နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စက္ကူစက်ရုံ(သာပေါင်း)သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်    ဇန်နဝါရီ  ၉ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ညနေပိုင်းတွင် မြန်မာစီးပွားရေးကော်ပိုရေးရှင်း စက္ကူစက်ရုံ (သာပေါင်း)သို့  သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား တာဝန်ရှိသူများက စက်ရုံရှင်းလင်းဆောင်ခန်းမတွင် စက်ရုံသမိုင်းအကျဉ်း၊ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များအား လိုက်နာဆောင်ရွက်ပြီးစီးမှု၊  စက်ရုံဆိုင်ရာအချက်အလက်များနှင့်  ဝန်ထမ်းများ ခန့်အပ်ထားရှိမှု၊ ဘဏ္ဍာရေးနှစ်အလိုက် ဝင်ငွေ၊ အသုံးစရိတ်နှင့်

ဆက်ဖတ်ရန်

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဟိုင်းကြီးကျွန်းတပ်နယ်မှ  အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား           

မကြာမီရက်ပိုင်းအတွင်း ရွေးကောက်ပွဲအပိုင်း(၂)နှင့်(၃)တို့ ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများ၏ အခွင့်အရေးများဆုံးရှုံးမှုမရှိစေရေး၊ လုံခြုံစိတ်ချမှုအပြည့်ဖြင့် ဆန္ဒမဲများပေးနိုင်ရေး အားလုံးကဝိုင်းဝန်းပါဝင်ဆောင်ရွက် နေပြည်တော်     ဇန်နဝါရီ     ၉ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဟိုင်းကြီးကျွန်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား သွားရောက်တွေ့ဆုံအမှာစကားပြောကြားသည်။ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်   ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်

ဆက်ဖတ်ရန်

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  ဆင်တဲနှင့်ထုံးဘိုတို့ရှိ တပ်မတော်အကြီးစားစက်ရုံများ၌ လယ်ယာသုံး စက်ကိရိယာများနှင့် မော်တော်ယာဉ်များထုတ်လုပ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  ဆင်တဲနှင့်ထုံးဘိုတို့ရှိ တပ်မတော်အကြီးစားစက်ရုံများ၌ လယ်ယာသုံး စက်ကိရိယာများနှင့် မော်တော်ယာဉ်များထုတ်လုပ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကစီးပွားရေးအဖြစ်ဆောင်ရွက်သည့်နိုင်ငံဖြစ်သဖြင့် နိုင်ငံတော်၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်စေရေးအတွက် လိုအပ်သည့်လယ်ထွန်စက်များနှင့် စက်ကိရိယာများအား ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးဆောင်ရွက် နေပြည်တော် ဇန်နဝါရီ  ၈ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကော်မရှင်အတွင်းရေးမှူး

ဆက်ဖတ်ရန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြု တွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး H.E. Ms. Maria Theresa Parreno Lazaro ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။ အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်ယာယီ

ဆက်ဖတ်ရန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့  သီရိလင်္ကာနိုင်ငံ သမ္မတ မစ္စတာ အနူရာ ကုမာရ  ဒစ်ဆာနာယာက ထံမှပေးပို့သည့်ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် သီရိလင်္ကာ နိုင်ငံအစိုးရနှင့် ပြည်သူများ၏ကိုယ်စားလည်းကောင်း၊ မိမိကိုယ်တိုင်အနေဖြင့်လည်းကောင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနှင့်ပြည်သူများအား ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ဆုမွန်ကောင်း ပို့သအပ်ပါကြောင်း ဖော်ပြအပ်ပါသည်။ မြန်မာနိုင်ငံနှင့်သီရိလင်္ကာနိုင်ငံတို့အကြား ထေရဝါဒဗုဒ္ဓဘာသာနှင့် တူညီသည့်ယဉ်ကျေးမှုတန်ဖိုးထားခြင်းများအားအခြေခံသည့် ကာလရှည်ကြာစွာတည်တံ့လျက်ရှိသော ခင်မင်ရင်းနှီးမှုသည် လိုအပ်သည့်အချိန်များ၌ နှစ်နိုင်ငံအကြား စုစည်းညီညွတ်မှုစိတ်ထားဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကြောင့် ပိုမိုခိုင်မာလာခဲ့ပါသည်။ နောင်လာမည့်နှစ်များတွင်လည်း

ဆက်ဖတ်ရန်