နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင် မကွေးတပ်နယ်မှ အရာရှိ၊စစ်သည် မိသားစုများအားတွေ့ဆုံအမှာ စကားပြောကြား  

တပ်မတော်သားများအားလုံးအနေဖြင့်မိမိတို့ကိုပေးအပ်ထားသည့်တာဝန်များကိုကျေပွန်စွာထမ်းဆောင်သွား ကြရန်နှင့် မိမိကိုယ်တိုင်၊ တပ်မတော်နှင့်နိုင်ငံတော်အတွက်အကျိုးရှိမည်ဆိုပါကလုပ်ငန်းများကိုအောင်မြင် အောင် ဆောင်ရွက်ကြစေလို 

နေပြည်တော်  ဒီဇင်ဘာ  ၂၀

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်ယနေ့မွန်းလွဲပိုင်းတွင်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊မကွေးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား မကွေးမြို့ရှိ နယ်မြေခံတပ်ဌာနချုပ်  သီဟသူရကျင်စံ ခန်းမ၌တွေ့ဆုံအမှာစကားပြောကြားသည်။

အဆိုပါ    တွေ့ဆုံပွဲအခမ်းအနားသို့နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးဒေါ်ကြူကြူလှ၊ ကော်မရှင် အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်ဇနီး၊ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊မကွေးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ကြသည်။

နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့်တပ်မတော်၏အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်နေမှုထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကအမှာစကားပြောကြားရာ၌ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်မဲမသမာမှုများကို ဆောင်ရွက်ခဲ့ခြင်း ကြောင့်တပ်မတော်အနေဖြင့်  ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံ့ တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊မိမိတို့အနေဖြင့် နိုင်ငံတော်အား ဒီမိုကရေစီလမ်းကြောင်းပေါ်တွင်  ခိုင်ခိုင်မာမာဖြင့်ဆက်လက်လျှောက်လှမ်းနိုင်ရေးထိန်းသိမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊မကြာမီရက်ပိုင်းအတွင်းပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ပြီးရွေးကောက်ပွဲပြီးစီးချိန်တွင်အနိုင်ရသည့်ပါတီအားနိုင်ငံတော်တာဝန်များကိုလွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း၊ရွေးကောက်ပွဲ   အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တပ်မတော်သားများအားလုံးက   ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊  ဆန္ဒမဲများပေးရာတွင်လည်းတိုင်းပြည်နှင့်ဒေသကောင်းကျိုးကိုအမှန်တကယ်ဆောင်ရွက်နိုင်သူ၊နိုင်ငံရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊    စီးပွားရေးအမြင်၊လုံခြုံရေးနှင့်  တရားဥပဒေစိုးမိုးရေးအမြင်ရှိသူ၊  လွတ်လပ်ရေးရရှိပြီး  ကတည်းကယနေ့ထက်တိုင်ခိုင်မာစွာတည်ရှိနေသည့်တပ်မတော်နှင့် စိတ်တူကိုယ်တူ လက်တွဲဆောင်ရွက်နိုင်သည့်သူ၊ဒို့တာဝန်အရေးသုံးပါးကိုလိုက်နာစောင့်ထိန်းနိုင်သည့်သူ၊ဥပဒေနှင့်ပတ်သက်၍ သိပညာရှိသူများကိုရွေးချယ်၍ဆန္ဒမဲများပေးနိုင်ရန်လိုကြောင်း၊ တပ်မတော်သည် နိုင်ငံတော်နှင့်အမျိုးသားရေးကို   သစ္စာရှိစွာဖြင့်ခေတ်အဆက်ဆက်ဆောင်ရွက်နေသည့်အဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်းဖြင့် ဦးစွာပြောကြားပြီး တပ်မတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင်ပါဝင်နေရမှု အခြေအနေများ၊    တပ်မတော်အနေဖြင့်ခေတ်အဆက်ဆက် ကြုံတွေ့ခဲ့ရသည့်  ပြည်တွင်းပဋိပက္ခများနှင့်ပြည်ပမှကျူးကျော်မှုများကို  “တိုက်ရင်းလေ့ကျင့်၊လေ့ကျင့်ရင်းတိုက်”ဟူသည့်အတိုင်း အခက်အခဲများကြားမှသောင်းကျန်းသူချေမှုန်းမှုစစ်ဆင်ရေးများကို ဆင်နွှဲခဲ့ရမှုအခြေအနေများ၊နိုင်ငံတော်မှ   ခေတ်အဆက်ဆက်ကျင့်သုံးဆောင်ရွက်ခဲ့သည့်နိုင်ငံရေးစနစ်များနှင့်ကြုံတွေ့ခဲ့ရမှုများ၊  ပြည်သူတစ်ရပ်လုံး၏ဆန္ဒဖြစ်သည့်   ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင်လျှောက်လှမ်းနိုင်ရေးတပ်မတော်မှ အုတ်မြစ်ချ ဆောင်ရွက်ပေးခဲ့မှုအခြေအနေများနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြောကြားရာတွင်တပ်မတော်အနေဖြင့်ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကိုစနစ်တကျဖြစ်ပေါ်လာအောင်ဦးဆောင်၍ ဖော်ဆောင်ပေးခဲ့သည့် အဖွဲ့အစည်းဖြစ်သကဲ့သို့    မြန်မာ့ဒီမိုကရေစီစနစ်ခိုင်မာအောင်တည့်မတ်ဆောင် ရွက်ပေးနေသည့်  အဖွဲ့အစည်းတစ်ခုပင်ဖြစ်ကြောင်း၊    ပထမဒီမိုကရေစီအစိုးရသက်တမ်းနှင့်  ဒုတိယဒီမိုကရေစီအစိုးရသက်တမ်းတွင်လည်း   တပ်မတော်သည်ဒီမိုကရေစီအစိုးရအဖွဲ့များနှင့်    နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊    လက်ရှိဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့်နိုင်ငံရေးပဋိပက္ခများနှင့်လက်နက်ကိုင် အကြမ်းဖက်မှုများအကြားမှ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက်ကိုလည်း  တပ်မတော်ကသာဦးဆောင်၍ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ထို့ကြောင့် ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်တွင်တပ်မတော်နှင့်လက်တွဲဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကိုလိုက်နာစောင့်ထိန်းနိုင်သူ၊နိုင်ငံရေး၊စီးပွားရေးနှင့် ကာကွယ်ရေးအမြင်ရှိသူများကိုရွေးချယ်၍ ဆန္ဒမဲပေးကြရန်လိုကြောင်း၊တပ်မတော်သားများအားလုံးအနေဖြင့်    မိမိတို့နိုင်ငံ၏ဖြတ်သန်းခဲ့ရသည့်သမိုင်းကြောင်းများကို  မှန်မှန်ကန်ကန်သိရှိရန်အတွက်စာအုပ်စာပေများကို  ဖတ်ရှုလေ့လာနေရန်လိုကြောင်း။

