၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဇူလိုင်လ ၁၉ ရက် နံနက် ၈ နာရီတွင် ရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဂါရဝပြုသည်။
၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့တက်ရောက် ဂါရဝပြုခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံပိုင်မီဒီယာများက အာဇာနည်နေ့အခမ်းအနားနှင့်စပ်လျဉ်း၍ တွေ့ဆုံမေးမြန်း ခဲ့ရာ နိုင်ငံတော်အကြီးအကဲ၏ ပြန်လည်ဖြေကြားမှုများကို အောက်ပါအတိုင်းဖော်ပြအပ်ပါသည်။
“ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့အတွက် ကြိုးစားသွားတယ်၊ လွတ်လပ်ရေးရပြီးတဲ့အချိန်မှာလည်း မြန်မာနိုင်ငံကို ကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်တဲ့နိုင်ငံ တစ်ခုအဖြစ် သွားနိုင်ဖို့ ဗိုလ်ချုပ်မျှော်မှန်းခဲ့တယ်ဆိုတာ ဗိုလ်ချုပ်ရဲ့ပြောကြားချက်တွေမှာ အများကြီးပါပါတယ်။ ဒါကို ကျွန်တော်တို့လက်ရှိရှိနေတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံး ဝိုင်းဝန်းကြိုးစားရမှာဖြစ် ပါတယ်။ ဝိုင်းဝန်းကြိုးစားတဲ့အခါမှာလည်း အားလုံးညီညီညွတ်ညွတ်နဲ့ တိုင်းပြည်ကို တကယ် ကောင်းအောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့လုပ်ကြတာကောင်းပါတယ်။ ဗိုလ်ချုပ်တို့ကအသက်စွန့်ပြီးတော့ အသက်ပေးပြီးတော့လုပ်သွားကြတာပါ။ ဒါ့အပြင် တိုင်းပြည်ရဲ့တန်ဖိုးက လွတ်လပ်ရေးပါ၊ နောက်တစ်ခါ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒါတွေရှိတယ်။ သို့သော်လည်း စည်းနဲ့ကမ်းနဲ့ ဖြစ်တဲ့စနစ်မျိုး တော့ဖြစ်ဖို့လိုပါတယ်။ ဒီလိုမဟုတ်ဘဲ စည်းမဲ့ကမ်းမဲ့လုပ်မယ်ဆိုရင် တိုင်းပြည်အတွက် အန္တရာယ် လည်းရှိပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်မျှော်မှန်းခဲ့တဲ့လမ်းကြောင်းအတိုင်းပဲ တိုင်းသူပြည်သားအားလုံး တိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့လုပ် ကိုင်သွားကြဖို့ လိုပါတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။”