ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်တက္ကသိုလ်မှ ဒုတိယအဓိပတိနှင့်တွေ့ဆုံဆွေးနွေး

နှစ်နိုင်ငံအကြား နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအား ရင်းရင်းနှီးနှီးဆွေးနွေး

နေပြည်တော်   ဩဂုတ်   ၃၁

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်   ယနေ့ဒေသစံတော်ချိန်  မွန်းလွဲ ၂  နာရီခွဲတွင် တီယန်ကျင်းမြို့ရှိ Tangla Hotel ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်တက္ကသိုလ်၏ ဒုတိယအဓိပတိ ပါမောက္ခ Prof. Gong Wei ဦးဆောင်သော တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ  နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ခရီးစဉ်တွင် လိုက်ပါလာသည့် ကော်မရှင်အဖွဲ့ဝင်များ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့်တပ်မတော်အဆင့်မြင့်အရာရှိကြီးများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဂြိုဟ်တုနည်းပညာဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံအတွက် နည်းပညာတတ်ကျွမ်းသည့် လူသားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရေး ဝူဟန်တက္ကသိုလ်မှ ကူညီဆောင်ရွက်ပေးနိုင်သည့်အခြေအနေများ၊  ဝူဟန်တက္ကသိုလ်၏သမိုင်းကြောင်းနှင့် နိုင်ငံတကာမှကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားလျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံအကြား နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအား ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ  နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌထံ ဝူဟန်တက္ကသိုလ်၏  ဒုတိယအဓိပတိက   အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။