တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ဂ်ပန္ႏိုင္ငံ၊ The Yomiuri Shimbun သတင္းဌာနအား လက္ခံေတြ႔ဆုံၿပီး ေမးျမန္းမႈမ်ား ေျဖၾကား

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံ၊ The Yomiuri Shimbun သတင်း ဌာနအား လက်ခံတွေ့ဆုံပြီး မေးမြန်းမှုများ ဖြေကြား

သတင်းဌာန —

အဆွေတော် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ခင်ဗျာ။ အခုလိုမျိုး မိမိကို တွေ့ဆုံဆွေးနွေးခွင့်ပြုသည့်အတွက် ကျေးဇူး တင်ရှိ ပါကြောင်း၊ အသိအမှတ်ပြု အပ်ပါကြောင်း ဦးစွာ ပြောကြားလိုပါတယ်။

ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး နှင့် စစ်ဘက်ရေးရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး မေးမြန်းသွားမှာဖြစ်ပါတယ်။ လက်ရှိကာလတွင် အစိုးရနှင့်တပ်မတော်အကြား ဆက်ဆံရေးနှင့် ပတ်သက်ပြီး ဘယ်လိုရှိပါသလဲ။

မြန်မာ့တပ်မတော်အနေနဲ့ မြန်မာနိုင်ငံ ရဲ့နိုင်ငံရေးမှာ ဘယ်လိုပါဝင်သင့်သလဲလို့ ထင်မြင်ပါသလဲ။ ပြီးတော့ လက်ရှိ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်နေတဲ့ လက်ရှိအစိုးရအပေါ်မှာ ဘယ်လိုမျိုးသုံးသပ် ပါသလဲ သိလိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး–

တပ်မတော်ရဲ့အဓိကတာဝန်ကတော့ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ဖို့ပဲ။ နိုင်ငံတော်ကာကွယ်ရေး ဆိုတဲ့ နေရာမှာ နိုင်ငံတော်က တည်တည်ငြိမ်ငြိမ်အေးအေး ချမ်းချမ်းရှိဖို့ လိုအပ်တာပေါ့။ တိုင်းပြည် တစ်ပြည်ကာကွယ်တယ် လို့ ဒီတစ်ခုတည်း သွားပြီးပြောလို့မရပါဘူး။ နိုင်ငံတော် ကာကွယ်ရေးဆိုတဲ့ နေရာကနေပြီး တိုင်းပြည် တည်ငြိမ် အေးချမ်းရေးကို ပြန်ပြီးဦးတည် သွားတာပေါ့။ တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ ပြည်တွင်း၊ ပြည်ပအန္တရာယ်ကို ကာကွယ် ရတဲ့ဟာဖြစ်တာပေါ့။ ပြည်ပအန္တရာယ် မဟုတ်ရင်တောင်မှ ပြည်တွင်းမှာရှိနေတဲ့ အန္တရာယ်နဲ့ ပြဿနာတွေရှိတယ်။ ကျွန်တော် တို့က ကိုလိုနီနိုင်ငံဖြစ်ခဲ့တဲ့အတွက်ကြောင့် ကိုလိုနီဖြစ်ခဲ့တဲ့ဒဏ်ကို အခုထိခံစားနေရတုန်း ဖြစ်တယ်၊ ဒီအတွေ့ အကြုံအရ ဒီတိုင်းပြည် က ဖော်ထုတ်ရရှိတဲ့အချက် (၃)ချက်ရှိတယ်၊ အဲဒါဒို့တာဝန်အရေး (၃)ပါးပဲ။ ပြည် ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဒီသုံး ချက်ဖြစ် ပါတယ်။တပ်မတော်အနေနဲ့ အမျိုးသားရေး ယုံကြည်ချက် (၃)ချက်ကို ကာကွယ်ဖို့တာဝန်ရှိတယ်။

တပ်မတော်ရဲ့ အဓိကတာဝန်၊ နိုင်ငံတော် ကာကွယ်ရေးဆိုတဲ့နေရာမှာ ဒို့တာဝန်အရေး(၃)ပါးကို ကာကွယ်ဖို့အတွက် အဓိက အချက် ပဲဖြစ်တယ်။ နောက်တစ်ခုက ခင်ဗျား ဒီအစိုးရနဲ့ဆက်ဆံရေး အခြေအနေပေါ့ဗျာ။ လက်ရှိတက်လာတဲ့ အစိုးရကတော့ ၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲမှာတက်လာတဲ့ အာဏာ ရပါတီကနေ ဖွဲ့စည်းထားတဲ့အစိုးရဖြစ်ပါ တယ်၊ ပြည်သူကရွေးချယ်တဲ့ အစိုးရဖြစ်တဲ့ အတွက် ကျွန်တော်တို့ကတော့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းချက်နဲ့အညီ ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ဆောင်ရွက် နေတယ်ဆိုတာကို ကျွန်တော်ပြောလိုပါတယ်။

ဒီနေရာမှာလည်း အစိုးရကလည်းသူ့ရဲ့ စွမ်းဆောင်နိုင်သမျှ လုပ်ဆောင်နေတာကို တွေ့ပါတယ်။ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်း၊ တိုးတက်ခြင်း၊ မတိုးတက်ခြင်း ဆိုတာကတော့ လက်ရှိဖြတ်သန်းလာရတဲ့အခြေအနေ အရပ်ရပ် အပေါ်မှာ သုံးသပ်ကြည့်မယ်ဆိုရင် တွေ့နိုင်ပါလိမ့်မယ်။ ဒါနှင့်ပတ် သက်ပြီး အစိုးရနှင့် ဆက်ဆံရေး အခြေအ နေကလည်းကောင်းတယ်ပဲပြောရမှာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့တပ်မတော်ကလုပ်နေတဲ့ ကိစ္စရပ်တွေ ရှိသလို အစိုးရ ဦးဆောင်မှုနဲ့ လုပ်ဆောင်နေရတဲ့ ကိစ္စရပ် တွေရှိတယ်။ ဒါလည်းတပ်မတော်က ပံ့ပိုးကူညီ ပေးတာပါပဲ။ အချို့ဟာ တွေမှာ အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်တာလည်းရှိပါတယ်။

ဒါလည်း အစိုးရဆုံးဖြတ်ချက်ကို အောင်မြင် အောင်လည်း ကျွန်တော်တို့ဘက်က လုပ်နိုင်တဲ့ဟာဆို လုပ်ပေးတာပေါ့။ မလုပ်နိုင်တဲ့ တချို့ဟာကျတော့လည်းအခြေအနေအရ မတတ်နိုင်တာလည်း ရှိပါလိမ့်မယ်။

သတင်းဌာန —

လက်ရှိကာလမှာဆိုရင် အစိုးရအနေနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးရရှိရေးကို အဓိကထား ရည်မှန်းပြီးတော့ ကြိုးစားဆောင်ရွက်နေ တာရှိပါတယ်၊ ဒါပေမဲ့ ကံအကြောင်းမလှစွာဖြင့် တိုးတက်ဖြစ်ပေါ်မှုတွေက နှေးကွေး နေတယ်ဆိုတာကို မိမိတု့ိတွေ့ရှိ ရပါတယ်၊

ဒါကြောင့် မြန်မာ့တပ်မတော်အနေနဲ့ ဒီလိုမျိုးရည်မှန်းချက်တွေ အောင်မြင်အောင် ဘယ်လိုအားဖြည့်ကူညီ ပေးနိုင်မလဲ ဆိုတာ အဆွေတော် ဗိုလ်ချုပ်မှူးကြီးရဲ့အမြင်ကို သိရှိလိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး–

ပထမဆုံးမေးတဲ့ အခြေခံဥပဒေပြင်ဆင် ရေးလို့ပြောရမှာပေါ့။ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးကျွန်တော်တို့ တပ်မတော်အနေနဲ့ အခြေခံဥပဒေမပြင်ဘူးလို့ ကျွန်တော်တို့မပြောခဲ့ပါဘူး။ ပြင်ဆင်သင့်တဲ့ အချိန်မှာ ပြင်ဆင်သင့်တဲ့ အချက်တွေ ကိုပြင် မယ်လို့ပြောခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီလိုပြင်ဆင်ဖို့ လိုအပ်တဲ့အချိန်ဟာ ဘာလဲဆိုလို့ရှိရင် နိုင်ငံရေး တည်ငြိမ်မှု၊ လုံခြုံရေးဘယ်လောက် တည်ငြိမ်မှုရှိပြီလဲ ဒီအပေါ်မှာ မူတည်ပြီးတော့ လုပ်ဖို့သင့်တယ်ဆိုတဲ့ ကျွန်တော့်ရဲ့

သဘောထားကို ပြောခဲ့ဖူးပါတယ်။ ဆိုတော့ ဒီနေရာမှာလည်း အခြေခံဥပဒေပြင်ဆင်ရေး ဆိုတာတော့ ဥပဒေဆိုတာ တော့ တစ်သက်လုံး တစ်သမတ်တည်း ရှိတယ် ဆိုတာတော့ မဟုတ်ပါဘူး။ ပြင်သင့်ပြင် ထိုက်တာတွေလည်းပြင်။ ဘယ်နိုင်ငံ မဆို ဥပဒေတွေပြင်ကြတာပဲ။

