တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည့် သက်တော်ရှည် ဂိုဏ်းထောက်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တကောဝိဒ၏ ဥတုဇရုပ်ကလပ်အား သွားရောက်ဖူးမြော်ကြည်ညို

ေနျပည္ေတာ္၊ မတ္ ၁၅

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗုိလ္ခ်ဳပ္ျမင့္ေမာ္ႏွင့္ တာဝန္ရွိသူမ်ားလုိက္ပါၿပီး ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ေကာင္စီ နယ္ေျမ၊ လယ္ေဝးၿမိဳ႕နယ္၊ ေအလာၿမိဳ႕ရွိ ဂုိဏ္းေထာက္ေက်ာင္းတုိက္သုိ႔သြားေရာက္၍ ဘဝနတ္ထံ ပ်ံလြန္ေတာ္မူခဲ့သည့္ သက္ေတာ္ရွည္ဂုိဏ္းေထာက္ဆရာေတာ္ဘုရားႀကီး ဘဒၵႏၲေကာဝိဒ၏ ဥတုဇ႐ုပ္ ကလပ္အား သြားေရာက္ဖူးေျမာ္ၾကည္ညိဳသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ သာသနာ့ဝုဒၶိဝိေသာဓနီ သိမ္ေတာ္ အတြင္းထားရွိသည့္ သက္ေတာ္ရွည္ဂုိဏ္းေထာက္ဆရာေတာ္ဘုရားႀကီး၏ ဥတုဇ႐ုပ္ကလပ္ေတာ္အား ဖူးေျမာ္ၾကည္ညိဳၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ ေက်ာင္းထုိင္ဆရာေတာ္ ဘဒၵႏၲဉာဏိႆရ အားဖူးေျမာ္ၾကည္ညိဳၾကၿပီး ေက်ာင္းထုိင္ဆရာေတာ္က အႏၲိမစ်ာပနေအာင္ျမင္စြာ က်င္းပျပဳလုပ္ႏုိင္ေရးအတြက္ စီစဥ္ေဆာင္ရြက္ထားရွိမႈအေျခအေနမ်ား အား ရွင္းလင္းျမြက္ၾကားရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လုိအပ္သည္မ်ား ေမးျမန္း ေလွ်ာက္ထားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အႏၲိမစ်ာပနေအာင္ျမင္စြာ က်င္းပျပဳလုပ္ႏုိင္ေရး အတြက္အလွဴေငြမ်ားႏွင့္ လွဴဖြယ္ပစၥည္းမ်ားအားလည္းေကာင္း၊ တပ္မေတာ္အရာရွိႀကီးမ်ားက ဆရာေတာ္မ်ားထံလွဴဖြယ္ပစၥည္းမ်ားအားလည္းေကာင္း အသီးသီးဆက္ကပ္လွဴဒါန္းၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ သက္ေတာ္ရွည္ ဂုိဏ္းေထာက္ ဆရာေတာ္ဘုရားႀကီး၏ ဥတုဇ႐ုပ္ကလပ္ေတာ္အားဖူးေျမာ္ၾကည္ညိဳၾကၿပီး အႏၲိမစ်ာပန ေအာင္ျမင္စြာ က်င္းပႏုိင္ေရးအတြက္ တာဝန္ရွိသူမ်ားအားလုိအပ္သည္မ်ား မွာၾကားျဖည့္ဆည္းေဆာင္ရြက္ ေပးသည္။ သက္ေတာ္ရွည္ဂိုဏ္းေထာက္ဆရာေတာ္ဘုရားႀကီးသည္ သက္ေတာ္(၁ဝဝ)၊ ဝါေတာ္(၈ဝ) ရွိၿပီျဖစ္ၿပီး မတ္လ ၁ဝ ရက္ေန႔တြင္ ဘဝနတ္ထံပ်ံလြန္ေတာ္မူခဲ့ျခင္းျဖစ္သည္။ ဆရာေတာ္ဘုရားႀကီး၏ အႏၲိမစ်ာပနအခမ္းအနားအား မတ္လ ၁၆ ရက္ေန႔တြင္ က်င္းပျပဳလုပ္သြားမည္ျဖစ္သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည့် သက်တော်ရှည် ဂိုဏ်းထောက်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တကောဝိဒ၏ ဥတုဇရုပ်ကလပ်အား သွားရောက်ဖူးမြော်ကြည်ညို

နေပြည်တော်၊ မတ် ၁၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေ၊ လယ်ဝေးမြို့နယ်၊ အေလာမြို့ရှိ ဂိုဏ်းထောက်ကျောင်းတိုက်သို့သွားရောက်၍ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည့် သက်တော်ရှည်ဂိုဏ်းထောက်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တကောဝိဒ၏ ဥတုဇရုပ် ကလပ်အား သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သာသနာ့ဝုဒ္ဓိဝိသောဓနီ သိမ်တော် အတွင်းထားရှိသည့် သက်တော်ရှည်ဂိုဏ်းထောက်ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား ဖူးမြော်ကြည်ညိုကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဉာဏိဿရ အားဖူးမြော်ကြည်ညိုကြပြီး ကျောင်းထိုင်ဆရာတော်က အန္တိမဈာပနအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ အား ရှင်းလင်းမြွက်ကြားရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ မေးမြန်း လျှောက်ထားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အန္တိမဈာပနအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး အတွက်အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများအားလည်းကောင်း၊ တပ်မတော်အရာရှိကြီးများက ဆရာတော်များထံလှူဖွယ်ပစ္စည်းများအားလည်းကောင်း အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် သက်တော်ရှည် ဂိုဏ်းထောက် ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အားဖူးမြော်ကြည်ညိုကြပြီး အန္တိမဈာပန အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများအားလိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက် ပေးသည်။ သက်တော်ရှည်ဂိုဏ်းထောက်ဆရာတော်ဘုရားကြီးသည် သက်တော်(၁ဝဝ)၊ ဝါတော်(၈ဝ) ရှိပြီဖြစ်ပြီး မတ်လ ၁ဝ ရက်နေ့တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။ ဆရာတော်ဘုရားကြီး၏ အန္တိမဈာပနအခမ်းအနားအား မတ်လ ၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။