသားႏွင့္ ငါးမ်ားထုတ္လုပ္ႏိုင္ေရး အတြက္မ်ိဳးေကာင္း မ်ိဳးသန႔္မ်ားအသုံးျပဳႏိုင္ေရး၊ စိုက္ပ်ိဳးေရရရွိေရး၊ ေဒသေရေျမႏွင့္ေလ်ာ္ညီသည့္ သီးႏွံ၊ သားငါးမ်ား စိုက္ပ်ိဳးေမြးျမဴ ထုတ္လုပ္ႏိုင္မည့္ ေခတ္မီနည္းပညာျဖန႔္ျဖဴးေရး၊ ေခတ္မီလယ္ယာသုံးစက္ကိရိယာမ်ား က်ယ္က်ယ္ျပန႔္ျပန႔္ အသုံးျပဳ ႏိုင္ေရး၊ ပိုးမႊားေရာဂါက်ေရာက္ကူးစက္မႈမ်ား ကာကြယ္ထိန္းခ်ဳပ္ေရး၊လယ္ယာသားငါးကုန္စည္မ်ား ျပည္တြင္း/ျပည္ပ ေဈးကြက္မ်ားသို႔ ေခ်ာေမြ႕စြာကူးသန္းေရာင္းဝယ္ႏိုင္ေရး စသည့္လုပ္ငန္းမ်ားကို စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနႏွင့္ သက္ဆိုင္ရာဝန္ႀကီးဌာနအသီးသီးက ပူးေပါင္းႀကိဳးပမ္းေဆာင္႐ြက္ေပးလ်က္ရွိပါသည္။

လယ္ယာက႑ႀကီးဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အဓိကတာဝန္ရွိသည့္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန အေနျဖင့္ ေတာင္သူလယ္သမားႀကီးမ်ား ေဈးေကာင္းရမည့္ အရည္အေသြးေကာင္းသီးႏွံမ်ား၊ ေမြးျမဴေရးတိရစာၦ န္မ်ား၊ ေရသတၱဝါမ်ား၊စိုက္ပ်ိဳး၊ေမြးျမဴထုတ္လုပ္ႏိုင္ရန္ မ်ိဳးေကာင္းမ်ိဳးသန႔္မ်ားျဖန႔္ျဖဴးေပးျခင္းႏွင့္ နည္းပညာေပးျခင္းမ်ား အျပင္စိုက္ပ်ိဳးေရးဆိုင္ရာအေလ့အက်င့္ေကာင္း(GAP)၊ ေကာင္းမြန္ေသာတိရိစာၦန္ေမြးျမဴေရးေလ့က်င့္စဥ္ (GAHP)၊ ေကာင္းမြန္ေသာေရသတၱဝါေမြးျမဴေရးက်င့္စဥ္(GAqP)တို႔ကို က်င့္သုံးေရးေဆာင္႐ြက္ျခင္း၊ Myanmar’s GAP Protocol and Guidelineမ်ားထုတ္ျပန္ျခင္းတို႔ကို တိုးခ်ဲ႕ေဆာင္႐ြက္လ်က္ရွိပါသည္။

