နေပြည်တော် ဩဂုတ် ၁၈
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်မကွေးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များအား ယနေ့ နံနက်ပိုင်းတွင် မကွေးမြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးခင်မောင်ရီနှင့် ဒေါက်တာချာလီသန်း၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု အခြေအနေများအား တစ်ဦးချင်းတင်ပြဆွေးနွေး
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံများနှင့် အခြားသီးနှံများ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေး ဘဏ္ဍာရေးနှစ်အလိုက် နေရောင်ခြည်စွမ်းအင်သုံးမြစ်ရေတင်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ တိုင်းဒေသကြီးအတွင်း စိမ်းလန်းစိုပြည်စေရေးနှင့် အပူဒဏ်ကာကွယ်နိုင်ရေးအတွက်အရိပ်ရလေကာပင်များစိုက်ပျိုးခြင်းနှင့်စေတီပုထိုးများတည်ထားကိုးကွယ်ရန်အတွက်စီမံဆောင်ရွက်လျက်ရှိမှု၊ ချောက်မြို့နယ်အတွင်း အပူဒဏ်လျှော့ချနိုင်ရန်အတွက် ကြီးမြန်သစ်ပင်များ စိုက်ပျိုးဆောင်ရွက်ထားရှိမှု၊အခြေခံပညာကျောင်းများ၌ စာကြည့်တိုက်များ ဖွင့်လှစ်ပေးလျက်ရှိမှု၊ တိုင်းဒေသကြီးအတွင်း ပညာရည်မြင့်မားစေရေးဆောင်ရွက်လျက်ရှိမှုနှင့် ကျန်းမာရေးကဏ္ဍမြှင့်တင်ရေးဆောင်ရွက်ပေးလျက်ရှိမှု၊ဒေသတွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ သောက်သုံးရေများရေလုံလောက်စွာရရှိရေးအတွက် မြစ်ရေတင်လုပ်ငန်းများဆောင်ရွက်ပေးခြင်းနှင့်မြေအောက်တမံများ ဆောက်လုပ်ပေးမှုကြောင့် ရေလုံလောက်စွာရရှိသည့်အပြင် စိမ်းလန်းစိုပြည်ရေးအတွက် အထောက်အကူပြုလျက်ရှိမှု၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ မကွေးတိုင်းဒေသကြီး အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊ ယခုနှစ်မိုးရာသီအတွင်း မိုးကောင်းစွာရွာသွန်းမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းများကို ဖြစ်ထွန်းအောင်မြင်အောင်ဆောင်ရွက်နိုင်မှု၊ တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေးဆောင်ရွက်နိုင်မှုနှင့် ပိုမိုတိုးတက်အောင် ဆောင်ရွက်လျက်ရှိမှု၊ မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး မွေးမြူရေးဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ ဒေသတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှထွက်ရှိသည့် ကုန်ကြမ်းများဖြင့် ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်ရင်းနှီးမြှုပ်နှံငွေများထုတ်ချေးပေးလျက်ရှိမှုနှင့် MSME ထုတ်ကုန်ပြပွဲများ ကျင်းပဆောင်ရွက်ပေးလျက်ရှိမှု၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိမှုအခြေအနေ များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် မကွေးမြို့ရှိ မြို့မိမြို့ဖများနှင့် တိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းရှင်များက ဧရာဝတီမြစ်ကြောင်းအတွင်း မကွေးဘက်ခြမ်း၌ ရာသီမရွေး