နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လှိုင်သာယာမြို့နယ်၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် အနောက်ပိုင်းနည်းပညာတက္ကသိုလ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်    မေ   ၃၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်   ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊  လှိုင်သာယာမြို့နယ်၊  မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု  အခြေအနေများနှင့် အနောက်ပိုင်းနည်းပညာတက္ကသိုလ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

လှိုင်သာယာမြို့နယ်၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင် များသည် လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းမပေါ်ရှိ  ဘုရင့်နောင်တံတားအဆင်း အနီးယောအတွင်းဝန်ဦးဖိုးလှိုင်လမ်းထိပ်သို့ရောက်ရှိပြီး   လူသွားစင်္ကြံအသစ်  ခင်းကျင်းဆောင်ရွက်ထားရှိမှုနှင့် လမ်းဘေးဝဲယာ၌ ရေနုတ်မြောင်းအဆင့်မြှင့်တင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လှိုင်သာယာမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများအား    နုန်းများဆယ်တင်ခြင်းနှင့် ချောင်းဖြောင့်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ အချို့နေရာများ၌  ရေများစီးဆင်းမှုမရှိဘဲ  ပိတ်ဆို့လျက်ရှိသဖြင့် အလွယ်တကူစီးဆင်းသွားနိုင်မည့်ပုံစံနှင့် ရေမြောင်း level တို့ကို စနစ်တကျဖြင့် သုတေသနပြုဆောင်ရွက်သွားရန်လိုကြောင်း၊ ယခု ရန်ကုန်-ပုသိမ်လမ်းမကြီးသည် အသွားအလာများသည့် ပင်မလမ်းမကြီးဖြစ်သဖြင့်  လမ်းဘေး  ဝဲ၊  ယာ တစ်လျှောက် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ရေစီးရေလာကောင်းမွန်ရေးကို ဖော်ဆောင်ကာ  လှိုင်သာယာမြို့နယ်၏  သန့်ရှင်းသာယာလှပမှုနှင့် စည်းကမ်းစနစ်တကျရှိမှုတို့ကိုပြသ၍ ဂုဏ်ယူကြရန်လိုကြောင်းနှင့်အခြားလိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်  ရန်ကုန်-ပုသိမ်လမ်းမပေါ်ရှိ   ကနောင်မင်းသားကြီးလမ်းထိပ်နေရာ၌  တောင်ဘက်ခြမ်း၊ လမ်းဖြတ်ကူးတံတားဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လူသွားစင်္ကြံအသစ်ခင်းကျင်းထားရှိမှုအခြေအနေများ၊ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ  တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လူသွားစင်္ကြံခင်းကျင်းထားရှိမှုမှာ ကောင်းမွန်ပြီး လူသွားစင်္ကြံပေါ်၌တည်ရှိနေသည့် လျှပ်စစ်ဓာတ်အားပေးတိုင်များကိုစင်္ကြန်ဧရိယာပြင်ပသို့ရွှေ့ပြောင်းသွားရန်နှင့်  ရေနုတ်မြောင်းများအတွင်း ရေစီးရေလာကောင်းမွန်ရေးတို့အတွက် လိုအပ်သည်များကို  လမ်းညွှန်မှာကြားသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရန်ကုန်-ပုသိမ်လမ်းမအတိုင်း   ဆက်လက်ထွက်ခွာလာခဲ့ပြီး သောင်ကြားချောင်းတံတားနေရာသို့ရောက်ရှိကာ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားသည်။

ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်သို့ ရောက်ရှိကြပြီး တက္ကသိုလ်အဝင်လမ်းမကြီးနှင့် လူသွားစင်္ကြံ ခင်းကျင်းထားရှိမှုအခြေအနေများ၊ အဝင်လမ်းတစ်လျှောက် သစ်ပင်ပန်းမန်စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်   တက္ကသိုလ်ဆောင်ပတ်လမ်းအတိုင်း မော်တော်ယာဉ်များဖြင့်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပါမောက္ခချုပ် ဒေါက်တာကြည်စိုးနှင့် ဆရာ၊ ဆရာမများအားတွေ့ဆုံ၍ တက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင်ကြားလျက်ရှိမှုအခြေ အနေများကို မေးမြန်းသည်။ ၎င်းနောက် တက္ကသိုလ်ပါမောက္ခချုပ်နှင့် တာဝန်ရှိသူ များ၏ တက္ကသိုလ်ဆိုင်ရာတင်ပြချက်များတင်ပြမှုအပေါ် တက္ကသိုလ်၌တက်ရောက် သင်ကြားလျက်ရှိသည့်   ကျောင်းသား၊ ကျောင်းသူများ၏ သွားလာမှုအဆင်ပြေစေရေး၊ အိပ်ဆောင်များကောင်းမွန်မှုရှိစေရေးတို့ကို အလေးထားဆောင်ရွက်သွားရန်လိုကြောင်း၊ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်အနေဖြင့် လှိုင်သာယာမြို့နယ် ရေစီးရေလာကောင်းမွန်စေရေးနှင့်ပတ်သက်၍လည်း   သုတေသနပြုဆောင်ရွက်သွားရန်လိုပြီ မြို့ပြအင်ဂျင်နီယာဘွဲ့တန်းတက်ရောက်နေသော   နောက်ဆုံးနှစ်ကျောင်းသား၊ ကျောင်းသူများကိုအဖွဲ့များခွဲ၍ အပိုင်းအလိုက် သုတေသနပြုအဖြေရှာ ဆောင်ရွက် သွားရန်လိုကြောင်းနှင့် အခြား လိုအပ်သည်များကို မှာကြားခဲ့သည်။

လှိုင်သာယာမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားရှိမှု

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘုရင့်နောင်ပန်းခြံသို့ရောက်ရှိကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် လှိုင်သာယာမြို့နယ်အကွက်ချပုံစံငယ်အား ကြည့်ရှု၍ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ပန်းခြံရှင်းလင်းဆောင်ခန်းမတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မြို့တော်ဝန်တို့က လှိုင်သာယာမြို့နယ်သို့ရောက်ရှိစစ်ဆေးစဉ် မြို့ပြဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်ရန်လမ်းညွှန်ချက်များအား ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်လျက်ရှိမှု၊ လှိုင်သာယာမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေး အတွက် ဇလားပုံကွန်ကရိရေမြောင်းများ ဖောက်လုပ်ဆောင်ရွက်လျက်ရှိမှု၊ ရေမြောင်း များအတွင်း အမှိုက်များနှင့် ခြုံနွယ်များပိတ်ဆို့မှုမရှိစေရေး ရှင်းလင်းခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိမှု၊ ရန်ကုန်-ပုသိမ်လမ်းမကြီးတစ်လျှောက်ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်လျက်ရှိမှုနှင့် ရေထိန်းတံခါးများ တပ်ဆင်ထားရှိမှု၊ RC Box Culvert များ တည်ဆောက်လျက်ရှိမှု၊ ညောင်တုန်းလမ်းဝဲ/ယာ ရေစီး ရေလာကောင်းမွန်စေရေး  ဆောင်ရွက်လျက်ရှိမှု၊ ရွှေပြည်သာတံတားလမ်းဘေး ဝဲ/ယာ လှိုင်မြစ်ထွက်ပေါက် ရေမြောင်းများဆောက်လုပ်ထားရှိမှု၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်ဝင်းအတွင်း   ရေစီးရေလာကောင်းမွန်စေရေး  ရေနုတ်မြောင်းများတူးဖော်ဆောင်ရွက်ထားရှိမှု၊ ရန်ကုန်-ပုသိမ်လမ်းနှင့် ညောင်တုန်းလမ်း ဝဲ/ယာ၌ လူသွားစင်္ကြံ များပြုလုပ်လျက်ရှိမှု၊ လူကူးတံတားများတည်ဆောက်ပေးလျက်ရှိမှု၊  ရန်ကုန်အနောက်ပိုင်း  နည်းပညာတက္ကသိုလ်ပတ်လမ်းအား နိုင်လွန်ကတ္တရာခင်းကျင်းပြီးစီးမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