ခ်စ္ခင္ေလးစားရပါေသာ ေတာင္သူလယ္သမားႀကီးမ်ားခင္ဗ်ား-

လက္ရွိကာလတြင္ ရာသီဥတုေျပာင္းလဲမႈေၾကာင့္မိုးေခါင္ျခင္း၊ ေရႀကီးျခင္း၊ မိုးသီးေႂကြျခင္း၊ ေတာမီးေလာင္ျခင္း၊ မုန္တိုင္းတိုက္ခတ္ျခင္း၊ ေျမၿပိဳျခင္းအစရွိသည့္ သဘာဝေဘးအႏၲရာယ္က်ေရာက္မႈအမ်ိဳးမ်ိဳးေၾကာင့္ ေတာင္သူ လယ္သမားအမ်ားစု၏ လူမႈစီးပြားဘဝကို ထိခိုက္မႈမ်ားရွိေနပါသည္။ ျမန္မာႏိုင္ငံ၏ေရရွည္တည္တံ့ခိုင္ၿမဲၿပီး ဟန္ခ်က္ညီေသာ ဖြံ႕ၿဖိဳးတိုးတက္မႈစီမံကိန္း(၂၀၁၈-၂၀၃၀)တြင္ တစ္ခုအပါအဝင္ျဖစ္သည့္ ႏိုင္ငံေတာ္၏အနာဂတ္မ်ိဳး ဆက္မ်ားအတြက္ သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးႏွင့္ ရာသီဥတုေျပာင္းလဲမႈေလွ်ာ့ခ်ေရးလုပ္ငန္း မ်ားကို သက္ဆိုင္ရာက႑အသီးသီးမွ ေပါင္းစပ္ေဆာင္႐ြက္လ်က္ရွိပါသည္။ တစ္ဖက္မွလည္း သစ္ေတာျပဳန္းတီးမႈ ကာကြယ္ထိန္းသိမ္းျခင္းႏွင့္ ေျမဆီလႊာအဆင့္အတန္း နိမ့္က်မႈ ေလ်ာ့နည္းေစေရးအတြက္ ေျမဆီလႊာ ထိန္းသိမ္းမႈ လုပ္ငန္းမ်ား ေဆာင္႐ြက္ရမည့္အျပင္ ေရရွည္စိုက္ပ်ိဳးႏိုင္ၿပီး ေျမဆီလႊာအရည္အေသြးတိုး တက္ျမင့္မားလာေစမည့္ သီးႏွံစိုက္ပ်ိဳး နည္းစနစ္မ်ားကိုလည္းေျပာင္းလဲက်င့္သုံးသြားရမည္ျဖစ္ပါသည္။

ျမန္မာႏိုင္ငံတစ္ဝန္းတြင္ လက္ရွိအားျဖင့္ အသားတင္စိုက္ပ်ိဳးေျမဧက(၂၉ ဒသမ ၅၉)သန္းျဖစ္ေသာ္လည္း ယင္းေျမ ေပၚတြင္ ေတာင္သူလယ္သမားႀကီးမ်ားကရာသီအလိုက္ သီးထပ္၊ သီးညႇပ္မ်ားလည္း စိုက္ပ်ိဳးလ်က္ရွိသျဖင့္ ႏွစ္စဥ္ သီးႏွံစိုက္ပ်ိဳးဧကစုစုေပါင္းမွာ ဧက(၄၈)သန္းေက်ာ္ျဖစ္ပါသည္။ တိုးတက္လာေသာ ႏိုင္ငံ့လူဦးေရ၏ ေန႔စဥ္စားနပ္ရိကၡာ ဖူလုံရန္အတြက္ေတာင္သူလယ္သမားႀကီးမ်ားက စိုက္ပ်ိဳးေျမမ်ား ကိုစနစ္တက်ျပဳျပင္ၿပီး ရာသီအလိုက္ အရည္ အေသြးေကာင္း၊ အထြက္ႏႈန္းေကာင္းသီးႏွံမ်ိဳးမ်ားကို စိုက္ပ်ိဳးျခင္းျဖင့္ သီးႏွံအထြက္ႏႈန္းျမင့္မားလာေစမည္ျဖစ္ပါသည္။

ထို႔ျပင္ ေျမယာအသုံးခ်မႈတြင္ တိရစာၦန္ေမြးျမဴေရးႏွင့္ ငါးေမြးျမဴေရးလုပ္ငန္းမ်ား ထိေရာက္အက်ိဳးရွိစြာေဆာင္ ႐ြက္ႏိုင္ ေရးအတြက္လည္း အားေပးေဆာင္႐ြက္သြားမည္ျဖစ္ပါသည္။ သို႔မွသာ မိသားစုဝင္ေငြကိုတိုးတက္ေစသည့္အျပင္ ႏိုင္ငံအတြက္ စားနပ္ရိကၡာကိုဖူလုံပိုလွ်ံေစမည္ျဖစ္သျဖင့္ စိုက္ပ်ိဳးေျမမ်ားကို အက်ိဳးရွိထိေရာက္စြာအသုံးျပဳၾကပါရန္ တိုက္တြန္းအပ္ပါသည္။

