တပ်မတော်(ရေ)၏ (၇၁)နှစ်မြောက်နှစ်ပတ်လည်နေ့ကျရောက်၊ နိုင်ငံတော်၏ ရေပြင်ပိုင်နက်ကာကွယ်ရေး အတွက်ရေကြောင်းစွမ်းအားမြှင့်တင်၊ ဒေသတွင်း ရေပြာရေတပ် (Regional Blue Water Navy) အဆင့် ရောက် ရှိရန်ကြိုးပမ်းနေ၊ စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားကျင်းပ

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၂၄

၁၉၄၇ ခုႏွစ္၊ ဒီဇင္ဘာလ ၂၄ ရက္တြင္ စတင္ဖြဲ႕စည္းတည္ေထာင္ခဲ့ေသာ တပ္မေတာ္(ေရ)သည္ ယေန႔တြင္ (၇၁)ႏွစ္တင္းတင္းျပည့္ေျမာက္ခဲ့ၿပီးျဖစ္သည္။တပ္မေတာ္(ေရ)၏ ေရေၾကာင္းစြမ္းအားကုိ ေဒသတြင္းေရျပာေရ တပ္ (Regional Blue Water Navy) အဆင့္ေရာက္ေအာင္ ျမႇင့္တင္ေရးအတြက္ ယေန႔(၇၁)ႏွစ္ေျမာက္ တပ္မေတာ္(ေရ)ႏွစ္ပတ္လည္ေန႔တြင္ စစ္ေရယာဥ္မ်ားတပ္ေတာ္၀င္ျခင္းအခမ္းအနားအား ရန္ကုန္ၿမိဳ႕ရွိ အမွတ္(၃)ေရတပ္ဆိပ္ခံတံတား၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ တက္ေရာက္၍ ဂုဏ္ျပဳအမွာစကားေျပာၾကားသည္။

အဆုိပါအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီးေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး စိန္၀င္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္ စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ အၿငိမ္းစားကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)မ်ား၊ အၿငိမ္းစား ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)မ်ား၊ အၿငိမ္းစားတပ္မေတာ္အရာရွိႀကီးမ်ား၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး၊ ေရတပ္စခန္းဌာနခ်ဳပ္မွဴးမ်ား၊ တပ္မေတာ္ (ေရ)မွအရာရွိ၊ စစ္သည္၊ မိသားစုမ်ားႏွင့္ စစ္မႈထမ္းေဟာင္းအဖြဲ႕၀င္မ်ားတက္ေရာက္ၾကသည္။

ဦးစြာစစ္ဦးစီးအရာရွိခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္မုိးေအာင္က စစ္ေရယာဥ္ဆုိင္ရာအခ်က္အလက္မ်ားအား ရွင္းလင္းတင္ျပသည္။ ထုိ႔ေနာက္ေရတပ္သေဘၤာက်င္းဌာနခ်ဳပ္ ဌာနခ်ဳပ္မွဴးက ဗ်ဴဟာစစ္ေရယာဥ္စုမွဴးထံ စစ္ေရ ယာဥ္မ်ားႏွင့္ပတ္သက္ေသာစာရြက္ စာတမ္းမ်ားအားလႊဲေျပာင္းေပးအပ္သည္။ ယင္းေနာက္ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ထံသုိ႔ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)က စစ္ေရယာဥ္ပုံစံငယ္မ်ားကုိ ဂါရ၀ျပဳ ေပးအပ္သည္။

ထုိ႔ေနာက္ စစ္ဦးစီးအရာရွိခ်ဳပ္(ေရ)က တပ္ေတာ္၀င္စစ္ေရယာဥ္မ်ားအျဖစ္္ ေၾကညာျခင္း၊ ႏုိင္ငံေတာ္အလံ လႊင့္တင္ျခင္း၊ တပ္မေတာ္(ေရ)အလံလႊင့္တင္ျခင္း၊ တပ္ေတာ္၀င္အလံလႊင့္တင္ျခင္း၊ ေခါင္းေလာင္း (၈) ခ်က္တီးျခင္းႏွင့္ တပ္ေတာ္၀င္လုပ္ငန္းစဥ္မ်ား အား အစီအစဥ္အတုိင္းေဆာင္ရြက္ၾကသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ တပ္ေတာ္၀င္ စစ္ေရယာဥ္မ်ားျဖစ္ေသာ ၆၅ မီတာ ေရေပၚလြန္းက်င္း(ဆရာရွမ္း-၂)၊ သံခ်ပ္ကာ ယာဥ္မ်ားတင္ေဆာင္ထားသည့္ ၂၉ မီတာကမ္း ထုိးေရယာဥ္မ်ားႏွင့္ ၂၆ မီတာ ပင္လယ္သြား တြဲ/ဆြဲေရယာဥ္အား ၾကည့္႐ႈစစ္ေဆးသည္။

ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ စစ္ေရယာဥ္-ဆင္ျဖဴရွင္ေပၚရွိ အေလးျပဳခံစင္ျမင့္မွေန၍ ဂုဏ္ျပဳတပ္ဖြဲ႕၏အေလးျပဳျခင္းကုိခံယူသည္။ ထုိအခ်ိန္တြင္ စစ္ရယာဥ္-ရန္တုိင္းေအာင္ႏွင့္ စစ္ေရယာဥ္-ရန္ႀကီးေအာင္တုိ႔မွ အေျမာက္(၁၉)ခ်က္ ပစ္ေဖာက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား ဂုဏ္ျပဳအေလး ျပဳၾကသည္။ ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဂုဏ္ျပဳတပ္ဖြဲ႕အားစစ္ေဆးသည္။

၎ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား ဖရီးဂိတ္စစ္ေရယာဥ္-ေအာင္ေဇယ် ဦးေဆာင္ေသာ ဖရီးဂိတ္ စစ္ေရယာဥ္-က်န္စစ္သား၊ ေကာ္ဗက္ စစ္ေရယာဥ္-တပင္ေရႊထီး၊ ေကာ္ဗက္စစ္ေရယာဥ္-ဘုရင့္ေနာင္ႏွင့္ အျမန္သြားတုိက္ခိုက္ေရး ေရယာဥ္မ်ားက Single Line Formation ပုံစံျဖင့္ ပုံျပဳေမာင္းႏွင္ၿပီး ခ်ီတက္အေလးျပဳ ၾကသည္။ တစ္ခ်ိန္တည္းမွာပင္ ေမာင္းသူမဲ့ရဟတ္ယာဥ္တစ္စင္းက စစ္ေရယာဥ္ေအာင္ေဇယ်ေပၚသုိ႔ ဂုဏ္ျပဳဆင္းသက္အေလးျပဳသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)က အေျမာက္ပစ္ေဖာက္ ဂုဏ္ျပဳအေလးျပဳပစ္ခတ္ထားသည့္ ပထမဆုံးအေျမာက္က်ည္ဆံ ခြံအား အထိမ္းအမွတ္လက္ေဆာင္အျဖစ္ ဂါရ၀ျပဳေပးအပ္သည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဂုဏ္ျပဳခ်ီတက္အေလးျပဳ ခဲ့ၾကသည့္ စစ္ေရယာဥ္မ်ားႏွင့္ တပ္ေတာ္၀င္စစ္ေရယာဥ္မ်ားမွ အရာရွိ၊ စစ္သည္မ်ား အတြက္ ဂုဏ္ျပဳလက္ေဆာင္မ်ားအားေပးအပ္ရာ တာ၀န္ရွိသူမ်ားကလက္ခံရယူၾကသည္။ ထုိ႔ေနာက္ တပ္ေတာ္၀င္ေရယာဥ္မ်ားတည္ေဆာက္ခဲ့ခ်ိန္တြင္ ပါ၀င္ေဆာင္ရြက္ခဲ့သည့္ အရာရွိ၊ စစ္သည္မ်ားအတြက္ ဂုဏ္ျပဳမွတ္တမ္းလႊာႏွင့္ ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ား အားေပး အပ္ခ်ီးျမႇင့္ရာ ေရတပ္သေဘၤာက်င္းဌာနခ်ဳပ္၊ ဌာနခ်ဳပ္မွဴး ဗုိလ္ခ်ဳပ္သန္႔စင္ ေလးကလက္ခံရယူသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဂုဏ္ျပဳအမွာစကားေျပာၾကားရာ၌ ယေန႔တပ္ေတာ္၀င္ အခန္းအနားတြင္ စစ္ေရယာဥ္ ၇ စီးအားတပ္ေတာ္၀င္ႏုိင္ခဲ့ ၿပီး ထူးျခားခ်က္အေနျဖင့္ တပ္မေတာ္(ေရ)အတြက္ မရွိမျဖစ္လုိအပ္သည့္ ၆၅ မီတာ ေရေပၚလြန္းက်င္း(ဆရာ႐ွမ္း -၂)အားတပ္ေတာ္၀င္ႏုိင္ခဲ့ေၾကာင္း၊ ေ၀းလံသည့္ ေရတပ္စခန္း ဌာနခ်ဳပ္မ်ားမွသေဘၤာမ်ားအား ေရေပၚလြန္းက်င္းတြင္ လြန္းတင္ျပင္ဆင္ႏုိင္ၿပီျဖစ္သျဖင့္ အခ်ိန္ကုန္သက္သာျခင္း၊ ေငြကုန္ေၾကးက်သက္သာျခင္းမ်ားႏွင့္ လုပ္ငန္းခြင္အဆင္ေျပ ေခ်ာေမြ႕ျခင္းစသည့္ အက်ိဳးေက်းဇူးမ်ားကုိခံစားရမည္ျဖစ္ေၾကာင္း၊ ယခုကဲ့သုိ႔ ေဆာင္ရြက္ ႏုိင္ရန္အတြက္ တည္ေဆာက္ေရး လုပ္ငန္းမ်ားေဆာင္ရြက္ခဲ့သည့္ ေရတပ္သေဘၤာက်င္း ဌာနခ်ဳပ္မွ အရာရွိ၊ စစ္သည္မ်ားအား ၀မ္းေျမာက္ ဂုဏ္ယူေၾကာင္းေျပာလုိပါေၾကာင္း၊ မိမိတုိ႔ ေရတပ္သေဘၤာက်င္းအေနျဖင့္ ဖရီးဂိတ္စစ္ေရယာဥ္မွစ၍ ေရယာဥ္ မ်ိဳးစုံကုိ တည္ေဆာက္ႏုိင္ခဲ့ေၾကာင္း၊ ထုိ႔ေၾကာင့္ တုိင္းျပည္အတြက္ေငြေၾကးကုန္က်မႈကိုေလွ်ာ့ခ် ႏုိင္ျခင္းသည္ တပ္မေတာ္(ေရ)အတြက္ ဂုဏ္ယူႏုိင္ျခင္းပင္ျဖစ္ေၾကာင္း၊ ယခုထက္ အရည္အေသြးပုိမိုေကာင္းမြန္သည့္၊ စြမ္းရည္ပုိမုိေကာင္းမြန္သည့္ စစ္ေရယာဥ္မ်ားကုိ ဆက္လက္တည္ေဆာက္သြားၾကရမည္ျဖစ္ေၾကာင္း၊ ေရတပ္၏ေဆာင္ပုဒ္ျဖစ္သည့္ “ျမန္မာ့ပင္လယ္ ဒုိ႔ကာကြယ္” ဆုိသည့္အတုိင္း ႏုိင္ငံေတာ္၏ ေရပုိင္နက္ ကုိကာကြယ္ ေစာင့္ေရွာက္ရမည္ျဖစ္သကဲ့သုိ႔ ေဒသတြင္း Blue Water Navy အဆင့္ေရာက္ေအာင္ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ ယေန႔သည္ တပ္မေတာ္(ေရ)၏တည္ေဆာက္ႏုိင္မႈ စြမ္းရည္ႏွင့္ပတ္သက္ၿပီး ႏုိင္ငံေတာ္ႏွင့္တပ္မေတာ္အတြက္ မွတ္ေက်ာက္တင္သည့္ေန႔ တစ္ေန႔ျဖစ္သျဖင့္ဂုဏ္ယူပါေၾကာင္း၊ ေရွ႕ဆက္ၿပီး အရည္အခ်င္းရွိသည့္တပ္မေတာ္(ေရ) အျဖစ္တည္ေဆာက္ႏုိင္ေရးအတြက္ က်ရာတာ၀န္မ်ားကုိ ေက်ပြန္စြာ ထမ္းေဆာင္သြားရန္ႏွင့္ လက္ဆင့္ကမ္းအေမြေပးျခင္းမ်ားကုိ ခုိင္ခုိင္မာမာျဖင့္ ေဆာင္ရြက္သြားၾကရန္လိုေၾကာင္း မွာၾကားသည္။

ဆက္လက္ၿပီး ညေနပုိင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ား သည္ အမွတ္(၃)ေရတပ္ ဆိပ္ခံတံတားမွ ဧရာ၀တီေရတပ္စခန္းဌာနခ်ဳပ္သုိ႔ စစ္ေရယာဥ္- ရတနာပုံျဖင့္ထြက္ခြာၾကသည္။

