ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ပါတီကော်မတီအမြဲတမ်းကော်မတီအဖွဲ့ဝင်၊ ယူနန်ပြည်နယ်ပါတီကော်မတီ၏ နိုင်ငံရေးနှင့်ဥပဒေရေးရာကော်မရှင် အတွင်းရေးမှူး Mr. Hu Dapeng နှင့် တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ယူနန်ပြည်နယ်တို့အကြား ကူးလူးဆက်ဆံမှုနှင့်ကုန်သွယ်မှုမြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေး
နေပြည်တော် စက်တင်ဘာ  ၂၉

ကာဇက်စတန်နိုင်ငံသမ္မတ  H.E.Mr. Kassym-Jomart Tokayev ၏ ဖိတ်ကြားချက်အရ ကာဇက်စတန် နိုင်ငံသို့ အလုပ်သဘောခရီးစဉ်ရောက်ရှိနေသည့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့်မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ကာဇက်စတန် နိုင်ငံ၊ အက်စတာနာလေဆိပ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ အထူးလေယာဉ်ဖြင့်ပြန်လည်ထွက်ခွာသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ လိုက်ပါလာသည့် အထူးလေယာဉ်သည်   တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၊ ကူမင်းလေဆိပ်၌ ခေတ္တရပ်နားခဲ့ရာ တရုတ်ကွန်မြူနစ် ပါတီ ယူနန်ပြည်နယ်ပါတီကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်၊ယူနန်ပြည်နယ်ပါတီ ကော်မတီ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မရှင်အတွင်းရေးမှူး Mr. Hu Dapeng၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန  အရှေ့တောင်အာရှဆိုင်ရာ အထူးကိုယ်စားလှယ် H.E. Mr. Deng Xiju နှင့် တာဝန်ရှိသူများက လေဆိပ်၌ လှိုက်လှဲ နွေးထွေးစွာကြိုဆိုကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ပါတီကော်မတီအမြဲ တမ်းကော်မတီအဖွဲ့ဝင်၊ ယူနန်ပြည်နယ် ပါတီကော်မတီ၏နိုင်ငံရေးနှင့်ဥပဒေရေးရာကော်မရှင်အတွင်းရေးမှူးတို့သည် လေဆိပ်ဧည့်ခန်းမဆောင် ၌ တွေ့ဆုံဆွေးနွေးရာ တွင် တရုတ်နှင့်မြန်မာသည်  ခိုင်မာသည့်ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးရှိသည့် အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး ယုံကြည်ရသည့်မိတ်ဆွေနိုင်ငံဖြစ်သည့်အခြေအနေများ၊ တရုတ်နိုင်ငံအနေ ဖြင့်  မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် ငလျင်သဘာဝဘေးအပါအဝင်  သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အချိန်တိုင်း ကူညီဆောင် ရွက်ပေးလျက်ရှိမှုနှင့်ဆက်လက်၍ လည်းလိုအပ်သည် များကို ကူညီပေးသွားမည်ဖြစ်သည့် အခြေအနေများ၊  တရုတ်-မြန်မာနယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေးအတွက်နှစ်နိုင်ငံအပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊နယ်စပ်ဖြတ်ကျော်မှုခင်းနှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊  တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တွင်ပါဝင်သည့်  စီမံကိန်းများ၊ သဘောတူညီချက်များကို  အမြန်ဆုံးအောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ယူနန်ပြည်နယ်တို့အကြား  ကူးလူးဆက်ဆံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊နှစ်နိုင်ငံနှင့်ပြည်သူနှစ်ရပ်အကြား အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွား နိုင်မည့်ကိစ္စရပ်များ နှင့်ပတ်သက်၍   ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်၍ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။