Constitution အပါအဝင်ပေါ့။ ဥပဒေတွေ ကိုပြင်ကြတာပါပဲ၊ ဥပမာအားဖြင့် ဒီမိုကရေစီကို ခိုင်ခိုင်မာမာ ကျင့်သုံးနေတဲ့ အမေရိကန်လိုနိုင်ငံမျိုး၊ အိန်္ဒိယလိုနိုင်ငံမျိုးတောင်မှ အခြေခံဥပဒေပြင်တာတွေ ကျွန်တော်တို့ တွေ့ပါ တယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့လည်း ပြင်သင့်ပြင်ထိုက်တဲ့ ကိစ္စရပ်တွေကို ပြင်ရမှာ ဆိုတာတော့ ကျွန်တော်တို့ ငြင်းပယ်ခြင်း မပြုပါဘူး၊ ဒီနေရာမှာ ကျွန်တော်တို့ ပြောနေကြတဲ့ Constitution စနစ်နဲ့ ဒီဥစ္စာပေါ့။ ကိုယ်ပိုင် အုပ်ချုပ်ခွင့် စနစ်တွေ ဒါတွေက တစ်ယောက်နဲ့ တစ်ယောက်အမြင်ချင်း ညီဖို့တော့လိုတာပေါ့၊ ဒီပေါ်မှာ မူတည်ပြီးတော့ ကျွန်တော် တို့က ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုအပ်သလို ပြင်ဆင်ပေး သွားရမှာဖြစ်တယ်။ ဒါကျွန်တော်တို့ လက်ခံထား ပါတယ်။ ဒီမှာ ကျွန်တော် ထည့်ပြောချင်တာက ခင်ဗျား ရည်ညွှန်းတဲ့ ၂၀၀၈ ခုနှစ်အခြေခံဥပဒေက လွန်ခဲ့တဲ့ ဆယ်စုနှစ် ကျော်ကျော် လောက်က အခြေခံပြီး ရေးခဲ့တာပေါ့။ အဲဒီတော့ အဲဒီအခြေအနေတုန်းက အကောင်းဆုံးအခြေအနေလို့ ယူဆခဲ့ ပါတယ်၊ အဲဒီမှာလက်တွေ့ကျင့်သုံး လာတဲ့အခါကျ တချို့ဟာလေးတွေမှာ လိုအပ်ချက်လေးတွေရှိတယ် ဆိုတာ တွေ့လို့ ၂၀၁၅ ခုနှစ်မှာ ပြင်ဆင်ချက်တွေ အများကြီး လုပ်ပေးခဲ့တယ်။ အထူးသဖြင့် နောက်ဆက်တွဲ ဇယား(၁)နဲ့(၂)ကို ကျွန်တော်တို့ ပြင်ခဲ့တာလည်း ရှိတယ်၊ ဖြည့်ပေးတာလည်း ရှိတာပေါ့။ ဒါတွေက စောစောကပြောတဲ့တိုင်းရင်း သားတွေရဲ့ တောင်းဆိုချက်အပေါ် မူတည်ပြီး လုပ်ခဲ့တဲ့ ပြင်ဆင်ချက်တွေအများစုဖြစ် တာပေါ့။ ကျန်တဲ့ဟာတွေတော့ နိုင်ငံရေး အခြေ အနေအရပြောင်းလဲဖို့ လိုအပ်တဲ့ဟာကြောင့် ကျွန်တော်တို့ပြင်ပေးခဲ့တာရှိတယ်။ ကျွန်တော် တို့ဘယ် လောက် အကောင်အထည်ဖော်နိုင်ခဲ့ပြီလဲဆိုတာတော့ လက်ရှိအခြေအနေမှာတော့ အကဲမဖြတ်နိုင်သေးဘူးဖြစ်တယ်။ ဒီနေရာမှာလည်း ကျွန်တော်ဖြည့်ပြောချင်တာ တစ်ချက် ရှိတယ်။ အဲဒါဘာလဲဆိုတော့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးတဲ့ အခါမှာ ကျွန်တော်တို့ထည့်သွင်းစဉ်းစား ခဲ့တာရှိတယ်။

သမိုင်းနောက်ခံတွေစဉ်းစားခဲ့တယ်။ နောက်မတူညီတဲ့ကွဲပြားခြားနားမှုတွေ စဉ်းစားခဲ့တယ်။ပြီးကျတော့ ပဋိပက္ခတွေဖြစ်ခဲ့ တာတွေကိုပေါ့ ဒါတွေလည်း ကျွန်တော်ထည့်စဉ်းစားခဲ့တယ်။ နောက် ပြည်တွင်းပြည်ပဖြစ်လာနိုင်တဲ့ ခြိမ်း ခြောက်မှု အန္တရာယ်တွေကို စဉ်းစားပြီးတော့မှ စောစောက ကျွန်တော်ပြောတဲ့ ဒို့တာဝန်အရေးသုံးပါးဆိုတာပေါ်လာတာ။ အရေးသုံး

ပါးကို ကျွန်တော်တို့ဘယ်လိုထိန်းသိမ်းမလဲ ဆိုတဲ့ဟာကိုပါ အခြေခံပြီး Constitutionကို ရေးဆွဲတာပါ။ ဒါဟာ နိုင်ငံတိုင်း နိုင်ငံတိုင်း ဒီတိုင်းပါပဲ။ ဘယ်နိုင်ငံကြည့်ကြည့် သူတို့နိုင်ငံဘယ်လို တည်တံ့ခိုင်မြဲအောင် လုပ်မလဲ ဆိုတာကို အခြေခံ Concept ကို စဉ်းစားပြီးမှ လုပ်တာဖြစ်ပါတယ်။ ဒီ Constitution ပြင်ဆင်ရေး ဆိုတဲ့ နေရာမှာလည်း ဒို့တာဝန် အရေး သုံးပါးကို မထိခိုက်အောင် ဘယ်လိုလုပ်မလဲ ဆိုတာ စဉ်းစားပြီးတော့မှ ပြင်ဆင်ရေးကို သွားရမှာဖြစ် ပါတယ်။ ဒီပေါ်မှာ မူတည်ပြီးတော့ပဲ အခြေခံဥပဒေကို ကျွန်တော်တို့က ပြင်ဆင်ရေး လုပ်ငန်းတွေ သွားလို့ရှိရင်တော့ အဆင်ပြေလိမ့် မယ်လို့ ကျွန်တော်ပြောလို တယ်။

သတင်းဌာန–

အခြေခံဥပဒေမှာဆိုရင် မြန်မာ့တပ်မတော် က ၂၅ ရာခိုင်နှုန်းပါဝင်နေမှု အခြေအနေနဲ့ ပတ်သက်ပြီး ထပ်မံမေးမြန်း လိုပါတယ်။မြန်မာနိုင်ငံရဲ့အခြေအနေတောင်းဆိုချက် အရ ဒီ ၂၅ ရာခိုင်နှုန်းကိုဆက်လက်ထားရှိဖို့ အတွက် လိုအပ်တယ်လို့မြင်ပါ သလား။ ဒီအချက်ကို ပြန်ပြင်မလားဆိုတဲ့အချက်ကို မေးမြန်းလိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး–

အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီးတော့ တရားသေဆုပ်ကိုင်ထားတာမရှိပါဘူး။ ဒီနေရာမှာလည်း အခြေခံ ဥပဒေရေး ဆွဲခဲ့တဲ့ အခြေခံကို စောစောက ကျွန်တော်ခင်ဗျား ကိုပြောခဲ့တယ်။ ဒို့တာဝန်အရေးသုံးပါးနဲ့ ပတ်သက်ပြီး ပြောခဲ့တာတွေ ရှိတာပေါ့။

ဒါကြီးက တိုင်းပြည်ကို ဘယ်လိုတည်ဆောက် မလဲဆိုတဲ့ဟာကို သွားခဲ့တဲ့ဟာပဲ။ တိုင်းပြည် ကို ဘယ်လိုတည်ဆောက် မလဲ ဆိုပြီးသွားခဲ့ တာပေါ့။ အဲဒီတော့ လက်ရှိအခြေအနေ မှာ နိုင်ငံရေးက တည်ငြိမ်မှုလည်းမရှိဘူး။ လုံခြုံရေးအရ တည်ငြိမ်မှုမရှိဘူး၊ ငြိမ်းချမ်းရေး အပြည့်အဝမရရှိနိုင်သေးတဲ့အခြေအနေရှိ နေတယ်။ ရှိနေတော့ကာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရည်ရွယ်ပြီး ရေးခဲ့တာကိုက တိုင်းပြည်တည်တည်ငြိမ်ငြိမ်နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် စောစောက အခြေခံ အချက် ၃ ချက် အပေါ်မူတည်ပြီးရေးခဲ့တာပေါ့၊ ဒါကြီးကို မယိုင်လဲအောင်ထိန်းသိမ်းဖို့က ကျွန်တော်တို့ လိုတယ်။ ဒါ တပ်မတော်က တာဝန်ထမ်းဆောင်တာ။ အဲဒါကြောင့် လွှတ်တော်ထဲမှ ၂၅ ရာခိုင် နှုန်းပါဝင်ပြီးတော့မှ ဒီနိုင်ငံရေး တည်ငြိမ်မှုရှိအောင် ဝင်ရောက် ထိန်းသိမ်းပေးခြင်းဖြစ်တယ်။ တပ်မတော်က အာဏာယူမှု လုပ်တဲ့ သဘောလည်း မဟုတ်ဘူး၊ အာဏာကိုင် ထားခြင်းသဘောမဟုတ်ဘူး။ ဒီလိုတည်တည် ငြိမ်ငြိမ်ဖြစ်သွားတဲ့အခြေအနေမျိုးရောက် သွားပြီး စောစောက ခင်ဗျား ကျွန်တော့်ကို မေးတဲ့ငြိမ်းချမ်းရေးကိစ်္စနဲ့ပတ်သက်တဲ့ဖြစ်လာ ပြီဆိုရင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမယ် ဆိုတာကို ကျွန်တော်တို့အနေနဲ့ လက်ခံထား ပါတယ်။ ဒီမှာလည်း ကျွန်တော်ပြောချင် တာက ဒီအခြေခံ ဥပဒေကျင့်သုံးခဲ့တာက ၂၀၁၁ ခုနှစ်မှစပြီးတော့ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့တာ အားလုံး ၈ နှစ်ကျော် ပဲရှိသေးတယ်။ ဒုတိယသက်တမ်းမှာပဲရှိပါ သေးတယ်။ ကျွန်တော်တို့က ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရတဲ့အခါမှာ ပါလီမန် စနစ်ကို ကျွန်တော်တို့သွားခဲ့တယ်။ ပါလီမန်စနစ်မှာ လည်း ပြည်တွင်းလက်နက်ကိုင်ပဋိ ပက္ခတွေ၊ နိုင်ငံရေး သဘောထား ကွဲလွဲမှုတွေကြောင့် မတည်မငြိမ်ဖြစ်ခဲ့ပြီး နောက်ဆုံးတော့ တိုတို ပြောရရင် ၁၉၆၂ ခုနှစ်မှာ တပ်မတော်က အာဏာသိမ်းခဲ့ရတာရှိပါတယ်။ ၁၉၆၂ ခုနှစ် ကနေ ၁၉၇၄ ခုနှစ်အထိ တော်လှန်ရေးကောင်စီ စစ်အုပ်ချုပ်ရေးနဲ့ သွားခဲ့ တာပေါ့။

၁၉၇၄ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ လမ်းစဉ် ပါတီအစိုးရ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရစနစ်နဲ့ သွားခဲ့တယ်။ ဗဟို ချုပ်ကိုင်မှုနဲ့ သွားတဲ့အစိုးရပေါ့။ ၁၉၈၈ ခုနှစ်မှ ၂၀၁၁ခုနှစ်အထိ ဒါကတော့ တပ်မတော်အစိုးရ အနေနဲ့သွားခဲ့တယ်။ ဒါက ဗဟိုချုပ်ကိုင်တဲ့ အစိုးရပဲ။ ကျွန်တော်တို့အတွေ့အကြုံအရ၁၉၆၂ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ဗဟို ကနေ ဦးဆောင်တဲ့ အစိုးရမျိုးသွားခဲ့တယ်။

