တပ်မတော်၏ ကာကွယ်ရေးစွမ်းပကားကောင်းမွန်မှသာ အများက လေးစားကြမည်ဖြစ်၊ ကာကွယ်ရေးစွမ်း ပကားကို ခိုင်မာအောင်တည်ဆောက်နေ၊ ကာကွယ်ရေးစွမ်းပကား လျော့နည်းသွားခြင်းမရှိစေရန် ကာကွယ် ရေးအမြင်ဖြင့်သတိပြုကြရန်လို

ေနျပည္ေတာ္၊ ဇြန္ ၂၅

တပ္မေတာ္၏ ကာကြယ္ေရးစြမ္းပကားေကာင္းမြန္မွသာ အမ်ားက ေလးစားၾက မည္ျဖစ္၍ ကာကြယ္ေရး စြမ္းပကားကုိ ခုိင္မာေအာင္တည္ေဆာက္ေနေၾကာင္း၊ တပ္မေတာ္၏အမ်ိဳးသားႏုိင္ငံေရးက႑ ေပ်ာက္ပ်က္သြား ေအာင္၊ မ်ိဳးခ်စ္စိတ္ဓာတ္မ်ား ပ်က္ျပားသြားေအာင္ လုပ္ေဆာင္ခ်က္မ်ားႏွင့္ ႏုိင္ငံေရးတည္ၿငိမ္မႈမရွိေသးဘဲ စီမံခန္႔ခဲြမႈ လြဲေခ်ာ္ျခင္းမ်ားေၾကာင့္ ဒီမုိကေရစီလမ္းေၾကာင္း ယိမ္းယုိင္မသြားေစရန္ႏွင့္ ကာကြယ္ေရး စြမ္းပကား ေလ်ာ့နည္းသြားျခင္းမ်ားမရွိေစရန္ ကာကြယ္ေရးအျမင္ျဖင့္ သတိျပဳၾကရန္ လုိေၾကာင္း၊ ကာကြယ္ေရးစြမ္းအားကုိ တည္ေဆာက္ေန႐ုံျဖင့္မရဘဲ ခုိင္မာထက္ျမက္ ေနေအာင္လည္း ေလ့က်င့္ေနၾကရမည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ပ်ဥ္ပုံႀကီးတပ္နယ္ရွိအရာရွိ၊ စစ္သည္မ်ားအား ယေန႔နံနက္ပုိင္းတြင္ ေတြ႕ဆုံအမွာစကားေျပာၾကားရာ၌ ထည့္သြင္းေျပာၾကားသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီး ခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး မ်ိဳးေဇာ္သိန္းႏွင့္ တပ္မေတာ္ အရာရွိႀကီးမ်ား၊ ရန္ကုန္တုိင္းစစ္ဌာ နခ်ဳပ္တုိင္းမွဴး၊ ေတာင္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴးႏွင့္ ပ်ဥ္ပုံႀကီးတပ္နယ္မွ အရာရွိ၊ စစ္သည္မ်ား တက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ ႏုိင္ငံႏွင့္ ျပည္သူအတြက္ အသက္ႏွင့္ခႏၶာ စြန္႔လႊတ္၍ တာ၀န္ထမ္းေဆာင္ခဲ့ၾကေသာ တပ္မေတာ္သားမ်ားအတြက္ ျပန္လည္ေနရာခ်ထား ေရးလုပ္ငန္းမ်ားကုိ မျဖစ္မေနေဆာင္ရြက္ေပး လ်က္ရွိေၾကာင္း၊ ႏုိင္ငံ၏ကာကြယ္ေရးစြမ္းပကားကုိ တည္ေဆာက္ရာတြင္ တပ္မေတာ္ သားမ်ား၏ ရွိၿပီးသားႏုိင္ငံေတာ္ကာကြယ္လုိစိတ္အေျခခံကုိ ပုိမုိခုိင္မာေအာင္ တည္ေဆာက္ရမည္ျဖစ္ေၾကာင္း။