ကမာၻ႔ရာသီဥတုေျပာင္းလဲမႈျဖစ္စဥ္ေၾကာင့္ ယခုရာစုႏွစ္အတြင္းမွာပင္ ကမာၻတစ္ဝန္းစိုက္ပ်ိဳးထုတ္လုပ္မႈ က်ဆင္း လာႏိုင္မည္ဟုခန႔္မွန္းထားရာ ေျပာင္းလဲလာသည့္ရာသီဥတုႏွင့္အညီ လိုက္ေလ်ာညီေထြရွိမည့္သီးႏွံအမ်ိဳးအစား၊ သီးႏွံပုံစံ၊ စိုက္ပ်ိဳးနည္းစနစ္ စသည္တို႔ကို ေျပာင္းလဲစိုက္ပ်ိဳးႏိုင္မည့္အစီအမံမ်ားကို ေရတိုေရရွည္စီမံခ်က္မ်ားခ်မွတ္၍ သက္ဆိုင္ရာဌာနမ်ားႏွင့္ ျပည္တြင္းျပည္ပအဖြဲ႕အစည္းမ်ား ပူးေပါင္းၿပီးအေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိ ပါသည္။

ရာသီဥတုေျပာင္းလဲမႈေၾကာင့္ သဘာဝေဘးအႏၲရာယ္ႀကီးမ်ားႀကဳံေတြ႕ပါက စားနပ္ရိကၡာမလုံေလာက္မႈအႏၲရာယ္မွ ေက်ာ္လႊားႏိုင္ေရးႏွင့္ ရင္ဆိုင္တုံ႔ျပန္ႏိုင္စြမ္းအားေကာင္းေရးတို႔ကို ႏိုင္ငံတိုင္း အေလးထားေဆာင္႐ြက္လ်က္ရွိသည့္နည္းတူ ျမန္မာႏိုင္ငံတြင္လည္း အစိုးရႏွင့္ပုဂၢလိက ညီၫြတ္စြာပူးေပါင္း၍အရန္မ်ိဳးေစ့မ်ားစုေဆာင္းထားရွိျခင္း၊ ႀကိဳတင္ျပင္ဆင္မႈမ်ားျပဳလုပ္ျခင္း၊ သီးႏွံပ်က္စီးဧရိယာမ်ားတြင္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ျခင္းတို႔ကိုအားေပးကူညီလ်က္ရွိပါသည္။

သီးႏွံစိုက္ပ်ိဳးထုတ္လုပ္မႈစြမ္းအားတိုးတက္ေရးတြင္အဓိကလိုအပ္ခ်က္ျဖစ္သည့္ စိုက္ပ်ိဳးေရရရွိေရးအတြက္ႏွစ္စဥ္မိုးစပါး၊ ေႏြစပါးႏွင့္ အျခားသီးႏွံဧက (၂၄)သိန္းခန႔္ကို တည္ေဆာက္ၿပီး ဆည္တမံႏွင့္ အျခားေရရရွိေရးလုပ္ငန္းမ်ားမွ စိုက္ပ်ိဳးေရေပးေဝမႈေဆာင္႐ြက္လ်က္ရွိသကဲ့သို႔ သဘာဝေဘးအႏၲရာယ္ေၾကာင့္ ေရႀကီးနစ္ျမဳပ္မႈေလ်ာ့ပါးေရးအတြက္ ႏိုင္ငံတစ္ဝန္းတြင္ေခ်ာင္းေကာ၊ ေျမာင္းေကာႏွင့္ ေရႏုတ္ေျမာင္းမ်ားတူးေဖာ္ျခင္းလုပ္ငန္းေပါင္း (၄၅၁၉)ခုကို ေဆာင္႐ြက္ေပးႏိုင္ျခင္းျဖင့္ လယ္ေျမဧက (၃)သန္းကို ကာကြယ္ေပးႏိုင္ခဲ့ပါသည္။

