နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော်၊ မတ် – ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၄/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံဆိုင်နှင့် စောဒန်နီယယ်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် တို့တက်ရောက်ကြသည်။

အစည်းအဝေး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြား ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ယူခဲ့သည်မှာ တစ်လရှိပြီဖြစ် ကြောင်း၊ စတင်တာဝန်ယူသည့် ပထမရက်သတ္တပတ်အတွင်း တည်ငြိမ်အေးချမ်းခဲ့သော် လည်း ဒုတိယအပတ်မှစတင်၍ ဆူပူမှု၊ ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုသို့ဆန္ဒပြမှုများ မှာ ကိုဗစ်ကာလအကြပ်အတည်း ထိန်းချုပ်မှု၊ တစ်ခြားတစ်ဖက်ကလည်း ရွေးကောက်ပွဲ မဲမသမာမှုအပေါ်ယခုလိုဆောင်ရွက်ခြင်းကြောင့် မခံမရပ်နိုင်သူများကြောင့် ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း၊ ဆူပူဆန္ဒပြမှုဖြစ်စဉ်များအားလုံးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များဖြင့် အင်အား အနည်းဆုံးနှင့် အသက်သာဆုံးဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်နေကြောင်း၊ ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အခြားနိုင်ငံများ၏ ကိုင်တွယ်ဖြေရှင်း မှုထက် သက်ညှာစွာ ဆောင်ရွက်လျက်ရှိကြောင်း။

ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည် ခန့်အပ်ခြင်းနှင့်ပတ်သက်၍ ၎င်းတို့၏သက်တမ်းမှာလည်း ဥပဒေအရလဲလှယ်ရမည့်အချိန်ဖြစ်ကြောင်း၊ ယခုအချိန်တွင် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ တာဝန်ပေးအပ်ရာတွင် လက်မခံသည့်လုပ်ရပ်မျိုး များ လုပ်ဆောင်နေကြသည်ကိုတွေ့ရကြောင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တာဝန်ပေးအပ်ရာတွင် အများကြည်ညိုလေးစားခံရပြီး အတတ်နိုင်ဆုံး ပါတီနိုင်ငံရေး ကင်းရှင်းသူများကိုသာ တာဝန်ပေးအပ်လိုကြောင်း၊ ပါတီနိုင်ငံရေး အရောင်အသွေးမကင်း သည့်အတွက် ယခုလိုလက်မခံသည့် ဖြစ်စဉ်မျိုးများ ဖြစ်ပွားလာခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် ကြိုက်နှစ်သက်သည်၊ မကြိုက်နှစ်သက်သည်ရှိနိုင်ကြောင်း၊ ဒီမိုကရေစီ ရင့်ကျက်သည့်နိုင်ငံများတွင် စည်းကမ်းဥပဒေနှင့်အညီ တာဝန်ပေးအပ်မှုကို လက်ခံကြ ပါကြောင်း၊ ရပ်ကွက်ကျေးရွာများနှင့် အနီးစပ်ဆုံးဖြစ်သည့် မြို့နယ်အုပ်ချုပ်ရေးတာဝန် ရှိသူများသည် နိုင်ငံရေးအရောင်အသွေး ကင်းရှင်းရန်လိုအပ်ကြောင်း၊ ယင်းအတွက် စိစစ်ဆောင်ရွက်မှုများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် လုပ်ငန်းစဉ်(၅)ရပ် ချမှတ်ထား ကြောင်း၊ စီးပွားရေးကဏ္ဍတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်ငန်း တိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့အတွက် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကောင်စီအဆင့်ဆင့်အနေဖြင့် ဒေသအလိုက် ကုန်ထုတ်လုပ်ငန်းများကို အားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများသည် ကိုဗစ်ရောဂါဖြစ်ပွား ထိခိုက်မှုနည်းနိုင်ပြီး ငွေပြန်ရလွယ်ကူသည့် ရောင်းကုန်လုပ်ငန်း ဖြစ်သည့်အတွက် တောင်သူများကို စိုက်ပျိုးရေးလုပ်ငန်း ကြိုးစားဆောင်ရွက်ရေး အားပေးရန်လိုကြောင်း၊ နိုင်ငံရေး၊ လှုမှုရေးနှင့် စီးပွားရေးဦးတည်ချက်များလည်းချမှတ်ပေးထားကြောင်း၊ လှုမှုရေး ဦးတည်ချက်တွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးဆိုသည့် ကျန်းမာရေးဦးတည်ချက် ပါရှိကြောင်း၊ ကျန်းမာရေးအထောက်အကူဖြစ်စေရန်အတွက် တစ်နိုင်ငံလုံးအနေအထား ဖြင့် ပြင်ပတွင်ကစားရသည့် အားကစားပွဲများကို ပြန်လည်ကျင်းပရန်လိုအပ်ကြောင်း၊ မိမိတို့ နိုင်ငံ၏ အမျိုးသားအားကစားတွင် မြန်မာ့သိုင်းအားကစားနည်းကို ထည့်သွင်းရန်လိုအပ် ကြောင်း၊ ယင်းအားကစားနည်းမှာ အပိုပစ္စည်းမလိုအပ်ဘဲ အားကစားပြုလုပ်နိုင်သည့် ကိုယ်ခံပညာ အားကစားနည်းဖြစ်ကြောင်း၊ သို့ဖြစ်၍ မိမိတို့ရိုးရာအားကစားနည်းများ ကိုလည်း အားပေးရန်လိုအပ်ကြောင်း။