ထုိသုိ႔သြားေရာက္စဥ္ စစ္ေရယာဥ္ေပၚ၌ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီး ေဒၚၾကဴၾကဴလွတုိ႔က (၇၁)ႏွစ္ေျမာက္ တပ္မေတာ္(ေရ)ႏွစ္ပတ္လည္ေန႔ အထိမ္းအမွတ္ ဂုဏ္ျပဳကိတ္မုန္႔လွီးျခင္း အား ေဆာင္ရြက္ ၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ)ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ အၿငိမ္းစားကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)မ်ား၊ အၿငိမ္းစား ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ)မ်ားႏွင့္ အၿငိမ္းစားတပ္မေတာ္အရာရွိႀကီးမ်ားအား ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းက (၇၁)ႏွစ္ေျမာက္ တပ္မေတာ္(ေရ)ႏွစ္ပတ္လည္ေန႔ အထိမ္းအမွတ္တံဆိပ္မ်ားအား အမွတ္တရလက္ေဆာင္အျဖစ္ေပးအပ္သည္။

ထုိ႔ေနာက္ ဧရာ၀တီေရတပ္စခန္းဌာနခ်ဳပ္ရွိ (၇၁)ႏွစ္ေျမာက္တပ္မေတာ္(ေရ) အထိမ္းအမွတ္ျပခန္းအား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔က ဖဲႀကိဳးျဖတ္ ဖြင့္လွစ္ေပးၿပီး တပ္မေတာ္(ေရ) ႏွစ္ပတ္လည္ေန႕အထိမ္းအမွတ္ လက္မွတ္ေရးထုိးကာ အထိမ္းအမွတ္ျပခန္းမ်ားႏွင့္ ေရတပ္စခန္းဌာန ခ်ဳပ္အလိုက္ျပခန္းမ်ားအား လွည့္လည္ၾကည့္႐ႈၾကသည္။၎င္းေနာက္ တပ္မေတာ္(ေရ)စစ္တီး၀ုိင္းတပ္ဖြဲ႕၏ တီးမႈတ္ ေဖ်ာ္ေျဖမႈမ်ားအားၾကည့္႐ႈအားေပးၿပီး ဂုဏ္ျပဳဆုေငြမ်ားေပးအပ္သည္။

အဆုိပါ (၇၁)ႏွစ္ေျမာက္တပ္မေတာ္(ေရ)ႏွစ္ပတ္လည္ေန႔ျပခန္းမ်ားတြင္ ေရတပ္ သမုိင္းမွတ္တမ္းဓာတ္ပုံမ်ား၊ ေရတပ္အသုံးအေဆာင္ပစၥည္းမ်ားႏွင့္ေရယာဥ္ပုံစံငယ္မ်ား၊ စာအုပ္အေရာင္းဆုိင္ႏွင့္ တပ္မေတာ္ ထုတ္လူသုံး ကုန္ပစၥည္းအေရာင္းဆုိင္မ်ား၊ ေဒသ ထြက္ကုန္မ်ားႏွင့္ ျမန္မာ့႐ုိးရာအစားအစာမ်ားကုိ ခင္းက်င္းျပသ ေရာင္းခ်လ်က္ရွိသည္။

ထုိ႔အတူ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ နံနက္ပုိင္းက လည္း ေရတပ္သေဘၤာ က်င္းဌာနခ်ဳပ္သုိ႔ေရာက္ရွိၾကၿပီး တပ္မေတာ္(ေရ)မွထုတ္လုပ္ ထားရွိသည့္ တပ္မေတာ္(ေရ)သုံး အသုံးအေဆာင္ပစၥည္းမ်ားအားလွည့္လည္ၾကည့္႐ႈၾက သည္။ယင္းေနာက္ေရတပ္သေဘၤာက်င္းဌာနခ်ဳပ္ အစည္းအေ၀းခန္းမတြင္ ဌာနခ်ဳပ္မွဴးက ေရယာဥ္မ်ားအသစ္တည္ေဆာက္ျခင္း၊ အဆင့္ျမႇင့္တင္ျခင္းႏွင့္ ျပဳျပင္ထိန္းသိမ္းျခင္း လုပ္ငန္းမ်ားေဆာင္ရြက္ေနမႈကုိ Powerpoint ျဖင့္ရွင္းလင္းတင္ျပရာ တပ္မေတာ္ ကာကြယ္ ေရးဦးစီးခ်ဳပ္ကလုိအပ္သည္မ်ား မွာၾကားျဖည့္ဆည္းေဆာင္ရြက္ေပးသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ က အၿငိမ္းစားကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ)မ်ား၊ အၿငိမ္းစားကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) မ်ားႏွင့္ အၿငိမ္းစားတပ္မေတာ္အရာရွိႀကီးမ်ားအား တပ္မေတာ္(ေရ)မွ စစ္ေရယာဥ္မ်ားအား ျပည္တြင္း၌ပင္ တပ္မေတာ္(ေရ)အင္ဂ်င္နီယာမ်ားျဖင့္ တည္ေဆာက္ ေနမႈမ်ား၊ ယခင္စစ္ေရယာဥ္မ်ားအား အဆင့္ျမႇင့္တင္မႈလုပ္ငန္းမ်ားေဆာင္ရြက္ေနမႈ၊ ျမန္မာ့ ပင္လယ္ျပင္ လုံၿခဳံေရးအတြက္တပ္မေတာ္(ေရ)၏ စြမ္းပကားအေရးပါမႈႏွင့္ စြမ္းရည္ျမင့္မားလာမႈအေျခအေနမ်ား၊ တပ္မေတာ္(ေရ)ကုိ စြမ္းရည္၊ စြမ္းအားရွိသည့္ ေခတ္မီ တပ္မေတာ္(ေရ) ျဖစ္ေအာင္ တုိးခ်ဲ႕တည္ေဆာက္ႏုိင္ခဲ့မႈအေျခအေနမ်ားအား ရွင္းလင္း ေျပာၾကားသည္။

