၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တပ်မတော်သားများနှင့် မိသားစုဝင်များ ပါဝင်ဆန္ဒမဲပေး

နေပြည်တော်၊ နိုဝင်ဘာ – ၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ယနေ့နံနက် ၆ နာရီမှစတင်၍ နိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပပြုလုပ်ရာ တပ်မတော်သားများနှင့် မိသားစုဝင်များသည်လည်း သက်ဆိုင်ရာမဲရုံများတွင် စည်းမျဉ်းသတ်မှတ်ချက်များနှင့်အညီ ဆန္ဒမဲများပေးခဲ့ကြသည်။

ထိုသို့ ဆန္ဒမဲများပေးကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ အနော်ရထာရပ်ကွက်၊ ဇေယျာသီရိကုန်တိုက်ရှိ မဲရုံ အမှတ်(၁)သို့ သွားရောက်၍ ဆန္ဒမဲပေးကြသည်။

ထို့အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် ဇနီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များကလည်း သတ်မှတ်မဲရုံများ၌ ဆန္ဒမဲများ အသီးသီးပေးခဲ့ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဆန္ဒမဲပေးပြီးချိန်တွင် မဲရုံသို့ လာရောက် သတင်းရယူကြသည့် သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။ ထိုသို့ ပြန်လည်ဖြေကြားရာတွင် မိမိ၏ ရဲဘော်၊ ရဲဘက်များ၊ လုပ်ဖော်ကိုင်ဖက်များဖြင့် အတူတကွ ဆန္ဒမဲပေးလိုခြင်းကြောင့် ယနေ့တွင်လာရောက် မဲပေးခြင်းဖြစ်ကြောင်း၊ မဲပေးရာတွင် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ အလေးထားသည့် ပါတီ၊ ဒို့တာဝန်အရေးသုံးပါးကို အလေးထားသည့်ပါတီ၊ တပ်မတော်နှင့် လက်တွဲလုပ်ဆောင်၍ ရသည့်ပါတီကို ရွေးချယ်ခဲ့ကြောင်း၊ အနာဂတ်ကို ပိုမိုပြီး ကောင်းမွန်အောင် ဖန်တီး ဆောင်ရွက်နိုင်မည်ဟု အပြည့်အဝယုံကြည်ပါကြောင်း၊ ရွေးကောက်ပွဲအပြီးတွင် ပြည်သူ့ဆန္ဒနှင့်အညီ ထွက်ပေါ်လာမည့်ရလာဒ်ကို လက်ခံကြောင်းနှင့် နိုင်ငံသူ၊ နိုင်ငံသားများ ခံစားနေရသည့် သောကများကို ဖြေသိမ့်နိုင်ရေး အမြဲစဉ်းစားနေရန်၊ လုပ်ဆောင်နေရန် လိုအပ်ပြီး အလွန်အရေးကြီးသည့် ကိစ္စဖြစ်သည့်အတွက် မလွဲမသွေ လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်းဖြင့်ပြောကြားခဲ့သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ သက်ဆိုင်ရာမဲရုံအသီးသီး၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)နှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်အတွင်းရှိ အရာရှိ၊ စစ်သည်၊ မိသားစုများက စနစ်တကျဖြင့် ဆန္ဒမဲပေးနေမှုများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများ ဆန္ဒမဲပေးရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် တပ်မတော်မှ Mask များ၊ ရေသန့်ဘူးနှင့် စားသောက်ဖွယ်ရာများ စီစဉ်ဆောင်ရွက်ပေးထားမှုများကို လှည့်လည် ကြည့်ရှုပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားကာ လာရောက် ဆန္ဒမဲပေးကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

အလားတူ နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေများရှိ တိုင်းစစ်ဌာနချုပ်များနှင့် တပ်ရင်း၊ တပ်ဖွဲ့များမှ မဲရုံအသီးသီးတွင်လည်း တိုင်းမှူးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက သက်ဆိုင်ရာမဲရုံအသီးသီးတွင် စနစ်တကျဖြင့် ဆန္ဒမဲများပေးခဲ့ကြသည်။

ထိုသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)နှင့် တိုင်းစစ်ဌာနချုပ်နယ်မြေများတွင် တပ်မတော်သားများနှင့် မိသားစုဝင်များ၏ ဆန္ဒမဲပေးနေမှုများကို ပါတီ ကိုယ်စားလှယ်များနှင့် ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများမှ သတင်းထောက်များက လာရောက်လေ့လာခြင်း၊ သတင်းရယူခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

(Zawgyi Version)

၂၀၂၀ ျပည့္ႏွစ္၊ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲတြင္ တပ္မေတာ္သားမ်ားႏွင့္ မိသားစုဝင္မ်ား ပါဝင္ဆႏၵမဲေပး

ေနျပည္ေတာ္၊ ႏိုဝင္ဘာ – ၈

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ၂၀၂၀ ျပည့္ႏွစ္၊ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲႀကီးကို ယေန႔နံနက္ ၆ နာရီမွစတင္၍ ႏိုင္ငံတစ္ဝန္းလုံးတြင္ က်င္းပျပဳလုပ္ရာ တပ္မေတာ္သားမ်ားႏွင့္ မိသားစုဝင္မ်ားသည္လည္း သက္ဆိုင္ရာမဲ႐ုံမ်ားတြင္ စည္းမ်ဥ္းသတ္မွတ္ခ်က္မ်ားႏွင့္အညီ ဆႏၵမဲမ်ားေပးခဲ့ၾကသည္။

ထိုသို႔ ဆႏၵမဲမ်ားေပးၾကရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီး ေဒၚၾကဴၾကဴလွတို႔သည္ ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ ေကာင္စီနယ္ေျမ၊ ေဇယ်ာသီရိၿမိဳ႕နယ္၊ အေနာ္ရထာရပ္ကြက္၊ ေဇယ်ာသီရိကုန္တိုက္ရွိ မဲ႐ုံ အမွတ္(၁)သို႔ သြားေရာက္၍ ဆႏၵမဲေပးၾကသည္။

