နေပြည်တော် အောက်တိုဘာ  ၂၈

ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၌ ကျင်းပပြုလုပ်ရာ  ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ  ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်  ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့     ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံ တော်ဝန်ကြီးချုပ်    ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များနှင့်  တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက အဖွင့် အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်း အဝေးတွင်  ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများကို  ဘဏ္ဍာရေးဆိုင်ရာကော်မရှင်က အတည် ပြုပေးရန်ဖြစ်ကြောင်း၊ အတည်ပြုပြီးပါက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းကို ပြည်ထောင်စု အစိုးရ အဖွဲ့ကတစ်ဆင့် အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကို ဆက်လက် ပေးပို့တင်ပြအတည်ပြု ပြဋ္ဌာန်းသွားရမည် ဖြစ်ကြောင်း။
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေတွင် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ရုံး၊ ကျောင်း၊ ဆေးရုံ စသည့် အဆောက်အဦများ၊ အိမ်ရာများ ပြန် လည် ပြုပြင်ထိန်းသိမ်းရမည့်ကိစ္စရပ်များ၊ ပြန်လည်ထူထောင်ရေးကိစ္စရပ်များအတွက် အသုံးစရိတ်များနှင့် နိုင်ငံဖွံ့ဖြိုးမှုနှင့် ပြည်သူအကျိုးပြုလုပ်ငန်းများဖြစ်သည့်  လမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံ စသည့် အခြေခံအဆောက်အအုံလုပ်ငန်းများအတွက် အဓိက ထား ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှုများကို အမြန်ဆုံးပြင်ဆင်နိုင်ရေးဆောင်ရွက်သည့်နေရာတွင် ဖြည့်စွက်ခွင့်ပြုငွေရရှိမည့်ကာလ နှင့် ဆောင်ရွက်နိုင်မည့် လုပ်ငန်းပမာဏကို   ချင့်ချိန်ဆောင်ရွက်ရန်လိုကြောင်း။
မန္တလေးငလျင်ကြီးကြောင့်   ထိခိုက် ဆုံးရှုံးမှုများအတွက် နိုင်ငံတော်ပိုင် အခြေခံ အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရန် အသစ်ဆောက်လုပ်ရန်နှင့်  ပြန်လည်ထူထောင် ရေးလုပ်ငန်းများအတွက် သုံးစွဲနိုင်ရန် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့်  ပြည် ထောင်စုဝန်ကြီးဌာနများကို  ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လျာထားခွင့်ပြု ထားသည့်  အသုံးစရိတ်များအနက်မှ“အထွေထွေပိုလျှံရန်ပုံငွေ”(GRF) သို့ ပြန်လည်အပ်နှံငွေ ကျပ် ၂၀၆၉ ဒသမ ၃၃၆ ဘီလီယံကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေထဲကိုလွှဲပြောင်းထည့်ပေးခဲ့ပြီးလည်းဖြစ်ကြောင်း၊ မိမိတို့အစိုးရက ချမှတ်ထားသည့် ဦးတည်ချက်များကို   ဖော်ဆောင်နိုင်ရန်အတွက် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့်   တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ကဏ္ဍအလိုက်၊ ဒေသအလိုက် ဦးစားပေးအစီအစဉ်များချမှတ်ပြီး အသုံးစရိတ်များကို စနစ်တကျ စိစစ်သုံးစွဲကြရန် လိုအပ်ကြောင်း။
“နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့” ဆိုသည့် အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီ၏ ဆောင်ပုဒ်အတိုင်း လက်တွေ့ကျသည့် ကုန်ထုတ်လုပ်မှု များနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ပြီး ကျေးလက်စီးပွားနှင့် နိုင်ငံ့စီးပွားမြှင့်တင်ခြင်းဖြင့် ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏စီးပွားရေးကို လျင်မြန်စွာဖွံ့ဖြိုးတိုးတက် အောင်   ဆောင်ရွက်သည့်နေရာတွင် စိုက်ပျိုးမွေးမြူရေးသည် မိမိတို့နိုင်ငံတွင်ရှိသည့်  တိုင်းရင်းသားပြည်သူအများစု၏ အဓိကအသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်သကဲ့သို့ နိုင်ငံ့စီးပွားရေး၏ အသက်သွေးကြောလည်းဖြစ်သည့်အတွက်  စိုက်ပျိုးမွေးမြူရေးကို  အခြေခံသည့်ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့်လည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် သက် ဆိုင်ရာကဏ္ဍအလိုက် ရန်ပုံငွေများကို    ခွဲဝေချထားပေးပြီး နည်းလမ်းမျိုးစုံဖြင့် အားပေးလုပ်ဆောင်လျက်ရှိကြောင်း။
ဌာန၊ အဖွဲ့အစည်းများအနေဖြင့်  မလွှဲမရှောင်သာသည့် အခြေအနေများကြောင့် မူလ ရည်မှန်းချက်အတိုင်း ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် ဖြစ်ပေါ်လာသည့် ပိုလျှံငွေ များကို ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်မှ   နောက်ကျပြီးအပ်နှံခြင်းမပြုဘဲ တတ်နိုင်သမျှ ဆောလျင်စွာပြန်လည်အပ်နှံကြရန်မှာကြားလိုကြောင်း၊   သို့မှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေး၊ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးနှင့်  နိုင်ငံ့စီးပွားမြှင့်တင်ရေးတို့ဆောင်ရွက်ရန် လိုအပ်သည့်ဌာနများကို ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့် အညီ ဘဏ္ဍာရေးနှစ်အတွင်း အကျိုးရှိအောင် ပြန်လည်လွှဲပြောင်းသုံးစွဲခွင့်ပြုနိုင် မည်ဖြစ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာနများ၊ အဖွဲ့အစည်း များ၏   ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုနှင့်  ပြည်ထောင်စုမှတိုင်းဒေသကြီး၊ ပြည်နယ် များကို ထပ်မံထောက်ပံ့ပေးရမည့်  ထောက်ပံ့ငွေများ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းတို့အပေါ်တွင်ဘဏ္ဍာရေးဆိုင်ရာကော်မရှင်က ဆွေးနွေးအတည်ပြုပေးရန်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက   ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများနှင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်များ၏ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများကို      အဆင့်ဆင့်စိစစ်ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ နိုင်ငံ့ဝန်ထမ်း များနှင့် အငြိမ်းစားဝန်ထမ်းများ၏ စားဝတ်နေရေး သက်သာချောင်လည်မှုကိုအထောက် အကူဖြစ်စေရန်လက်ရှိထောက်ပံ့လျက်ရှိသည့်အပိုထောက်ပံ့ကြေးအပြင်ထပ်မံတိုးမြှင့်ထောက်ပံ့ပေးခဲ့မှုအခြေအနေများ၊တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေနှင့်လိုငွေအတွက် ပြည်ထောင်စုမှ ထောက်ပံ့ငွေနှင့်   အခွန်ဝေစုများခွင့်ပြုဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက်     ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အတွင်းရေးမှူး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အထွေထွေပိုလျှံရန်ပုံငွေမှ သုံးစွဲမည့်ကိစ္စရပ်များ၊  ဖြည့်စွက်ခွင့်ပြုငွေ စာရင်း၊ မူလခန့်မှန်းခြေငွေစာရင်း၊ ပြုပြင်ပြီး      ခန့်မှန်းခြေငွေစာရင်းနှင့်   ပြည်ထောင်စု၏  နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းတို့ကို ရှင်းလင်း တင်ပြသည်။
