နေပြည်တော် အောက်တိုဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး(ဒလ)တံတား ကွန်ကရစ်သွန်းလောင်းတံတားဆက်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင်ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံ တော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ချီးမြှင့်ပြီး Controller အသုံးပြု၍ ကွန်ကရစ်လောင်း တံတားဆက်ခြင်းအား ဆောင်ရွက်ပေးသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှု ဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမြထွန်းဦး၊ ဒေါက်တာချာလီသန်းနှင့် ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကွန်ကရစ်သွန်းလောင်း တံတားဆက်ခြင်း မဟာမင်္ဂလာအခမ်းအနား ပြုလုပ်မည့်နေရာသို့ ရောက်ရှိကြရာ ပြည်ထောင်စုဝန်ကြီးများနှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ဆောက်လုပ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်က မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ် ကြည်ရေး (ဒလ) တံတားစီမံကိန်းနှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို ရှင်းလင်း တင်ပြသည်။
ယင်းနောက်အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ အခမ်းအနားမှူးက မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး(ဒလ)တံတားနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ) တံတားတည် ဆောက်ရေးစီမံကိန်းတွင် ပါဝင်ခဲ့သည့် အင်ဂျင်နီယာအဖွဲ့များအား သစ်သီးခြင်း လက်ဆောင်များပေးအပ်သည်။
ထို့နောက် မင်္ဂလာအချိန်တွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ) တံတားဆက်ခြင်း မဟာမင်္ဂလာအခမ်းအနားကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး Controlla အသုံးပြု၍ ကွန်ကရစ်သွန်းလောင်းတံတားဆက်ခြင်းကို ဆောင်ရွက်ပေးသည်။ ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကွန်ကရစ်သွန်းလောင်း တံတားဆက်ထားသည့် နေရာအား အမွေးနံ့သာရည်များပက်ဖြန်းပေးကြသည်။
၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ)တံတား ကွန်ကရစ်သွန်းလောင်းတံတားဆက်ခြင်းအထိမ်းအမှတ် စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
ဆက်လက်ပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ)တံတား တည်ဆောက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားသည်။
အဆိုပါ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားတည်ဆောက်ရေးစီမံကိန်းကို ၂၀၁၂ ခုနှစ် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ကိုရီယားနိုင်ငံချစ်ကြည်ရေးခရီးစဉ် အတွင်း မြန်မာနိုင်ငံတွင် မြန်မာ – ကိုရီးယားနှစ်နိုင်ငံချစ်ကြည်ရေးစီမံကိန်း ၁ ခု အကောင်အထည် ဖော်ဆောင်ရွက်ရန်ဆွေးနွေးခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် စီမံကိန်းအား စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၁၅ ခုနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းများစတင်နိုင်ရန်အတွက် အကြိုအင်ဂျင်နီယာလုပ်ငန်းများ၊ ပုံစံထုတ်ခြင်းလုပ်ငန်း များကို စတင်ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊ တံတားတည်ဆောက်စဉ်ကာလအတွင်း ကိုဗစ် – ၁၉ ကပ်ရောဂါဖြစ် ပွားခြင်းနှင့် နှောင့်နှေးတွေ့ကြုံခဲ့ရသည့် လုပ်ငန်းအခက်အခဲများကို လက်ရှိအစိုးရ အနေဖြင့် နိုင်ငံတော်တာဝန်ယူထားသည့်အချိန်တွင် တံတားတည်ဆောက်ရေး လုပ်ငန်းပြီးစီးရန် နိုင်ငံတော်ဘဏ္ဍာငွေ ဖြည့်တင်းဆောင်ရွက်နိုင်ခဲ့ သဖြင့် လုပ်ငန်းပြီးစီး ခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားမှာ သံမဏိကြိုးဆိုင်း တံတား Cable-Stayed Bridge အမျိုးအစားဖြစ်ပြီး လေးလမ်းသွားတံတားဖြစ်ကြောင်း၊ ပင်မတံတားအရှည်မှာ ၂၂၆၄ ပေ၊ ရန်ကုန်ဘက်ချဉ်းကပ်တံတားအရှည်မှာ ၁၈၉၁ ပေ၊ ဒလဘက်ကမ်း ချဉ်းကပ်တံတားအရှည်မှာ ၁၉၇၂ ပေ၊ ရန်ကုန်ဘက်ကမ်းနှင့် ဒလဘက်ကမ်းချဉ်းကပ်လမ်းအရှည်မှာ ၃၄၅၃ ပေဖြစ်ပြီး တံတားတစ်စင်းလုံး၏ စုစုပေါင်းအရှည်မှာ ၆၁၂၇ ပေ ဖြစ်ကြောင်း။
မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားသည် မြန်မာနိုင်ငံရှိတည်ဆောက် ပြီးစီးခဲ့သည့် သံမဏိကြိုးဆိုင်းတံတားများအနက် ရေလမ်းကင်းလွတ်အမြင့်ဆုံးတံတား ဖြစ်ပြီး တံတားအောက်မှတန်ချိန် ၁၅၀၀၀ ရှိသည့် နိုင်ငံတကာပင်လယ်ကူးသင်္ဘောကြီး များနှင့် ပြည်တွင်းရေကြောင်းသွားသင်္ဘောကြီးများ ဖြတ်သန်းအသုံးပြုနိုင်ရန် တံတား ကင်းလွတ်အမြင့်ပေ ၁၆၀၊ အကျယ် ၉၉၀ ရှိကြောင်း၊ တံတား၏ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ပြီး မြန်မာအင်ဂျင်နီယာများအနေဖြင့် သံမဏိကြိုးဆိုင်း တံတားဆိုင်ရာပုံစံထုတ်ခြင်း၊ တည်ဆောက်ခြင်း၊ ခေတ်မီနည်းပညာများ နည်းစနစ်များ နှင့် အတွေ့အကြုံများကိုရရှိခဲ့ကြောင်း၊ ယခုတံတားကြီး အချောသတ်တည်ဆောက်ပြီး စီးဖွင့်လှစ်ခဲ့ပါက ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့မှ ဒလ၊ တွံတေး၊ ကော့မူး၊ ကွမ်းခြံ ကုန်းမြို့နယ်များသို့လည်းကောင်း၊ ဒေးဒရဲမှတစ်ဆင့် ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေးမြို့နှင့် ကမ်းခြေဒေသများအပါအဝင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့များသို့လည်း ကောင်း လွယ်ကူလျင်မြန်စွာသွားလာနိုင်မည်ဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသည့် ရန်ကုန်မြို့ယာဉ်ကြောပိတ်ဆိုမှုများသည်လည်း အတိုင်းအတာတစ်ခုအထိ လျော့ပါး သက်သာသွားစေမည်ဖြစ်ကြောင်း၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သယ်ယူပို့ဆောင် ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအပါအဝင် ကဏ္ဍပေါင်းစုံ၌ ဖွံ့ဖြိုးတိုးတက် လာပြီး ရန်ကုန်မြို့ ၏ အထင်ကရပြယုဂ် (Landmark)တစ်ခုလည်းဖြစ်လာမည် ဖြစ်ကြောင်းဖြင့်သိရှိရသည်။