နေပြည်တော်၊ ဇန်နဝါရီ – ၄ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့် အပ်နှင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးသဘင်ဆောင်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းသည်။ အခမ်းအနားသို့
Month: ဇန်နဝါရီ ၂၀၂၅
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ကျရောက်သော နှစ်သစ်ကူးအခါသမယတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား
ဒီနေ့ကျရောက်တဲ့ ၂၀၂၅ ခုနှစ်ရဲ့ နှစ်သစ်ကူးအခါသမယမှာ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြပါသော မိဘပြည်သူညီအစ်ကိုမောင်နှမများအားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့်တကွ ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝ ကြပါစေလို့ ဦးစွာဆုတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်ရဲ့တာဝန် အရပ်ရပ်ကို စတင်ထမ်းဆောင်ကတည်းက နိုင်ငံတော်ရဲ့ရှေ့ဆက်လျှောက်လှမ်းရမယ့် လမ်းကြောင်းကိုမျှော်မှန်းပြီး ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များ၊