လှိုင်သာယာမြို့နယ် ဖွံဖြိုးတိုးတက်ရေးအတွက် မြို့ပြစီမံကိန်းတစ်ရပ်ကို စနစ်တကျရေးဆွဲဆောင်ရွက်သွားရန်လို

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က လှိုင်သာယာမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပရေး၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ၂၀၂၃ ခုနှစ်မှစတင်၍  ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း၊ ပြုပြင်ပြောင်းလဲမှုဆောင်ရွက်ခဲ့မှုများကို စနစ်တကျဖြင့် မှတ်တမ်းတင်ထားရှိ ရန်လိုကြောင်း၊ လှိုင်သာယာတွင် ရေစီးရေလာကောင်းမွန်ရေးသည် အဓိကဖြေရှင်း ဆောင်ရွက်ပေးရမည့်ကိစ္စတစ်ခုဖြစ်သဖြင့်အလေးထားဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့သာယာလှပရေးအတွက် ရေနုတ်မြောင်းများအတွင်း ရေစီးရေလာများကောင်းမွန် ရမည်ဖြစ်သကဲ့သို့ နေထိုင်ကြသူများအနေဖြင့်လည်း စည်းကမ်းတကျနေထိုင်ခြင်း၊ အမှိုက်စွန့်ပစ်ခြင်းတို့ကို ဆောင်ရွက်ကြရန်လိုကြောင်း၊ ရေစီးရေလာကောင်းမွန်မှုမရှိ ခြင်းကြောင်း ရေဆိုးရေညစ်များနှင့် ကျန်းမာရေးနှင့်ညီညွတ်မျှတမှုမရှိသည့် ပတ်ဝန်းကျင်ဖြစ်လာစေနိုင်ကြောင်း၊ ရေမြောင်းများတည်ဆောက်ရာတွင် ရေစီးဆင်းမှုပမာဏ ကို တွက်ချက်၍ စနစ်တကျတည်ဆောက်သွားရန်လိုကြောင်း၊ ရန်ကုန်-ပုသိမ်လမ်းနှင့် ညောင်တုန်းလမ်းတို့သည် လမ်းမကြီးများဖြစ်သဖြင့် ပြည်သူများ စနစ်တကျသွား ရောက်နိုင်ရေး လူသွားစင်္ကြံများကိုအဆင့်မီမီဆောင်ရွက်သွားရန်လိုကြောင်း၊ လူကူး တံတားများ  တည်ဆောက်ရာတွင်လည်း သတ်မှတ်ချက်များနှင့်အညီသာ ဆောက်လုပ် သွားရန်လိုကြောင်း၊ လူသွားစင်္ကြံများပေါ်၌ တည်ရှိနေသည့် လျှပ်စစ်ဓာတ်အားတိုင် များအား စနစ်တကျဖြင့် ကင်းလွတ်ရာသို့ ပြောင်းရွှေ့စိုက်ထူသွားရန်လိုကြောင်း။

