နေပြည်တော် ဒီဇင်ဘာ ၂၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များနှင့်အတူယနေ့ညနေပိုင်း တွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ကျက်သရေဆောင် လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးအားသွားရောက်ဖူးမြော်ကြည်ညိုသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတနိုင်ငံ တော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး၊အဖွဲ့ဝင်များအား ဂေါပကအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက် ကြသည်။ ထို့နောက် စေတီတော်မြတ်ကြီး အား လက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညို၍ ပြည်မြို့ညနေ နေဝင်ချိန်ရှုခင်း အား ကြည့်ရှုသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတနိုင်ငံ တော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး၊အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော် မြတ်အား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း ကပ်လှူပူဇော်သည်။
ယင်းနောက်ရွှေဆံတော်စေတီတော် ဗုဒ္ဓပြတိုက်အတွင်း၌ Pagoda Digital Directory Online Website ဆောင်ရွက်ထားရှိမှုအခြေအနေများအားတာဝန်ရှိသူတစ်ဦးမှရှင်းလင်းတင်ပြရာအွန်လိုင်းတွင်ဖော်ပြရာ၌ဘုရား များ၏သမိုင်းအထောက်အထားများခိုင်ခိုင်မာမာဖြစ်ရန်လိုကြောင်း၊ဓာတ်ပုံများကိုလည်းခေတ်နှင့်လျော် ညီသည့် ဓာတ်ပုံအရည်အသွေးများဖြစ်ရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။ ထို့နောက် ပြတိုက်အတွင်းခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက်၌သွန်းလောင်းပူဇော်ခဲ့ကြသည့် ဗုဒ္ဓရုပ်ပွားတော် မြတ်များနှင့်သမိုင်း အထောက်အထားများကို လှည့်လည်ကြည့်ရှုသည်။


ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် ပြည်မြို့ကျက်သရေဆောင် လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးပူဇော်ပြီး စေတီတော်ကြီးအတွက် ဘက်စုံအလှူငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူခဲ့ကြပြီးဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။

အလားတူယနေ့ညနေပိုင်းတွင် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌနှင့်ဇနီး၊အဖွဲ့ဝင်များသည် ပြည်မြို့ကမ်းနား လမ်းသို့ရောက်ရှိပြီး ကမ်းနားလမ်းရှိခေတ္တရာညဈေးတန်း၌ ဒေသရိုးရာအစားအသောက်များ၊ ဈေးဆိုင်ခန်းများဖွင့်လှစ်ရောင်းချနေမှုများကိုလိုက်လံကြည့်ရှုပြီး ဈေးရောင်းချ နေသူများနှင့် လာရောက် စားသုံးကြသည့် ပြည်သူလူထုများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။



ထို့နောက်ကမ်းနားလမ်းတစ်လျှောက်သန့်ရှင်းသာယာလှပရေး ဆောင်ရွက်သွား ရန်လိုအပ်သည့် အခြေ အနေများ၊ ယာဉ်ရပ်နားရန်နေရာများ စနစ်တကျဖြစ်ရန်လို သည့်အခြေအနေများနှင့်ပတ်သက်၍တာဝန်ရှိသူ များကို လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။