ကုန္ဆုံးခဲ့သည့္ႏွစ္မ်ားအတြင္း မုတ္သုံမိုး႐ြာသြန္းရက္ႏွင့္ မိုးေရခ်ိန္နည္းပါးလာျခင္းေၾကာင့္ ႏိုင္ငံတစ္ဝန္းတြင္ မိုးေရရရွိမႈေလ်ာ့နည္းလ်က္ရွိသျဖင့္တည္ေဆာက္ၿပီး ေရေလွာင္တမံမ်ား၏ ေရသိုေလွာင္မႈပမာဏေလ်ာ့က်လ်က္ရွိပါ သည္။ သိုေလွာင္ျဖန႔္ျဖဴးေပးလ်က္ရွိေသာေရမ်ား ေလလြင့္ဆုံးရႈံးမႈမျဖစ္ေစေရးအတြက္ ဆည္ေရေပးေျမာင္းမ်ား ျပဳျပင္ တည္ေဆာက္မႈအျပင္ ေရေပးေဝမႈစနစ္မ်ား ပိုမိုေကာင္းမြန္ရန္လုပ္ေဆာင္လ်က္ရွိပါသည္။ ထို႔ျပင္ ေရကို အေလအလြင့္ေလ်ာ့ပါးၿပီး ထိေရာက္စြာခြဲေဝသုံးစြဲႏိုင္ရန္ေတာင္သူလယ္သမားမ်ားကိုယ္တိုင္ ပါဝင္စီမံေဆာင္႐ြက္ႏိုင္ ေသာ ေရအသုံးခ်သူအစုအဖြဲ႕မ်ား ဖြဲ႕စည္းေဆာင္႐ြက္ေစလ်က္ရွိရာ ျပည္နယ္/တိုင္းေဒသႀကီး(၁၃)ခုတြင္ အဖြဲ႕ေပါင္း (၈၁၈၈)ခုကို ေတာင္သူလယ္သမား (၂၃၈၇၅၀)ဦးျဖင့္ ဖြဲ႕စည္းထားၿပီးျဖစ္ပါသည္။ သို႔ျဖစ္ရာ ေတာင္သူလယ္သမားႀကီး မ်ားအေနျဖင့္ ေရအသုံးခ်သူအစုအဖြဲ႕မ်ားတြင္ ကိုယ္တိုင္ပါဝင္ၿပီး သီးႏွံစိုက္ပ်ိဳးမႈအတြက္ ထိထိေရာက္ေရာက္အက်ိဳး ရွိစြာအသုံးခ်ၾကရန္ႏွင့္ ေလလြင့္ျဖဳန္းတီးမႈမျဖစ္ေစေရး အေလးဂ႐ုျပဳေဆာင္႐ြက္ေပးၾကပါရန္ တိုက္တြန္းလိုပါသည္။ တစ္ဖက္တြင္လည္း ေရလိုအပ္မႈမ်ားျပားသည့္ စပါးအေျခခံသီးႏွံပုံစံမ်ားေနရာတြင္ ေဈးကြက္ဝယ္လိုအားရွိေသာ တန္ဖိုးျမင့္သီးႏွံမ်ားစိုက္ပ်ိဳးမႈပုံစံကိုေျပာင္းလဲစိုက္ပ်ိဳးေရးအတြက္ ဦးစားေပးေဆာင္႐ြက္သြားမည္ျဖစ္ပါသည္။ ကမာၻ တစ္ဝွမ္း ရာသီဥတုေျပာင္းလဲမႈေၾကာင့္ မိုးေရရရွိမႈနည္းပါးလာၿပီး ဆည္ေရသိုေလွာင္မႈ ပုံမွန္ထက္ေလ်ာ့နည္း သျဖင့္ ေရကိုအက်ိဳးရွိရွိအသုံးခ်ေစလိုပါသည္။ ႏိုင္ငံေတာ္မွလည္းေဒသအလိုက္ သင့္ေလ်ာ္ေသာသီးႏွံစိုက္ပ်ိဳးမႈပုံစံမ်ားကို စံျပကြက္မ်ားတည္ေထာင္ၿပီး ပညာေပးလုပ္ငန္းမ်ားကို တိုးခ်ဲ႕ေဆာင္႐ြက္သြား မည္ျဖစ္ပါသည္။ သို႔မွသာစိုက္ပ်ိဳး ေမြးျမဴသူ ေတာင္သူလယ္သမားႀကီးမ်ားအေနျဖင့္ ေဈးကြက္ရရွိၿပီး ဝင္ေငြျမင့္မားေသာ လယ္ယာစီးပြားလုပ္ငန္းမ်ား ကိုေ႐ြးခ်ယ္ၿပီး ေျပာင္းလဲေဆာင္႐ြက္သြားႏိုင္မည္ျဖစ္ပါသည္။