ကုန်တင်ကုန်ချပြုလုပ်နိုင်သည့် သင်္ဘောဆိပ်ခံတစ်ခု တည်ဆောက်ပေးစေလိုမှု၊ မကွေးမြို့နှင့် ဆက်သွယ်ထားသည့် မော်တော်ကားလမ်းများအဆင့်မြှင့်တင်ပေးစေလိုမှု၊ ဝါစိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရေးနှင့် အဆင့်မီသည့် ချည်ထည်များ ထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံတော်မှချည်မျှင်စက်ရုံများအား အဆင့်မြှင့်တင်ပေးစေလိုမှု၊ မကွေးတိုင်းဒေသကြီးအတွင်းမှထွက်ရှိသည့် မီးဖိုချောင်သုံး စိုက်ပျိုးသီးနှံတစ်ခုဖြစ်သည့် ကြက်သွန်နီအား ဈေးကွက်ရရှိရေး ကူညီဆောင်ရွက်ပေးစေလိုမှု၊ဒေသအတွင်းစိုက်ပျိုးရန်အတွက် ပြည်ပမှအာလူးမျိုးကောင်းမျိုးသန့်များရရှိနိုင်ရေး ဆောင်ရွက်ပေးစေလိုမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ဖြည့်စွက်ဆွေးနွေး
တင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မြေအောက်တမံများဆောက်လုပ်ခြင်းကြောင့် ရေလုံလောက်စွာရရှိနိုင်ပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်မှုကိုအထောက်အကူပြုနိုင်သဖြင့် ဆက်လက်၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ ယာဉ်များသွားလာမှု အဆင်ပြေချောမွေ့စေရေး လမ်းများအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအားသတ်မှတ်ထားသည့်စည်းမျဉ်း စည်းကမ်းများနှင့်အညီဖြစ်စေရေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊အဆင့်မြင့်ချည်များထုတ်လုပ်နိုင်ရန်အတွက် ချည်မျှင်ရှည်ဝါများ စိုက်ပျိုးထုတ်လုပ်နိုင်ရန်လိုကြောင်း၊ MSME လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဒေသတွင်းမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ထို့ကြောင့် မကွေးတိုင်းဒေသကြီးအတွင်း ချည်ထည်များထုတ်လုပ်နိုင်ရေး ဝါကုန်ကြမ်းကို ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ပြည်တွင်းမှထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များအား ပြည်ပသို့တင်ပို့ခွင့်များ အား ပြည်တွင်းစားသုံးမှုများကို မထိခိုက်ပါက တင်ပို့ခွင့်ပြုထားကြောင်းဖြင့် ဖြည့်စွက်ဆွေးနွေးပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးခင်မောင်ရီ နှင့် ဒေါက်တာချာလီသန်းတို့က ဝန်ကြီးဌာနအလိုက် လုပ်ငန်းများအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ဒေသအလိုက်ထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များ ထိုက်သင့်သည့်ဈေးနှုန်းများရရှိရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ ပြည်ပမှအာလူး မျိုးကောင်းမျိုးသန့်များရရှိစေရေး ဆောင်ရွက်လျက်ရှိမှု၊အဆင့်မြင့်ချည်ထည်များထုတ်လုပ်နိုင်ရေး ချည်မျှင်ရှည်ဝါများစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုဖြစ်ထွန်းအောင်မြင်စေရေးအတွက်မြစ်ရေတင်လုပ်ငန်းများဖြင့် ရေပေးဝေရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိမှု၊ မင်းဘူးဒေသနှင့် အခြားဒေသများတွင် စပျစ်စိုက်ပျိုးခြင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိသဖြင့် အနာဂတ်ကာလတွင် ပြည်ပသို့တင်ပို့နိုင်ရန်အတွက် ဝိုင်စပျစ်စိုက်ပျိုးခြင်းလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားရန်လိုအပ်မှု၊မကွေးတိုင်းဒေသကြီးအတွင်းသဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောသစ်ပင်များစိုက်ပျိုးခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိမှု၊ နိုင်ငံတော်အနေဖြင့် အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြည်စေရေးအတွက်သစ်ပင်သစ်တောများစိုက်ပျိုးထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိမှု၊ မီးခိုမြူငွေ့များလျှော့ချရေးအတွက် ပါဝင်ဆောင်ရွက်ပေးစေလိုမှု၊ အဆင့်မြင့်ချည်ထည်များထုတ်လုပ်နိုင်ရေး ချည်မျှင်ရှည်ဝါများ စိုက်ပျိုးထုတ်လုပ်နိုင်ရန်လိုအပ်မှုနှင့် အခြားစက်ပစ္စည်းများနှင့် ငွေကြေးများလိုအပ်လျက်ရှိမှု၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြသည်။
လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး၊ မသမာမှုကင်းရှင်းသည့် ရွေးကောက်ပွဲ ဖြစ်စေရေး ဆောင်ရွက်
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မိမိအနေဖြင့်မကွေးမြို့သို့မကြာခဏ ရောက်ရှိခဲ့ပြီး မိမိတို့အနေဖြင့်နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့ရမှုနှင့်ရှေ့လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိမှုအခြေအနေ များကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ရှေ့လုပ်ငန်းစဉ်၏ နောက်ဆုံးအချက်ဖြစ်သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်း ကျနမှန်ကန်မှုရှိသည့်အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအားနိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု ဖော်ပြပါရှိပြီးကြောင်း၊ မိမိတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပွားခဲ့ပြီး တရားဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးမှု မရှိခြင်းကြောင့် နိုင်ငံတော်အားအရေးပေါ်အခြေအနေကြေညာပြီးနိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ မဲစာရင်းများကို ပြန်လည်စိစစ်ခဲ့ချိန်တွင်လည်း မဲစာရင်းများမှားယွင်းမှုများကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း။
ယခုကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ မှန်ကန်စွာရရှိစေရေးနှင့် မှားယွင်းမှုမရှိစေရေး ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းအား အတိုင်းအတာတစ်ခုအထိ အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း။
တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တပ်မတော်သားများသည် ပြည်သူများမှပေါက်ဖွားလာကြသူများဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းရန်အတွက် သဘောတူညီမှုရှိပြီးဖြစ်ကြောင်း၊ ယခုနှစ်ဒီဇင်ဘာလအတွင်း လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း။