တပ်မတော်သည်နိုင်ငံတော်ကာကွယ်ရေးတာဝန်များကိုထမ်းဆောင်နေသည့်အခိုင်အမာဆုံးအဖွဲ့အစည်းတစ်ခုပင်ဖြစ်ကြောင်း၊လွတ်လပ်ရေးရရှိပြီးချိန်မှစတင်၍ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းသောင်းကျန်းမှုများကိုယနေ့အချိန်အထိ တပ်မတော်အနေဖြင့်ရှင်းလင်းဆောင်ရွက်နေရကြောင်း၊နိုင်ငံတော်ကာကွယ်ရေးအတွက်   အမြဲအသင့်ဖြစ်နေစေရေး  ဆောင်ရွက်သွားကြရန်လိုကြောင်း၊   ထိုသို့အသင့်ဖြစ်နေရန်အတွက်   မိမိတို့နေ့စဉ်ဆောင်ရွက်ရမည့်လေ့ကျင့်ရေးလုပ်ငန်းများကိုအမြဲမပြတ်ဆောင်ရွက်နေရန်နှင့်   မိမိတို့ကိုယ်စီထမ်းဆောင်နေရသည့်  တာဝန်များကိုကျေပွန်စွာထမ်းဆောင်ကြရန်လိုကြောင်း၊တပ်မတော်အနေဖြင့် တပ်မတော်သားများ၏    သက်သာချောင်ချိရေးအတွက်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ခြင်းကိုမှန်မှန်ကန်ကန်ဆောင်ရွက်သွားမည်ဆိုပါက  သက်သာချောင်ချိရေးအတွက်များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း။

တပ်မတော်သားများအားလုံးအနေဖြင့်မိမိတို့ကို ပေးအပ်ထားသည့်တာဝန်များ ကို ကျေပွန်စွာထမ်းဆောင်သွားကြရန်နှင့်မိမိကိုယ်တိုင်၊တပ်မတော်နှင့် နိုင်ငံတော် အတွက်အကျိုးရှိမည်ဆိုပါက လုပ်ငန်းများကိုအောင်မြင်အောင်ဆောင်ရွက်သွားကြ စေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက်နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ အတွက် စားသောက်ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာတပ်နယ်မှူးကလည်းကောင်း၊နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌတပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအတွက်ချီးမြှင့်ငွေများကိုပေးအပ်ရာတပ်နယ်မှူး၏ ဇနီးကလည်းကောင်း အသီးသီးလက်ခံ ရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင်နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာ ကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအားရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ယင်းနောက်နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်တပ်နယ်ရှိ  နယ်မြေခံတပ်မတော်ဆေးရုံတွင်တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့်နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သောအရာရှိ၊ စစ်သည်များ၊ ပြည်သူ့စစ်မှုထမ်းများအားထိခိုက်ဒဏ်ရာရရှိခဲ့မှုအခြေအနေများ၊    ရောဂါကုသပျောက်ကင်းမှုအခြေအနေများကိုတစ်ဦးချင်းလိုက်လံတွေ့ဆုံ၍      ရင်းနှီးနွေးထွေးစွာမေးမြန်းပြီးအားပေးစကားပြောကြားကာအရာရှိ၊    စစ်သည်များ၏  တင်ပြချက်များအပေါ်     လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက်    နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်ဆေးရုံလိုအပ်ချက်များအားမေးမြန်း၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည်မကွေးမြို့၊  စစ်မှုထမ်းဟောင်းအိမ်ရာသို့ရောက်ရှိကြပြီးအိမ်ရာအတွင်း   မော်တော်ယာဉ်များဖြင့်လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ထို့နောက်အိမ်ရာတွင်နေထိုင်လျက်ရှိကြသည့်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်ချက်များမေးမြန်းကာလိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။