ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တပ်မေတော်(ကြည်း၊ရေ၊လေ)မိသားစုများနှင့် အလှူရှင်များစုပေါင်း၍ ဆေးရုံသုံးပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားကျင်းပ

ေနျပည္ေတာ္၊ စက္တင္ဘာ ၂၇

ရန္ကုန္ျပည္သူ႕ေဆး႐ုံႀကီးသုိ႔ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ားႏွင့္ အလွဴရွင္မ်ားစုေပါင္း၍ ေဆး႐ုံသုံးပစၥည္းမ်ား လွဴဒါန္းပြဲအခမ္းအနားအား ယေန႔နံနက္ပုိင္းတြင္ အဆုိပါေဆး႐ုံႀကီးရွိ သူနာျပဳခန္းမ၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္သက္ပုံ၊ ရန္ကုန္ျပည္သူ႕ေဆး႐ုံအုပ္ႀကီး ပါေမာကၡခ်ဳပ္ ေဒါက္တာရီရီျမင့္၊ ဌာနဆုိ္င္ရာတာ၀န္ရွိသူမ်ား၊ အလွဴရွင္မ်ား၊ ေဆး႐ုံမွ ဆရာ၀န္မ်ားႏွင့္ သူနာျပဳမ်ားတက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေဆး႐ုံသံုးပစၥည္းမ်ားလွဴဒါန္းျခင္းႏွင့္ ပတ္သက္၍ေျပာၾကားရာတြင္ ရန္ကုန္ျပည္သူ႕ေဆး႐ုံႀကီးတြင္ လူနာမ်ားျပားမႈေၾကာင့္ ေဆး႐ုံသုံးပစၥည္းမ်ား လုိအပ္ခ်က္မ်ားရွိေၾကာင္း သိရွိရသျဖင့္ ကုသမႈမ်ားအဆင္ေျပေစရန္အတြက္ ယခုကဲ့သုိ႔ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)မိသားစုမ်ားႏွင့္ အလွဴရွင္မ်ားစုေပါင္း လွဴဒါန္းျခင္းျဖစ္ေၾကာင္း၊ “အာေရာဂ်ံ ပရမံ လာဘံ” ဆုိသည့္အတုိင္းက်န္းမာျခင္းသည္ လာဘ္တစ္ပါးျဖစ္ၿပီး လူတုိင္းသည္က်န္းမာ၍ သက္တမ္းေစ့ေနလုိၾကေၾကာင္း၊ ထုိသုိ႔က်န္းမာေရး ေကာင္းမြန္ရန္အတြက္ တစ္ဦးခ်င္းအေပၚတြင္မူတည္သကဲ့သုိ႔ ပတ္၀န္းက်င္ေပၚ တြင္လည္းမ်ားစြာ မူတည္ေၾကာင္း၊ က်န္းမာေရးႏွင့္ပတ္သက္၍ ႀကိဳတင္ကာကြယ္ျခင္းႏွင့္ ကုသျခင္းမ်ားေဆာင္ရြက္ရေၾကာင္း၊ ထုိသုိ႔ေဆာင္ရြက္ရာတြင္ ကုသျခင္းအား ေကာင္းမြန္စြာကုသႏုိင္ရန္ အေရးႀကီးေၾကာင္း၊ “က်န္းမာမွအလုပ္လုပ္ႏုိင္မည္” “က်န္းမာမွ ပညာသင္ၾကားႏုိင္မည္” ဆုိသည္မွာ မိမိ၏ခံယူခ်က္ျဖစ္ၿပီး တပ္မေတာ္အေနျဖင့္ တပ္မေတာ္သားမ်ားႏွင့္ မိသားစု၀င္မ်ားသာမက ေဒသခံျပည္သူမ်ား၏ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ားကုိပါ ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ လူတုိင္းသည္က်န္းမာ၍ အသက္ရွည္စြာျဖင့္ ေအးေအးခ်မ္းခ်မ္း ေနထုိင္လုပ္ကုိင္စားေသာက္လုိၾကေသာေၾကာင့္ မိမိတုိ႔အေနျဖင့္တတ္ႏုိင္သမွ် ျဖည့္ဆည္း ေဆာင္ရြက္ေပးေနျခင္းျဖစ္ေၾကာင္း၊ ကုသမႈအတြက္ လုိအပ္သည့္ပစၥည္းမ်ားမွာ တန္ဖုိးမည္မွ်ရွိသည္ျဖစ္ေစ လူ႕အသက္ထက္တန္ဖုိးမရွိပါေၾကာင္း၊ ယခုကဲ့လွဴဒါန္းသည့္ပစၥည္းမ်ားသည္ ေရာဂါရွာေဖြေရးလုပ္ငန္းမ်ား အေပၚ တစ္ဖက္တစ္လမ္းမွ အေထာက္အကူျပဳႏုိင္မည္ျဖစ္ေၾကာင္း၊ ႏုိင္ငံေတာ္၏ လုိအပ္ခ်က္မ်ားအေပၚ တပ္မေတာ္မွ တတ္ႏုိင္သမွ် ျဖည့္ဆည္းေဆာင္ရြက္ေပးလ်က္ရွိၿပီး ျပည္သူ႕အက်ိဳးျပဳတပ္မေတာ္၊ တုိင္းျပည္အက်ိဳးျပဳ တပ္မေတာ္၊ ျပည္သူကအားကုိးရသည့္ တပ္မေတာ္ျဖစ္ေအာင္ ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ယခုလွဴဒါန္းပြဲသုိ႔ တက္ေရာက္လာၾကသည့္ အလွဴရွင္မ်ားႏွင့္ လွဴဒါန္းပြဲျဖစ္ေျမာက္ေအာင္ ေဆာင္ရြက္ေပးသူ မ်ားကုိလည္း ေက်းဇူးတင္ရွိပါေၾကာင္းေျပာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ မိသားစု၀င္မ်ားက ေဆး႐ုံအုပ္ႀကီးထံ ေဆး႐ုံသုံးပစၥည္းမ်ား လွဴဒါန္းၿပီး ေဆး႐ုံအုပ္ႀကီးကဂုဏ္ျပဳမွတ္တမ္းလႊာႏွင့္ အမွတ္တရ လက္ေဆာင္ပစၥည္း ျပန္လည္ေပးအပ္သည္။ ယင္းေနာက္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ားကုိယ္စား စစ္ေရးခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ဆန္းဦး၊ စစ္ဦးစီးအရာရွိခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ မိုးေအာင္၊ စစ္ဦးစီးအရာရွိခ်ဳပ္(ေလ)ဗုိလ္ခ်ဳပ္ ထြန္းေအာင္တုိ႔က ေဆး႐ုံသုံး ပစၥည္းမ်ားအားလည္းေကာင္း၊ အလွဴရွင္မ်ားျဖစ္ၾကသည့္ ဦးေအာင္မ်ိဳးဟိန္း Authentic Co. Ltd ၊ ဦးလွမ်ိဳး ေအာင္ျမင္သူကုမၸဏီ၊ ဦးေက်ာ္ဟိန္း ခ်မ္းဟိန္းကုမၸဏီႏွင့္ ၾကယ္နီလာကုမၸဏီမွ ေဒါက္တာထက္ေအာင္တုိ႔က ေဆး႐ုံသုံးပစၥည္းမ်ားအားလည္းေကာင္း အသီးသီးေပးအပ္လွဴဒါန္းၾကရာ ေဆး႐ုံအုပ္ႀကီးက လက္ခံရယူၿပီး ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ျပန္လည္ေပးအပ္သည္။