၂၀၁၁ ခုနှစ်ကျမှ ဒီမိုကရေစီအစိုးရကို သွား တာပေါ့။ ကျွန်တော်တို့က ခဏခဏပြောင်းနေလို့ မဖြစ်ဘူး၊ ဒီလိုအပြောင်း အလဲတွေကြောင့် တိုင်းပြည်တိုးတက်မှုများ နှောင့်နှေး ခဲ့တာတွေကို ဖြတ်သန်းလာတဲ့အတွေ့အကြုံ အရ တွေ့ရတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီစနစ်ကို တည်တည်ငြိမ်ငြိမ် ဖြစ်စေချင်တယ်။ဖြစ်အောင်လည်း ကြိုးစားနေတာပေါ့။ ဒီဟာကို ပျက်အောင်လုပ် မယ့်သူမှန်သမျှ ကိုလိုအပ်တဲ့တုံ့ပြန်မှုတွေပြုလုပ် သွားရမှာဖြစ်ပါတယ်။
နိုင်ငံရေးမတည်ငြိမ်ဘဲနဲ့ လုံခြုံရေးမတည်ငြိမ် ဘဲနဲ့ တိုင်းပြည်တစ်ခုကို အခြေအနေယိုင်သွားအောင် ပိုပြီးဆိုးရွားတဲ့ အခြေ အနေမျိုး ဖြစ်သွားအောင်လုပ်ဆောင်မှုမျိုးကိုတော့ ဒီအချိန်မှာ မသင့်တော်ဘူးလို့ ကျွန်တော် ထင်ပါတယ်။

သတင်းဌာန–

ဟုတ်ကဲ့ နောက်တစ်ခုမေးမယ့်မေးခွန်း ကတော့ မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်း ရေးနဲ့ ဆက်စပ်တဲ့မေးခွန်းကို မေးမြန်းသွား မှာဖြစ်ပါတယ်။ ဒီတိုင်းရင်းသားလူနည်းစု တွေနဲ့ပတ်သက်ပြီး ကိစ်္စရပ်တစ်ရပ်ဟာ မြန်မာနိုင်ငံမှာ အရေးကြီးတဲ့ ကိစ္စ တစ်ရပ် ဆိုတာကို သိရှိထားပါတယ်။ ဒါကြောင့်မို့ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ဒီပစ်ခတ်တိုက် ခိုက်နေတဲ့ ကိစ္စ ရပ်တွေကိုရပ်စဲသွားဖို့ အတွက် စွမ်းဆောင်နိုင်မယ့် အလားအလာ ရှိပါသလား။ နောက်တစ်ချက်က ဒီတိုင်း ရင်းသားတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေနဲ့ ပေးသွားဖို့အတွက် အစီအစဉ်ရှိပါသလား၊ ဒီကိစ်္စတွေနဲ့ပတ်သက်ပြီး အဆွေ တော်ရဲ့ အမြင်ကို သိချင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး–

ဒီမှာလည်း တိုင်းရင်းသား ငြိမ်းချမ်းရေး နဲ့ပတ်သက်တဲ့ သဘောပါပဲ၊ ကျွန်တော် တို့က ၂၀၁၁ ခုနှစ်၊ နိုင်ငံရေးပြုပြင် ပြောင်းလဲ မှုစတဲ့အချိန်မှာ ငြိမ်းချမ်းရေးမရှိမဖြစ် လိုအပ်တယ်ဆိုတဲ့အတွက်ကြောင့် ယူဆ တဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးဖိတ်ခေါ်မှု တွေ ကျွန်တော်တို့စခဲ့ရတာပေါ့။ စခဲ့တယ်။ အဲ့ဒီကနေ ပြီးတော့မှ ၂၀၁၃ ခုနှစ်မှာ ကျွန်တော်တို့က ဒီကြားထဲမှာ ဆွေးနွေးမှု တွေလုပ်ဆိုပြီးတော့မှ သူတို့ရဲ့လိုလားချက် တွေအပေါ် မှာလည်း EAO တွေနဲ့ ဆွေးနွေး ပြီးတဲ့အချိန်မှာ သူတို့ရဲ့ လိုလားချက်တွေ အပေါ်မှာမူ တည်ပြီးတော့ Draft တစ်ခု ထွက်လာပါတယ်။ အဲဒီ Draft အပေါ် မှာမူတည်ပြီးတော့မှ ကျွန်တော်တို့က ၂၀၁၅ ခုနှစ်မှာ ဃြဗ စာချုပ်လက်မှတ် ရေးထိုးခဲ့တဲ့အထိ ရောက်သွားခဲ့တာပေါ့။ သူတို့ တောင်းဆိုချက်ပေါ်မှာ မူတည်ပြီး တော့ ပြောခဲ့တာပေါ့။ အဲတော့ ဒါတွေ ကလည်း သူတို့ရဲ့ပြောဆို ချက်တွေကလည်း လွယ်လွယ်ကူကူနဲ့ ရလာတာမဟုတ်ဘူး။ သူတို့နဲ့အကြိမ်ကြိမ်အခါခါ ကျွန်တော်တို့ ဆွေးနွေးပြီး တော့မှ သူတို့ရဲ့ လိုလားချက် တွေအပေါ်မှာ ဘယ်လိုဖြေရှင်းမလဲဆိုတာ အဖြေတစ်ခုထုတ်လာခဲ့တာပေါ့။ အဲ့ဒါ ကြောင့် ကျွန်တော်တို့ အနေနဲ့ သူတို့ရဲ့ လိုလားချက်တွေပေါ်မှာ စောစောကပြော တဲ့ ဒီတိုင်းပြည်တည်ငြိမ်အေးချမ်းရေးပေါ် မူတည်ပြီးတော့မှ ကျွန်တော်တို့ဆောင်ရွက် ပေးနိုင်တဲ့ကိစ္စတွေ ပေးရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော် စောစောက ခင်ဗျားကပြောတဲ့ Constitution ပြင်ဆင်ရေး နဲ့ပတ်သက်ပြီးတော့လည်း ဒီနောက်ဆက်တွဲ ၁ နဲ့ ၂ နဲ့ပေါ့၊ ဇယား ၁ နဲ့ ၂ နဲ့ပေါ့၊ ပြင်ဆင် ရေး ကိစ္စတွေ ကျွန်တော် ခင်ဗျားကို ခုနက ကျွန်တော်ပြောတဲ့ ဒါတွေကလည်း သူတို့ကို ပေးလိုက်တဲ့ အခွင့်အရေးတွေပါပဲ။ အဲဒီတော့ ခင်ဗျား ခုနက ကျွန်တော်ပြောတဲ့အထဲမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဆိုတာ လေးတစ်ခုပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်က ပြည်နယ်နှင့် တိုင်းအားလုံးကို ကျွန်တော်တို့ အခုပေးထားတယ်။ ပြည်နယ်နှင့် တိုင်းတွေထဲမှာ သူ့ဟာသူ လွှတ်တော်တွေ အကုန်လုံးရှိတယ်။

ရွေးချယ်ပိုင်ခွင့်အကုန်လုံးရှိတယ်၊ ပြီးရင် တိုင်းရင်းသားအုပ်စုတွေထဲမှာလည်း လိုအပ်တဲ့ ဥပဒေနဲ့ ညီညွတ်တဲ့ တိုင်းရင်း သား အုပ်စုတွေ ကိုလည်းကျွန်တော်တို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသဆိုပြီး ပေးထားတာရှိတယ်။ ပေးထား တာရှိတော့ ဒါတွေကို ကျွန်တော်တို့က တဖြည်းဖြည်းချင်း အကောင်အထည်ဖော်နိုင်ဖို့လိုတာပေါ့။ သို့သော်လည်းပဲ သူတို့တစ်ခု ပြောတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုတဲ့နေရာမှာ သူတို့ရဲ့ ပြည်နယ်နဲ့ တိုင်းဒေသ အသီးသီးရဲ့ အစိုးရအဖွဲ့ အကြီးအကဲကို တိုက်ရိုက်ရွေး ချယ်ပိုင်ခွင့်ကတော့ မရှိဘူး။ သမ္မတကနေ အဆိုပြုတာကို ကျွန်တော်တို့က ပေးရတာပေါ့။ အသေးစိတ် ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာပါပါတယ်။ ကျွန်တော်တို့က ဒီအစားကို ပြည်နယ်တွေ၊ တိုင်းတွေကနေ ပြီး သူ့ကိုယ် စားလှယ် တိုက်ရိုက်အုပ်ချုပ်တဲ့သူ၊ တိုက်ရိုက်ရွေးချယ်တဲ့ စနစ်ကိုသွားဖို့ဆိုပြီး တပ်မတော်က ဒါကို အဆိုပြုခဲ့တာရှိ တယ်။

ကြီးမားတဲ့ပြင်ဆင်မှု တစ်ခုလုပ်ပေးဖို့အတွက် တောင်းဆိုခြင်းဖြစ်တယ်။ သို့သော် ဒါနဲ့ မလုံလောက် သေးဘူး။ ကျွန်တော်တို့ ရဲ့ ဒို့တာဝန် အရေးသုံးပါးကို မထိခိုက်အောင် ဘယ်လိုပြန်လုပ်မလဲ ဆိုတဲ့ဟာကို စဉ်းစားတာ ရှိတယ်။ ဒါကြောင့် ဒီကိစ္စဟာ အင်မတန်နက်နဲ သိမ်မွေ့တဲ့ကိစ္စတစ်ခုဖြစ်တယ်လို့ ကျွန်တော် ပြောလိုတယ်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ကတော့ ပေးပြီးသားလည်းဖြစ်ပါတယ်။ သို့သော် ဒီပုံစံကို ဘယ်လိုကျင့်သုံးမလဲဆိုတာ တစ်ခု ကိုပြန်ပြီးတော့ ဆောင်ရွက်ရမှာဖြစ်တယ် လို့ပြောချင်တယ်။ ဒီနေရာမှာ တစ်ခုစဉ်းစား ရတော့မယ်။ ကျွန်တော်တွေ့တဲ့ အချက်ပေါ့။ ပြီးခဲ့ တဲ့ First Election နဲ့ Second Election တွေ့ခဲ့တဲ့အချက်မှာ တချို့ပြည် နယ်နဲ့တိုင်းတွေမှာ ရွေးချယ် တင်မြှောက် လိုက်တဲ့ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အုပ်ချုပ်ရေး အကြီးအကဲတွေဟာ တချို့ ဟာတွေမှာ လွှတ်တော်နဲ့ ထိပ်တိုက် တွေ့ပြီးတော့မှ သူတို့လုပ်ငန်း ဆောင်ရွက်ရာမှာ အခက်အခဲ ရှိတာကို ကျွန်တော် တွေ့တယ်။ ဒါဘာလဲဆိုတော့ ရွေးချယ် တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေရဲ့ သဘောထားတွေနဲ့ မကိုက်ညီတဲ့ ဟာတွေပါ လာလို့ ဒီလိုဖြစ်လာတယ်။ ပြည်နယ်နှင့် တိုင်းအလိုက်ပေါ့ ဒါကတော့ ပြည်ထောင်စုနဲ့ မဆိုင်ပါဘူး။ ပြည်နယ်နှင့် တိုင်း အလိုက် ဖြစ်တာ။ ဒါတွေကြောင့် ကျွန်တော်ပြောတဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဆိုတဲ့နေရာမှာ ဘယ်လိုပေးမလဲ ဆိုတဲ့ဟာကို ကျွန်တော် ထည့် စဉ်းစားရမှာဖြစ်ပါတယ်။