ထို့နောက်  ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုရှေ့နေချုပ်နှင့် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသီတာဦးက ၂၀၂၅-၂၀၂၆  ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေမူကြမ်းနှင့်  ၂၀၂၅-၂၀၂၆ ပြည်ထောင်စု၏နောက်ထပ် ဘဏ္ဍာ ငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့နှင့်ပတ်သက်၍လည်းကောင်း၊ ပြည်ထောင်စုစာရင်း စစ်ချုပ် ဒေါက်တာခင်နိုင်ဦးက ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေငွေ စာရင်းများနှင့်စပ်လျဉ်း၍စစ်ဆေးတွေ့ရှိချက်များအရ       အနာဂတ်ကာလတွင် ဆောင်ရွက် သင့်သည့်အချက်များကိုလည်းကောင်း အကြံပြုဆွေးနွေးတင်ပြသည်။
ယင်းနောက်    နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊     တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ် များက ပညာရေးနှင့်ကျန်းမာရေး ကဏ္ဍ၊   လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊  ပြည်သူလူထု တို့မှ အဆိုပြုတောင်းခံထားသည့် လုပ်ငန်းရပ်များကဏ္ဍတို့တွင် အသုံးပြုနိုင်ရေးအတွက် ဖြည့်စွက်ခွင့်ပြုငွေများကို အသီးသီးတင်ပြကြသည်။
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး၊    ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဘဏ္ဍာရေးကော်မရှင်ကိစ္စရပ်များ   ဖြစ်သည့် အသေးစိတ်ငွေလုံးငွေရင်းစာရင်းများ၊ သာမန်ငွေစာရင်းများအား    အဆင့်ဆင့်စိစစ်ခဲ့မှု၊ နောက်ထပ်ဘဏ္ဍာငွေသုံးစွဲရေးဥပဒေပြဋ္ဌာန်းနိုင်ရေးစိစစ်ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်   ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက   ဖြည့်စွက်အမှာစကားပြောကြားရာတွင်  ဘဏ္ဍာငွေများကို နိုင်ငံတော်နှင့်   ပြည်သူလူထုအတွက် အကျိုးရှိမည့်နေရာများတွင် အသုံးချနိုင်ရန်လို ကြောင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အနေဖြင့် ဘတ်ဂျက်ရငွေများကို အမှန်တကယ်ရရှိအောင်နှင့် သုံးငွေများကို အမှန်တကယ်အကျိုးရှိသည့်     နေရာများတွင်သာအသုံးပြုရန်လိုကြောင်း   ပြောကြား သည်။
ထို့နောက်    ဖြည့်စွက်ခွင့်ပြုငွေများတင်ပြတောင်းခံရာတွင်  အချိန်တိုကာလအတွင်း   အမြန်ဆုံးအကျိုးဖြစ်စေမည့်လုပ်ငန်းများကို တင်ပြတောင်းခံသွားရန်လိုကြောင်း၊ ပိုလျှံ ရန်ပုံငွေများကို နိုင်ငံတော်အတွက် အမှန်တကယ်အကျိုးရှိမည့်နေရာများတွင်   အသုံးချ နိုင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး  စသည့် ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုသော လုပ်ငန်းများနှင့် ပြည်သူလူထုတို့မှ     တောင်းဆိုသည့်နေရာများတွင် အမြန်ဆုံးလုပ်ငန်းဖော်ဆောင်သွားကြရန်လိုကြောင်း၊   နိုင်ငံတော်၏ ဘဏ္ဍာငွေများကို  အကျိုးရှိရှိဖြင့်  စနစ်တကျသုံးစွဲသွားရန်လိုကြောင်း၊ မည်သည့်လုပ်ငန်းကို   ဆောင်ရွက်သည်ဖြစ်စေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ် တကျဖြစ်စေရေး  ဝန်ကြီးဌာနများအနေဖြင့် ကြပ်မတ်စစ်ဆေးဆောင်ရွက်ကြ စေလို ကြောင်း။