ခ်စ္ခင္ေလးစားရပါေသာ ေတာင္သူလယ္သမားႀကီးမ်ားခင္ဗ်ား-

ယေန႔အခ်ိန္ကာလတြင္ ျမန္မာႏိုင္ငံအေနျဖင့္ရာသီဥတုေျပာင္းလဲမႈအေျခအေနအရ သဘာဝေဘးအႏၲရာယ္မ်ား၊ ကို႐ိုနာ ဗိုင္းရပ္ကူးစက္ေရာဂါက်ေရာက္မႈအေျခအေနမ်ားကိုရင္ဆိုင္ေနရလ်က္ရွိၿပီးႏိုင္ငံႏွင့္ ျပည္သူျပည္သားမ်ား၏စီးပြားေရး၊ က်န္းမာေရး၊ ပညာေရး၊လူမႈေရးအေျခအေနမ်ား ယုတ္ေလ်ာ့မႈနည္းႏိုင္သမွ်နည္းပါးေအာင္ စြမ္းေဆာင္ႀကိဳးပမ္း လ်က္ရွိပါသည္။

အထူးသျဖင့္ ျပ႒ာန္းထားၿပီးျဖစ္သည့္ ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဥပေဒအရ ေက်းလက္ေဒသဖြံ႕ၿဖိဳး တိုးတက္ေရးႏွင့္ ေက်းလက္ေနျပည္သူမ်ား၏လူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုးတက္ေရးတို႔ကို စဥ္ဆက္မျပတ္အေကာင္ အထည္ ေဖာ္ေဆာင္႐ြက္ႏိုင္ရန္၊ ၿမိဳ႕ျပႏွင့္ေက်းလက္ေဒသအၾကား လူမႈစီးပြားအဆင့္အတန္းကြာဟခ်က္မ်ား က်ဥ္းေျမာင္း လာေစရန္၊ ေက်းလက္ေဒသဖြံ႕ၿဖိဳး တိုးတက္ေရး လုပ္ငန္းမ်ားတြင္ရရွိႏိုင္ေသာ လူ႔စြမ္းအားႏွင့္ ေငြေၾကးအရင္းအႏွီး မ်ားကို ျပည္သူမ်ားပူးေပါင္းပါဝင္မႈျဖင့္ ထိေရာက္အက်ိဳးရွိစြာအသုံးခ်ႏိုင္ရန္၊ ေက်းလက္ေနျပည္သူမ်ား၏ စြမ္းေဆာင္ ရည္တိုးတက္လာေစေရးႏွင့္ ေဘးအႏၲရာယ္မ်ားက်ေရာက္လာပါက ေက်းလက္ေဒသမ်ား၌ တုံ႔ျပန္ကာကြယ္ေဆာင္ ႐ြက္ႏိုင္မႈအားေကာင္းေသာ လူမႈအဖြဲ႕အစည္းမ်ားျဖစ္ေပၚလာေစေရးတို႔အတြက္ ေဆာင္႐ြက္ႏိုင္ရန္ႏွင့္ ေက်းလက္ေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ ေဒသခံျပည္သူမ်ားပူးေပါင္းပါဝင္ေဆာင္႐ြက္ျခင္းကို အားေပးျမႇင့္ တင္ရန္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိပါေၾကာင္း အသိေပးလိုပါသည္။

