တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Telecom International MYANMAR Co.,Ltd.(Mytel) အမှုဆောင်အရာရှိချုပ်အား လက်ခံတွေ့ဆုံ






(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Telecom International MYANMAR Co.,Ltd.(Mytel) အမှုဆောင်အရာရှိချုပ်အား လက်ခံ တွေ့ဆုံ

နေပြည်တော်၊ နို၀င်ဘာ ၂၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် Telecom International MYANMAR Co.,Ltd.(Mytel)အမှုဆောင်ရာရှိချုပ် Mr. Nguyen Thanh Nam အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးညိုစောနှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန့်ဆွေ တို့တက်ရောက်ကြပြီး Telecom International MYANMAR Co.,Ltd.(Mytel) အမှုဆောင် အရာရှိချုပ်နှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် လုပ်ငန်းဆောင်ရွက်မှုနှင့်တိုးတက်မှုအခြေအနေများ၊ ပြည်သူများအား ဆက်သွယ်ရေးဝန်ဆောင်မှုများပေးနေမှုအခြေအနေများ၊ စာသင်ကျောင်းများတွင် အင်တာနက် လိုင်းများတပ်ဆင်ပေးနေမှုအခြေအနေများ၊ ကျေးလက်ဒေသများအထိ ၀န်ဆောင်မှုလုပ်ငန်းများ ရရှိအောင်ဆောင်ရွက်နေမှုအခြေအနေများအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် Telecom International MYANMAR Co.,Ltd.(Mytel) အမှုဆောင်အရာရှိချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ပြီး စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။