ပြည်သူလူထုအကျိုး၊ ဒေသအကျိုးနှင့် နိုင်ငံတော်အတွက်အကျိုးရှိမည့်လုပ်ငန်းရပ် များကို   ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ လာမည့်ဘတ်ဂျက်နှစ်တွင်လည်း  အမှန် တကယ်ဆောင်ရွက်နိုင်မည့်လုပ်ငန်းရပ် များအတွက် ဘဏ္ဍာငွေများကို   တင်ပြ တောင်းခံသွားရန်လိုပြီး သတ်မှတ်ကာလအတွင်း ခွင့်ပြုငွေများကို ထိထိရောက်ရောက် အကျိုးရှိရှိ အသုံးချသွားနိုင်ရန်လိုကြောင်း၊ ခွင့်ပြုငွေများကို မှန်မှန်ကန်ကန်ဖြင့် အကျိုးရှိရှိအသုံးချနိုင်မည်ဆိုပါက  နိုင်ငံတော်အတွက်လည်း အကျိုးရှိစေမည်ဖြစ် ကြောင်း၊ မိမိတို့၏ အချိန်နှင့်ငွေကြေးများကို အကျိုးရှိစွာအသုံးချနိုင်မှုမရှိခြင်းသည် နိုင်ငံတော်အတွက်  ထိခိုက်နစ်နာစေခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့်  နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့သည့်    နိုင်ငံရေးအကျပ်အတည်း၊ အခက်အခဲများ၊ ကပ်ရော ဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြုံတွေ့ခဲ့ရမှုများကိုကြံ့ကြံ့ခံ၍  ယနေ့အချိန်အထိ နိုင်ငံတော်ကို     ကောင်းမွန်အောင်ဆောင် ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း၊    ဘဏ္ဍာရေး ကော်မရှင်ကခွင့်ပြုပေးမည့် ဘဏ္ဍာငွေသည် ငွေရေးကြေးရေးတန်ဖိုးအရ တန်ဖိုးရှိသည် သာမက   အချိန်သည်လည်း   တန်ဖိုးရှိကြောင်း၊  ထို့ကြောင့် ဆက်လက်၍လည်း နိုင်ငံတော်အတွက်   ကောင်းမွန်သည့်လုပ်ငန်းရပ်များကို ဖော်ဆောင်သွားကြရမည် ဖြစ်ပြီး အချိန်၊ ငွေကြေးနှင့် လုပ်ပိုင်ခွင့်များကို မှန်မှန်ကန်ကန်ဖြင့် အကျိုးရှိအောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ခွင့်ပြုငွေများကို သတ်မှတ်ထားသည့်အချိန်အတွင်း၌   ထိထိရောက်ရောက်အကျိုးရှိရှိသုံးစွဲပြီး ပြည်သူလူထုအကျိုးပြုလုပ်ငန်းများ   ရုပ်လုံးပေါ်လာရန်လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အမျိုးသားကာကွယ်ရေးနှင့်  လုံခြုံရေးကောင်စီ ၏ဦးတည်ချက် (၄)ရပ်နှင့်အညီ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရေး နိုင်ငံတော်ကအားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊  စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကနေ ပြည်သူတို့၏ လူမှုစီးပွားဘဝကိုမြှင့်တင်ရေး၊   နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်ပသွင်းကုန်အစား ထိုးနိုင်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖြစ်. သည့် MSME များ   ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ခိုင်မာစေရန် အမျိုးသားပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍများတွင်  အလေးထား မြှင့်တင်ရေးတို့ကို     ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း။
