ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ Beidahaung Smart Agriculture Exhibition Center နှင့် Heilongjiang Huida Technology Co., Ltd. တို့သို့ သွားရောက်ကြည့်ရှုလေ့လာ

နေပြည်တော်    စက်တင်ဘာ   ၅

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊  ဟေလုံကျန်းပြည်နယ်၊ ဟာပင်းမြို့တွင် အလုပ်သဘောခရီးရောက်ရှိနေသည့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်ခရီးစဉ်တွင်လိုက်ပါလာသည့်ကော်မရှင်အတွင်းရေးမှူးတွဲဖက်အမှုဆောင်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်အဖွဲ့ဝင်များလိုက်ပါ၍   ယနေ့ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲတွင်  Beidahaung Smart Agriculture Exhibition Center သို့  သွားရောက်ကြည့်ရှုလေ့လာသည်။

ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် Beidahaung Smart Agriculture  Exhibition  Center သို့ ရောက်ရှိကြရာတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် Beidahaung Smart Agriculture Exhibition Center အတွင်း ကုမ္ပဏီ၏လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းဗီဒီယိုအားကြည့်ရှုကြသည်။   ထို့နောက် ခင်းကျင်းပြသထားသည့် လယ်ယာစိုက်ပျိုးမှုသရုပ်ပြပုံစံငယ်၊  စိုက်ပျိုးရေးလုပ်ငန်း များကို   ခေတ်မီဒစ်ဂျစ်တယ်နည်းပညာဖြင့်  လူမဲ့နည်းပညာဖြင့်  AI  စနစ်သုံးစက်ယန္တရားများနှင့်ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းများဆောင်ရွက်မှု၊ AI စနစ်သုံး  Drone များဖြင့် စိုက်ပျိုးမြေများအတွက် လိုအပ်သောမြေဩဇာများ၊ ပိုးသတ် ဆေးများကြဲပက်ခြင်းနှင့်    မျိုးစေ့များ ကြဲပက်ခြင်းလုပ်ငန်းများကို   ဆောင်ရွက် လျက်ရှိမှု၊    စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ကုန်ကြမ်းပစ္စည်းများကိုအသုံးပြု၍  တန်ဖိုးမြင့်ကုန်ချော ပစ္စည်းများအဖြစ်   ထုတ်လုပ်ရောင်းချလျက် ရှိမှုနှင့် Beidahaung Smart  Agriculture မှ    ထုတ်လုပ်ထားရှိသည့် အဆင့်မြင့်လယ်ယာသုံးစက်ပစ္စည်းကိရိယာများအား လှည့်လည်ကြည့်ရှုလေ့လာကြသည်။

ထို့နောက်  Data  Center  အတွင်း လူမဲ့ နည်းပညာဖြင့် AI စနစ်သုံး ကောက်စိုက် စက်များ၊   Drone များဖြင့်    စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု၊    ရေသွင်းရေထုတ်လုပ်ငန်းများအား  ဆောင်ရွက်နေမှုအခြေအနေများကို တိုက်ရိုက်ကြည့်ရှုလေ့လာကြပြီးတာဝန်ရှိသူများ၏တင်ပြချက်များအပေါ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက သိရှိလိုသည်များမေးမြန်းဆွေးနွေးပြောကြားသည်။

ယင်းနောက်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌထံBeidahaung  Smart   Agri-culture Exhibition Center မှ တာဝန်ရှိသူ တစ်ဦးက  အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ပြီးပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက  လက်ဆောင်ပစ္စည်းများပြန်လည် ပေးအပ်သည်။

 

ဆက်လက်ပြီးပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ  ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည်   Heilongjiang Huida Technology Co., Ltd. သို့ရောက်ရှိကြရာ တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ပြီး   ကုမ္ပဏီမှနိုင်ငံတကာ၌ အဆင့်မြင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ မောင်းသူမဲ့စနစ်နှင့် ယာဉ်ယန္တရားများ၏ ဒီဇိုင်းများထုတ်လုပ်လျက်ရှိမှု၊ စိုက်ပျိုးရေးအထောက်အကူပြု Drone များထုတ်လုပ်အသုံးပြုလျက်ရှိမှု၊  AI စနစ်သုံး မြေအခြေအနေတိုင်းတာရေးပစ္စည်းများ ထုတ်လုပ်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။

ထို့နောက်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးတို့သည်အမှတ်တရလက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ်ခဲ့ကြသည်။

ယင်းနောက်   ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် နေ့လယ်ပိုင်းတွင်ဟာပင်းမြို့၊ Taiping International Airport  မှတစ်ဆင့်စီချွမ်ပြည်နယ်ချန်ဒူးမြို့သို့ထွက်ခွာကြရာ ဟေလုံကျန်းပြည်နယ်အစိုးရအဖွဲ့မှ  ဒုတိယဝန်ကြီးအဆင့်ရှိသူတစ်ဦးနှင့်  တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံ ရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည်ညနေပိုင်းတွင် ချန်ဒူးမြို့၊ Chengdu Shuangliu Inter-national Airport သို့ရောက်ရှိကြရာ စီချွမ်ပြည်နယ်အစိုးရအဖွဲ့မှ ဒုတိယဝန်ကြီးအဆင့်ရှိသူတစ်ဦးနှင့် အဖွဲ့ဝင်များကကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။