ႏိုင္ငံအဝန္းရွိ လုပ္ကြက္ငယ္ေတာင္သူလယ္သမားမ်ား၏စြမ္းအားကို ရယူေပါင္းစု၍ လယ္ယာထုတ္ကုန္ သမဝါယမ အသင္းအဖြဲ႕မ်ားဖြဲ႕စည္းထူေထာင္ၿပီး၊ ေျမျပဳျပင္မ်ိဳးေစ့ခ်စိုက္ပ်ိဳးသည့္အဆင့္မွ ေဈးကြက္သို႔တင္ပို႔ေရာင္းခ်သည့္ အဆင့္ ထိ လုပ္ငန္းစဥ္အဆင့္အားလုံးတြင္ ပြင့္လင္းျမင္သာမႈရွိစြာျဖင့္ ေတာင္သူလယ္သမားမ်ားလည္း လက္ေတြ႕ပါဝင္ လုပ္ေဆာင္ခြင့္ရရွိၿပီး အလုပ္အကိုင္အခြင့္အလမ္းႏွင့္ အက်ိဳးေက်းဇူးမ်ား ခံစားခြင့္ရရွိေရးအတြက္ သမဝါယမက႑ အေနျဖင့္လည္း ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိပါသည္။

သို႔ျဖစ္ပါ၍ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကိုစိတ္ေစတနာအျပည့္အဝျဖင့္ ႐ိုးသားျဖဴစင္စြာႀကိဳးစားေဆာင္႐ြက္ၾကသည့္ ေတာင္သူလယ္သမားတို႔၏ေပါင္းစည္းအင္အားျဖင့္ လယ္ယာက႑အပါအဝင္ႏိုင္ငံေတာ္၏အမ်ိဳးသားလူမႈစီးပြားေရးႏွင့္ ဘက္စုံဖြံ႕ၿဖိဳးတိုးတက္ေရးကို အရွိန္အဟုန္ျမႇင့္တင္ေဆာင္႐ြက္ၾကရမည့္အခ်ိန္အခါျဖစ္သည္ႏွင့္အညီ ျပည္ေထာင္စု သမၼတျမန္မာႏိုင္ငံတစ္ဝန္းလုံးရွိ ေတာင္သူလယ္သမားမ်ားအပါအဝင္ ႏိုင္ငံသားအားလုံး၏ေရရွည္အက်ိဳးစီးပြားအတြက္ ရင္ဆိုင္ႀကဳံေတြ႕ၾကရမည့္စိန္ေခၚမႈမ်ား၊အတားအဆီးမ်ားႏွင့္ အခက္အခဲမွန္သမွ်တို႔ကိုေက်ာ္လႊားၿပီး ႏိုင္ငံ၏ေအးခ်မ္း သာယာဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အတူလက္တြဲႀကိဳးပမ္း ေပးၾကပါရန္အေလးအနက္တိုက္တြန္းအပ္ပါသည္။

(ပုံ) မင္းေအာင္လႈိင္

ဗိုလ္ခ်ဳပ္မႉးႀကီး

ဥကၠ႒

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။