ထို႔အတူ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းႏွင့္ ဇနီး ေဒၚသန္းသန္းႏြယ္၊ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ႏွင့္ ဇနီး၊ ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္းႏွင့္ ဇနီး၊ နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္ႏွင့္ ဇနီး၊ ညႇိႏႈိင္းကြပ္ကဲေရးမႉး(ၾကည္း၊ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ား၊ အရာရွိ၊ စစ္သည္၊ မိသားစုဝင္မ်ားကလည္း သတ္မွတ္မဲ႐ုံမ်ား၌ ဆႏၵမဲမ်ား အသီးသီးေပးခဲ့ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ဆႏၵမဲေပးၿပီးခ်ိန္တြင္ မဲ႐ုံသို႔ လာေရာက္ သတင္းရယူၾကသည့္ သတင္းမီဒီယာမ်ား၏ သိရွိလိုသည့္ ေမးျမန္းမႈမ်ားကို ျပန္လည္ေျဖၾကားခဲ့သည္။ ထိုသို႔ ျပန္လည္ေျဖၾကားရာတြင္ မိမိ၏ ရဲေဘာ္၊ ရဲဘက္မ်ား၊ လုပ္ေဖာ္ကိုင္ဖက္မ်ားျဖင့္ အတူတကြ ဆႏၵမဲေပးလိုျခင္းေၾကာင့္ ယေန႔တြင္လာေရာက္ မဲေပးျခင္းျဖစ္ေၾကာင္း၊ မဲေပးရာတြင္ အမ်ိဳး၊ ဘာသာ၊ သာသနာ၊ ပညာ အေလးထားသည့္ ပါတီ၊ ဒို႔တာဝန္အေရးသုံးပါးကို အေလးထားသည့္ပါတီ၊ တပ္မေတာ္ႏွင့္ လက္တြဲလုပ္ေဆာင္၍ ရသည့္ပါတီကို ေ႐ြးခ်ယ္ခဲ့ေၾကာင္း၊ အနာဂတ္ကို ပိုမိုၿပီး ေကာင္းမြန္ေအာင္ ဖန္တီး ေဆာင္႐ြက္ႏိုင္မည္ဟု အျပည့္အဝယုံၾကည္ပါေၾကာင္း၊ ေ႐ြးေကာက္ပြဲအၿပီးတြင္ ျပည္သူ႔ဆႏၵႏွင့္အညီ ထြက္ေပၚလာမည့္ရလာဒ္ကို လက္ခံေၾကာင္းႏွင့္ ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ား ခံစားေနရသည့္ ေသာကမ်ားကို ေျဖသိမ့္ႏိုင္ေရး အၿမဲစဥ္းစားေနရန္၊ လုပ္ေဆာင္ေနရန္ လိုအပ္ၿပီး အလြန္အေရးႀကီးသည့္ ကိစၥျဖစ္သည့္အတြက္ မလြဲမေသြ လုပ္ေဆာင္ရန္ လိုအပ္မည္ျဖစ္ေၾကာင္းျဖင့္ေျပာၾကားခဲ့သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေနျပည္ေတာ္ ေကာင္စီနယ္ေျမအတြင္းရွိ သက္ဆိုင္ရာမဲ႐ုံအသီးသီး၌ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း၊ ေရ၊ ေလ)ႏွင့္ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္အတြင္းရွိ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားက စနစ္တက်ျဖင့္ ဆႏၵမဲေပးေနမႈမ်ားႏွင့္ အရာရွိ၊ စစ္သည္၊ မိသားစုဝင္မ်ားႏွင့္ ေဒသခံျပည္သူမ်ား ဆႏၵမဲေပးရာတြင္ အဆင္ေျပေခ်ာေမြ႕ေစေရးအတြက္ တပ္မေတာ္မွ Mask မ်ား၊ ေရသန႔္ဘူးႏွင့္ စားေသာက္ဖြယ္ရာမ်ား စီစဥ္ေဆာင္႐ြက္ေပးထားမႈမ်ားကို လွည့္လည္ ၾကည့္ရႈၿပီး လိုအပ္သည္မ်ားကို ကူညီေဆာင္႐ြက္ေပးႏိုင္ေရး တာဝန္ရွိသူမ်ားအား မွာၾကားကာ လာေရာက္ ဆႏၵမဲေပးၾကသူမ်ားကို ရင္းရင္းႏွီးႏွီး ႏႈတ္ဆက္ခဲ့ၾကသည္။

အလားတူ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္၊ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ အေရွ႕အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္၊ အေရွ႕ေတာင္တိုင္းစစ္ဌာနခ်ဳပ္၊ ကမ္း႐ိုးတန္းေဒသတိုင္းစစ္ဌာနခ်ဳပ္၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္၊ အေနာက္ေတာင္တိုင္းစစ္ဌာနခ်ဳပ္၊ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္၊ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ႏွင့္ ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ နယ္ေျမမ်ားရွိ တိုင္းစစ္ဌာနခ်ဳပ္မ်ားႏွင့္ တပ္ရင္း၊ တပ္ဖြဲ႕မ်ားမွ မဲ႐ုံအသီးသီးတြင္လည္း တိုင္းမႉးမ်ား၊ အရာရွိ၊ စစ္သည္၊ မိသားစုဝင္မ်ားက သက္ဆိုင္ရာမဲ႐ုံအသီးသီးတြင္ စနစ္တက်ျဖင့္ ဆႏၵမဲမ်ားေပးခဲ့ၾကသည္။

ထိုသို႔ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း၊ ေရ၊ ေလ)ႏွင့္ တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမမ်ားတြင္ တပ္မေတာ္သားမ်ားႏွင့္ မိသားစုဝင္မ်ား၏ ဆႏၵမဲေပးေနမႈမ်ားကို ပါတီ ကိုယ္စားလွယ္မ်ားႏွင့္ ျပည္တြင္း၊ ျပည္ပသတင္းမီဒီယာမ်ားမွ သတင္းေထာက္မ်ားက လာေရာက္ေလ့လာျခင္း၊ သတင္းရယူျခင္းမ်ား ေဆာင္႐ြက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။