မြို့နယ်သာယာလှပရေးအတွက် အမှိုက်သရိုက်စွန့်ပစ်မှုများ စနစ်တကျရှိစေရေး သက်ဆိုင်ရာစည်ပင်သာယာရေးဦးစီးဌာနအနေဖြင့် ဥပဒေနှင့်အညီ ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ လှိုင်သာယာမြို့နယ်ဖွံဖြိုးတိုးတက်ရေးအတွက် မြို့ပြစီမံကိန်းတစ်ရပ်ကို   စနစ်တကျရေးဆွဲဆောင်ရွက်သွားရန်လိုကြောင်း၊ လူနေထိုင် မှုများပြားသည့်မြို့နယ်တစ်ခုဖြစ်သဖြင့် လူဦးရေနှင့်ကိုက်ညီသည့် ဈေး၊ ကျောင်း၊ အုပ်ချုပ်မှုဌာနများ၊ အပန်းဖြေအားကစားကွင်းများကို စနစ်တကျထည့်သွင်းတည် ဆောက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့်  လှိုင်သာယာမြို့နယ်အတွက် Town Plan နှင့်  Developing Planတို့ကို စနစ်တကျရေးဆွဲအကောင်အထည်ဖော်သွားရန်လိုကြောင်း၊  လျှပ်စစ်မီးနှင့်ပတ်သက်၍လည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏အစီအစဉ်ဖြင့်နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်မီးထုတ်လုပ်မှုစီမံချက်များကို  ရေးဆွဲထားရှိရန်လိုကြောင်း၊ လှိုင်သာယာမြို့နယ်  ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုများသည် ယခုအခါတွင်တိုးတက်မှုများစွာရှိလာပြီဖြစ်ပြီး အားလုံးစနစ်တကျဖြင့် ဆက်လက်ဆောင်ရွက်သွားကြရန်လိုကြောင်း။

လှိုင်သာယာမြို့နယ်အတွင်းရှိ စက်ရုံအလုပ်ရုံများတွင်  နယ်မြေဒေသပေါင်းစုံမှ လာရောက် အလုပ်လုပ်ကိုင်ကြသူများ၏ နေထိုင်မှုလုံခြုံရေး၊ စားရေးအတွက် လိုအပ်သည့် အစားအသောက်များကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိရေးတို့ကိုလည်း ထည့်သွင်းစဉ်းစား၍ တတ်နိုင်သမျှဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြာင်း၊နေထိုင်သွားလာမှုများ စည်းကမ်းတကျဖြစ်စေရေးအတွက်လည်း  ထိန်းသိမ်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ SocialSecurity နှင့်ပတ်သက်၍လည်း ထည့်သွင်းစဉ်းစားဆောင် ရွက်ပေးကြရန်လိုကြောင်း၊ ယင်းတို့ကို မြို့နယ်နှင့်ခရိုင်အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင် ရာတာဝန်ရှိသူများအနေဖြင့် အနီးကပ်ကြပ်မတ်ကွပ်ကဲ၍ ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ညောင်တုန်းလမ်းအတိုင်း မော်တော်ယာဉ်များဖြင့်   လှည့်လည်၍ အောင်ဇေယျတံတားအနီး၌ တပင်ရွှေထီး လမ်းဖြတ်ကူးတံတား   တည်ဆောက်မှုလုပ်ငန်းခွင်သို့ရောက်ရှိကြပြီး  လုပ်ငန်းဆောင်ရွက်နေမှု   အခြေအနေများအား ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအတွင်း မော်တော်ယာဉ် များဖြင့် လှည့်လည်ကြည့်ရှု

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေပြည်သာမြို့နယ်၊  မင်္ဂလာဒုံမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ မြောက်ဒဂုံမြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ် များအတွင်း မော်တော်ယာဉ်များဖြင့်လှည့်လည်၍ လမ်းနယ်နိမိတ်များ စနစ်တကျရှိစေရေး၊လမ်းနယ်များတွင်ကျူးကျော်၍ ဈေးဆိုင်ခန်းများဖွင့်လှစ်ခြင်း၊  လူနေထိုင်ခြင်းများ မရှိစေရေး၊ လမ်းဘေး ဝဲ၊ ယာတစ်လျှောက်  ရေစီးရေလာကောင်းမွန်စေရေး၊  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ စနစ်တကျရှိစေရေးနှင့် သန့်ရှင်းသာယာလှပမှုရှိစေရေးတို့နှင့်ပတ်သက်၍ တာဝန်ရှိသူများကို လိုအပ်သည်များ   လမ်းညွှန်မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။