တပ္မေတာ္သားမ်ားသည္ စြန္႔လႊတ္စြန္႔စားစြာျဖင့္ ကာကြယ္ေရးတာ၀န္မ်ား ထမ္းေဆာင္ေနၾကရသျဖင့္ ေၾကာင့္ၾကမႈမရွိၾကရေအာင္ ေဆာင္ရြက္ေပးေနျခင္း ျဖစ္ေၾကာင္း၊ မိမိတုိ႔တစ္ဦးခ်င္း၏ ၀င္ေငြ၊ ထြက္ေငြမွ် တေအာင္ အေလ့အက်င့္လုပ္ၾကရန္၊ အသုံးႏွင့္အျဖဳန္းကုိခြဲျခား နားလည္၍ စည္းစနစ္တက် ဆင္ျခင္သုံးစြဲၾကရန္လုိေၾကာင္း၊ က်န္းမာေရးကုိထိခုိက္ေစၿပီး ေငြကုန္ေၾကးက်မ်ားေစေသာ အရက္၊ ေဆးလိပ္ႏွင့္ ကြမ္းစားသုံးျခင္းမ်ားႏွင့္ အေသာက္အစား၊ အစားအေသာက္မ်ားကုိ အတတ္ႏုိင္ဆုံး ေရွာင္ၾကဥ္ၾကရန္လုိေၾကာင္း။

စည္းကမ္းသည္တပ္မေတာ္၏ ေက်ာ႐ုိးျဖစ္ၿပီးတပ္မေတာ္သားအားလုံးသည္ ထုတ္ျပန္ထားသည့္ စည္းမ်ဥ္း စည္းကမ္းမ်ား၊ လုပ္ထုံးလုပ္နည္းမ်ားကုိ လုိက္နာၾကရေၾကာင္း၊ တပ္မေတာ္သည္ တုိင္းျပည္ကာကြယ္ေရး ကုိသာမက ဖြံ႕ၿဖိဳးတုိးတက္ေရးႏွင့္ ျပည္သူလူထုအက်ိဳးအတြက္ ေဆာင္ရြက္ေပးေနသည့္ အဖြဲ႕အစည္း ျဖစ္ေၾကာင္း၊ မည္သည့္ အဖြဲ႕အစည္းမဆုိ စည္းကမ္းမရွိပါက တုိင္းျပည္အတြက္ အက်ိဳးမရွိေၾကာင္း၊ တပ္မေတာ္၏ ၀တ္စားဆင္ယင္မႈ၊ သြားလာေနထုိင္မႈအားလုံး စည္းကမ္းစနစ္ျဖင့္သာ လုပ္ေဆာင္ရ ေၾကာင္း၊ တပ္မေတာ္သည္ တုိင္းျပည္တုိးတက္ရာတုိးတက္ေၾကာင္း၊ ျပည္သူ႕အက်ိဳးရွိရာ ရွိေၾကာင္း လုပ္ေဆာင္ လ်က္ရွိရာတြင္ တပ္မေတာ္သားမ်ားအားလုံး တစ္ဦးခ်င္း စည္းကမ္းရွိရန္၊ တပ္ဖြဲ႕လုိက္စည္းကမ္း ရွိရန္ေဆာင္ရြက္ၿပီး စည္းကမ္းေကာင္းသည့္ တပ္မေတာ္၊ စည္းကမ္းရွိသည့္အဖြဲ႕အစည္းမ်ား၊ စည္းကမ္းရွိသည့္ႏုိင္ငံျဖစ္ေအာင္ ႀကိဳးပမ္းေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္း။