၎ေနာက္ ေရတပ္သေဘၤာက်င္းအတြင္း စစ္ေရယာဥ္မ်ားတည္ေဆာက္ေနမႈ အေျခအေနမ်ားအား ေမာ္ေတာ္ယာဥ္မ်ားျဖင့္လွည့္လည္ၾကည့္႐ႈၾကသည္။ ထုိ႔ေနာက္ ေရတပ္သေဘၤာက်င္းဌာနခ်ဳပ္အတြင္းရွိ ေရယာဥ္ပုံစံငယ္စမ္းသပ္ကန္္ Hydrodynamic Towing Tank သုိ႔ေရာက္ရွိၾကရာ တာ၀န္ရွိသူတစ္ဦးက ေရယာဥ္ပုံစံငယ္မ်ားစမ္းသပ္ကန္တြင္ တပ္ဆင္ထားသည့္ စက္ကိရိယာမ်ားႏွင့္စြမ္းေဆာင္ႏုိင္မႈမ်ား၊ တပ္မေတာ္(ေရ)တြင္ တည္ေဆာက္ဆဲႏွင့္ တည္ေဆာက္မည့္ ေရယာဥ္မ်ားတြက္ စမ္းသပ္ေဆာင္ရြက္ထားရွိမႈ မ်ား၊ စမ္းသပ္ကန္စြမ္းေဆာင္ရည္တုိင္းတာစစ္ေဆးျခင္းအတြက္ စမ္းသပ္ေဆာင္ရြက္ခ်က္မ်ား အားရွင္း လင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လုိအပ္သည္္မ်ားမွာၾကား ျဖည့္ဆည္းေဆာင္ရြက္ ေပးသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ေရယာဥ္ ပုံစံငယ္စမ္း သပ္ကန္္ Hydrodynamic Towing Tank အတြင္းေရယာဥ္မ်ားလက္ေတြ႕ စမ္းသပ္မႈအားၾကည့္႐ႈစစ္ေဆးခဲ့သည္။

(Unicode Version)

တပ်မတော်(ရေ)၏ (၇၁)နှစ်မြောက်နှစ်ပတ်လည်နေ့ကျရောက်၊ နိုင်ငံတော်၏ ရေပြင်ပိုင်နက်ကာကွယ်ရေး အတွက်ရေကြောင်းစွမ်းအားမြှင့်တင်၊ ဒေသတွင်း ရေပြာရေတပ် (Regional Blue Water Navy) အဆင့် ရောက် ရှိရန်ကြိုးပမ်းနေ၊ စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၂၄

၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သော တပ်မတော်(ရေ)သည် ယနေ့တွင် (၇၁)နှစ်တင်းတင်းပြည့်မြောက်ခဲ့ပြီးဖြစ်သည်။တပ်မတော်(ရေ)၏ ရေကြောင်းစွမ်းအားကို ဒေသတွင်းရေပြာရေ တပ် (Regional Blue Water Navy) အဆင့်ရောက်အောင် မြှင့်တင်ရေးအတွက် ယနေ့(၇၁)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့တွင် စစ်ရေယာဉ်များတပ်တော်ဝင်ခြင်းအခမ်းအနားအား ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင် စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(ရေ)များ၊ အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ်(လေ)များ၊ အငြိမ်းစားတပ်မတော်အရာရှိကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရေတပ်စခန်းဌာနချုပ်မှူးများ၊ တပ်မတော် (ရေ)မှအရာရှိ၊ စစ်သည်၊ မိသားစုများနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များတက်ရောက်ကြသည်။

ဦးစွာစစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ်မိုးအောင်က စစ်ရေယာဉ်ဆိုင်ရာအချက်အလက်များအား ရှင်းလင်း တင်ပြသည်။ ထို့နောက်ရေတပ်သင်္ဘောကျင်းဌာနချုပ် ဌာနချုပ်မှူးက ဗျူဟာစစ်ရေယာဉ်စုမှူးထံ စစ်ရေ ယာဉ်များနှင့်ပတ်သက်သောစာရွက် စာတမ်းများအားလွှဲပြောင်းပေးအပ်သည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)က စစ်ရေယာဉ်ပုံစံငယ်များကို ဂါရဝပြု ပေးအပ် သည်။

ထို့နောက် စစ်ဦးစီးအရာရှိချုပ်(ရေ)က တပ်တော်ဝင်စစ်ရေယာဉ်များအဖြစ်် ကြေညာခြင်း၊ နိုင်ငံတော်အလံ လွှင့်တင်ခြင်း၊ တပ်မတော်(ရေ)အလံလွှင့်တင်ခြင်း၊ တပ်တော်ဝင်အလံလွှင့်တင်ခြင်း၊ ခေါင်းလောင်း (၈) ချက်တီးခြင်းနှင့် တပ်တော်ဝင်လုပ်ငန်းစဉ်များ အား အစီအစဉ်အတိုင်းဆောင်ရွက်ကြသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တပ်တော်ဝင် စစ်ရေယာဉ်များဖြစ်သော ၆၅ မီတာ ရေပေါ်လွန်းကျင်း(ဆရာရှမ်း-၂)၊ သံချပ်ကာ ယာဉ်များတင်ဆောင်ထားသည့် ၂၉ မီတာကမ်း ထိုးရေယာဉ်များနှင့် ၂၆ မီတာ ပင်လယ်သွား တွဲ/ဆွဲရေယာဉ်အား ကြည့်ရှုစစ်ဆေးသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်ရေယာဉ်-ဆင်ဖြူရှင်ပေါ်ရှိ အလေးပြုခံစင်မြင့်မှနေ၍ ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကိုခံယူသည်။ ထိုအချိန်တွင် စစ်ရယာဉ်-ရန်တိုင်းအောင်နှင့် စစ်ရေယာဉ်-ရန်ကြီးအောင်တို့မှ အမြောက်(၁၉)ချက် ပစ်ဖောက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဂုဏ်ပြုအလေး ပြုကြသည်။ ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုတပ်ဖွဲ့အားစစ်ဆေးသည်။

၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဖရီးဂိတ်စစ်ရေယာဉ်-အောင်ဇေယျ ဦးဆောင်သော ဖရီးဂိတ် စစ်ရေယာဉ်-ကျန်စစ်သား၊ ကော်ဗက် စစ်ရေယာဉ်-တပင်ရွှေထီး၊ ကော်ဗက်စစ်ရေယာဉ်-ဘုရင့်နောင်နှင့် အမြန်သွားတိုက်ခိုက်ရေး ရေယာဉ်များက Single Line Formation ပုံစံဖြင့် ပုံပြုမောင်းနှင်ပြီး ချီတက်အလေးပြု ကြသည်။ တစ်ချိန်တည်းမှာပင် မောင်းသူမဲ့ရဟတ်ယာဉ်တစ်စင်းက စစ်ရေယာဉ်အောင်ဇေယျပေါ်သို့ ဂုဏ်ပြုဆင်းသက်အလေးပြုသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကာကွယ်ရေးဦးစီးချုပ်(ရေ)က အမြောက်ပစ်ဖောက် ဂုဏ်ပြုအလေးပြုပစ်ခတ်ထားသည့် ပထမဆုံးအမြောက်ကျည်ဆံ ခွံအား အထိမ်းအမှတ်လက်ဆောင်အဖြစ် ဂါရဝပြုပေးအပ်သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုချီတက်အလေးပြု ခဲ့ကြသည့် စစ်ရေယာဉ်များနှင့် တပ်တော်ဝင်စစ်ရေယာဉ်များမှ အရာရှိ၊ စစ်သည်များ အတွက် ဂုဏ်ပြုလက်ဆောင်များအားပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူကြသည်။ ထို့နောက် တပ်တော်ဝင်ရေယာဉ်များတည်ဆောက်ခဲ့ချိန်တွင် ပါ၀င်ဆောင်ရွက်ခဲ့သည့် အရာရှိ၊ စစ်သည်များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ အားပေး အပ်ချီးမြှင့်ရာ ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ်သန့်စင် လေးကလက်ခံရယူသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာ၌ ယနေ့တပ်တော်ဝင် အခန်းအနားတွင် စစ်ရေယာဉ် ရ စီးအားတပ်တော်ဝင်နိုင်ခဲ့ ပြီး ထူးခြားချက်အနေဖြင့် တပ်မတော်(ရေ)အတွက် မရှိမဖြစ်လိုအပ်သည့် ၆၅ မီတာ ရေပေါ်လွန်းကျင်း(ဆရာရှမ်း -၂)အားတပ်တော်ဝင်နိုင်ခဲ့ကြောင်း၊ ဝေးလံသည့် ရေတပ်စခန်း ဌာနချုပ်များမှသင်္ဘောများအား ရေပေါ်လွန်းကျင်းတွင် လွန်းတင်ပြင်ဆင်နိုင်ပြီဖြစ်သဖြင့် အချိန်ကုန်သက်သာခြင်း၊ ငွေကုန်ကြေးကျသက်သာခြင်းများနှင့် လုပ်ငန်းခွင်အဆင်ပြေ ချောမွေ့ခြင်းစသည့် အကျိုးကျေးဇူးများကိုခံစားရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက် နိုင်ရန်အတွက် တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့သည့် ရေတပ်သင်္ဘောကျင်း ဌာနချုပ်မှ အရာရှိ၊ စစ်သည်များအား ၀မ်းမြောက် ဂုဏ်ယူကြောင်းပြောလိုပါကြောင်း၊ မိမိတို့ ရေတပ်သင်္ဘောကျင်းအနေဖြင့် ဖရီးဂိတ်စစ်ရေယာဉ်မှစ၍ ရေယာဉ် မျိုးစုံကို တည်ဆောက်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် တိုင်းပြည်အတွက်ငွေကြေးကုန်ကျမှုကိုလျှော့ချ နိုင်ခြင်းသည် တပ်မတော်(ရေ)အတွက် ဂုဏ်ယူနိုင်ခြင်းပင်ဖြစ်ကြောင်း၊ ယခုထက် အရည်အသွေးပိုမိုကောင်းမွန်သည့်၊ စွမ်းရည်ပိုမိုကောင်းမွန်သည့် စစ်ရေယာဉ်များကို ဆက်လက်တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း၊ ရေတပ်၏ဆောင်ပုဒ်ဖြစ်သည့် “မြန်မာ့ပင်လယ် ဒို့ကာကွယ်” ဆိုသည့်အတိုင်း နိုင်ငံတော်၏ ရေပိုင်နက် ကိုကာကွယ် စောင့်ရှောက်ရမည်ဖြစ်သကဲ့သို့ ဒေသတွင်း Blue Water Navy အဆင့်ရောက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယနေ့သည် တပ်မတော်(ရေ)၏တည်ဆောက်နိုင်မှု စွမ်းရည်နှင့်ပတ်သက်ပြီး နိုင်ငံတော်နှင့်တပ်မတော်အတွက် မှတ်ကျောက်တင်သည့်နေ့ တစ်နေ့ဖြစ်သဖြင့်ဂုဏ်ယူပါကြောင်း၊ ရှေ့ဆက်ပြီး အရည်အချင်းရှိသည့်တပ်မတော်(ရေ) အဖြစ်တည်ဆောက်နိုင်ရေးအတွက် ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားရန်နှင့် လက်ဆင့်ကမ်းအမွေပေးခြင်းများကို ခိုင်ခိုင်မာမာဖြင့် ဆောင်ရွက်သွားကြရန် လို ကြောင်း မှာကြားသည်။

ဆက်လက်ပြီး ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များ သည် အမှတ်(၃)ရေတပ် ဆိပ်ခံတံတားမှ ဧရာဝတီရေတပ်စခန်းဌာနချုပ်သို့ စစ်ရေယာဉ်- ရတနာပုံဖြင့်ထွက်ခွာကြသည်။

ထိုသို့သွားရောက်စဉ် စစ်ရေယာဉ်ပေါ်၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က (၇၁)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုကိတ်မုန့်လှီးခြင်း အား ဆောင်ရွက် ကြသည်။ ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(ရေ)များ၊ အငြိမ်းစား ကာကွယ်ရေး ဦးစီးချုပ်(လေ)များနှင့် အငြိမ်းစားတပ်မတော်အရာရှိကြီးများအား ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းက (၇၁)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ်တံ ဆိပ်များအား အမှတ်တရလက်ဆောင်အဖြစ်ပေးအပ်သည်။

