တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာအထူးကိုယ်စားလှယ် H.E. Mr. Sun Guoxiang အား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ဇန္န၀ါရီ – ၂၂

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ ႏုိင္ငံျခားေရး၀န္ႀကီးဌာန၏ အာရွေရးရာအထူးကုိယ္စားလွယ္ H.E. Mr. Sun Guoxiang အား ယေန႔ နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ျမန္မာႏုိင္ငံတြင္ထာ၀ရၿငိမ္းခ်မ္းေရးရရွိရန္အတြက္ အစုိးရ ႏွင့္တပ္မေတာ္မွ ေဆာင္ရြက္ေနမႈမ်ားႏွင့္ တ႐ုတ္ႏုိင္ငံမွပါ၀င္ကူညီေဆာင္ရြက္ေပးေနမႈ အေျခအေနမ်ား၊ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ ၂၁ ရက္ေန႔ တပ္မေတာ္ကထုတ္ျပန္ခ်က္ကို တ႐ုတ္ႏုိင္ငံမွေထာက္ခံသည့္ အေျခ အေနမ်ား၊ ရခုိင္ျပည္နယ္အတြင္း AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားက နယ္ျခားေစာင့္ရဲကင္း စခန္းမ်ားအား တုိက္ခုိက္ခဲ့ျခင္းသည္ လက္မခံႏုိင္စရာ တာ၀န္မဲ့လုပ္ရပ္ျဖစ္၍ တ႐ုတ္ႏုိင္ငံမွ ျပင္းထန္စြာ႐ႈတ္ခ်သည့္ အေျခအေန မ်ားအား ရင္းရင္းႏွီးႏွီး ေဆြးေႏြးခဲ့ၾကသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး သန္းထြန္းဦး၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္ တပ္မေတာ္ အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ ႏုိင္ငံျခားေရး၀န္ႀကီးဌာန၏ အာရွေရးရာအထူး ကုိယ္စားလွယ္ႏွင့္အတူ ျမန္မာႏုိင္ငံဆုိင္ရာတ႐ုတ္ႏုိင္ငံသံအမတ္ႀကီး H.E. Mr. Hong Liang၊ စစ္သံမွဴး Senior Colonel Xiong Shaowei ႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာအထူးကိုယ်စားလှယ် H.E. Mr. Sun Guoxiang အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီ – ၂၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာအထူးကိုယ်စားလှယ် H.E. Mr. Sun Guoxiang အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင်ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် အစိုးရ နှင့်တပ်မတော်မှ ဆောင်ရွက်နေမှုများနှင့် တရုတ်နိုင်ငံမှပါဝင်ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ တပ်မတော်ကထုတ်ပြန်ချက်ကို တရုတ်နိုင်ငံမှထောက်ခံသည့် အခြေ အနေများ၊ ရခိုင်ပြည်နယ်အတွင်း AA အကြမ်းဖက် သောင်းကျန်းသူများက နယ်ခြားစောင့်ရဲကင်း စခန်းများအား တိုက်ခိုက်ခဲ့ခြင်းသည် လက်မခံနိုင်စရာ တာဝန်မဲ့လုပ်ရပ်ဖြစ်၍ တရုတ်နိုင်ငံမှ ပြင်းထန်စွာရှုတ်ချသည့် အခြေအနေ များအား ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာအထူး ကိုယ်စားလှယ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Hong Liang၊ စစ်သံမှူး Senior Colonel Xiong Shaowei နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။