သတင်းဌာန–

နောက်တစ်ချက်ကလည်း ရခိုင်ပြည်နယ်အရေး ကိစ္စနဲ့ပတ်သက်ပြီး ဆက်လက်မေးမြန်းလိုခြင်းဖြစ်ပါတယ်။ ဒီရခိုင် ပြည်နယ်မှာ ဖြစ်နေတဲ့ကိစ္စရပ်များအပေါ်ကို ဘယ်လိုမျိုးဖြေရှင်းဆောင်ရွက်ရမယ်လို့ အဆွေတော် အနေနဲ့ ထင်မြင်ပါ သလဲ။ နောက်တစ်ချက်က မြန်မာအစိုးရ အနေနဲ့ အဲ့ဒီရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့နေရာက လူထုတွေအပေါ် အဲ့ဒီနေ ရာနှင့် ပတ်သက်ပြီး ဘယ်လိုပြုမူဆောင်ရွက်သင့်လဲ၊ ပြီးတော့ ထွက်ပြေးသွား တဲ့အဖွဲ့တွေ သူတို့နေရပ်ကို ပြန်လာဖို့ အတွက် ဘယ်လိုဆောင်ရွက်သင့်သလဲ ဒီအချက်နဲ့ပတ်သက်ပြီး သိချင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး–

ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့အဖြစ်အပျက် ၂ ခုရှိတယ်ဗျ။ တစ်ခုကတော့ ဘင်္ဂါလီနဲ့ ပတ်သက်တဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ဖြစ်နေတဲ့ ဘင်္ဂါလီနဲ့ ပတ်သက်တဲ့ကိစ္စ၊ တစ်ခုက ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ရခိုင်တိုင်းရင်းသားတွေတချို့နဲ့ပတ်သက်ပြီး ဖြစ်နေတဲ့ကိစ္စဖြစ်တယ်။ ကျွန်တော်ကတော့ ဘင်္ဂလားဒေ့ ရှ် နယ်စပ်မှာဖြစ်နေတဲ့ ဘင်္ဂါလီကိစ္စကိုပဲ ကျွန်တော်ဖြေမယ်။ ဒီနေရာမှာလည်း ကျွန်တော်တို့ကတော့ ဘင်္ဂါလီနဲ့ ပတ်သက်ပြီးတော့ကာ ပြောတာတော့ နိုင်ငံသားပေးခြင်း မပေးခြင်း ပြဿနာတွေက နေစတာပေါ့လေ။

ဆိုတော့ ဒီနေရာမှာလည်း အကြောင်းအမျိုးမျိုးကြောင့် ရောက်နေတဲ့ ဘင်္ဂါလီတွေကို ကျွန်တော် တို့က နိုင်ငံသား ဥပဒေအရ ကျွန်တော်တို့ နိုင်ငံသားပေးခြင်း၊ နိုင်ငံသားပြုခွင့် ပေးခြင်း၊ ဧည့်နိုင်ငံသားပေးခြင်း ဒီလိုရှိပါတယ်။ ဒါတွေ ကတော့ ဒီဥပဒေအတိုင်း သွားရမှာပေါ့။ ဒီဟာကို ကျွန်တော်တို့ အနေနဲ့ လက်ခံထားပြီးဖြစ်တယ်ဆိုတာ နားလည်ဖို့ လိုတယ်။ ဒီ နေရာမှာလည်း ဘင်္ဂါလီပြဿနာက အခုမှဖြစ်တာမဟုတ်ဘူး ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက အကြိမ် ပေါင်းများစွာ ဖြစ်ခဲ့တဲ့ပြဿနာတစ်ခုဖြစ်တယ်။ ဒါကိုလည်း ကျွန်တော်တို့ခေတ် အဆက်ဆက် အစိုးရ အဆက်ဆက် လည်း ဖြေရှင်းခဲ့တာတွေရှိပါတယ်။ အဲ့ဒီတော့ ဒီပြဿနာကို တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ ဖြေရှင်းလာတဲ့ အခါမှာ စောစောက ပြောတဲ့ ဘင်္ဂါလီတွေ ပြန်လက်ခံရေးမှာ နိုင်ငံသားပေးခြင်း မပေးခြင်းပြဿနာ တစ်ခုတည်းတင် မဟုတ်တော့ဘူး။ ဒါလွယ် လွယ်ကူကူပါပဲ၊ ဖြေရှင်းလို့ရတဲ့ ကိစ္စပါပဲ၊ ကျွန်တော်တို့ အစိုးရ အနေနဲ့လည်း ဘင်္ဂါလီ တွေကို ပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီး လုပ်ငန်းစဉ်တွေ စမယ်ဆိုပြီးတော့ ကျွန်တော် တို့ မနှစ်က တည်းက ပြောခဲ့တာပေါ့။ ဒါပေမဲ့ လွယ်လွယ်ကူကူနဲ့ လုပ်မယ့်ကိစ္စက လွယ်လွယ်ကူကူနဲ့ ဖြစ်မလာဘူး။ ဘာတွေ ဖြစ်လာလဲဆိုတော့ သူကတော့ အဓိက တော့ နိုင်ငံတကာ ဖိအားတွေပါလာတာလည်း ရှိတာပေါ့။ နောက်တစ်ခုကတော့ လူဦးရေ သိပ်သည်းမှုပြဿနာလည်းရှိတယ်၊ ရာသီ ဥတုပြဿနာလည်းရှိတယ်၊ နေရာထိုင်ခင်း ပြဿနာလည်း ရှိတယ်၊ စားရေးသောက် ရေးပြဿနာတွေလည်း ရှိတယ်။ ဒီပြဿနာ တွေအပေါ်မူတည်ပြီးတော့မှ ဘင်္ဂါလီတွေ ပြန်လက်ခံရေးကိစ်္စဟာ ပိုပြီးတော့ ရှုပ်ထွေး လာတယ်လို့ ကျွန်တော်ပြောချင်တယ်။ ဒါကြောင့် ကျွန်တော်တို့ နံပါတ်တစ်အချက် အရေးကြီး ဆုံးကတော့ နှစ်နိုင်ငံအစိုးရသဘောတူထားတဲ့ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် အားလုံးကို မြန်မြန်အကောင် အထည်ဖော်ခြင်းကတော့ အကောင်းဆုံး ဖြစ်မယ်လို့ ကျွန်တော်က ပြောလိုတယ်။ ကျွန်တော်တို့ဘက်က လုပ်နိုင်တာတွေ အကုန်လုံး လုပ်ပေးနေတယ်။ အစိုးရလုပ်တာ ကျွန်တော်တို့ သိတာပေါ့။ ကျွန်တော်တို့ ဘက်ကလည်း အကူအညီပေးနေတာပဲ။ အဲ့ဒီ တော့ အဓိကကတော့ သက်ဆိုင်ရာနိုင်ငံ ဘက်က လည်း ဒါကို မြန်မြန်ဆွေးနွေး အကောင်အထည်ဖော်နိုင်ဖို့ အတွက်လည်း အပြုသဘောဆောင်တဲ့ ကြိုးစားဆောင် ရွက်မှု တွေကိုဖြစ်စေချင်တယ်။ ဒီလိုမဟုတ်ဘဲနဲ့ ပြဿနာကြီး ထွားအောင် လုပ်နေတယ်ဆိုရင် တော့ ပိုပြီး တော့မှ ခက်ခဲလာမှာဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ဒီအပေါ်မှာလည်း ကျွန်တော် ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ပတ်သက်ပြီး အိမ်နီးချင်းနှစ်နိုင်ငံရှိပါတယ်။အိန္ဒိယရှိတယ်၊ မြန်မာရှိတယ်၊ အိန္ဒိယမှာ လည်း တချို့ပြည်နယ်တွေမှာလည်းဘင်္ဂလားဒေ့ရှ်နိုင်ငံက တချို့သွားရောက် နေထိုင်တဲ့ ပြဿနာတွေရှိလို့ အရေးယူ ဆောင်ရွက်တာတွေရှိတယ်။ အိန္ဒိယနိုင်ငံအစိုးရ ကြေညာခဲ့တာတွေ အများကြီးရှိတာ ပေါ့။ ဒီလိုပဲ မြန်မာနိုင်ငံမှာလည်း ဒီပြဿနာ တွေရင်ဆိုင်နေရတာပေါ့၊ အဲ့ဒီတော့ အခြေခံ ဖြစ်တဲ့ အခြေခံ အကြောင်းက အတူတူပဲ။

ဒါပေမဲ့ နိုင်ငံတကာက တုံ့ပြန်မှုကျတော့ မတူဘူးဖြစ်တယ်။ဒါလည်း တစ်မျိုးပဲလို့ ကျွန်တော်ပြော ချင်တယ်။ နောက်တစ် ခုကလည်း ကျွန်တော်တို့ ဒီလူတွေကို လက်ခံပါ၊ လက်ခံဖို့ပြောတိုင်းလည်း ဘယ်နိုင်ငံမှ လက်ခံမှာမဟုတ်ဘူး၊ ကျွန်တော်တို့ ဒေသမှာ တင်မဟုတ်ဘူး။ ဥရောပမှာ လည်း ပြဿနာ တွေအများကြီးဖြစ်နေတာရှိတယ်၊ မြန်မာနိုင်ငံ ကလည်း မြန်မာနိုင်ငံရဲ့ ဥပဒေအရ လက်ခံ သင့် လက်ခံထိုက်တဲ့၊ ရှိသင့်ရှိထိုက်တဲ့ ပုဂ္ဂိုလ်၊ သူတို့တင်မဟုတ်ပါဘူး။ ကျွန်တော် တို့နိုင်ငံနားမှာ အိမ်နီးနားချင်းနိုင်ငံ အိန္ဒိယလည်းရှိတယ်၊ တရုတ်လည်း ရှိတယ်၊ ထိုင်းလည်းရှိတယ်၊ လာအိုလည်း ရှိတယ်၊ဘင်္ဂလားဒေ့ရှ် ရှိတယ်၊ ၅ နိုင်ငံရှိတယ်၊ အဲ့တော့ သူတို့ ဒီအိမ်နီးနားချင်းနယ်စပ် ဒေသတွေ မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေမှာလည်း ဥပဒေနဲ့ ညီညွတ်တယ်ဆိုလို့ရှိရင် ကျွန်တော်တို့တွေ အနေနဲ့လည်း ဥပဒေနဲ့ အညီ ဆောင်ရွက်နိုင်ဖို့ မဆောင်ရွက်နိုင် စရာအကြောင်းမရှိဘူးလို့ ကျွန်တော် ပြောလိုတယ်၊ နိုင်ငံတစ်နိုင်ငံရဲ့ ဥပဒေကိုတော့ လေးစားရမယ်ဗျ။ မလေးစားဘဲနဲ့တော့ မဖြစ်ဘူး။

