တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi နှင့် တွေ့ဆုံဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi နှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် ဒီဇင်ဘာ ၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Mr. Wang Yi ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ရန်ကြီးအောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေး ဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Mr. Chen Hai နှင့်တာဝန်ရှိ သူများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် မိတ်ဆွေကောင်း၊ မိတ်ဆွေဟောင်း၊ မဟာဗျူဟာမိတ်ဖက်နိုင်ငံများဖြစ်ပြီး ညီရင်းအကိုစိတ်ဓာတ်ဖြင့် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များ၊ လာမည့် ၂၀၂၀ ပြည့်နှစ်တွင် နှစ်နိုင်ငံဆက်ဆံရေး သံတမန်နှစ် (၇၀)ပြည့်မြောက် မည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးပိုမိုတိုးမြင့်ခိုင်မာအောင် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နိုင်ငံတကာနှင့် မိတ်ဝတ်မပျက်ဆက်ဆံရေး၊ ဘက်မလိုက်ဘဲငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးစသော မြန်မာနိုင်ငံ၏နိုင်ငံခြားရေးမူဝါဒများအတိုင်း တပ်မတော်က အလေးထား လိုက်နာဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တပ်မတော်မှကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် တရုတ်နိုင်ငံအနေဖြင့် တပ်မတော်၏ ငြိမ်းချမ်းရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများတွင် ကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများအား ခင်မင်ရင်းနှီးစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သောအဖွဲ့ဝင်များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က Mercure Hotel တွင် ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံသည်။ နေ့လည်စာ သုံးဆောင်နေစဉ်အတွင်း မြန်မာ့ရိုးရာ ပတ္တလား၊ စောင်းတူရိယာများဖြင့် မြန်မာသံစဉ်တေးဂီတများကို ဖျော်ဖြေ ခဲ့ပြီး နေ့လည်စာသုံးဆောင်အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ႏိုင္ငံေတာ္ေကာင္စီဝင္ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီး Mr. Wang Yi ႏွင့္ ေတြ႕ဆုံေဆြးေႏြး

ေနျပည္ေတာ္ ဒီဇင္ဘာ ၈

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ႏိုင္ငံေတာ္ေကာင္စီဝင္ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးျဖစ္သူ Mr. Wang Yi ဦးေဆာင္ေသာကိုယ္စားလွယ္အဖြဲ႕ႏွင့္ ယေန႔နံနက္ပိုင္းတြင္ အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္၊ ရန္ႀကီးေအာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ ေတြ႕ဆုံသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္းႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ႏိုင္ငံေတာ္ေကာင္စီဝင္ႏွင့္ ႏိုင္ငံျခားေရး ဝန္ႀကီးႏွင့္အတူ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ႏိုင္ငံသံအမတ္ႀကီး Mr. Chen Hai ႏွင့္တာဝန္ရွိ သူမ်ားတက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ ျမန္မာႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံတို႔သည္ မိတ္ေဆြေကာင္း၊ မိတ္ေဆြေဟာင္း၊ မဟာဗ်ဴဟာမိတ္ဖက္ႏိုင္ငံမ်ားျဖစ္ၿပီး ညီရင္းအကိုစိတ္ဓာတ္ျဖင့္ ႏွစ္ႏိုင္ငံဆက္ဆံေရးတိုးတက္ေကာင္းမြန္ေအာင္ေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေန မ်ား၊ လာမည့္ ၂၀၂၀ ျပည့္ႏွစ္တြင္ ႏွစ္ႏိုင္ငံဆက္ဆံေရး သံတမန္ႏွစ္ (၇၀)ျပည့္ေျမာက္ မည္ျဖစ္ၿပီး ႏွစ္ႏိုင္ငံဆက္ဆံေရးပိုမိုတိုးျမင့္ခိုင္မာေအာင္ ေဆာင္႐ြက္ႏိုင္မည့္ အေျခအေနမ်ား၊ ႏိုင္ငံတကာႏွင့္ မိတ္ဝတ္မပ်က္ဆက္ဆံေရး၊ ဘက္မလိုက္ဘဲၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲ ေနထိုင္ေရးစေသာ ျမန္မာႏိုင္ငံ၏ႏိုင္ငံျခားေရးမူဝါဒမ်ားအတိုင္း တပ္မေတာ္က အေလးထား လိုက္နာေဆာင္႐ြက္လ်က္ရွိသည့္အေျခအေနမ်ား၊ ႏွစ္ႏိုင္ငံနယ္စပ္ေဒသ တည္ၿငိမ္ ေအးခ်မ္းေရးႏွင့္ ျမန္မာႏိုင္ငံ၏ ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ တပ္မေတာ္မွႀကိဳးပမ္း ေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေနမ်ားႏွင့္ တ႐ုတ္ႏိုင္ငံအေနျဖင့္ တပ္မေတာ္၏ ၿငိမ္းခ်မ္းေရးဆိုင္ရာ ႀကိဳးပမ္းေဆာင္႐ြက္မႈမ်ားတြင္ ကူညီေဆာင္႐ြက္ေပးလ်က္ရွိသည့္ အေျခအေနမ်ားအား ခင္မင္ရင္းႏွီးစြာ အျပန္အလွန္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ႏိုင္ငံေတာ္ေကာင္စီဝင္ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီး ဦးေဆာင္ေသာအဖြဲ႕ဝင္မ်ားအား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က Mercure Hotel တြင္ ဂုဏ္ျပဳေန႔လည္စာျဖင့္ တည္ခင္းဧည့္ခံသည္။ ေန႔လည္စာ သုံးေဆာင္ေနစဥ္အတြင္း ျမန္မာ့႐ိုးရာ ပတၱလား၊ ေစာင္းတူရိယာမ်ားျဖင့္ ျမန္မာသံစဥ္ေတးဂီတမ်ားကို ေဖ်ာ္ေျဖ ခဲ့ၿပီး ေန႔လည္စာသုံးေဆာင္အၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တ႐ုတ္ ျပည္သူ႔သမၼတႏိုင္ငံ၊ ႏိုင္ငံေတာ္ေကာင္စီဝင္ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးတို႔သည္ အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။