မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Aleksandr  Lukashenko ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ ပြန်လည် ထွက်ခွာ

နေပြည်တော် နိုဝင်ဘာ  ၂၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ  နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြား ချက်အရ မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသော ဘယ်လာရုစ် သမ္မတနိုင်ငံသမ္မတ   H.E. Mr. Aleksandr Lukashenko ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညနေပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်မှ ဘယ်လာရုစ်သမ္မတနိုင်ငံသို့   ပြန်လည်ထွက်ခွာသည်။

ဧည့်သည်တော်ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ ဦးဆောင်သည့်  အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သမ္မတနိုင်ငံ သံအမတ် ကြီး၊  ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများက လေဆိပ်၌ပို့ဆောင်နှုတ်ဆက်ကြသည်။

ထိုသို့ ပို့ဆောင်နှုတ်ဆက်ရာတွင် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ ဦးဆောင် သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့က ကော်ဇောနီ လျှောက်လမ်းတစ်လျှောက် အလေးပြုကြပြီး တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် အကအဖွဲ့များက ရိုးရာယဉ်ကျေးမှု အကအလှတို့ဖြင့် ကပြဖျော်ဖြေခြင်းများနှင့်အတူ ကျောင်းသား/ ကျောင်းသူများက နှစ်နိုင်ငံအလံများဝှေ့ယမ်း၍လည်းကောင်း၊ လမ်းဘေးဝဲယာတစ်လျှောက်နှစ်နိုင်ငံအထိမ်းအမှတ်အလံများ စိုက်ထူခြင်းတို့ဖြင့် လည်းကောင်း ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည့်အပြင်   ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ  ဦးဆောင်သည့်    အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့လိုက်ပါသည့် အထူးလေယာဉ်အား မြန်မာ့တပ်မတော်(လေ)မှ ဂျက်တိုက်လေယာဉ် ၃ စင်းက  လိုက်ပါခြံရံပျံသန်း၍   မြန်မာ့လေပိုင်နက်အဆုံးထိ ပို့ဆောင်ပေးခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။