တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်ရေတပ်ဦးစီးချုပ် Admiral Luechai Ruddit အားလက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ဇန္န၀ါရီ – ၂၁

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ထုိင္းဘုရင့္ေရတပ္ဦးစီးခ်ဳပ္ Admiral Luechai Ruddit အား ယေန႔ညေနပုိင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္၌ လက္ခံေတြ႕ဆံုသည္။

အဆုိပါေတြ႕ဆံုပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ထုိင္းဘုရင့္ ေရတပ္ဦးစီးခ်ဳပ္ႏွင့္အတူ ထုိင္းဘုရင့္ ေရတပ္မွတပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ျမန္မာႏုိင္ငံဆုိင္ရာ ထုိင္းဘုရင့္ေရတပ္စစ္သံမွဴး Captain Puchong Praditteera ႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆံုရာတြင္ ႏွစ္ႏုိင္ငံႏွင့္တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈမ်ား ပုိမုိတုိးတက္ ေကာင္းမြန္ရန္ လုိအပ္မႈအေျခအေနမ်ား၊ ခ်စ္ၾကည္ေရးအားကစားၿပိဳင္ပြဲမ်ား က်င္းပျခင္းႏွင့္ ယဥ္ေက်းမႈဆုိင္ရာမ်ားဖလွယ္ေရးကိစၥရပ္မ်ား၊ သဘာ၀ေဘးအႏၲရာယ္ က်ေရာက္ပါက ကူညီ ကယ္ဆယ္ေရးလုပ္ငန္းရပ္မ်ားတြင္ ပူးေပါင္းေဆာင္ရြက္ႏုိင္ရန္အတြက္ ႀကိဳတင္ေလ့က်င့္ ေဆာင္ရြက္ရန္လုိအပ္မႈအေျခအေနမ်ား၊ အာဆီယံ တပ္မေတာ္မ်ားမွ ေရတပ္မ်ားႏွင့္ ပူးေပါင္း ေဆာင္ရြက္ေရးဆုိင္ရာကိစၥရပ္မ်ား၊ စစ္ေရယာဥ္မ်ားခ်စ္ၾကည္ေရး ခရီး အျပန္အလွန္လည္ပတ္ေရးႏွင့္ အေတြ႕အႀကဳံမ်ားဖလွယ္ေရးဆုိင္ရာကိစၥရပ္မ်ားအား ရင္းရင္းႏွီးႏီွးေဆြးေႏြးခဲ့ၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ထုိင္းဘုရင့္ေရတပ္ဦးစီးခ်ဳပ္ တုိ႔သည္ အမွတ္တရ လက္ေဆာင္ပစၥည္းမ်ားအျပန္အလွန္ေပးအပ္ၿပီး တက္ေရာက္လာၾကသူမ်ားႏွင့္အတူ စုေပါင္း ဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်ရေတပ်ဦးစီးချုပ် Admiral Luechai Ruddit အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီ – ၂၁

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့်ရေတပ်ဦးစီးချုပ် Admiral Luechai Ruddit အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းဘုရင့် ရေတပ်ဦးစီးချုပ်နှင့်အတူ ထိုင်းဘုရင့် ရေတပ်မှတပ်မတော်အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်ရေတပ်စစ်သံမှူး Captain Puchong Praditteera နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံနှင့်တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက် ကောင်းမွန်ရန် လိုအပ်မှုအခြေအနေများ၊ ချစ်ကြည်ရေးအားကစားပြိုင်ပွဲများ ကျင်းပခြင်းနှင့် ယဉ်ကျေးမှုဆိုင်ရာများဖလှယ်ရေးကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ် ကျရောက်ပါက ကူညီ ကယ်ဆယ်ရေးလုပ်ငန်းရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်လေ့ကျင့် ဆောင်ရွက်ရန်လိုအပ်မှုအခြေအနေများ၊ အာဆီယံ တပ်မတော်များမှ ရေတပ်များနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ စစ်ရေယာဉ်များချစ်ကြည်ရေး ခရီး အပြန်အလှန်လည်ပတ်ရေးနှင့် အတွေ့အကြုံများဖလှယ်ရေးဆိုင်ရာကိစ္စရပ်များအား ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်ရေတပ်ဦးစီးချုပ် တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ်ပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။