CDM လှုပ်ရှားဆောင်ရွက်ထားသည့် ဝန်ထမ်းများကိုလည်း အရေးယူဆောင်ရွက် လျက်ရှိကြောင်း၊ တာဝန်ထမ်းဆောင်မှုမရှိဘဲ အကြောင်းအမျိုးမျိုးပြ၍ လစာထုတ် နေကြသည်များကို တွေ့ရှိရကြောင်း၊ ဝန်ကြီးဌာနများအလိုက် စနစ်တကျစစ်ဆေး အရေးယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဥပဒေနှင့်မညီသည့် အကြောင်းအရာ များနှင့် မိမိတို့နိုင်ငံ၏ယဉ်ကျေးမှုနှင့် မလျော်ညီစွာ ဝတ်စားဆင်ထားသည့် ဓာတ်ပုံများ အထူးသဖြင့်လူမှုကွန်ရက် မျက်နှာစာများတွင် အရှက်တရား၊ အကြောက်တရားမရှိ ဓာတ်ပုံများဖော်ပြနေမှုများရှိကြောင်း၊ ယင်းလုပ်ရပ်မှာ အများပြည်သူကို စိတ်ဓာတ်ပျက်စီး အောင်ဆောင်ရွက်နေခြင်းဖြစ်သဖြင့် ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်သွားရန် လိုကြောင်း။

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ငွေကြေးသုံးစွဲမှုများနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနအချို့မှ စိစစ်တွေ့ရှိချက်များကို တင်ပြရာတွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးသုံးစွဲရန် နိုင်ငံတော်ထည့်ဝင်ငွေနှင့် ပြည်သူလူထု လှူဒါန်း ငွေများကို အခြားမသက်ဆိုင်သည့် နေရာများတွင် သုံးစွဲထားသည်ကို တွေ့ရကြောင်း၊ ယင်းသို့သုံးစွဲမှုမှာ ဘီလီယံများစွာရှိကြောင်း၊ ငွေကြေးအလွဲသုံးစားပြုလုပ်မှုများကို သက်ဆိုင်ရာအဖွဲ့အစည်းများမှ စိစစ်ဖော်ထုတ်လျှက်ရှိကြောင်းမှာကြားသည်။