ဆက်လက်ဖော်ပြပါမည်။

(ZawGyi Version)

တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ဂ်ပန္ႏိုင္ငံ၊ The Yomiuri Shimbun သတင္းဌာနအား လက္ခံေတြ႔ဆုံၿပီး ေမးျမန္းမႈမ်ား ေျဖၾကား

သတင္းဌာန —

အေဆြေတာ္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ခင္ဗ်ာ။ အခုလိုမ်ဳိး မိမိကို ေတြ႕ဆုံေဆြးေႏြးခြင့္ျပဳသည့္အတြက္ ေက်းဇူး တင္ရွိ ပါေၾကာင္း၊ အသိအမွတ္ျပဳ အပ္ပါေၾကာင္း ဦးစြာ ေျပာၾကားလုိပါတယ္။

ပထမဆုံးအေနန႔ဲ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရး ႏွင့္ စစ္ဘက္ေရးရာ ကိစၥရပ္ေတြနဲ႔ ပတ္သက္ၿပီး ေမးျမန္းသြားမွာျဖစ္ပါတယ္။ လက္ရွိကာလတြင္ အစိုးရႏွင့္တပ္မေတာ္အၾကား ဆက္ဆံေရးႏွင့္ ပတ္သက္ၿပီး ဘယ္လိုရွိပါသလဲ။

ျမန္မာ့တပ္မေတာ္အေနနဲ႔ ျမန္မာႏိုင္ငံ ရဲ႕ႏိုင္ငံေရးမွာ ဘယ္လိုပါ၀င္သင့္သလဲလို႔ ထင္ျမင္ပါသလဲ။ ၿပီးေတာ့ လက္ရွိ ေဒၚေအာင္ဆန္း စုၾကည္ ဦးေဆာင္ေနတဲ့ လက္ရွိအစိုးရအေပၚမွာ ဘယ္လိုမ်ဳိးသုံးသပ္ ပါသလဲ သိလိုပါတယ္။

ဗိုလ္ခ်ဳပ္မွဴးႀကီး–

တပ္မေတာ္ရဲ႕အဓိကတာ၀န္ကေတာ့ ႏိုင္ငံေတာ္ကာကြယ္ေရးတာ၀န္ထမ္းေဆာင္ဖို႔ပဲ။ ႏိုင္ငံေတာ္ကာကြယ္ေရး ဆိုတဲ့ ေနရာမွာ ႏိုင္ငံေတာ္က တည္တည္ၿငိမ္ၿငိမ္ေအးေအး ခ်မ္းခ်မ္းရွိဖို႔ လိုအပ္တာေပါ့။ တိုင္းျပည္ တစ္ျပည္ကာကြယ္တယ္ လို႔ ဒီတစ္ခုတည္း သြားၿပီးေျပာလို႔မရပါဘူး။ ႏုိင္ငံေတာ္ ကာကြယ္ေရးဆိုတဲ့ ေနရာကေနၿပီး တိုင္းျပည္ တည္ၿငိမ္ ေအးခ်မ္းေရးကို ျပန္ၿပီးဦးတည္ သြားတာေပါ့။ တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းဖို႔ ျပည္တြင္း၊ ျပည္ပအႏၱရာယ္ကို ကာကြယ္ ရတဲ့ဟာျဖစ္တာေပါ့။ ျပည္ပအႏၱရာယ္ မဟုတ္ရင္ေတာင္မွ ျပည္တြင္းမွာရွိေနတဲ့ အႏၱရာယ္နဲ႔ ျပႆနာေတြရွိတယ္။ ကၽြန္ေတာ္ တို႔က ကိုလိုနီႏုိင္ငံျဖစ္ခဲ့တဲ့အတြက္ေၾကာင့္ ကိုလိုနီျဖစ္ခဲ့တဲ့ဒဏ္ကို အခုထိခံစားေနရတုန္း ျဖစ္တယ္၊ ဒီအေတြ႕ အႀကံဳအရ ဒီတိုင္းျပည္ က ေဖာ္ထုတ္ရရွိတဲ့အခ်က္ (၃)ခ်က္ရွိတယ္၊ အဲဒါဒို႔တာ၀န္အေရး (၃)ပါးပဲ။ ျပည္ ေထာင္စု မၿပိဳကြဲေရး၊ တိုင္းရင္းသားစည္းလုံး ညီၫြတ္မႈမၿပိဳကြဲေရး၊ အခ်ဳပ္အျခာအာဏာ တည္တံ့ခုိင္ၿမဲေရး ဒီသုံး ခ်က္ျဖစ္ ပါတယ္။တပ္မေတာ္အေနနဲ႔ အမ်ဳိးသားေရး ယုံၾကည္ခ်က္ (၃)ခ်က္ကို ကာကြယ္ဖို႔တာ၀န္ရွိတယ္။

တပ္မေတာ္ရဲ႕ အဓိကတာ၀န္၊ ႏိုင္ငံေတာ္ ကာကြယ္ေရးဆိုတဲ့ေနရာမွာ ဒုိ႔တာ၀န္အေရး(၃)ပါးကို ကာကြယ္ဖို႔အတြက္ အဓိက အခ်က္ ပဲျဖစ္တယ္။ ေနာက္တစ္ခုက ခင္ဗ်ား ဒီအစိုးရနဲ႔ဆက္ဆံေရး အေျခအေနေပါ့ဗ်ာ။ လက္ရွိတက္လာတဲ့ အစိုးရကေတာ့ ၂၀၁၅ ခုႏွစ္၊ ေရြးေကာက္ပြဲမွာတက္လာတဲ့ အာဏာ ရပါတီကေန ဖြဲ႕စည္းထားတဲ့အစိုးရျဖစ္ပါ တယ္၊ ျပည္သူကေရြးခ်ယ္တဲ့ အစိုးရျဖစ္တဲ့ အတြက္ ကၽြန္ေတာ္တို႔ကေတာ့ အေျခခံဥပေဒမွာ ျပ႒ာန္းခ်က္နဲ႔အညီ ေကာင္းမြန္တဲ့ ပူးေပါင္းေဆာင္ရြက္မႈအားလုံးကို ေဆာင္ရြက္ ေနတယ္ဆိုတာကို ကၽြန္ေတာ္ေျပာလိုပါတယ္။

ဒီေနရာမွာလည္း အစိုးရကလည္းသူ႕ရဲ႕ စြမ္းေဆာင္ႏိုင္သမွ် လုပ္ေဆာင္ေနတာကို ေတြ႕ပါတယ္။ ေအာင္ျမင္ျခင္း၊ မေအာင္ျမင္ျခင္း၊ တိုးတက္ျခင္း၊ မတိုးတက္ျခင္း ဆိုတာကေတာ့ လက္ရွိျဖတ္သန္းလာရတဲ့အေျခအေန အရပ္ရပ္ အေပၚမွာ သုံးသပ္ၾကည့္မယ္ဆိုရင္ ေတြ႕ႏိုင္ပါလိမ့္မယ္။ ဒါႏွင့္ပတ္ သက္ၿပီး အစိုးရႏွင့္ ဆက္ဆံေရး အေျခအ ေနကလည္းေကာင္းတယ္ပဲေျပာရမွာေပါ့ဗ်ာ။ ဘာျဖစ္လို႔လဲဆိုေတာ့ ကၽြန္ေတာ္တို႔တပ္မေတာ္ကလုပ္ေနတဲ့ ကိစၥရပ္ေတြ ရွိသလို အစုိးရ ဦးေဆာင္မႈနဲ႔ လုပ္ေဆာင္ေနရတဲ့ ကိစၥရပ္ ေတြရွိတယ္။ ဒါလည္းတပ္မေတာ္က ပံ့ပိုးကူညီ ေပးတာပါပဲ။ အခ်ဳိ႕ဟာ ေတြမွာ အစိုးရရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ လုပ္တာလည္းရွိပါတယ္။

ဒါလည္း အစိုးရဆုံးျဖတ္ခ်က္ကို ေအာင္ျမင္ ေအာင္လည္း ကၽြန္ေတာ္တို႔ဘက္က လုပ္ႏိုင္တဲ့ဟာဆို လုပ္ေပးတာေပါ့။ မလုပ္ႏိုင္တဲ့ တခ်ဳိ႕ဟာက်ေတာ့လည္းအေျခအေနအရ မတတ္ႏိုင္တာလည္း ရွိပါလိမ့္မယ္။

သတင္းဌာန —

လက္ရွိကာလမွာဆိုရင္ အစိုးရအေနနဲ႔ အေျခခံဥပေဒ ျပင္ဆင္ေရးနဲ႔ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားႏွင့္ ပတ္သက္ၿပီး ၿငိမ္းခ်မ္းေရးရရွိေရးကို အဓိကထား ရည္မွန္းၿပီးေတာ့ ႀကိဳးစားေဆာင္ရြက္ေန တာရွိပါတယ္၊ ဒါေပမဲ့ ကံအေၾကာင္းမလွစြာျဖင့္ တိုးတက္ျဖစ္ေပၚမႈေတြက ေႏွးေကြး ေနတယ္ဆိုတာကို မိမိတု႔ိေတြ႕ရွိ ရပါတယ္၊

ဒါေၾကာင့့္ ျမန္မာ့တပ္မေတာ္အေနနဲ႔ ဒီလိုမ်ဳိးရည္မွန္းခ်က္ေတြ ေအာင္ျမင္ေအာင္ ဘယ္လိုအားျဖည့္ကူညီ ေပးႏိုင္မလဲ ဆိုတာ အေဆြေတာ္ ဗိုလ္ခ်ဳပ္မွဴးႀကီးရဲ႕အျမင္ကို သိရွိလိုပါတယ္။

ဗိုလ္ခ်ဳပ္မွဴးႀကီး–

ပထမဆုံးေမးတဲ့ အေျခခံဥပေဒျပင္ဆင္ ေရးလို႔ေျပာရမွာေပါ့။ အေျခခံဥပေဒ ျပင္ဆင္ေရးနဲ႔ ပတ္သက္ၿပီးကၽြန္ေတာ္တို႔ တပ္မေတာ္အေနနဲ႔ အေျခခံဥပေဒမျပင္ဘူးလို႔ ကၽြန္ေတာ္တို႔မေျပာခဲ့ပါဘူး။ ျပင္ဆင္သင့္တဲ့ အခ်ိန္မွာ ျပင္ဆင္သင့္တဲ့ အခ်က္ေတြ ကိုျပင္ မယ္လို႔ေျပာခဲ့တယ္။ ဒါေပမဲ့ အဲ့ဒီလိုျပင္ဆင္ဖို႔ လိုအပ္တဲ့အခ်ိန္ဟာ ဘာလဲဆိုလို႔ရွိရင္ ႏိုင္ငံေရး တည္ၿငိမ္မႈ၊ လုံၿခံဳေရးဘယ္ေလာက္ တည္ၿငိမ္မႈရွိၿပီလဲ ဒီအေပၚမွာ မူတည္ၿပီးေတာ့ လုပ္ဖို႔သင့္တယ္ဆိုတဲ့ ကၽြန္ေတာ့္ရဲ႕