လူတိုင္းသည္ကုိယ့္ဘ၀ကုိ တုိးတက္ခ်င္သည့္စိတ္ရွိၾကေၾကာင္း၊ မိမိတုိ႔ဘ၀ကို ထိခုိက္ေစႏုိင္သည့္ အေနအထုိင္အျပဳအမူမ်ား၊ အရက္ေသစာေသာက္စားမႈမ်ားကုိ ေရွာင္ၾကဥ္ရန္လုိၿပီး မိမိကုိယ္ကုိထိန္းသိမ္းရန္၊ ထုတ္ျပန္ထားသည့္ တည္ၿမဲအမိန္႔မ်ားကုိ လုိက္နာရန္၊ မိမိအလုပ္ကုိမိမိတာ၀န္ေက်ေအာင္ ေဆာင္ရြက္ၾကရန္ လုိေၾကာင္း၊ မိမိတို႔ဘ၀အတြက္ အေထာက္အကူျဖစ္ေစႏုိင္သည့္ အသိပညာ၊ အတတ္ပညာမ်ား ရရွိေစရန္ အတြက္ စာအုပ္၊ စာေစာင္မ်ားအား အၿမဲဖတ္႐ႈေလ့လာေနရမည္ျဖစ္ေၾကာင္း၊ သက္ဆုိင္ရာ တပ္၊ ဌာနခ်ဳပ္မ်ား အလုိက္ စာၾကည့္တုိက္မ်ားေဆာက္လုပ္ေပးထားၿပီး လုိအပ္သည့္ သုတ၊ ရသစာအုပ္စာေစာင္မ်ားအား ျဖည့္ဆည္းေဆာင္ရြက္ေပးထား ေၾကာင္း၊ ျပင္ပတြင္ မသိရွိႏုိင္သည့္အေၾကာင္းအရာမ်ားအား စာအုပ္၊ စာေပမ်ားမွ သိရွိႏုိင္ေၾကာင္း၊မိမိကုိယ္ကုိ ထိန္းသိမ္းျခင္းျဖင့္ မိမိကုိယ္ကုိေကာင္းေအာင္လုပ္ရန္၊ မိမိတုိ႔တပ္ ကုိေကာင္းေအာင္လုပ္ရန္၊ တပ္မေတာ္တစ္ရပ္လုံးေကာင္းေအာင္လုပ္ရန္၊ ျပည္သူကအား ကုိးရသည့္ တပ္မေတာ္၊ တုိင္းျပည္ကအားထားရသည့္ တပ္မေတာ္တစ္ရပ္ ျဖစ္ေအာင္ တစ္ဦးခ်င္းမွ တပ္မ်ား အလုိက္ ထိန္းသိမ္းေဆာင္ရြက္ၾကရန္ အေလးအနက္ ထားတုိက္တြန္းမွာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္နယ္မွ အရာရွိ၊ စစ္သည္မ်ား အတြက္ သုတ၊ ရသစာအုပ္စာေစာင္မ်ားေပးအပ္ရာ နယ္ေျမခံတပ္မဌာနခ်ဳပ္မွ တာ၀န္ရွိသူတစ္ဦးက လက္ခံရ ယူသည္။ထုိ႔ေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းက စားေသာက္ဖြယ္ရာ မ်ားအားလည္းေကာင္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ စစ္ေရးခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ဆန္းဦးက အားကစားပစၥည္းမ်ားႏွင့္ စားေသာက္ ဖြယ္ရာမ်ားအားလည္းေကာင္း အသီးသီးေပးအပ္ရာ တာ၀န္ရွိသူမ်ားက လက္ခံရယူၾကသည္။

၎ေနာက္ နယ္ေျမခံတပ္အစည္းအေ၀းခန္းမတြင္ တာ၀န္ရွိသူတစ္ဦးက စုိက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ား ေဆာင္ရြက္ထားရွိမႈ၊ သီးႏွံမ်ိဳးေစ့မ်ားထုတ္လုပ္ျဖန္႔ျဖဴးေနမႈ ႏွင့္ မိသားစုမ်ား၏ သက္သာေခ်ာင္ခ်ိေရး လုပ္ငန္း မ်ားေဆာင္ရြက္ထားရွိမႈအေျခအေနမ်ား ရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လုိအပ္သည္မ်ားမွာၾကား ျဖည့္ဆည္းေဆာင္ရြက္ေပးသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ေလေအးေပးစနစ္ျဖင့္ ဥစားၾကက္မ်ားေမြးျမဴထားရွိမႈ၊ ႏုိ႕စားႏြားမ်ား ေမြးျမဴထားရွိမႈႏွင့္ DYL ၀က္မ်ား ေမြးျမဴထားရွိမႈအေျခအေနမ်ားအား လုိက္လံၾကည့္႐ႈ စစ္ေဆးၿပီး DYL ၀က္မ်ားအား မိဘမ်ိဳးရင္းမ်ား ရရွိေအာင္ စနစ္တက်ေဆာင္ရြက္ရန္၊ စုိက္ပ်ိဳး ေမြးျမဴေရးလုပ္ငန္းမ်ားအား အနာဂတ္အတြက္ ႀကိဳတင္ေမွ်ာ္ ေတြးၿပီး ေအာင္ျမင္ေအာင္ ေဆာင္ရြက္ရန္မွာၾကားၿပီး လုိအပ္သည္မ်ားျဖည့္ဆည္းေဆာင္ရြက္ေပးခဲ့သည္။

(Unicode Version)

တပ်မတော်၏ ကာကွယ်ရေးစွမ်းပကားကောင်းမွန်မှသာ အများက လေးစားကြမည်ဖြစ်၊ ကာကွယ်ရေးစွမ်း ပကားကို ခိုင်မာအောင်တည်ဆောက်နေ၊ ကာကွယ်ရေးစွမ်းပကား လျော့နည်းသွားခြင်းမရှိစေရန် ကာကွယ် ရေးအမြင်ဖြင့်သတိပြုကြရန်လို