ယင်းနောက် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ စောဒယ်နီရယ်၊ ဦးစိုင်းလုံးဆိုင်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် တို့က အသင်းအဖွဲ့များသို့ ဥပဒေနှင့်မညီဘဲ နိုင်ငံခြားငွေများဝင်ရောက်နေမှုနှင့် ဆူပူ ဆန္ဒပြမှုဖြစ်စဉ်များ နောက်ကွယ်မှ လူနှင့်ငွေကြေးပံ့ပိုးနေမှုများအား အရေးယူ ဆောင်ရွက်ရန်ကိစ္စ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား ဥပဒေနှင့်မညီ သည့်အတွက်အရေးယူဆောင်ရွက်ရန်နှင့် ပြည်ပအဖွဲ့အစည်းများမှ ငွေကြေးထောက်ပံ့ နေသည့်ကိစ္စ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲစာရင်းများအမြန်ဆုံး စစ်ဆေးထုတ်ပြန်သွားရေးကိစ္စ၊ စက်ရုံ၊ အလုပ်ရုံလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန်ကိစ္စ၊ စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များ နိုင်ငံတကာသို့ တင်ပို့နိုင်ရေးကိစ္စ၊ နိုင်ငံတကာတွင် တာဝန်ထမ်းဆောင်နေသည့် မြန်မာ သံတမန်များအား ပြန်လည်စိစစ်ရန်ကိစ္စ၊ လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်ရေးကိစ္စ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေနှင့် လွှတ်တော် ဆိုင်ရာဥပဒေများအား ပြင်ဆင်ဖြည့်စွက်ရေးကိစ္စ၊ လယ်ယာမြေသန်းခေါင်စာရင်း ကောက်ယူရေးကိစ္စ၊ ကျေးရွာကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးရေးကိစ္စ၊ ဒေသခံ တောင်သူများ၏ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ ပြည်ပတွင်ဈေးနှုန်းမှန်ကန်စွာဖြင့် တင်ပို့ရောင်းချခွင့်ရရှိရေး ဆောင်ရွက်ပေးရန်ကိစ္စ၊ ပြီးခဲ့သည့်အစိုးရလက်ထက်က အဂတိလိုက်စားမှုများအား ဖော်ထုတ်အရေးယူရန်ကိစ္စ၊ ပြည်သူ့ဆေးရုံကြီးအချို့တွင် တာဝန်ရှိသူများက ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများအား ဥပဒေနှင့်မညီဘဲ ခွင့်ပေးနေသည့်ကိစ္စ၊ ဝန်ထမ်းများ CDM လှုပ်ရှားမှုများကို ပြည်တွင်း၌ဦးဆောင် နေသူများနှင့် ပြည်ပမှအကြံပေးနေသူများအား ဖော်ထုတ်အရေးယူရန်ကိစ္စ၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဆူပူဆန္ဒပြမှုအခြေအနေနှင့် ဥပဒေမဲ့လုပ်ရပ်များလုပ်ဆောင်နေမှု အခြေအနေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ရပ်ရွာအေးချမ်းသာယာပြီး တရားဥပဒေ စိုးမိုးရေးအတွက်ဆောင်ရွက်နေမှုအခြေအနေ၊ တိုက်ပွဲရှောင်ဒေသများတွင် မိုင်းရှင်းလင်း ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် COVID-19 ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံနိုင်ရေးကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အသင်းအဖွဲ့အချို့အား လုပ်ငန်းများလည်ပတ်နေမှုကို စည်းမျဉ်းစည်းကမ်းနှင့်ညီ၊ မညီ၊ ပြည်ပအထောက်အပံ့နိုင်ငံခြားငွေတရားဝင်ခြင်း ရှိ၊မရှိ စိစစ်ဆောင်ရွက် လျက်ရှိကြောင်း၊ တရားမဝင်ဆောင်ရွက်နေသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုမှုကော်မတီကို အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ မဲမသမာမှုများနှင့်စပ်လျဉ်း၍လည်း အသစ်ဖွဲ့စည်း ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စစ်ဆေးဆောင်ရွက်နေကြောင်း၊ ပြည် တွင်းခရီးသွားလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများနှင့် စက်ရုံ၊ အလုပ်ရုံလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေး ထုတ်ပြန်ထားသည့် COVID-19 ရောဂါထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ခွင့်ပြုပေးပြီးဖြစ်ကြောင်း၊ CDM လှုပ်ရှားမှုတွင်ပါဝင် ဆောင်ရွက် နေသည့် ဆရာဝန်ကြီးများ၊ ပါရဂူများနှင့် ဝန်ထမ်းများအား အရေးယူသွားရန် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ညွန်ကြားထားပြီးဖြစ်ကြောင်း၊ ဝန်ထမ်းအိမ်ရာနှင့် စီးပွားရေးအထူးဇုန်များ၊ စက်မှုဇုန်များ တည်ဆောက်ရာ၌ စိုက်ပျိုးမြေများ တွင်ဆောင်ရွက်ခြင်း မရှိအောင် ထိန်းသိမ်းဆောင်ရွက်ရန်နှင့် စိုက်ပျိုးမြေများအား အခြားနည်းလမ်းများဖြင့် အသုံးမပြုနိုင်စေရန် ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ကျေးလက်ဒေသများဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်လက်တွန်းအားပေးဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း။

