နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်   ပြင်ဦးလွင်မြို့၊ စစ်မှုထမ်းဟောင်းအိမ်ရာတည်ဆောက်နေမှု အခြေ အနေများအား သွားရောက်ကြည့်ရှုစစ်ဆေး 

နေပြည်တော်  ဒီဇင်ဘာ  ၂

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်း၊ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍  ပြင်ဦးလွင်မြို့၊ စစ်မှုထမ်းဟောင်းအိမ်ရာ တည်ဆောက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ရှင်းလင်းဆောင်ခန်းမ၌ စစ်ထောက်ချုပ်ဒုတိယဗိုလ်ချုပ်ကြီးဇော်ဟိန်းနှင့်တာဝန်ရှိသူများကဘဏ္ဍာရေးနှစ်အလိုက်စစ်မှုထမ်းဟောင်းအိမ်ရာအဆောက်အအုံများတိုးချဲ့တည်ဆောက်လျက်ရှိမှု၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအားနေရာချထားပေးလျက်ရှိမှုနှင့်လုပ်ငန်းဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တည်ဆောက်ပြီးစီးသည့်အိမ်ရာများ၌ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ စနစ်တကျနေရာချထားပေးသွားရန်လိုကြောင်း၊ အဆောက်အအုံများ တည်ဆောက်ရာတွင်လည်းသတ်မှတ်ကာလအတွင်းပြီးစီးမှုရှိစေရေး၊ စံချိန်စံညွှန်းပြည့်မီမှုရှိစေရေး စနစ်တကျကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ အိမ်ရာတွင်နေထိုင်သူများ ကျန်းမာရေးအထောက်အကူပြုရန်အတွက်  ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ရန်နေရာများ ထည့်သွင်းတည်ဆောက်သွားရန်နှင့်   အထပ်မြင့်အဆောက်အဦများကို   သဘာဝဘေးအန္တရာယ်ကာကွယ်နိုင်အောင် စနစ်တကျတွက်ချက် ဆောက်လုပ်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက်နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်းအိမ်ရာ အတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အိမ်ရာတွင်နေထိုင်နေကြသည့်စစ်မှုထမ်းဟောင်းများ၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ လိုအပ်ချက်များကို မေးမြန်းသည်။

အဆိုပါ ပြင်ဦးလွင်မြို့၊ စစ်မှုထမ်းဟောင်းအိမ်ရာတွင် အခြားအဆင့်နေအိမ် ၂ ခန်းတွဲ ၄ ထပ် ၁၀ လုံး၊ အခြားအဆင့်နေအိမ် ၄ ခန်းတွဲ ၆ ထပ် ၁၀ လုံး၊ အရာရှိငယ် နေအိမ် ၄ ခန်းတွဲ ၆ ထပ် ၃ လုံး၊ အရာရှိကြီးနေအိမ် ၄ ခန်းတွဲ ၆ ထပ် ၁ လုံးတို့ကို ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်းနှင့်  အရာရှိကြီးနေအိမ်၊ အရာရှိငယ်နေအိမ်နှင့် အခြားအဆင့်နေအိမ်များအား   ထပ်မံ၍ ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း  သိရှိရသည်။

ရှင်းလင်းတင်ပြမှုများအပေါ်နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဘူတာရုံဧရိယာအတွင်း စနစ်တကျဖြစ်စေရေး စီမံဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီးဘူတာရုံအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။