နေပြည်တော် ဇူလိုင် ၁၂
နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရေဆင်းဆည်အတွင်း ငါးသယံ ဇာတ များတိုးပွားစေရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများက ၂၀၂၅ ခုနှစ်၊ မိုးရာသီ ငါးမျိုးများစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ ငါးမျိုးများအား ဦးဆောင်စိုက်ထည့်ပေးသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ရှိ ရုံးဌာနအသီးသီးမှ အရာရှိ၊ စစ်သည်များနှင့်မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့က ရေဆင်းဆည်အတွင်းသို့ငါးမျိုးများအား ဦးဆောင်စိုက်ထည့်ပေးကြသည်။ ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အခမ်းအနား တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများက ငါးမျိုးများကိုရေဆင်းဆည် အတွင်း စိုက်ထည့်ပေးကြသည်။ ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည် မိသားစုများ၏ ငါးမျိုးစိုက်ထည့်ပေးနေမှုအား လိုက်လံကြည့်ရှုအားပေးကြသည်။
ယနေ့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊လေ) မိသားစုများ၏ ၂၀၂၅ ခုနှစ်၊ မိုးရာသီ ငါးမျိုးများစိုက်ထည့်ခြင်း အခမ်းအနားတွင် ၂ လက်မအရွယ် ရွှေဝါငါးချင်းကောင်ရေ ၅၀၀၀ ၊ ငါးမြစ်ချင်းကောင်ရေ ၄၅၀၀၀ ၊ ငါးခုံးမကြီးကောင်ရေ ၅၀၀၀၀ ၊ စုစုပေါင်း ငါးမျိုးကောင်ရေ ၁၀၀၀၀၀ ကို စိုက်ထည့်ပေးနိုင်ခဲ့ပြီး ရေဆင်းဆည်အတွင်း သို့ ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအထိ ၁၀ ကြိမ်နှင့် ယခုအကြိမ်အပါအဝင် ၁၁ ကြိမ်တွင် စုစုပေါင်း ငါးမျိုးကောင်ရေ ၈၈၅၇၀၀ ကောင်ကို ငါးမျိုးများစိုက်ထည့်ပေးနိုင်ခဲ့သည်။