မြန်မာ့အားကစားများအား စနစ်ကျပြီး အဆင့်မီသည့် အားကစားများဖြစ်စေရန် ကြိုးပမ်းအားထုတ်၍ အာဆီယံပြိုင်ပွဲများနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ် ပြိုင်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အားပေးဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်စေရန်အတွက် နယ်စပ်ဂိတ် အားလုံးနီးပါးအား ဖွင့်လှစ်ခွင့်ပြုထားပေးပြီးဖြစ်ကြောင်း၊ တိုက်ပွဲရှောင်ပြည်သူများ နေရပ်ပြန်လည်နေထိုင်နိုင်ပြီး အာမခံချက်ရှိသည့်လူမှုစီးပွား ဘဝရရှိစေရန် ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ COVID-19 ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံနိုင်ရေး အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်စေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများမှတဆင့် သွေးထိုးဆောင်ရွက်နေသည်ကိုတွေ့ရှိရကြောင်း၊ မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး အငြိမ်းချမ်းဆုံးဖြစ်အောင် ထိန်းသိမ်းဆောင်ရွက် လျက်ရှိကြောင်း၊ မလေးရှားနိုင်ငံတွင်ရောက်ရှိပြီး ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံ သားများအား မိမိတို့နိုင်ငံသို့ ပြန်လည်ဝင်ရောက်နိုင်ရေး ဆောင်ရွက်ခဲ့ရာ ၁၀၈၇ ဦးအား တပ်မတော်ရေယာဉ်များဖြင့် ခေါ်ဆောင်ပေးနိုင်ခဲ့ပြီး ကျန်ရှိသူများအား ဆက်လက် ခေါ်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကဲ့သို့ပြည်ပနိုင်ငံသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ယူနိုင်ခဲ့ခြင်းသည် မိမိတို့ကောင်စီ၏ အောင်မြင်မှု တစ်ခုပင် ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။

 

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအစည္းအေဝးသို႔ တက္ေရာက္ အမွာစကားေျပာၾကား

ေနျပည္ေတာ္၊ မတ္ – ၁

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအစည္းအေဝး (၄/၂၀၂၁)ကို ယေန႔မြန္းလြဲပိုင္း တြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒႐ုံး အစည္းအေဝးခန္းမ၌ က်င္းပရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္အမွာစကားေျပာၾကားသည္။

အစည္းအေဝးသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒၊ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ေကာင္စီအဖြဲ႕ဝင္မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ မန္းၿငိမ္းေမာင္၊ ဦးသိန္းၫြန႔္၊ ဦးခင္ေမာင္ေဆြ၊ ေဒၚေအးႏုစိန္၊ Jeng Phang ေနာ္ေတာင္၊ ဦးေမာင္းဟာ၊ ဦးစိုင္းလုံဆိုင္ႏွင့္ ေစာဒန္နီယယ္၊ အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြးႏွင့္ တြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦးႏွင့္ ျပည္ထဲေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္ တို႔တက္ေရာက္ၾကသည္။

အစည္းအေဝး၌ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒က အမွာစကားေျပာၾကား ရာတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီမွ တာဝန္ယူခဲ့သည္မွာ တစ္လရွိၿပီျဖစ္ ေၾကာင္း၊ စတင္တာဝန္ယူသည့္ ပထမရက္သတၱပတ္အတြင္း တည္ၿငိမ္ေအးခ်မ္းခဲ့ေသာ္ လည္း ဒုတိယအပတ္မွစတင္၍ ဆူပူမႈ၊ ဆႏၵျပမႈမ်ားျဖစ္ေပၚခဲ့ေၾကာင္း၊ ထိုသို႔ဆႏၵျပမႈမ်ား မွာ ကိုဗစ္ကာလအၾကပ္အတည္း ထိန္းခ်ဳပ္မႈ၊ တစ္ျခားတစ္ဖက္ကလည္း ေ႐ြးေကာက္ပြဲ မဲမသမာမႈအေပၚယခုလိုေဆာင္႐ြက္ျခင္းေၾကာင့္ မခံမရပ္ႏိုင္သူမ်ားေၾကာင့္ ျဖစ္ပြားေနျခင္း ျဖစ္ေၾကာင္း၊ ဆူပူဆႏၵျပမႈျဖစ္စဥ္မ်ားအားလုံးကို ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားျဖင့္ အင္အား အနည္းဆုံးႏွင့္ အသက္သာဆုံးျဖစ္ေအာင္ ထိန္းသိမ္းေဆာင္႐ြက္ေနေၾကာင္း၊ ဒီမိုကေရစီ က်င့္စဥ္ႏွင့္အညီ ေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္း၊ အျခားႏိုင္ငံမ်ား၏ ကိုင္တြယ္ေျဖရွင္း မႈထက္ သက္ညႇာစြာ ေဆာင္႐ြက္လ်က္ရွိေၾကာင္း။