ရွေးကောက်ပွဲကျင်းပပြီးချိန်တွင် တိုင်းရင်းသားများနှင့် လူထုလူတန်းစားအလွှာများကို ကိုယ်စားပြုသူများ လွှတ်တော်အတွင်း ကျယ်ကျယ်ပြန့်ပြန့်ပါဝင်လာစေရေးအတွက် ယခုကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကို FPTP စနစ်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကို ရောနှောထားသော ကိုယ်စားလှယ် အချိုးကျစနစ်(MMP- Mixed Member Proportion System)ကို အသုံးပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ရွေးကောက်ပွဲပြုလုပ်ရန် အတွက် ပြည်ပနိုင်ငံများမှလည်း ထောက်ခံ
အားပေးမှုများရှိကြောင်း။
ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်တွင် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး၊ မသမာမှုကင်းရှင်းသည့် ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များ ဖြင့်မဲပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အခြားနိုင်ငံတကာတွင်လည်း အဆိုပါစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းလိုပါက ရွေးကောက်ပွဲများကျင်းပချိန်တွင် ဆန္ဒမဲများပေးကြရန်လိုကြောင်း၊ ထိုသို့ဆန္ဒမဲပေးရာတွင်လည်း ဒေသနှင့် နိုင်ငံအတွက် အမှန်တကယ်အကျိုးပြုနိုင်သည့် ကိုယ်စား လှယ်လောင်းများကို ရွေးချယ်ဆောင်ရွက်ကြရန်လိုကြောင်း။
သိက္ခာရှိသည့်ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် လွှတ်တော်ဖြစ်စေရေး ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲများပေးနိုင်ရေး နိုင်ငံတော်မှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ရွေးကောက်ပွဲအားဖြစ်နိုင်ပါက တစ်ကြိမ်တည်းကျင်းပပြုလုပ်ရန်ဟု ဖော်ပြပါရှိကြောင်း၊ သို့သော်မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေအရ အချို့ဒေသများတွင် တည်ငြိမ် အေးချမ်းမှုများမရှိသေးကြောင်း၊ အလားတူ အကြောင်းအမျိုးမျိုးကြောင့် ခေတ္တပြောင်းရွှေ့နေထိုင်နေရလျက်ရှိသည့် မဲဆန္ဒရှင်များနှင့် ပြည်ပသို့ရောက်ရှိနေသည့် မဲဆန္ဒရှင် ပြည်သူများကိုလည်း ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆင့်လိုက် ကျင်းပသွားမည်ဖြစ်ကြောင်း၊ထိုသို့ကျင်းပပြုလုပ်ရာတွင် မဲမသမာမှုများမဖြစ်ပေါ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်
မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးကိုဆောင်ရွက်သည့် နိုင်ငံတစ်ခုဖြစ်သည့်အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရှေးယခင်ကတည်းက စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများ အားနည်းချက်များရှိခြင်းကြောင့် ပို့ကုန်များ အားနည်းချက်ရှိခဲ့ပြီး သယံဇာတပစ္စည်းများကိုသာထုတ်ယူသုံးစွဲခြင်းများ ပိုမိုများပြားခဲ့သည် ကိုတွေ့ရကြောင်း၊ သစ်တောသယံဇာတများ ထုတ်ယူသုံးစွဲမှုများပြားခဲ့ပြီး ပြန်လည်စိုက်ပျိုးထိန်းသိမ်းမှုများ အားနည်းခဲ့သည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် မြေပေါ် သယံဇာတဖြစ်သည့် သစ်ပင်သစ်တောများအား ပြန်လည်စိုက်ပျိုးထိန်းသိမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း။
နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အားပေးဆောင်ရွက်သွားရန်လိုကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း ဝါစိုက်ပျိုး ထုတ်လုပ်မှုများ လျော့နည်းလာသည်ကိုတွေ့ရကြောင်း၊ မကွေးတိုင်းဒေသကြီးသည် ဝါကို အဓိကစိုက်ပျိုးသည့်ဒေသဖြစ်ကြောင်း၊ထို့ကြောင့် မကွေးတိုင်းဒေသကြီးအတွင်း ဝါစိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက်ပြီး ဝါကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းကို စံပြအဖြစ် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ လူအများ၏နေ့စဉ်ဘဝတွင် စားဝတ်နေရေးသည်လိုအပ်ကြောင်း၊ ဝတ်ရေးနှင့်ပတ်သက်၍ အခြေခံလိုအပ်ချက် ရှိပြီးဖြစ်သဖြင့် ဝါစိုက်ပျိုးထုတ်လုပ်မှုကို တိုးတက်အောင်ဆောင်ရွက်ပြီး ချည်ထည်များကို ထုတ်လုပ်နိုင်မည်ဆိုပါက ဒေသအတွက် များစွာအကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့်ပတ်သက်၍ ကိန်းဂဏန်းများမှန်ကန်မှုရှိစေရေး ဆောင်ရွက်သွားရန်လိုကြောင်း။
မကွေးတိုင်းဒေသကြီးအတွင်း ဆန်ဖူလုံမှုအနေဖြင့် လက်ရှိစပါးအထွက်နှုန်းများအရ ဆန်ဖူလုံမှုများတိုးတက်ကောင်းမွန်လာသည်ကိုတွေ့ရပြီး ဆက်လက်၍ တိုးတက်အောင်ဆောင်ရွက်သွားကြစေလိုကြောင်း၊ အလားတူဒေသအတွင်းစားရေးကို အထောက်အကူဖြစ်စေရေန်အတွက် ဒေသနှင့်ကိုက်ညီသည့် ကြက်၊ ဝက်၊ ဆိတ်၊ သိုး၊ နွားများကိုလည်း မွေးမြူဆောင်ရွက်သွားကြရန်လိုကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံတော်မှ သတ်မှတ်ထားသည့် တစ်ဧကပန်းတိုင်ရည်မှန်းချက်များ အတိုင်း ထွက်ရှိအောင်ဆောင်ရွက်သွားမည်ဆိုပါက ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုများစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် စိုက်ပျိုးရေများလုံလောက်စွာရရှိစေရေး ဧရာဝတီမြစ်အတွင်းမှရေများကို နေရောင်ခြည်စွမ်းအင်သုံးမြစ်ရေတင်လုပ်ငန်းများဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးချ ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုနှစ်မိုးရာသီ၌ မိုးကောင်းစွာရွာသွန်းမှုကြောင့်မကွေးတိုင်းဒေသကြီးအတွင်း စိမ်းလန်းစိုပြည်လျက်ရှိသည်ကို ဝမ်းမြောက်ဖွယ်တွေ့ရှိရကြောင်း။
ဧရာဝတီမြစ်အတွင်း Low-Head Dam များဆောက်လုပ်နိုင်သည့်နေရာများရှိ ကြောင်း၊ Low-Head Dam များဆောက်လုပ်ခြင်းဖြင့်ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ပြီးစိုက်ပျိုးရေးလုပ်ငန်းများ အတွက်လည်းများစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ အလားတူ မြစ်ကြောင်း တစ်လျှောက် ကုန်စည်သယ်ယူပို့ဆောင်ခြင်းများကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်သဖြင့် အရှည်ကိုမြော်တွေး၍ ဆောင်ရွက်ကြစေလိုကြောင်း၊ ဒေသကိုချစ်မြတ်နိုးကြသူများအနေဖြင့် ဒေသအကျိုးအတွက်ဦးဆောင်ပေးကြရန်လိုကြောင်း။
မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်သည့် အသိပညာရှင် အတတ်ပညာရှင် လူသားအရင်းအမြစ်များ လိုအပ်ကြောင်း၊ ထို့ကြောင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအခြေခံပညာကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ကျောင်းတက်ရောက်နိုင်ရေးနှင့် ပညာတတ်များပေါများစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အသိပညာရှိမှ သာ အတတ်ပညာများရရှိမည်ဖြစ်ကြောင်း၊ ဒေသတွင်းပညာတတ်များပေါများကြွယ်ဝမှသာ ဒေသစီးပွားရေးကို ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်၊ ကောလိပ်များ လုံလောက်စွာရှိပြီးဖြစ်သဖြင့် ဒေသအတွက်လိုအပ်သည့် ပညာတတ်လူသားအရင်းအမြစ်များ မွေးထုတ်နိုင်ရေး အလေးအနက်ထား ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးဒေသမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမှတ်အများဆုံးရရှိသူ (The Whole Myanmar First)ကျောင်းသား တစ်ဦး ထူးထူးခြားခြားပေါ်ထွန်းခဲ့သည်ကို ဂုဏ်ယူဖွယ်တွေ့ရှိရကြောင်း၊ အခြားလူငယ်များအနေဖြင့်လည်း ထိုသို့ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း။
မကွေးတိုင်းဒေသကြီးအတွင်း မျှော်မှန်းသက်တမ်းများ တိုးတက်စေရေး ကျန်းမာရေးနှင့်လျော်ညီသည့် နေထိုင်စားသောက်မှုများရှိရန်လိုကြောင်း၊ နိုင်ငံတော်မှလည်း ပြည်သူများ၏ကျန်းမာရေးကဏ္ဍ တိုးတက်မြင့်မားစေရေးအတွက်တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊
ဒေသတွင်းနေထိုင်ကြသည့် ပြည်သူများ၏မျှော်မှန်းသက်တမ်းများယခုထက်ပိုမိုတိုးတက်လာစေရေး တာဝန်ရှိသူများက ကုစားနိုင်မည့်နည်းလမ်းများကို ရှာဖွေဆောင်ရွက်သွားကြရန်လိုကြောင်း၊မိမိအနေဖြင့် ယခုကဲ့သို့ပြောကြားမှုများသည် မကွေးတိုင်းဒေသကြီး အဘက်ဘက်မှ တိုးတက်လာစေရေးအတွက် တိုက်တွန်း ပြောကြားမှုများပင်ဖြစ်ကြောင်း၊ဒေသအတွက် ဖြစ်နိုင်သည့်ကိစ္စရပ်များကိုသာ ဆွေးနွေးပြောကြားခြင်းဖြစ်ပြီး ဒေသတစ်ခု တိုးတက်ရေးအတွက် ဒေသတွင်နေထိုင်သူများအနေဖြင့် ဒေသကို ချစ်ခင်မြတ်နိုးသည့် စိတ်ဖြင့် ကြိုးပမ်းဆောင်ရွက်မှုများသည် အရေးကြီးသဖြင့် အားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း။
မိမိအနေဖြင့် “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ၊ “နိုင်ငံတော် ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ၊ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်း ကြစို့” ဆိုသည့်ဆောင်ပုဒ်များကို ချမှတ်ထားကြောင်း၊ နိုင်ငံအတွင်းကုန်ထုတ်လုပ်မှု များတိုးတက်ကောင်းမွန်မှသာနိုင်ငံ၏ စီးပွားရေးတိုးတက်ကောင်းမွန်လာမည်ဖြစ် ကြောင်း၊ အလားတူ နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက်ပညာတတ်လူသားအရင်း အမြစ်များဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးလိုအပ်ချက်ဖြစ်ခြင်းကြောင့် ပညာရေး