နေပြည်တော် ဒီဇင်ဘာ ၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) ရုံးအဆောက်အဦ သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးသည်။

အခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများနှင့် အဆင့်တူပုဂ္ဂိုလ်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘဏ်များ အသင်း၊ နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) ရုံးအဆောက်အဦသစ်နေရာသို့ ရောက်ရှိ ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) ရုံးအဆောက်အဦသစ်ကို ကော်မရှင်အတွင်းရေးမှူးတွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ) အဆောက်အဦသစ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေး သည်။ ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
၎င်းနောက် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ) အဆောက် အဦသစ်ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးသည်။
ဆက်လက်ပြီး ကော်မရှင်အတွင်းရေးမှူးတွဲဖက်အမှုဆောင်ချုပ်နှင့်အခမ်းအနားတက်ရောက်လာကြသူများကကမ္ပည်းမော်ကွန်းအားအမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

၎င်းနောက် အခမ်းအနားအစီအစဉ်ဒုတိယပိုင်းကို ဆက်လက်ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ)၏ သမိုင်းကြောင်းနှင့် အဆောက်အဦ တည်ဆောက်ပြီးစီးမှုအား Video Clip ဖြင့် ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) အဆောက်အဦသစ်နှင့်သက်ဆိုင်သည့် လွှဲပြောင်းမှတ်တမ်း စာအုပ်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေထံသို့ လွှဲပြောင်းပေးအပ်သည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌထံသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာနိုင်ငံတော် ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ)အဆောက်အဦသစ် ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်ကို ဂါရဝပြုပေးအပ်သည်။
ယင်းနောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌကမြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ)အဆောက်အဦသစ်ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) အဆောက် အဦသစ်တည်ဆောက်ခဲ့မှုမှတ်တမ်း ဓာတ်ပုံများအား ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေရေးကြေးရေးကဏ္ဍတည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြောင်းလဲလာသည့်ခေတ်စနစ်များနှင့်အညီရည်မှန်းချက်၊ရည်ရွယ်ချက်များကိုချမှတ်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ပြည်နယ်နှင့်တိုင်းဒေသကြီးတို့တွင် ငွေရေးကြေးရေးကဏ္ဍကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့်ပိုမိုထိရောက်စွာ ကြီးကြပ် ထိန်းကျောင်းဆောင်ရွက်နိုင်ရေး၊ ဒေသအသီးသီး၏ဖွံ့ဖြိုးမှုတွင် ငွေရေး ကြေးရေး ကဏ္ဍဖွံ့ဖြိုးမှုကိုပါ တစ်ပါတည်း ဖော်ဆောင်နိုင်ရေးနှင့် နယ်စပ်ဒေသအပါအဝင် ဒေသအသီးသီးတွင် Financial Inclusion ကို ပိုမိုဖော်ဆောင်ရန်နှင့် ကြီးကြပ်ထိန်းကျောင်းမှုကိုပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်အရ နိုင်ငံ၏စီးပွားရေးအချက်အချာကျသည့် မန္တလေးမြို့တွင်မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) ရုံး အဆောက်အဦသစ်ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင်ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ)ရုံးအဆောက်အဦသစ်သည် နိုင်ငံတကာဗဟိုဘဏ်အဆင့်မီအဆောက်အဦအင်္ဂါရပ်များနှင့်အညီဆောက်လုပ်ရေးဝန်ကြီးဌာနမှတာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်သည်။