ရပ္ကြက္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးမ်ား အသစ္ျပန္လည္ ခန႔္အပ္ျခင္းႏွင့္ပတ္သက္၍ ၎တို႔၏သက္တမ္းမွာလည္း ဥပေဒအရလဲလွယ္ရမည့္အခ်ိန္ျဖစ္ေၾကာင္း၊ ယခုအခ်ိန္တြင္ ရပ္ကြက္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးမ်ား တာဝန္ေပးအပ္ရာတြင္ လက္မခံသည့္လုပ္ရပ္မ်ိဳး မ်ား လုပ္ေဆာင္ေနၾကသည္ကိုေတြ႕ရေၾကာင္း၊ ရပ္ကြက္၊ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးမ်ား တာဝန္ေပးအပ္ရာတြင္ အမ်ားၾကည္ညိဳေလးစားခံရၿပီး အတတ္ႏိုင္ဆုံး ပါတီႏိုင္ငံေရး ကင္းရွင္းသူမ်ားကိုသာ တာဝန္ေပးအပ္လိုေၾကာင္း၊ ပါတီႏိုင္ငံေရး အေရာင္အေသြးမကင္း သည့္အတြက္ ယခုလိုလက္မခံသည့္ ျဖစ္စဥ္မ်ိဳးမ်ား ျဖစ္ပြားလာျခင္းျဖစ္ေၾကာင္း၊ ဒီမိုကေရစီစနစ္တြင္ ႀကိဳက္ႏွစ္သက္သည္၊ မႀကိဳက္ႏွစ္သက္သည္ရွိႏိုင္ေၾကာင္း၊ ဒီမိုကေရစီ ရင့္က်က္သည့္ႏိုင္ငံမ်ားတြင္ စည္းကမ္းဥပေဒႏွင့္အညီ တာဝန္ေပးအပ္မႈကို လက္ခံၾက ပါေၾကာင္း၊ ရပ္ကြက္ေက်း႐ြာမ်ားႏွင့္ အနီးစပ္ဆုံးျဖစ္သည့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးတာဝန္ ရွိသူမ်ားသည္ ႏိုင္ငံေရးအေရာင္အေသြး ကင္းရွင္းရန္လိုအပ္ေၾကာင္း၊ ယင္းအတြက္ စိစစ္ေဆာင္႐ြက္မႈမ်ား ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီအေနျဖင့္ လုပ္ငန္းစဥ္(၅)ရပ္ ခ်မွတ္ထား ေၾကာင္း၊ စီးပြားေရးက႑တိုးတက္ေရးအတြက္ ကုန္ထုတ္လုပ္ငန္း တိုးတက္ေအာင္ ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ ထို႔အတြက္ တိုင္းေဒသႀကီး၊ ျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္ ေကာင္စီအဆင့္ဆင့္အေနျဖင့္ ေဒသအလိုက္ ကုန္ထုတ္လုပ္ငန္းမ်ားကို အားေပး ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားသည္ ကိုဗစ္ေရာဂါျဖစ္ပြား ထိခိုက္မႈနည္းႏိုင္ၿပီး ေငြျပန္ရလြယ္ကူသည့္ ေရာင္းကုန္လုပ္ငန္း ျဖစ္သည့္အတြက္ ေတာင္သူမ်ားကို စိုက္ပ်ိဳးေရးလုပ္ငန္း ႀကိဳးစားေဆာင္႐ြက္ေရး အားေပးရန္လိုေၾကာင္း၊ ႏိုင္ငံေရး၊ လႈမႈေရးႏွင့္ စီးပြားေရးဦးတည္ခ်က္မ်ားလည္းခ်မွတ္ေပးထားေၾကာင္း၊ လႈမႈေရး ဦးတည္ခ်က္တြင္ တစ္မ်ိဳးသားလုံးက်န္းမာႀကံ့ခိုင္ေရးဆိုသည့္ က်န္းမာေရးဦးတည္ခ်က္ ပါရွိေၾကာင္း၊ က်န္းမာေရးအေထာက္အကူျဖစ္ေစရန္အတြက္ တစ္ႏိုင္ငံလုံးအေနအထား ျဖင့္ ျပင္ပတြင္ကစားရသည့္ အားကစားပြဲမ်ားကို ျပန္လည္က်င္းပရန္လိုအပ္ေၾကာင္း၊ မိမိတို႔ ႏိုင္ငံ၏ အမ်ိဳးသားအားကစားတြင္ ျမန္မာ့သိုင္းအားကစားနည္းကို ထည့္သြင္းရန္လိုအပ္ ေၾကာင္း၊ ယင္းအားကစားနည္းမွာ အပိုပစၥည္းမလိုအပ္ဘဲ အားကစားျပဳလုပ္ႏိုင္သည့္ ကိုယ္ခံပညာ အားကစားနည္းျဖစ္ေၾကာင္း၊ သို႔ျဖစ္၍ မိမိတို႔႐ိုးရာအားကစားနည္းမ်ား ကိုလည္း အားေပးရန္လိုအပ္ေၾကာင္း။

