နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၆၇) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား  

နေပြည်တော်   ဒီဇင်ဘာ   ၃

စစ်တက္ကသိုလ်   ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၇) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်   တက်ရောက်မိန့်ခွန်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့   နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊   ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျ ကျော်ထင်ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်စည်သူ ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊  ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ်၊ တိုင်းမှူးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားစစ်သံရုံးများမှစစ်သံမှူးများ၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများ၊ ကျောင်းဆင်းဗိုလ်လောင်းများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီးကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲအားစစ်ဆေးသည်။

ထို့နောက် ဗိုလ်လောင်းတပ်ခွဲများက နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်အား အနှေး လျှောက်၊အမြန်လျှောက်ဖြင့်  ချီတက် အလေးပြုကြသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၇)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၃၆၂၅၉၊ ဗိုလ်လောင်းမြတ်သီဟ၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူဗိုလ်လောင်းအမှတ် ၃၆၂၂၄၊ ဗိုလ်လောင်းဟိန်းဝေလင်း၊ စာပေထူးချွန်ဆု(ဝိဇ္ဇာ)ရရှိသူဗိုလ်လောင်းအမှတ် ၃၆၂၂၅၊ ဗိုလ်လောင်းတင့်အောင်ထူး၊ စာပေထူးချွန်ဆု(သိပ္ပံ)ရရှိသူဗိုလ်လောင်းအမှတ် ၃၆၂၇၀၊ ဗိုလ်လောင်းဟိန်းထက်နိုင်၊ စာပေထူးချွန်ဆု(ကွန်ပျူတာ)ရရှိသူ  ဗိုလ်လောင်းအမှတ် ၃၆၂၁၄၊   ဗိုလ်လောင်းထက်ဝေယံအောင်တို့အား ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်    ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မမင်းအောင်လှိုင်သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက်စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့်   အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေ စည်သူသတိုးသီရိသုဓမ္မမင်းအောင်လှိုင် သည် စစ်တက္ကသိုလ်ကျောင်းဌာနချုပ်၊ ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း ၅ ဦးနှင့် ၎င်းတို့၏ မိဘဆွေမျိုးများကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ထူးချွန်ဆုရသူများအနေဖြင့်သင်တန်းတက်ရောက်ရသည့်  ၄ နှစ်တာကာလတစ်လျှောက်လုံး စာပေကဏ္ဍ၊ လေ့ကျင့်ရေးကဏ္ဍတို့တွင် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ခဲ့မှု၊ စည်းကမ်းကောင်းမွန်မှုတို့ကြောင့် ယခုကဲ့သို့ ထူးချွန်ဆုများရရှိခဲ့ကြခြင်းဖြစ်သဖြင့် ချီးကျူးအသိအမှတ်ပြုကြောင်းနှင့် မိဘဆွေမျိုးများနှင့်ထပ်တူဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဆက်လက်လျှောက်လှမ်းရမည့် ဘဝခရီးတစ်လျှောက်လုံးတွင်လည်း စဉ်ဆက်မပြတ်သည့် ကြိုးစားအားထုတ်မှုများဖြင့် မိမိတို့ဘဝတိုးတက်မှုရှိစေရေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခုကဲ့သို့ ထူးချွန်ထက်မြက်သူများဖြစ်လာစေရေး  ငယ်စဉ်ကတည်းက ကျွေးမွေးပြုစုပျိုးထောင်ပေးခဲ့သည့် မိဘများ၏ကျေးဇူးများ၊ အသိပညာများရရှိစေရေး သင်ကြားပေးခဲ့သည့် ဆရာ၊ ဆရာမများ၏ကျေးဇူးများကို သိတတ်ရန်နှင့် ကျေးဇူးဆပ်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထို့အတူ ဗိုလ်လောင်းသင်တန်းလေးနှစ်တာကာလအတွင်း တပ်မတော်၏ခေါင်းဆောင်ငယ်များ ဖြစ်လာစေရေးလေ့ကျင့်မွေးထုတ်ပေးခဲ့သည့်တပ်မတော်နှင့်အမိစစ်တက္ကသိုလ်၏ ကျေးဇူးကိုလည်း    မမေ့ရန်လိုကြောင်း၊ မိဘများ၏စကားကို နားထောင်ခြင်း၊ မိဘကို စိတ်ချမ်းသာအောင်ထားရှိခြင်း၊ မိမိတတ်နိုင်သရွေ့ ကျွေးမွေးစောင့်ရှောက်ခြင်းတို့သည် မိဘကျေးဇူးကိုဆပ်ခြင်းပင်ဖြစ်သကဲ့သို့ မိမိကိုယ်ကို ထိန်းသိမ်းနေထိုင်ခြင်း၊ စစ်သားကောင်းတစ်ယောက်ပီသစွာ   နေထိုင်ကျင့်ကြံခြင်းအားဖြင့်လည်း နိုင်ငံတော်နှင့် တပ်မတော်၏ဂုဏ်ကိုမြှင့်တင်ရမည်ဖြစ်ကြောင်း။

တပ်မတော်၌   တာဝန်ထမ်းဆောင်စဉ် ဆက်လက်တက်ရောက်ရမည့်သင်တန်း အဆင့်ဆင့်၌လည်း အမှန်တကယ်တတ်မြောက်အောင် သင်ယူအားထုတ်၍ ဘဝတက်လမ်းတစ်လျှောက် အထောက်အပံ့ကောင်းများရရှိအောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယနေ့ခေတ်သည် နည်းပညာများ စဉ်ဆက်မပြတ်ပြောင်းလဲတိုးတက်နေသည့်အတွက်မိမိတို့ဘဝတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမည့် အသိပညာ၊ အတတ်ပညာများကို စဉ်ဆက်မပြတ်ဖတ်မှတ်လေ့လာခြင်းဖြင့်ဆက်လက်ဆည်းပူးလေ့လာပြီး နိုင်ငံတော်နှင့်တပ်မတော်က အားထားရပြီး လက်အောက်က   အားကိုးရသူများဖြစ်အောင် ဆက်လက်ကြိုးပမ်းသွားကြစေလိုကြောင်း။

မိမိတို့အတွက်အကျိုးမဖြစ်စေမည့် အသောက်အစား၊အပျော်အပါးများကိုလည်း မိမိကိုယ်တိုင်ရှောင်ကြဉ်ကြရန်လိုသကဲ့သို့ မိမိလက်အောက်ငယ်သားများကိုထိန်းသိမ်းကြ ရန်လိုကြောင်း၊ မိမိကိုယ်ကိုတန်ဖိုးထားရန်၊ မိမိလက်အောက်ကိုတန်ဖိုးထားရန်နှင့် မဖြစ် သင့်မဖြစ်ထိုက်သည်များကို မဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိကိုယ်ကို၊ မိမိအဖွဲ့အစည်းနှင့် နိုင်ငံတော် အပေါ် သစ္စာစောင့်သိ၍ ပေးအပ်သည့်တာဝန် များကို အောင်မြင်ကျေပွန်စွာ ထမ်းဆောင်သွားကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် နိုင်ငံတော်နှင့် တပ်မတော်အကျိုးကို   ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်းဖြင့်မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။