သေဘာထားကို ေျပာခဲ့ဖူးပါတယ္။ ဆိုေတာ့ ဒီေနရာမွာလည္း အေျခခံဥပေဒျပင္ဆင္ေရး ဆိုတာေတာ့ ဥပေဒဆိုတာ ေတာ့ တစ္သက္လုံး တစ္သမတ္တည္း ရွိတယ္ ဆိုတာေတာ့ မဟုတ္ပါဘူး။ ျပင္သင့္ျပင္ ထိုက္တာေတြလည္းျပင္။ ဘယ္ႏိုင္ငံ မဆို ဥပေဒေတြျပင္ၾကတာပဲ။

Constitution အပါအ၀င္ေပါ့။ ဥပေဒေတြ ကိုျပင္ၾကတာပါပဲ၊ ဥပမာအားျဖင့္ ဒီမိုကေရစီကို ခုိင္ခိုင္မာမာ က်င့္သုံးေနတဲ့ အေမရိကန္လိုႏိုင္ငံမ်ဳိး၊ အိႏ္ၵိယလိုႏိုင္ငံမ်ဳိးေတာင္မွ အေျခခံဥပေဒျပင္တာေတြ ကၽြန္ေတာ္တို႔ ေတြ႕ပါ တယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔အေနနဲ႔လည္း ျပင္သင့္ျပင္ထိုက္တဲ့ ကိစၥရပ္ေတြကို ျပင္ရမွာ ဆုိတာေတာ့ ကၽြန္ေတာ္တို႔ ျငင္းပယ္ျခင္း မျပဳပါဘူး၊ ဒီေနရာမွာ ကၽြန္ေတာ္တို႔ ေျပာေနၾကတဲ့ Constitution စနစ္နဲ႔ ဒီဥစၥာေပါ့။ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ စနစ္ေတြ ဒါေတြက တစ္ေယာက္နဲ႔ တစ္ေယာက္အျမင္ခ်င္း ညီဖို႔ေတာ့လိုတာေပါ့၊ ဒီေပၚမွာ မူတည္ၿပီးေတာ့ ကၽြန္ေတာ္ တုိ႔က ဖြဲ႕စည္းပုံ အေျခခံဥပေဒကို လုိအပ္သလို ျပင္ဆင္ေပး သြားရမွာျဖစ္တယ္။ ဒါကၽြန္ေတာ္တို႔ လက္ခံထား ပါတယ္။ ဒီမွာ ကၽြန္ေတာ္ ထည့္ေျပာခ်င္တာက ခင္ဗ်ား ရည္ၫႊန္းတဲ့ ၂၀၀၈ ခုႏွစ္အေျခခံဥပေဒက လြန္ခဲ့တဲ့ ဆယ္စုႏွစ္ ေက်ာ္ေက်ာ္ ေလာက္က အေျခခံၿပီး ေရးခဲ့တာေပါ့။ အဲဒီေတာ့ အဲဒီအေျခအေနတုန္းက အေကာင္းဆံုးအေျခအေနလုိ႔ ယူဆခဲ့ ပါတယ္၊ အဲဒီမွာလက္ေတြ႕က်င့္သံုး လာတ့ဲအခါက် တခ်ဳိ႕ဟာေလးေတြမွာ လုိအပ္ခ်က္ေလးေတြရွိတယ္ ဆုိတာ ေတြ႕လုိ႔ ၂၀၁၅ ခုႏွစ္မွာ ျပင္ဆင္ခ်က္ေတြ အမ်ားႀကီး လုပ္ေပးခဲ့တယ္။ အထူးသျဖင့္ ေနာက္ဆက္တြဲ ဇယား(၁)နဲ႔(၂)ကုိ ကၽြန္ေတာ္တို႔ ျပင္ခဲ့တာလည္း ရွိတယ္၊ ျဖည့္ေပးတာလည္း ရွိတာေပါ့။ ဒါေတြက ေစာေစာကေျပာတဲ့တုိင္းရင္း သားေတြရဲ႕ ေတာင္းဆုိခ်က္အေပၚ မူတည္ၿပီး လုပ္ခဲ့တဲ့ ျပင္ဆင္ခ်က္ေတြအမ်ားစုျဖစ္ တာေပါ့။ က်န္တဲ့ဟာေတြေတာ့ ႏုိင္ငံေရး အေျခ အေနအရေျပာင္းလဲဖုိ႔ လုိအပ္တဲ့ဟာေၾကာင့္ ကၽြန္ေတာ္တုိ႔ျပင္ေပးခဲ့တာရွိတယ္။ ကၽြန္ေတာ္ တုိ႔ဘယ္ ေလာက္ အေကာင္အထည္ေဖာ္ႏုိင္ခဲ့ၿပီလဲဆုိတာေတာ့ လက္ရွိအေျခအေနမွာေတာ့ အကဲမျဖတ္ႏုိင္ေသးဘူးျဖစ္တယ္။ ဒီေနရာမွာလည္း ကၽြန္ေတာ္ျဖည့္ေျပာခ်င္တာ တစ္ခ်က္ ရွိတယ္။ အဲဒါဘာလဲဆုိေတာ့ ၂၀၀၈ ခုႏွစ္ဖြဲ႕စည္းပံုအေျခခံ ဥပေဒ ေရးတဲ့ အခါမွာ ကၽြန္ေတာ္တုိ႔ထည့္သြင္းစဥ္းစား ခဲ့တာရွိတယ္။

သမုိင္းေနာက္ခံေတြစဥ္းစားခဲ့တယ္။ ေနာက္မတူညီတဲ့ကြဲျပားျခားနားမႈေတြ စဥ္းစားခဲ့တယ္။ၿပီးက်ေတာ့ ပဋိပကၡေတြျဖစ္ခ့ဲ တာေတြကိုေပါ့ ဒါေတြလည္း ကၽြန္ေတာ္ထည့္စဥ္းစားခဲ့တယ္။ ေနာက္ ျပည္တြင္းျပည္ပျဖစ္လာႏုိင္တဲ့ ၿခိမ္း ေျခာက္မႈ အႏၱရာယ္ေတြကို စဥ္းစားၿပီးေတာ့မွ ေစာေစာက ကၽြန္ေတာ္ေျပာတဲ့ ဒို႔တာ၀န္အေရးသံုးပါးဆုိတာေပၚလာတာ။ အေရးသံုး

ပါးကို ကၽြန္ေတာ္တုိ႔ဘယ္လုိထိန္းသိမ္းမလဲ ဆုိတဲ့ဟာကိုပါ အေျခခံၿပီး Constitutionကုိ ေရးဆြဲတာပါ။ ဒါဟာ ႏုိင္ငံတုိင္း ႏုိင္ငံတုိင္း ဒီတုိင္းပါပဲ။ ဘယ္ႏုိင္ငံၾကည့္ၾကည့္ သူတုိ႔ႏုိင္ငံဘယ္လုိ တည္တံ့ခုိင္ၿမဲေအာင္ လုပ္မလဲ ဆုိတာကို အေျခခံ Concept ကို စဥ္းစားၿပီးမွ လုပ္တာျဖစ္ပါတယ္။ ဒီ Constitution ျပင္ဆင္ေရး ဆုိတဲ့ ေနရာမွာလည္း ဒုိ႔တာ၀န္ အေရး သံုးပါးကို မထိခုိက္ေအာင္ ဘယ္လုိလုပ္မလဲ ဆုိတာ စဥ္းစားၿပီးေတာ့မွ ျပင္ဆင္ေရးကို သြားရမွာျဖစ္ ပါတယ္။ ဒီေပၚမွာ မူတည္ၿပီးေတာ့ပဲ အေျခခံဥပေဒကို ကၽြန္ေတာ္တုိ႔က ျပင္ဆင္ေရး လုပ္ငန္းေတြ သြားလုိ႔ရွိရင္ေတာ့ အဆင္ေျပလိမ့္ မယ္လုိ႔ ကၽြန္ေတာ္ေျပာလုိ တယ္။

သတင္းဌာန–

အေျခခံဥပေဒမွာဆုိရင္ ျမန္မာ့တပ္မေတာ္ က ၂၅ ရာခုိင္ႏႈန္းပါ၀င္ေနမႈ အေျခအေနနဲ႔ ပတ္သက္ၿပီး ထပ္မံေမးျမန္း လုိပါတယ္။ျမန္မာႏုိင္ငံရဲ႕အေျခအေနေတာင္းဆုိခ်က္ အရ ဒီ ၂၅ ရာခုိင္ႏႈန္းကုိဆက္လက္ထားရွိဖို႔ အတြက္ လုိအပ္တယ္လုိ႔ျမင္ပါ သလား။ ဒီအခ်က္ကုိ ျပန္ျပင္မလားဆုိတဲ့အခ်က္ကို ေမးျမန္းလုိပါတယ္။

ဗုိလ္ခ်ဳပ္မွဴးႀကီး–

အေျခခံဥပေဒျပင္ဆင္ေရးႏွင့္ပတ္သက္ၿပီးေတာ့ တရားေသဆုပ္ကုိင္ထားတာမရွိပါဘူး။ ဒီေနရာမွာလည္း အေျခခံ ဥပေဒေရး ဆြဲခဲ့တဲ့ အေျခခံကို ေစာေစာက ကၽြန္ေတာ္ခင္ဗ်ား ကိုေျပာခဲ့တယ္။ ဒုိ႔တာ၀န္အေရးသံုးပါးနဲ႔ ပတ္သက္ၿပီး ေျပာခဲ့တာေတြ ရွိတာေပါ့။