ကိုအားပေးဆောင်ရွက်သွားကြရန်လိုကြောင်း၊အလားတူလူအများသည် စိမ်းလန်းစိုပြည်မှုများကို သဘောကျကြကြောင်း၊ထို့ကြောင့် ရှိပြီးသားသဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းရန်နှင့် သစ်ပင်များ တိုးချဲ့စိုက်ပျိုးကြရန်လိုကြောင်း၊ စိတ်ခံစားမှုများ ကောင်းရန်အတွက် သဘာဝပတ်ဝန်း ကျင်များကောင်းမွန်စေရေးသစ်ပင်သစ်တောများကိုအားလုံးကဝိုင်းဝန်းထိန်းသိမ်းစိုက်ပျိုးဆောင်ရွက်သွားကြရန်နှင့် မကွေးတိုင်းဒေသကြီး ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်ပါစေကြောင်းဖြင့် ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့်ပြောကြားသည်။
ထို့နောက်နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် ခင်းကျင်းပြသထားသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းများမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ပြခန်းများ၌ ဒေသထွက်တိုင်းရင်းဆေးများ၊ အသုံးအဆောင်ပစ္စည်းများ၊ ချည်ထည်များနှင့် စားသောက်ကုန်ပစ္စည်းများ ပြသထားရှိမှုအား စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။
မြသလွန်စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် အဖွဲ့ဝင်များနှင့်အတူ သားငှက်တိရစ္ဆာန်များ ရှိနေစေရန်အတွက် ရေရှည်ကာကွယ်ထိန်းသိမ်းစောင့်ရှောက် ပေးကြဖို့အရေးကြီးည်။ ကျွန်ုပ်တို့နေထိုင်ရာကမ္ဘာကြီးကို အကျည်းတန်အောင်ပြုလုပ်သည့်အထဲတွင် ပလတ်စတစ်အန္တရာယ်လည်း တစ်ခုအပါအဝင်ဖြစ်၏။ နည်းလမ်းမျိုးစုံဖြင့် စွန့်ပစ်လိုက်ကြသော ပလတ်စတစ်များ၏ နောက်ဆုံးထွက်ပေါက်မှာ မြစ်ချောင်းအင်းအိုင်၊ ပင်လယ်သမုဒ္ဒရာတို့သာဖြစ်ကြသည်။ ပလတ်စတစ်ဆိုးကျိုးကြောင့် သေဆုံးကြရသော ရေနေသတ္တဝါများမှာ နှစ်စဉ်မနည်းလှပေ။ ထိုင်းနိုင်ငံရှိ ကုန်တိုက်တစ်ခုတွင် ပလတ်စတစ်သုံးစွဲမှုလျော့နည်းစေရေးအတွက် ပလတ်စတစ်အစား ဖက်ရွက်များဖြင့် စားသောက်ကုန်များကို ထုပ်ပိုးဝန်ဆောင်မှုပေးသည့်သတင်းတစ်ခုကို မှတ်သားခဲ့ဖူးသည်။ ပလတ်စတစ်သုံးစွဲမှုနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးမှုများ ဆောင်ရွက်နေသည့်တိုင် ထိရောက်မှုအားနည်းလျက်ရှိနေပါသေးသည်။ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများစွာဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော လူသားတစ်ဦးအနေဖြင့်လည်း ကမ္ဘာမြေကြီးနှင့်ပမာတူလျက်ရှိသည်။ လူ့ခန္ဓာကိုယ်တွင်း လည်ပတ်လျက်ရှိသော သွေးကြောများသည် မြစ်ချောင်းအင်းအိုင်၊ ပင်လယ်သမုဒ္ဒရာများပမာ အထောက်အပံ့ပေးလျက်ရှိရာ ထိုသွေးကြောများ သန့်ရှင်းမှုရှိပြီး လှုပ်ရှားမှုကောင်းစေရန် ကျန်းမာရေးအမြင်ရှိစွာ နေထိုင်စားသောက်ရမည်။ အရွယ်မတိုင်မီ ခန္ဓာကိုယ်ပျက်စီးယိုယွင်းမှုမရှိစေရေးအတွက် သဘာဝပတ်ဝန်းကျင်နှင့်လျော်ညီစွာ ဂရုတစိုက်နေထိုင်ရမည်။ သို့မှသာသက်ရှည်ကျန်းမာသော လူမှုဘဝတစ်ခုကို ထူထောင်နိုင်မည်ဖြစ်သည်။ ကွမ်းဆေး၊ အရက်နှင့် ဟင်းချိုမှုန့်၊ ဆီသုံးများခြင်းတို့သည် လူ့ခန္ဓာကိုယ်ညစ်ညမ်းမှုကို ပံ့ပိုးနေသောအရာများပင်ဖြစ်၏။ လူသားတိုင်းသည် မိမိတို့ခန္ဓာကိုယ်ကြီးကို အလေးထားမြတ်နိုးသကဲ့သို့ မိမိတို့ မှီတင်းနေထိုင်လျက်ရှိသည့် နိုင်ငံတော်ကိုလည်း ဂရုတစိုက်ချစ်ခင်မြတ်နိုးကြဖို့လိုအပ်သည်။