၎ေနာက္ ေဆး႐ုံအုပ္ႀကီးက ေက်းဇူးတင္စကားျပန္လည္ေျပာၾကားသည္။ အခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အခမ္းအနား တက္ေရာက္လာၾကသူမ်ားအား ရင္းရင္းႏွီးႏွီး ႏႈတ္ဆက္သည္။ ရန္ကုန္ျပည္သူ႕ေဆး႐ုံႀကီးတြင္ ေန႔စဥ္ပ်မ္းမွ် လူနာ ၁၆၀၀ ေက်ာ္ခန္႔ တက္ေရာက္ကုသမႈ ခံယူလ်က္ရွိၿပီး ယေန႔တြင္ တပ္မေတာ္(ၾကည္း၊ ေရ၊ေလ) မိသားစုမ်ားက အာဟာရျဖည့္ေန႔လယ္စာအား လွဴဒါန္းေကြၽးေမြးခဲ့သည္။ ယေန႔က်င္းပျပဳလုပ္သည့္ ရန္ကုန္ျပည္သူ႕ေဆး႐ုံႀကီးသုိ႔ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ားႏွင့္ အလွဴရွင္မ်ားစုေပါင္း၍ ေဆး႐ုံသုံးပစၥည္းမ်ား လွဴဒါန္းပြဲအခမ္းအနားတြင္ ေဆး႐ုံအတြက္ လုိအပ္သည့္ Suction Machine အေသး ၅ ခု၊ အႀကီး ၁၀ ခု၊ Trolley အခု ၃၀၊ Ambulance Structure ၁၀ ခု၊ Syring Pump ၁၀ ခု၊ ECG Machine (3 Channel) ၁၀ ခု၊ ECG Machine (1 Channel) ၁၀ ခု၊ Patient Transport Trolley ၁၀ ခု၊ စုစုေပါင္းပစၥည္း ၈ မ်ိဳး၊ အေရအတြက္ ၉၅ ခုတန္ဖုိးေငြစုစုေပါင္း က်ပ္သိန္း ၆၀၀ ေက်ာ္အား လွဴဒါန္းခဲ့သည္။