ဒါႀကီးက တုိင္းျပည္ကို ဘယ္လုိတည္ေဆာက္ မလဲဆုိတ့ဲဟာကို သြားခ့ဲတဲ့ဟာပဲ။ တုိင္းျပည္ ကို ဘယ္လုိတည္ေဆာက္ မလဲ ဆုိၿပီးသြားခဲ့ တာေပါ့။ အဲဒီေတာ့ လက္ရွိအေျခအေန မွာ ႏုိင္ငံေရးက တည္ၿငိမ္မႈလည္းမရွိဘူး။ လံုၿခံဳေရးအရ တည္ၿငိမ္မႈမရွိဘူး၊ ၿငိမ္းခ်မ္းေရး အျပည့္အ၀မရရွိႏိုင္ေသးတဲ့အေျခအေနရွိ ေနတယ္။ ရွိေနေတာ့ကာ ဖြဲ႕စည္းပံုအေျခခံ ဥပေဒကို ရည္ရြယ္ၿပီး ေရးခဲ့တာကိုက တုိင္းျပည္တည္တည္ၿငိမ္ၿငိမ္နဲ႔ ဖြံ႕ၿဖိဳးတုိးတက္ဖို႔ အတြက္ ေစာေစာက အေျခခံ အခ်က္ ၃ ခ်က္ အေပၚမူတည္ၿပီးေရးခဲ့တာေပါ့၊ ဒါႀကီးကို မယုိင္လဲေအာင္ထိန္းသိမ္းဖုိ႔က ကၽြန္ေတာ္တုိ႔ လုိတယ္။ ဒါ တပ္မေတာ္က တာ၀န္ထမ္းေဆာင္တာ။ အဲဒါေၾကာင့္ လႊတ္ေတာ္ထဲမွ ၂၅ ရာခုိင္ ႏႈန္းပါ၀င္ၿပီးေတာ့မွ ဒီႏုိင္ငံေရး တည္ၿငိမ္မႈရွိေအာင္ ၀င္ေရာက္ ထိန္းသိမ္းေပးျခင္းျဖစ္တယ္။ တပ္မေတာ္က အာဏာယူမႈ လုပ္တဲ့ သေဘာလည္း မဟုတ္ဘူး၊ အာဏာကုိင္ ထားျခင္းသေဘာမဟုတ္ဘူး။ ဒီလုိတည္တည္ ၿငိမ္ၿငိမ္ျဖစ္သြားတဲ့အေျခအေနမ်ဳိးေရာက္ သြားၿပီး ေစာေစာက ခင္ဗ်ား ကၽြန္ေတာ့္ကို ေမးတဲ့ၿငိမ္းခ်မ္းေရးကိစ္ၥနဲ႔ပတ္သက္တဲ့ျဖစ္လာ ၿပီဆုိရင္ ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ရမယ္ ဆုိတာကို ကၽြန္ေတာ္တုိ႔အေနနဲ႔ လက္ခံထား ပါတယ္။ ဒီမွာလည္း ကၽြန္ေတာ္ေျပာခ်င္ တာက ဒီအေျခခံ ဥပေဒက်င့္သံုးခဲ့တာက ၂၀၁၁ ခုႏွစ္မွစၿပီးေတာ့ အေကာင္အထည္ ေဖာ္ေဆာင္ရြက္ခဲ့တာ အားလံုး ၈ ႏွစ္ေက်ာ္ ပဲရွိေသးတယ္။ ဒုတိယသက္တမ္းမွာပဲရွိပါ ေသးတယ္။ ကၽြန္ေတာ္တုိ႔က ၁၉၄၈ ခုႏွစ္၊ လြတ္လပ္ေရးရတဲ့အခါမွာ ပါလီမန္ စနစ္ကို ကၽြန္ေတာ္တုိ႔သြားခဲ့တယ္။ ပါလီမန္စနစ္မွာ လည္း ျပည္တြင္းလက္နက္ကုိင္ပဋိ ပကၡေတြ၊ ႏုိင္ငံေရး သေဘာထား ကြဲလြဲမႈေတြေၾကာင့္ မတည္မၿငိမ္ျဖစ္ခဲ့ၿပီး ေနာက္ဆံုးေတာ့ တုိတုိ ေျပာရရင္ ၁၉၆၂ ခုႏွစ္မွာ တပ္မေတာ္က အာဏာသိမ္းခဲ့ရတာရွိပါတယ္။ ၁၉၆၂ ခုႏွစ္ ကေန ၁၉၇၄ ခုႏွစ္အထိ ေတာ္လွန္ေရးေကာင္စီ စစ္အုပ္ခ်ဳပ္ေရးနဲ႔ သြားခဲ့ တာေပါ့။

၁၉၇၄ ခုႏွစ္ကေန ၁၉၈၈ ခုႏွစ္အထိ လမ္းစဥ္ ပါတီအစိုးရ၊ ျမန္မာ့ဆုိရွယ္လစ္လမ္းစဥ္ပါတီ အစိုးရစနစ္နဲ႔ သြားခဲ့တယ္။ ဗဟုိ ခ်ဳပ္ကုိင္မႈနဲ႔ သြားတဲ့အစိုးရေပါ့။ ၁၉၈၈ ခုႏွစ္မွ ၂၀၁၁ခုႏွစ္အထိ ဒါကေတာ့ တပ္မေတာ္အစိုးရ အေနနဲ႔သြားခဲ့တယ္။ ဒါက ဗဟိုခ်ဳပ္ကုိင္တဲ့ အစိုးရပဲ။ ကၽြန္ေတာ္တုိ႔အေတြ႕အႀကံဳအရ၁၉၆၂ ခုႏွစ္ကေန ၂၀၁၁ ခုႏွစ္အထိ ဗဟုိ ကေန ဦးေဆာင္တဲ့ အစိုးရမ်ဳိးသြားခဲ့တယ္။

၂၀၁၁ ခုႏွစ္က်မွ ဒီမုိကေရစီအစိုးရကို သြား တာေပါ့။ ကၽြန္ေတာ္တုိ႔က ခဏခဏေျပာင္းေနလို႔ မျဖစ္ဘူး၊ ဒီလုိအေျပာင္း အလဲေတြေၾကာင့္ တုိင္းျပည္တုိးတက္မႈမ်ား ေႏွာင့္ေႏွး ခဲ့တာေတြကို ျဖတ္သန္းလာတဲ့အေတြ႕အႀကံဳ အရ ေတြ႕ရတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တုိ႔က ဒီစနစ္ကို တည္တည္ၿငိမ္ၿငိမ္ ျဖစ္ေစခ်င္တယ္။ျဖစ္ေအာင္လည္း ႀကိဳးစားေနတာေပါ့။ ဒီဟာကို ပ်က္ေအာင္လုပ္ မယ့္သူမွန္သမွ် ကိုလုိအပ္တဲ့တံု႔ျပန္မႈေတြျပဳလုပ္ သြားရမွာျဖစ္ပါတယ္။
ႏုိင္ငံေရးမတည္ၿငိမ္ဘဲနဲ႔ လံုၿခံဳေရးမတည္ၿငိမ္ ဘဲနဲ႔ တုိင္းျပည္တစ္ခုကို အေျခအေနယိုင္သြားေအာင္ ပိုၿပီးဆုိးရြားတဲ့ အေျခ အေနမ်ဳိး ျဖစ္သြားေအာင္လုပ္ေဆာင္မႈမ်ဳိးကုိေတာ့ ဒီအခ်ိန္မွာ မသင့္ေတာ္ဘူးလုိ႔ ကၽြန္ေတာ္ ထင္ပါတယ္။

သတင္းဌာန–

ဟုတ္ကဲ့ ေနာက္တစ္ခုေမးမယ့္ေမးခြန္း ကေတာ့ ျမန္မာႏိုင္ငံရဲ႕ တည္ၿငိမ္ေအးခ်မ္း ေရးနဲ႔ ဆက္စပ္တဲ့ေမးခြန္းကုိ ေမးျမန္းသြား မွာျဖစ္ပါတယ္။ ဒီတုိင္းရင္းသားလူနည္းစု ေတြနဲ႔ပတ္သက္ၿပီး ကိစ္ၥရပ္တစ္ရပ္ဟာ ျမန္မာႏိုင္ငံမွာ အေရးႀကီးတဲ့ ကိစၥ တစ္ရပ္ ဆုိတာကုိ သိရွိထားပါတယ္။ ဒါေၾကာင့္မုိ႔ တုိင္းရင္းသားလူမ်ဳိးစုေတြနဲ႔ ဒီပစ္ခတ္တုိက္ ခိုက္ေနတဲ့ ကိစၥ ရပ္ေတြကုိရပ္စဲသြားဖုိ႔ အတြက္ စြမ္းေဆာင္ႏုိင္မယ့္ အလားအလာ ရွိပါသလား။ ေနာက္တစ္ခ်က္က ဒီတုိင္း ရင္းသားေတြကုိ ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ေတြနဲ႔ ေပးသြားဖုိ႔အတြက္ အစီအစဥ္ရွိပါသလား၊ ဒီကိစ္ၥေတြနဲ႔ပတ္သက္ၿပီး အေဆြ ေတာ္ရဲ႕ အျမင္ကုိ သိခ်င္ပါတယ္။

