နေပြည်တော် စက်တင်ဘာ ၁၇
အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မစ္စတာ ရှရီနာရန်ဒရာမိုဒီသည် ၁၉၅၀ ပြည့်နှစ် စက်တင်ဘာလ ၁၇ ရက်နေ့ကမွေးဖွားခဲ့ပြီး ယနေ့တွင် ၇၅ နှစ် ပြည့်မြောက်ခဲ့ကြောင်း။
အဆိုပါ အိန္ဒိယဝန်ကြီးချုပ်၏မွေးနေ့ပွဲကို ယနေ့ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် အိန္ဒိယနိုင်ငံ Madhya Pradesh ပြည်နယ် Dhar မြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း။
ယနေ့တွင်ကျရောက်သည့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်၏မွေးနေ့ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် အမေရိကန်ပြည်ထောင်စု၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗြိတိန်နိုင်ငံ စသည့်နိုင်ငံများနှင့်နိုင်ငံတကာမှခေါင်းဆောင်များ၊ အဖွဲ့အစည်းများကလည်း မွေးနေ့ဆုတောင်းစကားများ အသီးသီးပေးပို့ခဲ့ကြကြောင်း အိန္ဒိယနိုင်ငံ DD News သတင်းဌာန၏ ဖော်ပြချက်အရသိရှိရသည်။