CDM လႈပ္ရွားေဆာင္႐ြက္ထားသည့္ ဝန္ထမ္းမ်ားကိုလည္း အေရးယူေဆာင္႐ြက္ လ်က္ရွိေၾကာင္း၊ တာဝန္ထမ္းေဆာင္မႈမရွိဘဲ အေၾကာင္းအမ်ိဳးမ်ိဳးျပ၍ လစာထုတ္ ေနၾကသည္မ်ားကို ေတြ႕ရွိရေၾကာင္း၊ ဝန္ႀကီးဌာနမ်ားအလိုက္ စနစ္တက်စစ္ေဆး အေရးယူ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ဥပေဒႏွင့္မညီသည့္ အေၾကာင္းအရာ မ်ားႏွင့္ မိမိတို႔ႏိုင္ငံ၏ယဥ္ေက်းမႈႏွင့္ မေလ်ာ္ညီစြာ ဝတ္စားဆင္ထားသည့္ ဓာတ္ပုံမ်ား အထူးသျဖင့္လူမႈကြန္ရက္ မ်က္ႏွာစာမ်ားတြင္ အရွက္တရား၊ အေၾကာက္တရားမရွိ ဓာတ္ပုံမ်ားေဖာ္ျပေနမႈမ်ားရွိေၾကာင္း၊ ယင္းလုပ္ရပ္မွာ အမ်ားျပည္သူကို စိတ္ဓာတ္ပ်က္စီး ေအာင္ေဆာင္႐ြက္ေနျခင္းျဖစ္သျဖင့္ ဥပေဒႏွင့္အညီ ထိန္းသိမ္းေဆာင္႐ြက္သြားရန္ လိုေၾကာင္း။

COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ ေငြေၾကးသုံးစြဲမႈမ်ားႏွင့္ စပ္လ်ဥ္း၍ ဝန္ႀကီးဌာနအခ်ိဳ႕မွ စိစစ္ေတြ႕ရွိခ်က္မ်ားကို တင္ျပရာတြင္ COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးသုံးစြဲရန္ ႏိုင္ငံေတာ္ထည့္ဝင္ေငြႏွင့္ ျပည္သူလူထု လႉဒါန္း ေငြမ်ားကို အျခားမသက္ဆိုင္သည့္ ေနရာမ်ားတြင္ သုံးစြဲထားသည္ကို ေတြ႕ရေၾကာင္း၊ ယင္းသို႔သုံးစြဲမႈမွာ ဘီလီယံမ်ားစြာရွိေၾကာင္း၊ ေငြေၾကးအလြဲသုံးစားျပဳလုပ္မႈမ်ားကို သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားမွ စိစစ္ေဖာ္ထုတ္လွ်က္ရွိေၾကာင္းမွာၾကားသည္။

