နေပြည်တော် ဒီဇင်ဘာ ၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူးတွဲဖက်အမှုဆောင်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇနီး၊ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ မဟာမုနိဘုရားကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့ရသည့် သာသနိကအဆောက်အဦများအား ရှေးမူမပျက် ပြန်လည်တည်ဆောက်ပြုပြင်မွမ်းမံနေမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး၊ အဖွဲ့ဝင်များသည် မဟာမုနိဘုရားကြီးသို့ ရောက်ရှိကြပြီး ဘုရားဖူးလာမိဘပြည်သူများအား ရင်းရင်း နှီးနှီးနှုတ်ဆက်သည်။ ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး၊ အဖွဲ့ဝင်များသည် မဟာမုနိဘုရားကြီးအား မြသပိတ်ဆွမ်းတော်၊ သစ်သီး ဆွမ်းတော်နှင့်ပန်း၊ ရေချမ်းကပ်လှူပူဇော်ကာ ဖူးမြော်ကြည်ညိုသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မဟာမုနိဘုရားကြီးအား လက်ယာရစ်လှည့်လည်၍ ဘုရားကြီးရှိ သာသနိက အဆောက်အဦများတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများအား ရှေးမူမပျက်ပြန်လည်ပြုပြင် တည်ဆောက်မွမ်းမံခြင်းလုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ၊ အသစ်တည်ဆောက်ရသည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် စနစ်တကျဖြစ်စေရေး တွက်ချက် ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ နှင့်ဇနီးတို့က ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံရန်အတွက်စုပေါင်းအလှူတော်ငွေများကို ပေးအပ်လှူဒါန်း ရာ ဂေါပကအဖွဲ့မှတာဝန်ရှိသူများက လက်ခံရယူ ကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပြည်ပလှူဖွယ်ပစ္စည်းများပြခန်းနှင့် ချိတ်ဆွဲရတနာခန်းမသို့ ရောက်ရှိပြီး ငလျင်ဘေး ဒဏ်ဖြစ်ပေါ်ချိန်တွင် ပြင်းထန်သော လှုပ်ခတ်မှုများကြောင့် မြေခခဲ့ရသည့်စိန်ဖူးတော်၊ ငှက်မြတ်နား တော်တို့၌ စေတနာရှင် အများပြည်သူများ လှူဒါန်းထားရှိသည့် ရတနာရွှေငွေကျောက်သံ ပတ္တမြားနှင့် စိန်ဖူးတော်များ၊ ငှက်မြတ်နားတော်၊ ရတနာရွှေအိုးနှင့် ဆည်းလည်းကိုးခိုင်၊ နတ်မင်းကြီးလေးပါး၊ ဇွန်းလေးဘုံ၊ ဆပ်သွားဖူးတော်၊ ထီးတော်ကြီးဘုံကိုးဆင့်တို့အား ထိန်းသိမ်းထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။




ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ သည် ဘုရားစောင်းတန်းနေရာသို့ရောက်ရှိပြီး ဘုရားစောင်းတန်းများသည် ဘုရားဖူးလာမိဘပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် သွားလာနိုင်ရန် ဆောင်ရွက်ပေးထားခြင်းဖြစ်သဖြင့် စနစ်တကျဖြစ်ရန်လို ကြောင်းဖြင့် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ပြီး ဘုရားဖူးလာရောက်ကြသည့်ဘုရားဖူးလာ မိဘ ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။