(Unicode Version)

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တပ်မေတော်(ကြည်း၊ရေ၊လေ)မိသားစုများနှင့် အလှူရှင်များစုပေါင်း၍ ဆေးရုံသုံးပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၂၇

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် အလှူရှင်များစုပေါင်း၍ ဆေးရုံသုံးပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံကြီးရှိ သူနာပြုခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ပါမောက္ခချုပ် ဒေါက်တာရီရီမြင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ၊ ဆေးရုံမှ ဆရာဝန်များနှင့် သူနာပြုများတက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆေးရုံသုံးပစ္စည်းများလှူဒါန်းခြင်းနှင့် ပတ်သက်၍ပြောကြားရာတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လူနာများပြားမှုကြောင့် ဆေးရုံသုံးပစ္စည်းများ လိုအပ်ချက်များရှိကြောင်း သိရှိရသဖြင့် ကုသမှုများအဆင်ပြေစေရန်အတွက် ယခုကဲ့သို့ တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများနှင့် အလှူရှင်များစုပေါင်း လှူဒါန်းခြင်းဖြစ်ကြောင်း၊ “အာရောဂျံ ပရမံ လာဘံ” ဆိုသည့်အတိုင်းကျန်းမာခြင်းသည် လာဘ်တစ်ပါးဖြစ်ပြီး လူတိုင်းသည်ကျန်းမာ၍ သက်တမ်းစေ့နေလိုကြကြောင်း၊ ထိုသို့ကျန်းမာရေး ကောင်းမွန်ရန်အတွက် တစ်ဦးချင်းအပေါ်တွင်မူတည်သကဲ့သို့ ပတ်ဝန်းကျင်ပေါ် တွင်လည်းများစွာ မူတည်ကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ခြင်းနှင့် ကုသခြင်းများဆောင်ရွက်ရကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကုသခြင်းအား ကောင်းမွန်စွာကုသနိုင်ရန် အရေးကြီးကြောင်း၊ “ကျန်းမာမှအလုပ်လုပ်နိုင်မည်” “ကျန်းမာမှ ပညာသင်ကြားနိုင်မည်” ဆိုသည်မှာ မိမိ၏ခံယူချက်ဖြစ်ပြီး တပ်မတော်အနေဖြင့် တပ်မတော်သားများနှင့် မိသားစုဝင်များသာမက ဒေသခံပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကိုပါ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူတိုင်းသည်ကျန်းမာ၍ အသက်ရှည်စွာဖြင့် အေးအေးချမ်းချမ်း နေထိုင်လုပ်ကိုင်စားသောက်လိုကြသောကြောင့် မိမိတို့အနေဖြင့်တတ်နိုင်သမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ကုသမှုအတွက် လိုအပ်သည့်ပစ္စည်းများမှာ တန်ဖိုးမည်မျှရှိသည်ဖြစ်စေ လူ့အသက်ထက်တန်ဖိုးမရှိပါကြောင်း၊ ယခုကဲ့လှူဒါန်းသည့်ပစ္စည်းများသည် ရောဂါရှာဖွေရေးလုပ်ငန်းများ အပေါ် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ လိုအပ်ချက်များအပေါ် တပ်မတော်မှ တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူ့အကျိုးပြုတပ်မတော်၊ တိုင်းပြည်အကျိုးပြု တပ်မတော်၊ ပြည်သူကအားကိုးရသည့် တပ်မတော်ဖြစ်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလှူဒါန်းပွဲသို့ တက်ရောက်လာကြသည့် အလှူရှင်များနှင့် လှူဒါန်းပွဲဖြစ်မြောက်အောင် ဆောင်ရွက်ပေးသူ များကိုလည်း ကျေးဇူးတင်ရှိပါကြောင်းပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ မိသားစုဝင်များက ဆေးရုံအုပ်ကြီးထံ ဆေးရုံသုံးပစ္စည်းများ လှူဒါန်းပြီး ဆေးရုံအုပ်ကြီးကဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင်ပစ္စည်း ပြန်လည်ပေးအပ်သည်။ ယင်းနောက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများကိုယ်စား စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ် မိုးအောင်၊ စစ်ဦးစီးအရာရှိချုပ်(လေ)ဗိုလ်ချုပ် ထွန်းအောင်တို့က ဆေးရုံသုံး ပစ္စည်းများအားလည်းကောင်း၊ အလှူရှင်များဖြစ်ကြသည့် ဦးအောင်မျိုးဟိန်း Authentic Co. Ltd ၊ ဦးလှမျိုး အောင်မြင်သူကုမ္ပဏီ၊ ဦးကျော်ဟိန်း ချမ်းဟိန်းကုမ္ပဏီနှင့် ကြယ်နီလာကုမ္ပဏီမှ ဒေါက်တာထက်အောင်တို့က ဆေးရုံသုံးပစ္စည်းများအားလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းကြရာ ဆေးရုံအုပ်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

၎င်းနောက် ဆေးရုံအုပ်ကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အခမ်းအနား တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် နေ့စဉ်ပျမ်းမျှ လူနာ ၁၆၀၀ ကျော်ခန့် တက်ရောက်ကုသမှု ခံယူလျက်ရှိပြီး ယနေ့တွင် တပ်မတော်(ကြည်း၊ ရေ၊လေ) မိသားစုများက အာဟာရဖြည့်နေ့လယ်စာအား လှူဒါန်းကျွေးမွေးခဲ့သည်။ ယနေ့ကျင်းပပြုလုပ်သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် အလှူရှင်များစုပေါင်း၍ ဆေးရုံသုံးပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားတွင် ဆေးရုံအတွက် လိုအပ်သည့် Suction Machine အသေး ၅ ခု၊ အကြီး ၁၀ ခု၊ Trolley အခု ၃၀၊ Ambulance Structure ၁၀ ခု၊ Syring Pump ၁၀ ခု၊ ECG Machine (3 Channel) ၁၀ ခု၊ ECG Machine (1 Channel) ၁၀ ခု၊ Patient Transport Trolley ၁၀ ခု၊ စုစုပေါင်းပစ္စည်း ၈ မျိုး၊ အရေအတွက် ၉၅ ခုတန်ဖိုးငွေစုစုပေါင်း ကျပ်သိန်း ၆၀၀ ကျော်အား လှူဒါန်းခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။