ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဒေသတွင်နေထိုင်ကြသည့်ဒေသခံများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများအနေဖြင့်လည်း မိမိတို့တတ်စွမ်းသည့်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် နေပြည်တော် ဒီဇင်ဘာ ၆ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဗိုလ်လောင်းများအား တွေ့ဆုံအမှာစကားပြောကြားသည်။ အဆိုပါတွေ့ဆုံပွဲသို့နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)