ယင္းေနာက္ ဒုတိယဥကၠ႒၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ေကာင္စီဝင္မ်ားျဖစ္ၾကသည့္ ဦးသိန္းၫြန႔္၊ မန္းၿငိမ္းေမာင္၊ ဦးခင္ေမာင္ေဆြ၊ Jeng Phang ေနာ္ေတာင္၊ ေဒၚေအးႏုစိန္၊ ေစာဒယ္နီရယ္၊ ဦးစိုင္းလုံးဆိုင္ႏွင့္ ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ တို႔က အသင္းအဖြဲ႕မ်ားသို႔ ဥပေဒႏွင့္မညီဘဲ ႏိုင္ငံျခားေငြမ်ားဝင္ေရာက္ေနမႈႏွင့္ ဆူပူ ဆႏၵျပမႈျဖစ္စဥ္မ်ား ေနာက္ကြယ္မွ လူႏွင့္ေငြေၾကးပံ့ပိုးေနမႈမ်ားအား အေရးယူ ေဆာင္႐ြက္ရန္ကိစၥ၊ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီအား ဥပေဒႏွင့္မညီ သည့္အတြက္အေရးယူေဆာင္႐ြက္ရန္ႏွင့္ ျပည္ပအဖြဲ႕အစည္းမ်ားမွ ေငြေၾကးေထာက္ပံ့ ေနသည့္ကိစၥ၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ မဲစာရင္းမ်ားအျမန္ဆုံး စစ္ေဆးထုတ္ျပန္သြားေရးကိစၥ၊ စက္႐ုံ၊ အလုပ္႐ုံလုပ္ငန္းမ်ား ျပန္လည္လည္ပတ္ႏိုင္ေရး လိုအပ္သည္မ်ား ကူညီေဆာင္႐ြက္ေပးရန္ကိစၥ၊ စိုက္ပ်ိဳးေမြးျမဴေရး ထြက္ကုန္မ်ား ႏိုင္ငံတကာသို႔ တင္ပို႔ႏိုင္ေရးကိစၥ၊ ႏိုင္ငံတကာတြင္ တာဝန္ထမ္းေဆာင္ေနသည့္ ျမန္မာ သံတမန္မ်ားအား ျပန္လည္စိစစ္ရန္ကိစၥ၊ လွ်ပ္စစ္ဓာတ္အား တိုးျမႇင့္ထုတ္လုပ္ေရးကိစၥ၊ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒ၊ ေ႐ြးေကာက္ပြဲဆိုင္ရာဥပေဒႏွင့္ လႊတ္ေတာ္ ဆိုင္ရာဥပေဒမ်ားအား ျပင္ဆင္ျဖည့္စြက္ေရးကိစၥ၊ လယ္ယာေျမသန္းေခါင္စာရင္း ေကာက္ယူေရးကိစၥ၊ ေက်း႐ြာကုန္ထုတ္လမ္းမ်ား ေဖာက္လုပ္ေပးေရးကိစၥ၊ ေဒသခံ ေတာင္သူမ်ား၏ စိုက္ပ်ိဳးေရးထြက္ကုန္ပစၥည္းမ်ား ျပည္ပတြင္ေဈးႏႈန္းမွန္ကန္စြာျဖင့္ တင္ပို႔ေရာင္းခ်ခြင့္ရရွိေရး ေဆာင္႐ြက္ေပးရန္ကိစၥ၊ ၿပီးခဲ့သည့္အစိုးရလက္ထက္က အဂတိလိုက္စားမႈမ်ားအား ေဖာ္ထုတ္အေရးယူရန္ကိစၥ၊ ျပည္သူ႔ေဆး႐ုံႀကီးအခ်ိဳ႕တြင္ တာဝန္ရွိသူမ်ားက ဆရာဝန္မ်ားႏွင့္ က်န္းမာေရးဝန္ထမ္းမ်ားအား ဥပေဒႏွင့္မညီဘဲ ခြင့္ေပးေနသည့္ကိစၥ၊ ဝန္ထမ္းမ်ား CDM လႈပ္ရွားမႈမ်ားကို ျပည္တြင္း၌ဦးေဆာင္ ေနသူမ်ားႏွင့္ ျပည္ပမွအႀကံေပးေနသူမ်ားအား ေဖာ္ထုတ္အေရးယူရန္ကိစၥ၊ တိုင္းေဒသႀကီး၊ ျပည္နယ္မ်ားတြင္ ဆူပူဆႏၵျပမႈအေျခအေနႏွင့္ ဥပေဒမဲ့လုပ္ရပ္မ်ားလုပ္ေဆာင္ေနမႈ အေျခအေန၊ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ ရပ္႐ြာေအးခ်မ္းသာယာၿပီး တရားဥပေဒ စိုးမိုးေရးအတြက္ေဆာင္႐ြက္ေနမႈအေျခအေန၊ တိုက္ပြဲေရွာင္ေဒသမ်ားတြင္ မိုင္းရွင္းလင္း ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ေနမႈအေျခအေနမ်ားႏွင့္ COVID-19 ေရာဂါ ကာကြယ္ေဆး ဆက္လက္ထိုးႏွံႏိုင္ေရးကိစၥရပ္မ်ားကို ရွင္းလင္းတင္ျပၾကသည္။

တင္ျပခ်က္မ်ားႏွင့္ စပ္လ်ဥ္း၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒က အသင္းအဖြဲ႕အခ်ိဳ႕အား လုပ္ငန္းမ်ားလည္ပတ္ေနမႈကို စည္းမ်ဥ္းစည္းကမ္းႏွင့္ညီ၊ မညီ၊ ျပည္ပအေထာက္အပံ့ႏိုင္ငံျခားေငြတရားဝင္ျခင္း ရွိ၊မရွိ စိစစ္ေဆာင္႐ြက္ လ်က္ရွိေၾကာင္း၊ တရားမဝင္ေဆာင္႐ြက္ေနသည့္ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳမႈေကာ္မတီကို အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ မဲမသမာမႈမ်ားႏွင့္စပ္လ်ဥ္း၍လည္း အသစ္ဖြဲ႕စည္း ထားသည့္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က စစ္ေဆးေဆာင္႐ြက္ေနေၾကာင္း၊ ျပည္ တြင္းခရီးသြားလုပ္ငန္းမ်ား၊ ဟိုတယ္လုပ္ငန္းမ်ားႏွင့္ စက္႐ုံ၊ အလုပ္႐ုံလုပ္ငန္းမ်ား ျပန္လည္လည္ပတ္ႏိုင္ေရး ထုတ္ျပန္ထားသည့္ COVID-19 ေရာဂါထိန္းခ်ဳပ္ေရး စည္းကမ္းခ်က္မ်ားႏွင့္အညီ ခြင့္ျပဳေပးၿပီးျဖစ္ေၾကာင္း၊ CDM လႈပ္ရွားမႈတြင္ပါဝင္ ေဆာင္႐ြက္ ေနသည့္ ဆရာဝန္ႀကီးမ်ား၊ ပါရဂူမ်ားႏွင့္ ဝန္ထမ္းမ်ားအား အေရးယူသြားရန္ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားသို႔ ၫြန္ၾကားထားၿပီးျဖစ္ေၾကာင္း၊ ဝန္ထမ္းအိမ္ရာႏွင့္ စီးပြားေရးအထူးဇုန္မ်ား၊ စက္မႈဇုန္မ်ား တည္ေဆာက္ရာ၌ စိုက္ပ်ိဳးေျမမ်ား တြင္ေဆာင္႐ြက္ျခင္း မရွိေအာင္ ထိန္းသိမ္းေဆာင္႐ြက္ရန္ႏွင့္ စိုက္ပ်ိဳးေျမမ်ားအား အျခားနည္းလမ္းမ်ားျဖင့္ အသုံးမျပဳႏိုင္ေစရန္ ၾကပ္မတ္ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ေက်းလက္ေဒသမ်ားဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္ ဆက္လက္တြန္းအားေပးေဆာင္႐ြက္ ေပးရမည္ျဖစ္ေၾကာင္း။

