တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင် ကျင်းပပြုလုပ်မည့် Victory Day of Great Patriotic War (၇၅) နှစ်မြောက် အထိမ်းအမှတ်စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ရန်ထွက်ခွာ

နေပြည်တော်၊ ဇွန် ၂၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင် သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ် ရေးဝန်ကြီး Army General Sergei Kuzhugetovich Shoigu ၏ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် Great Patriotic War (1941-1945) အောင်နိုင်မှု (၇၅)နှစ်မြောက်အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့တက်ရောက်ရန် အတွက်ယနေ့နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)မှ အထူးလေယာဉ်ဖြင့် နေပြည်တော် တပ်မတော်လေဆိပ်မှ ထွက်ခွာသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ် အဖွဲ့အား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) တပ်မတော်အရာရှိကြီး များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Nikolay A. Listopadov ၊ စစ်သံမှူး Colonel Eduard OKLADNIKOV နှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြ သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ လိုက်ပါသွားကြကြောင်းနှင့် COVID-19 ရောဂါဖြစ်ပွားမှု ကြောင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာရန်အခက်အခဲ ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ မိသားစုဝင် ၁၉ ဦးကိုလည်း တစ်ပါ တည်းခေါ်ဆောင်သွားခဲ့သည်။

 

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႐ုရွားဖက္ဒေရးရွင္း ႏိုင္ငံတြင္ က်င္းပျပဳလုပ္မည့္ Victory Day of Great Patriotic War (၇၅) ႏွစ္ေျမာက္ အထိမ္းအမွတ္စစ္ေရးျပ အခမ္းအနားသို႔ တက္ေရာက္ရန္ထြက္ခြာ

ေနျပည္ေတာ္၊ ဇြန္ ၂၂

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ ေသာ ျမန္မာ့တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕သည္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ကာကြယ္ ေရးဝန္ႀကီး Army General Sergei Kuzhugetovich Shoigu ၏ဖိတ္ၾကားခ်က္အရ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံတြင္ က်င္းပျပဳလုပ္မည့္ Great Patriotic War (1941-1945) ေအာင္ႏိုင္မႈ (၇၅)ႏွစ္ေျမာက္အထိမ္းအမွတ္ စစ္ေရးျပ အခမ္းအနားသို႔တက္ေရာက္ရန္ အတြက္ယေန႔နံနက္ပိုင္းတြင္ အျပည္ျပည္ဆိုင္ရာျမန္မာေလေၾကာင္း(MAI)မွ အထူးေလယာဥ္ျဖင့္ ေနျပည္ေတာ္ တပ္မေတာ္ေလဆိပ္မွ ထြက္ခြာသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ကိုယ္စားလွယ္ အဖြဲ႕အား ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) တပ္မေတာ္အရာရွိႀကီး မ်ား၊ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး၊ ျမန္မာႏိုင္ငံဆိုင္ရာ ႐ုရွားဖက္ဒေရးရွင္း ႏိုင္ငံသံ႐ုံးမွ သံအမတ္ႀကီး H.E. Mr. Nikolay A. Listopadov ၊ စစ္သံမႉး Colonel Eduard OKLADNIKOV ႏွင့္ တာဝန္ရွိသူမ်ားက ေလဆိပ္၌ ပို႔ေဆာင္ႏႈတ္ဆက္ၾက သည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား လိုက္ပါသြားၾကေၾကာင္းႏွင့္ COVID-19 ေရာဂါျဖစ္ပြားမႈ ေၾကာင့္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံသို႔ ျပန္လည္ထြက္ခြာရန္အခက္အခဲ ျဖစ္ေပၚေနသည့္ ျမန္မာႏိုင္ငံဆိုင္ရာ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံသံ႐ုံးမွ မိသားစုဝင္ ၁၉ ဦးကိုလည္း တစ္ပါ တည္းေခၚေဆာင္သြားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။