နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ်သမ္မတနိုင်ငံမှ ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ Buryatia ပြည်နယ်၊ Ulan-Ude မြို့သို့ရောက်ရှိ

နေပြည်တော်    ဇွန်    ၂၈

ဘယ်လာရုစ်သမ္မတနိုင်ငံ၊မင့်စ်မြို့၌ကျင်းပပြုလုပ်ခဲ့သည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေး ဖိုရမ်(EEF 2025)သို့တက်ရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ Buryatia  ပြည်နယ်၊ ပြည်နယ်အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov၏ ဖိတ်ကြားချက်အရ ယနေ့နံနက်ပိုင်းတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့၊ အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊  Buryatia ပြည်နယ်၊ Ulan-Ude မြို့သို့ ဆက်လက် ထွက်ခွာသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား မင့်စ်မြို့၊အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ် Mr. Yuri Shuleiko နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး(၁) Mr. Lukashevich Sergey Vladimirovich၊ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန်ချုပ် ဦးမိုးကျော်သူနှင့်တာဝန်ရှိသူများက   ပို့ဆောင်နှုတ်ဆက်ကြသည်။

ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည်  ညနေပိုင်း တွင်  Buryatia  ပြည်နယ်၊ Ulan-Ude မြို့၊ Baikal အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာပြည်နယ်အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov နှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက ရိုးရာဓလေ့ထုံးတမ်းစဉ်လာများနှင့်အညီ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။