ျမန္မာ့အားကစားမ်ားအား စနစ္က်ၿပီး အဆင့္မီသည့္ အားကစားမ်ားျဖစ္ေစရန္ ႀကိဳးပမ္းအားထုတ္၍ အာဆီယံၿပိဳင္ပြဲမ်ားႏွင့္ ႏိုင္ငံတကာၿပိဳင္ပြဲမ်ားတြင္ ဝင္ေရာက္ယွဥ္ ၿပိဳင္ႏိုင္ရန္အတြက္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအလိုက္ အားေပးေဆာင္႐ြက္ သြားရမည္ျဖစ္ေၾကာင္း၊ ကုန္သြယ္မႈလုပ္ငန္းမ်ား တိုးတက္ေစရန္အတြက္ နယ္စပ္ဂိတ္ အားလုံးနီးပါးအား ဖြင့္လွစ္ခြင့္ျပဳထားေပးၿပီးျဖစ္ေၾကာင္း၊ တိုက္ပြဲေရွာင္ျပည္သူမ်ား ေနရပ္ျပန္လည္ေနထိုင္ႏိုင္ၿပီး အာမခံခ်က္ရွိသည့္လူမႈစီးပြား ဘဝရရွိေစရန္ ေဆာင္႐ြက္ ေပးရမည္ျဖစ္ေၾကာင္း၊ COVID-19 ေရာဂါကာကြယ္ေဆးမ်ား ဆက္လက္ထိုးႏွံႏိုင္ေရး အတြက္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ ဆူပူဆႏၵျပမႈမ်ား ျဖစ္ေပၚေစရန္အတြက္ လူမႈကြန္ရက္စာမ်က္ႏွာမ်ားမွတဆင့္ ေသြးထိုးေဆာင္႐ြက္ေနသည္ကိုေတြ႕ရွိရေၾကာင္း၊ မိမိတို႔အေနျဖင့္ အတတ္ႏိုင္ဆုံး အၿငိမ္းခ်မ္းဆုံးျဖစ္ေအာင္ ထိန္းသိမ္းေဆာင္႐ြက္ လ်က္ရွိေၾကာင္း၊ မေလးရွားႏိုင္ငံတြင္ေရာက္ရွိၿပီး ထိန္းသိမ္းခံထားရသည့္ ျမန္မာႏိုင္ငံ သားမ်ားအား မိမိတို႔ႏိုင္ငံသို႔ ျပန္လည္ဝင္ေရာက္ႏိုင္ေရး ေဆာင္႐ြက္ခဲ့ရာ ၁၀၈၇ ဦးအား တပ္မေတာ္ေရယာဥ္မ်ားျဖင့္ ေခၚေဆာင္ေပးႏိုင္ခဲ့ၿပီး က်န္ရွိသူမ်ားအား ဆက္လက္ ေခၚေဆာင္ႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ယခုကဲ့သို႔ျပည္ပႏိုင္ငံသို႔ေရာက္ရွိေနသည့္ ျမန္မာႏိုင္ငံသားမ်ားအား ျပန္လည္ေခၚယူႏိုင္ခဲ့ျခင္းသည္ မိမိတို႔ေကာင္စီ၏ ေအာင္ျမင္မႈ တစ္ခုပင္ ျဖစ္ေၾကာင္းျဖင့္ ေျပာၾကားခဲ့သည္။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။