နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  ဂျောင်ဝိုင်းလွန်းကျင်းလုပ်ငန်းပြန်လည်ဆောင်ရွက်နေသည့်အခြေအနေများအား  သွားရောက်ကြည့်ရှု စစ်ဆေး

နေပြည်တော်  ဇူလိုင် ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်း ဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဂျောင်ဝိုင်းကျေးရွာရှိ ဂျောင်ဝိုင်းလွန်းကျင်းလုပ်ငန်းပြန်လည် ဆောင်ရွက် နေသည့်အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်ဂျောင်ဝိုင်း လွန်းကျင်းသို့ရောက်ရှိကြရာတာဝန်ရှိသူတစ်ဦးက ဂျောင်ဝိုင်းလွန်းကျင်းဆိုင်ရာ အချက်အလက်များ၊ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် လွန်းကျင်းသမိုင်းအကျဉ်းတို့ကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကလိုအပ်သည်များ လမ်းညွှန် မှာကြား သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်လွန်းကျင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ်လွန်းကျင်းလုပ်ငန်းများပိုမိုတိုးတက်ဆောင်ရွက်နိုင်ရေး၊ လွန်းကျင်းအား ခေတ်နှင့်လျော်ညီစွာ ပြန်လည်ပြုပြင်ခြင်း၊ စက်ကိရိယာများထပ်မံဖြည့်သွင်းခြင်းတို့ကိုဆောင်ရွက်၍အကျိုးရှိအောင်ဆက်လက်ဆောင်ရွက် သွားနိုင်ရေး၊ သန့်ရှင်းသပ်ရပ်မှုနှင့်ထိန်းသိမ်းမှုများစနစ်တကျဖြစ်စေရေးတို့နှင့် ပတ်သက်၍ လိုအပ်သည် များ  လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ ဂျောင်ဝိုင်းလွန်းကျင်းကို ၁၉၈၁-၁၉၈၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် ရေလုံလွန်းကျင်းအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၁၉၉၅ ခုနှစ်မှ ၁၉၉၉ ခုနှစ်အတွင်း ရေယာဉ် အစင်းရေ ၄၉ စင်းကိုလွန်းတင်ခြင်းလုပ်ငန်းများ  ဆောင်ရွက်နိုင်ခဲ့ပြီးလုပ်ငန်းဆောင်ရွက်မှုများရပ်တန့်ခဲ့ကြောင်း၊ဂျောင်ဝိုင်းရေလုံလွန်းကျင်းသည်သက်တမ်းကြာမြင့်ပြီဖြစ်ပြီး လုပ်ငန်း ဆောင်ရွက်မှုမရှိခြင်းကြောင့်လုပ်ငန်းရပ်နားချိန်ကြာမြင့်ပါကပျက်စီးဆုံးရှုံးမှုများပိုမိုများလာနိုင်သဖြင့်နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အရ  လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နေခြင်းဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။