ထို့နောက် ဧရာဝတီရေတပ်စခန်းဌာနချုပ်ရှိ (၇၁)နှစ်မြောက်တပ်မတော်(ရေ) အထိမ်းအမှတ်ပြခန်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး တပ်မတော်(ရေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ် လက်မှတ်ရေးထိုးကာ အထိမ်းအမှတ်ပြခန်းများနှင့် ရေတပ်စခန်းဌာန ချုပ်အလိုက်ပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။၎င်းင်းနောက် တပ်မတော်(ရေ)စစ်တီးဝိုင်းတပ်ဖွဲ့၏ တီးမှုတ် ဖျော်ဖြေမှုများအားကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများပေးအပ်သည်။

အဆိုပါ (၇၁)နှစ်မြောက်တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ပြခန်းများတွင် ရေတပ် သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ ရေတပ်အသုံးအဆောင်ပစ္စည်းများနှင့်ရေယာဉ်ပုံစံငယ်များ၊ စာအုပ်အရောင်းဆိုင်နှင့် တပ်မတော် ထုတ်လူသုံး ကုန်ပစ္စည်းအရောင်းဆိုင်များ၊ ဒေသ ထွက်ကုန်များနှင့် မြန်မာ့ရိုးရာအစားအစာများကို ခင်းကျင်းပြသ ရောင်းချလျက်ရှိသည်။

ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နံနက်ပိုင်းက လည်း ရေတပ်သင်္ဘော ကျင်းဌာနချုပ်သို့ရောက်ရှိကြပြီး တပ်မတော်(ရေ)မှထုတ်လုပ် ထားရှိသည့် တပ်မတော်(ရေ)သုံး အသုံးအဆောင်ပစ္စည်းများအားလှည့်လည်ကြည့်ရှုကြ သည်။ယင်းနောက်ရေတပ်သင်္ဘောကျင်းဌာနချုပ် အစည်းအဝေးခန်းမတွင် ဌာနချုပ်မှူးက ရေယာဉ်များအသစ်တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်နေမှုကို Powerpoint ဖြင့်ရှင်းလင်းတင်ပြရာ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်ကလိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က အငြိမ်းစားကာကွယ်ရေး ဦးစီးချုပ်(ရေ)များ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(လေ) များနှင့် အငြိမ်းစားတပ်မတော်အရာရှိကြီးများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များအား ပြည်တွင်း၌ပင် တပ်မတော်(ရေ)အင်ဂျင်နီယာများဖြင့် တည်ဆောက် နေမှုများ၊ ယခင်စစ်ရေယာဉ်များအား အဆင့်မြှင့်တင်မှုလုပ်ငန်းများဆောင်ရွက်နေမှု၊ မြန်မာ့ ပင်လယ်ပြင် လုံခြုံရေးအတွက်တပ်မတော်(ရေ)၏ စွမ်းပကားအရေးပါမှုနှင့် စွမ်းရည်မြင့်မားလာမှုအခြေအနေများ၊ တပ်မတော်(ရေ)ကို စွမ်းရည်၊ စွမ်းအားရှိသည့် ခေတ်မီ တပ်မတော်(ရေ) ဖြစ်အောင် တိုးချဲ့တည် ဆောက်နိုင်ခဲ့မှုအခြေအနေများအား ရှင်းလင်း ပြောကြားသည်။

၎င်းနောက် ရေတပ်သင်္ဘောကျင်းအတွင်း စစ်ရေယာဉ်များတည်ဆောက်နေမှု အခြေအနေများအား မော်တော်ယာဉ်များဖြင့်လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် ရေတပ်သင်္ဘောကျင်းဌာနချုပ်အတွင်းရှိ ရေယာဉ်ပုံစံငယ်စမ်းသပ်ကန်် Hydrodynamic Towing Tank သို့ရောက်ရှိကြရာ တာဝန်ရှိသူတစ်ဦးက ရေယာဉ်ပုံစံငယ်များစမ်းသပ်ကန်တွင် တပ်ဆင်ထားသည့် စက်ကိရိယာများနှင့်စွမ်းဆောင်နိုင်မှုများ၊ တပ်မတော်(ရေ)တွင် တည်ဆောက်ဆဲနှင့် တည်ဆောက်မည့် ရေယာဉ်များတွက် စမ်းသပ်ဆောင်ရွက်ထားရှိမှု များ၊ စမ်းသပ်ကန်စွမ်းဆောင်ရည်တိုင်းတာစစ်ဆေးခြင်းအတွက် စမ်းသပ်ဆောင်ရွက်ချက်များ အားရှင်း လင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည််များမှာကြား ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ရေယာဉ် ပုံစံငယ်စမ်း သပ်ကန်် Hydrodynamic Towing Tank အတွင်းရေယာဉ်များလက်တွေ့ စမ်းသပ်မှုအားကြည့်ရှုစစ်ဆေးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။