နေပြည်တော်၊ ဇွန် ၂၅

တပ်မတော်၏ ကာကွယ်ရေးစွမ်းပကားကောင်းမွန်မှသာ အများက လေးစားကြ မည်ဖြစ်၍ ကာကွယ်ရေး စွမ်းပကားကို ခိုင်မာအောင်တည်ဆောက်နေကြောင်း၊ တပ်မတော်၏အမျိုးသားနိုင်ငံရေးကဏ္ဍ ပျောက်ပျက်သွား အောင်၊ မျိုးချစ်စိတ်ဓာတ်များ ပျက်ပြားသွားအောင် လုပ်ဆောင်ချက်များနှင့် နိုင်ငံရေးတည်ငြိမ်မှုမရှိသေးဘဲ စီမံခန့်ခွဲမှု လွဲချော်ခြင်းများကြောင့် ဒီမိုကရေစီလမ်းကြောင်း ယိမ်းယိုင်မသွားစေရန်နှင့် ကာကွယ်ရေး စွမ်းပကား လျော့နည်းသွားခြင်းများမရှိစေရန် ကာကွယ်ရေးအမြင်ဖြင့် သတိပြုကြရန် လိုကြောင်း၊ ကာကွယ်ရေးစွမ်းအားကို တည်ဆောက်နေရုံဖြင့်မရဘဲ ခိုင်မာထက်မြက် နေအောင်လည်း လေ့ကျင့်နေကြရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပျဉ်ပုံကြီးတပ်နယ်ရှိအရာရှိ၊ စစ်သည်များအား ယနေ့နံနက်ပိုင်းတွင် တွေ့ဆုံအမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနှင့် တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာ နချုပ်တိုင်းမှူး၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ပျဉ်ပုံကြီးတပ်နယ်မှ အရာရှိ၊ စစ်သည်များ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံနှင့် ပြည်သူအတွက် အသက်နှင့်ခန္ဓာ စွန့်လွှတ်၍ တာဝန်ထမ်းဆောင်ခဲ့ကြသော တပ်မတော်သားများအတွက် ပြန်လည်နေရာချထား ရေးလုပ်ငန်းများကို မဖြစ်မနေဆောင်ရွက်ပေး လျက်ရှိကြောင်း၊ နိုင်ငံ၏ကာကွယ်ရေးစွမ်းပကားကို တည်ဆောက်ရာတွင် တပ်မတော် သားများ၏ ရှိပြီးသားနိုင်ငံတော်ကာကွယ်လိုစိတ်အခြေခံကို ပိုမိုခိုင်မာအောင် တည်ဆောက်ရမည်ဖြစ်ကြောင်း။

တပ်မတော်သားများသည် စွန့်လွှတ်စွန့်စားစွာဖြင့် ကာကွယ်ရေးတာဝန်များ ထမ်းဆောင်နေကြရသဖြင့် ကြောင့်ကြမှုမရှိကြရအောင် ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း၊ မိမိတို့တစ်ဦးချင်း၏ ဝင်ငွေ၊ ထွက်ငွေမျှ တအောင် အလေ့အကျင့်လုပ်ကြရန်၊ အသုံးနှင့်အဖြုန်းကိုခွဲခြား နားလည်၍ စည်းစနစ်တကျ ဆင်ခြင်သုံးစွဲကြရန်လိုကြောင်း၊ ကျန်းမာရေးကိုထိခိုက်စေပြီး ငွေကုန်ကြေးကျများစေသော အရက်၊ ဆေးလိပ်နှင့် ကွမ်းစားသုံးခြင်းများနှင့် အသောက်အစား၊ အစားအသောက်များကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြရန်လိုကြောင်း။

စည်းကမ်းသည်တပ်မတော်၏ ကျောရိုးဖြစ်ပြီးတပ်မတော်သားအားလုံးသည် ထုတ်ပြန်ထားသည့် စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာကြရကြောင်း၊ တပ်မတော်သည် တိုင်းပြည်ကာကွယ်ရေး ကိုသာမက ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုအကျိုးအတွက် ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်း ဖြစ်ကြောင်း၊ မည်သည့် အဖွဲ့အစည်းမဆို စည်းကမ်းမရှိပါက တိုင်းပြည်အတွက် အကျိုးမရှိကြောင်း၊ တပ်မတော်၏ ဝတ်စားဆင်ယင်မှု၊ သွားလာနေထိုင်မှုအားလုံး စည်းကမ်းစနစ်ဖြင့်သာ လုပ်ဆောင်ရ ကြောင်း၊ တပ်မတော်သည် တိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်း၊ ပြည်သူ့အကျိုးရှိရာ ရှိကြောင်း လုပ်ဆောင် လျက်ရှိရာတွင် တပ်မတော်သားများအားလုံး တစ်ဦးချင်း စည်းကမ်းရှိရန်၊ တပ်ဖွဲ့လိုက်စည်းကမ်း ရှိရန်ဆောင်ရွက်ပြီး စည်းကမ်းကောင်းသည့် တပ်မတော်၊ စည်းကမ်းရှိသည့်အဖွဲ့အစည်းများ၊ စည်းကမ်းရှိသည့်နိုင်ငံဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