နိုင်ငံတော်တစ်ခုအတွက် နိုင်ငံ့သားကောင်းပီသစွာ စဉ်းစားတွေးခေါ်ပေးခြင်းသည် ကမ္ဘာကြီးအတွက် ပထမခြေလှမ်းကို စတင်လှမ်းပေးခြင်းပင်ဖြစ်ပေသည်။
ကမ္ဘာကြီးတွင် လူဦးရေတိုးပွားလျက်ရှိသည့်ပြဿနာအား ရင်ဆိုင်ရလျက်ရှိသောကြောင့် တိုးလာသည့် လူဦးရေနှင့်လျော်ညီသည့် နေထိုင်စားသောက်မှုများကို ဖြေရှင်းနေကြရသည်။ သက်ရှိသက်မဲ့နှင့်ပတ်ဝန်းကျင်တို့မှာ အပြန်အလှန်အမှီသဟဲပြုနေကြသောကြောင့် လူသားမျိုးနွယ်ဆက်လက်တည်တံ့စေနိုင်ရေး၊ တိရစ္ဆာန်များမျိုးမပြုန်းရေး၊ သီးနှံရိက္ခာများတိုးပွားရေးတို့အတွက် သဘာဝပတ်ဝန်းကျင်ကိုမပျက်ယွင်းစေဘဲ စက်မှုသိပ္ပံပညာတို့ဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
အနာဂတ်ကမ္ဘာကြီးကိုတည်ဆောက်သည့်အခါတွင် ပတ်ဝန်းကျင်ညစ်ညမ်းမည်စိုးသောကြောင့် စက်မှုသိပ္ပံကိုရှောင်ကွင်းရမည်မဟုတ်ပါချေ။ ကမ္ဘာကြီးနှင့်အတူ လူသားတို့သက်တမ်းရှည်နိုင်ရေးအတွက် စက်မှုသိပ္ပံများကိုလည်း တီထွင်ကြံဆပြီး အခြားတစ်ဖက်မှလည်း ပတ်ဝန်းကျင်မညစ်ညမ်းစေရန်ကြိုးပမ်းကြရမည်။ စာရေးသူတို့နိုင်ငံအနေဖြင့်လည်း လူမှုစီးပွားဖွံ့ဖြိုးရေးစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်အောင် တွက်ချက်ဆောင်ရွက်လျက်ရှိသည်ကို လေ့လာသိရှိရပေသည်။ လက်ရှိကမ္ဘာ့အပူချိန်သည် ၁၈၀၀ ပြည့်နှစ်များနှင့်စာလျှင် ပျမ်းမျှ သုည ဒသမ ၈၄ ဒီဂရီစင်တီဂရိတ်တိုးလာပြီး ၂၁၀၀ ပြည့်နှစ်တွင် ၃ ဒီဂရီစင်တီဂရိတ်အထိ တိုးလာနိုင်ကြောင်း သိပ္ပံပညာရှင်များက ခန့်မှန်းထားကြသည်။
ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုထိန်းသိမ်းနိုင်ရန်မှာပတ်ဝန်းကျင်သာယာရေးကိုအလေးပေးလုပ်ဆောင်ရန်သာဖြစ်သည်။ ဆုံးရှုံးမျိုးသုဉ်းလုဆဲဆဲသတ္တဝါများနှင့် ပျက်စီးကုန်သောသစ်တောများကို အချိန်မီပြန်လည်အစားထိုးရမည်။ မလိုလားအပ်သော ကာဗွန်ထုတ်လုပ်မှုများ၊ ပလတ်စတစ်သုံးစွဲမှုများ၊ မီသိန်းထုတ်လွှတ်မှုများကို လျှော့ချခြင်းဖြင့် ကမ္ဘာမြေကြီးကိုကာကွယ်ရမည်။ နိုင်ငံတိုင်း နိုင်ငံတိုင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လိုက်နာဖွယ်ရာများကို လက်တွေ့ကျကျလိုက်နာမှသာ နိုင်ငံတစ်နိုင်ငံမှသည် တစ်ကမ္ဘာလုံး သဘာဝကပ်ဘေးဆိုးများနှင့်ကင်းဝေးမည်ဖြစ်သည်။ ဘိုးဘေးဘီဘင်တို့စိုက်ပျိုးခဲ့သော သစ်တောသယံဇာတများသည် ပစ္စုပ္ပန်လူသားများ အကျိုးစီးပွားအတွက် လက်တွေ့ဆောင်ကြဉ်းပေးလျက်ရှိသည်။ သို့ဖြစ်ပါ၍ သားစဉ်မြေးဆက် အနာဂတ်လူသားများအတွက်လက်ဆင့်ကမ်းပေးရမည်မှာ နိုင်ငံသားအားလုံး၏ တာဝန်ပင်ဖြစ်ပေသည်။ တစ်နည်းဆိုရလျှင် နိုင်ငံတော်သာယာစေရေးအတွက် သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းရမည်မှာ ကျွန်ုပ်တို့အားလုံး၏ သမိုင်းပေးတာဝန်တစ်ရပ်ဟုဆိုရမည်ဖြစ်ပေသည်။ ။