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊  ဖြည့်စွက် ခွင့်ပြုငွေတွင် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ရုံး၊ ကျောင်း၊ ဆေးရုံစသည့်အဆောက်အဦများ၊     လမ်းများ၊ အိမ်ရာများ ပြန်လည်ပြုပြင်ထိန်းသိမ်းရမည့် အသုံးစရိတ်များနှင့် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များအတွက်   အသုံးစရိတ်များကို အဓိကထားခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရအသုံး ခန့်မှန်းခြေငွေစာရင်းပါ လုပ်ငန်းအချို့ကို  အကြောင်းအမျိုးမျိုးကြောင့် ဆောင်ရွက် နိုင်မှုမရှိသည့်အတွက် အဆိုပါလုပ်ငန်းများ၏ အသုံးစရိတ်များကို “အထွေထွေ ပိုလျှံရန်ပုံငွေ” (GRF)သို့   အမြန်အပ်နှံကြရန်လိုကြောင်း၊ သို့မှသာ ၂၀၂၅-၂၀၂၆  ဘဏ္ဍာ ရေးနှစ်အတွင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးနှင့် နိုင်ငံ့ စီးပွားမြှင့်တင်ရေးတို့   ဆောင်ရွက်ရန်အတွက် ထပ်မံလိုအပ်သည့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများကို ပြန်လည်လွှဲပြောင်းသုံးစွဲခွင့်ပြုသွားမည် ဖြစ် ကြောင်း။
ထို့ပြင် နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများ၏ စားဝတ်နေရေးသက်သာ ချောင်လည်မှုရှိစေရန် လက်ရှိထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေးအပြင်  ထပ်မံပြီး ကျပ် ၃၀,၀၀၀ ကို  ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှစ၍   ခံစားခွင့်ပြုခဲ့ကြောင်း၊ ထိုကဲ့သို့  တိုးမြှင့်ခံစားခွင့်ပြုလိုက်သည့်အတွက် လိုအပ်လာသည့် အပိုထောက်ပံ့ကြေး များကို   ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်းမပြုစေဘဲ    မူလခွင့်ပြုငွေအတွင်း ရန်ပုံငွေ   လွှဲပြောင်းသုံးစွဲခြင်းဖြစ်စေ၊ “အထွေထွေပိုလျှံ ရန်ပုံငွေ” (GRF) သို့ အပ်နှံပြီး ပြန်လည် လွှဲပြောင်းသုံးစွဲခြင်းဖြစ်စေ ဆောင်ရွက်ပြီး အသားတင်ထပ်မံလိုငွေများကို   ပြည်ထောင်စု၏  “အထွေထွေပိုလျှံ ရန်ပုံငွေ” (GRF) မှ လွှဲပြောင်းသုံးစွဲခွင့်ပြုမည် ဖြစ်ကြောင်း။
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း၌ ပြီးစီးအောင် ဆောင်ရွက်ရမည့်လုပ်ငန်းများကို   အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ချိန်အတွင်း  ပြီးစီးအောင် အကောင် အထည်ဖော်ဆောင်ရွက်ကြရန်နှင့် ပိုလျှံငွေအများအပြားပြန်လည်အပ်နှံရမှု    မဖြစ် စေရေးကို အထူးဂရုပြုဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့်   တိုင်းဒေသကြီး၊  ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့်   ယခုခွင့်ပြုပေးလိုက်သည့် ဖြည့်စွက်ခွင့်ပြုငွေများအပါအဝင် ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လျာထားခွင့်ပြု ပေးခဲ့သည့်အသုံးစရိတ်များနှင့် လုပ်ငန်းများအကောင် အထည်ဖော်ရာတွင်    သတ်မှတ် ကာလအတွင်း    အချိန်မီပြီးစီးစေရန် အဆင့်ဆင့်တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ကြရန်နှင့်သုံးစွဲမှုများကိုလည်းစနစ်တကျစာရင်းစစ်ဆေးမှုခံယူနိုင်ကြရန်ကိုလည်း သတိပေးမှာကြားလိုကြောင်း။
ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ချမှတ်ထားသည့် ဦးတည်ချက်များ၊ ဆောင်ပုဒ်များနှင့်အညီ  နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို   အထောက်အကူပြုမည့်လုပ်ငန်း အသုံးစရိတ်များကို  စနစ် တကျခွဲခြားသုံးသပ်ပြီး    အကျိုးရှိရှိ   ထိထိရောက်ရောက် သုံးစွဲကြ ရန်နှင့် လုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်ပေးကြရန်   တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြား၍ အစည်းအဝေးကို   ရုပ်သိမ်းခဲ့သည်။