လူတိုင်းသည်ကိုယ့်ဘဝကို တိုးတက်ချင်သည့်စိတ်ရှိကြကြောင်း၊ မိမိတို့ဘဝကို ထိခိုက်စေနိုင်သည့် အနေအထိုင်အပြုအမူများ၊ အရက်သေစာသောက်စားမှုများကို ရှောင်ကြဉ်ရန်လိုပြီး မိမိကိုယ်ကိုထိန်းသိမ်းရန်၊ ထုတ်ပြန်ထားသည့် တည်မြဲအမိန့်များကို လိုက်နာရန်၊ မိမိအလုပ်ကိုမိမိတာဝန်ကျေအောင် ဆောင်ရွက်ကြရန် လိုကြောင်း၊ မိမိတို့ဘဝအတွက် အထောက်အကူဖြစ်စေနိုင်သည့် အသိပညာ၊ အတတ်ပညာများ ရရှိစေရန် အတွက် စာအုပ်၊ စာစောင်များအား အမြဲဖတ်ရှုလေ့လာနေရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တပ်၊ ဌာနချုပ်များ အလိုက် စာကြည့်တိုက်များဆောက်လုပ်ပေးထားပြီး လိုအပ်သည့် သုတ၊ ရသစာအုပ်စာစောင်များအား ဖြည့်ဆည်းဆောင်ရွက်ပေးထား ကြောင်း၊ ပြင်ပတွင် မသိရှိနိုင်သည့်အကြောင်းအရာများအား စာအုပ်၊ စာပေများမှ သိရှိနိုင်ကြောင်း၊မိမိကိုယ်ကို ထိန်းသိမ်းခြင်းဖြင့် မိမိကိုယ်ကိုကောင်းအောင်လုပ်ရန်၊ မိမိတို့တပ် ကိုကောင်းအောင်လုပ်ရန်၊ တပ်မတော်တစ်ရပ်လုံးကောင်းအောင်လုပ်ရန်၊ ပြည်သူကအား ကိုးရသည့် တပ်မတော်၊ တိုင်းပြည်ကအားထားရသည့် တပ်မတော်တစ်ရပ် ဖြစ်အောင် တစ်ဦးချင်းမှ တပ်များ အလိုက် ထိန်းသိမ်းဆောင်ရွက်ကြရန် အလေးအနက် ထားတိုက်တွန်းမှာကြားသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်မှ အရာရှိ၊ စစ်သည်များ အတွက် သုတ၊ ရသစာအုပ်စာစောင်များပေးအပ်ရာ နယ်မြေခံတပ်မဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက လက်ခံရ ယူသည်။ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းက စားသောက်ဖွယ်ရာ များအားလည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက အားကစားပစ္စည်းများနှင့် စားသောက် ဖွယ်ရာများအားလည်းကောင်း အသီးသီးပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

၎င်းနောက် နယ်မြေခံတပ်အစည်းအဝေးခန်းမတွင် တာဝန်ရှိသူတစ်ဦးက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ သီးနှံမျိုးစေ့များထုတ်လုပ်ဖြန့်ဖြူးနေမှု နှင့် မိသားစုများ၏ သက်သာချောင်ချိရေး လုပ်ငန်း များဆောင်ရွက်ထားရှိမှုအခြေအနေများ ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များမှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် လေအေးပေးစနစ်ဖြင့် ဥစားကြက်များမွေးမြူထားရှိမှု၊ နို့စားနွားများ မွေးမြူထားရှိမှုနှင့် DYL ဝက်များ မွေးမြူထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးပြီး DYL ဝက်များအား မိဘမျိုးရင်းများ ရရှိအောင် စနစ်တကျဆောင်ရွက်ရန်၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများအား အနာဂတ်အတွက် ကြိုတင်မျှော် တွေးပြီး အောင်မြင်အောင် ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။