ဗုိလ္ခ်ဳပ္မွဴးႀကီး–

ဒီမွာလည္း တုိင္းရင္းသား ၿငိမ္းခ်မ္းေရး နဲ႔ပတ္သက္တဲ့ သေဘာပါပဲ၊ ကၽြန္ေတာ္ တုိ႔က ၂၀၁၁ ခုႏွစ္၊ ႏိုင္ငံေရးျပဳျပင္ ေျပာင္းလဲ မႈစတဲ့အခ်ိန္မွာ ၿငိမ္းခ်မ္းေရးမရွိမျဖစ္ လုိအပ္တယ္ဆုိတဲ့အတြက္ေၾကာင့္ ယူဆ တဲ့အတြက္ေၾကာင့္ ၿငိမ္းခ်မ္းေရးဖိတ္ေခၚမႈ ေတြ ကၽြန္ေတာ္တုိ႔စခဲ့ရတာေပါ့။ စခဲ့တယ္။ အဲ့ဒီကေန ၿပီးေတာ့မွ ၂၀၁၃ ခုႏွစ္မွာ ကၽြန္ေတာ္တုိ႔က ဒီၾကားထဲမွာ ေဆြးေႏြးမႈ ေတြလုပ္ဆုိၿပီးေတာ့မွ သူတုိ႔ရဲ႕လုိလားခ်က္ ေတြအေပၚ မွာလည္း EAO ေတြနဲ႔ ေဆြးေႏြး ၿပီးတဲ့အခ်ိန္မွာ သူတုိ႔ရဲ႕ လုိလားခ်က္ေတြ အေပၚမွာမူ တည္ၿပီးေတာ့ Draft တစ္ခု ထြက္လာပါတယ္။ အဲဒီ Draft အေပၚ မွာမူတည္ၿပီးေတာ့မွ ကၽြန္ေတာ္တို႔က ၂၀၁၅ ခုႏွစ္မွာ ၿဃဗ စာခ်ဳပ္လက္မွတ္ ေရးထုိးခဲ့တဲ့အထိ ေရာက္သြားခဲ့တာေပါ့။ သူတုိ႔ ေတာင္းဆုိခ်က္ေပၚမွာ မူတည္ၿပီး ေတာ့ ေျပာခဲ့တာေပါ့။ အဲေတာ့ ဒါေတြ ကလည္း သူတုိ႔ရဲ႕ေျပာဆုိ ခ်က္ေတြကလည္း လြယ္လြယ္ကူကူနဲ႔ ရလာတာမဟုတ္ဘူး။ သူတုိ႔နဲ႔အႀကိမ္ႀကိမ္အခါခါ ကၽြန္ေတာ္တုိ႔ ေဆြးေႏြးၿပီး ေတာ့မွ သူတုိ႔ရဲ႕ လုိလားခ်က္ ေတြအေပၚမွာ ဘယ္လုိေျဖရွင္းမလဲဆုိတာ အေျဖတစ္ခုထုတ္လာခဲ့တာေပါ့။ အဲ့ဒါ ေၾကာင့္ ကၽြန္ေတာ္တုိ႔ အေနနဲ႔ သူတုိ႔ရဲ႕ လုိလားခ်က္ေတြေပၚမွာ ေစာေစာကေျပာ တဲ့ ဒီတုိင္းျပည္တည္ၿငိမ္ေအးခ်မ္းေရးေပၚ မူတည္ၿပီးေတာ့မွ ကၽြန္ေတာ္တုိ႔ေဆာင္ရြက္ ေပးႏိုင္တဲ့ကိစၥေတြ ေပးရမွာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ကၽြန္ေတာ္ ေစာေစာက ခင္ဗ်ားကေျပာတဲ့ Constitution ျပင္ဆင္ေရး နဲ႔ပတ္သက္ၿပီးေတာ့လည္း ဒီေနာက္ဆက္တြဲ ၁ နဲ႔ ၂ နဲ႔ေပါ့၊ ဇယား ၁ နဲ႔ ၂ နဲ႔ေပါ့၊ ျပင္ဆင္ ေရး ကိစၥေတြ ကၽြန္ေတာ္ ခင္ဗ်ားကုိ ခုနက ကၽြန္ေတာ္ေျပာတဲ့ ဒါေတြကလည္း သူတုိ႔ကုိ ေပးလုိက္တဲ့ အခြင့္အေရးေတြပါပဲ။ အဲဒီေတာ့ ခင္ဗ်ား ခုနက ကၽြန္ေတာ္ေျပာတဲ့အထဲမွာ ကုိယ္ပုိင္ အုပ္ခ်ဳပ္ခြင့္ဆုိတာ ေလးတစ္ခုပါတယ္။ ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္က ျပည္နယ္ႏွင့္ တုိင္းအားလုံးကုိ ကၽြန္ေတာ္တုိ႔ အခုေပးထားတယ္။ ျပည္နယ္ႏွင့္ တုိင္းေတြထဲမွာ သူ႔ဟာသူ လႊတ္ေတာ္ေတြ အကုန္လုံးရွိတယ္။

ေရြးခ်ယ္ပုိင္ခြင့္အကုန္လုံးရွိတယ္၊ ၿပီးရင္ တုိင္းရင္းသားအုပ္စုေတြထဲမွာလည္း လုိအပ္တဲ့ ဥပေဒနဲ႔ ညီၫြတ္တဲ့ တုိင္းရင္း သား အုပ္စုေတြ ကုိလည္းကၽြန္ေတာ္တုိ႔က ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ ေဒသဆုိၿပီး ေပးထားတာရွိတယ္။ ေပးထား တာရွိေတာ့ ဒါေတြကုိ ကၽြန္ေတာ္တို႔က တျဖည္းျဖည္းခ်င္း အေကာင္အထည္ေဖာ္ႏုိင္ဖုိ႔လုိတာေပါ့။ သုိ႔ေသာ္လည္းပဲ သူတုိ႔တစ္ခု ေျပာတဲ့ ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ ဆုိတဲ့ေနရာမွာ သူတုိ႔ရဲ႕ ျပည္နယ္နဲ႔ တုိင္းေဒသ အသီးသီးရဲ႕ အစုိးရအဖြဲ႕ အႀကီးအကဲကုိ တုိက္႐ုိက္ေရြး ခ်ယ္ပုိင္ခြင့္ကေတာ့ မရွိဘူး။ သမၼတကေန အဆုိျပဳတာကုိ ကၽြန္ေတာ္တို႔က ေပးရတာေပါ့။ အေသးစိတ္ ကေတာ့ ဖြဲ႕စည္းပုံအေျခခံ ဥပေဒမွာပါပါတယ္။ ကၽြန္ေတာ္တုိ႔က ဒီအစားကုိ ျပည္နယ္ေတြ၊ တုိင္းေတြကေန ၿပီး သူ႔ကုိယ္ စားလွယ္ တုိက္႐ုိက္အုပ္ခ်ဳပ္တဲ့သူ၊ တုိက္႐ုိက္ေရြးခ်ယ္တဲ့ စနစ္ကုိသြားဖုိ႔ဆုိၿပီး တပ္မေတာ္က ဒါကုိ အဆုိျပဳခဲ့တာရွိ တယ္။

ႀကီးမားတဲ့ျပင္ဆင္မႈ တစ္ခုလုပ္ေပးဖုိ႔အတြက္ ေတာင္းဆုိျခင္းျဖစ္တယ္။ သို႔ေသာ္ ဒါနဲ႔ မလုံေလာက္ ေသးဘူး။ ကၽြန္ေတာ္တုိ႔ ရဲ႕ ဒုိ႔တာ၀န္ အေရးသုံးပါးကုိ မထိခုိက္ေအာင္ ဘယ္လုိျပန္လုပ္မလဲ ဆုိတဲ့ဟာကုိ စဥ္းစားတာ ရွိတယ္။ ဒါေၾကာင့္ ဒီကိစၥဟာ အင္မတန္နက္နဲ သိမ္ေမြ႕တဲ့ကိစၥတစ္ခုျဖစ္တယ္လုိ႔ ကၽြန္ေတာ္ ေျပာလုိတယ္။ ကုိယ္ပုိင္ အုပ္ခ်ဳပ္ခြင့္ ကေတာ့ ေပးၿပီးသားလည္းျဖစ္ပါတယ္။ သုိ႔ေသာ္ ဒီပုံစံကုိ ဘယ္လုိက်င့္သုံးမလဲဆုိတာ တစ္ခု ကုိျပန္ၿပီးေတာ့ ေဆာင္ရြက္ရမွာျဖစ္တယ္ လုိ႔ေျပာခ်င္တယ္။ ဒီေနရာမွာ တစ္ခုစဥ္းစား ရေတာ့မယ္။ ကၽြန္ေတာ္ေတြ႕တဲ့ အခ်က္ေပါ့။ ၿပီးခဲ့ တဲ့ First Election နဲ႔ Second Election ေတြ႕ခဲ့တဲ့အခ်က္မွာ တခ်ဳိ႕ျပည္ နယ္နဲ႔တုိင္းေတြမွာ ေရြးခ်ယ္ တင္ေျမႇာက္ လုိက္တဲ့ ျပည္နယ္ႏွင့္ တုိင္းေဒသႀကီးအစုိးရအဖြဲ႕အုပ္ခ်ဳပ္ေရး အႀကီးအကဲေတြဟာ တခ်ဳိ႕ ဟာေတြမွာ လႊတ္ေတာ္နဲ႔ ထိပ္တုိက္ ေတြ႕ၿပီးေတာ့မွ သူတို႔လုပ္ငန္း ေဆာင္ရြက္ရာမွာ အခက္အခဲ ရွိတာကုိ ကၽြန္ေတာ္ ေတြ႕တယ္။ ဒါဘာလဲဆုိေတာ့ ေရြးခ်ယ္ တင္ေျမႇာက္လုိက္တဲ့ ကုိယ္စားလွယ္ေတြရဲ႕ သေဘာထားေတြနဲ႔ မကုိက္ညီတဲ့ ဟာေတြပါ လာလုိ႔ ဒီလုိျဖစ္လာတယ္။ ျပည္နယ္ႏွင့္ တုိင္းအလုိက္ေပါ့ ဒါကေတာ့ ျပည္ေထာင္စုနဲ႔ မဆုိင္ပါဘူး။ ျပည္နယ္ႏွင့္ တုိင္း အလုိက္ ျဖစ္တာ။ ဒါေတြေၾကာင့္ ကၽြန္ေတာ္ေျပာတဲ့ ကုိယ္ပုိင္ အုပ္ခ်ဳပ္ခြင့္ ဆုိတဲ့ေနရာမွာ ဘယ္လုိေပးမလဲ ဆုိတဲ့ဟာကုိ ကၽြန္ေတာ္ ထည့္ စဥ္းစားရမွာျဖစ္ပါတယ္။

သတင္းဌာန–

ေနာက္တစ္ခ်က္ကလည္း ရခိုင္ျပည္နယ္အေရး ကိစၥနဲ႔ပတ္သက္ၿပီး ဆက္လက္ေမးျမန္းလုိျခင္းျဖစ္ပါတယ္။ ဒီရခိုင္ ျပည္နယ္မွာ ျဖစ္ေနတဲ့ကိစၥရပ္မ်ားအေပၚကို ဘယ္လိုမ်ဳိးေျဖရွင္းေဆာင္ရြက္ရမယ္လို႔ အေဆြေတာ္ အေနနဲ႔ ထင္ျမင္ပါ သလဲ။ ေနာက္တစ္ခ်က္က ျမန္မာအစိုးရ အေနနဲ႔ အဲ့ဒီရခိုင္ျပည္နယ္မွာ ျဖစ္ေနတဲ့ေနရာက လူထုေတြအေပၚ အဲ့ဒီေန ရာႏွင့္ ပတ္သက္ၿပီး ဘယ္လိုျပဳမူေဆာင္ရြက္သင့္လဲ၊ ၿပီးေတာ့ ထြက္ေျပးသြား တဲ့အဖြဲ႕ေတြ သူတို႔ေနရပ္ကို ျပန္လာဖို႔ အတြက္ ဘယ္လုိေဆာင္ရြက္သင့္သလဲ ဒီအခ်က္နဲ႔ပတ္သက္ၿပီး သိခ်င္ပါတယ္။

ဗိုလ္ခ်ဳပ္မွဴးႀကီး–

ရခိုင္ျပည္နယ္မွာ ျဖစ္ေနတဲ့အျဖစ္အပ်က္ ၂ ခုရွိတယ္ဗ်။ တစ္ခုကေတာ့ ဘဂၤါလီနဲ႔ ပတ္သက္တဲ့ ဘဂၤလားေဒ့ရွ္နယ္စပ္မွာ ျဖစ္ေနတဲ့ ဘဂၤါလီနဲ႔ ပတ္သက္တဲ့ကိစၥ၊ တစ္ခုက ရခိုင္ျပည္နယ္မွာျဖစ္ေနတဲ့ ရခိုင္တုိင္းရင္းသားေတြတခ်ဳိ႕နဲ႔ပတ္သက္ၿပီး ျဖစ္ေနတဲ့ကိစၥျဖစ္တယ္။ ကၽြန္ေတာ္ကေတာ့ ဘဂၤလားေဒ့ ရွ္ နယ္စပ္မွာျဖစ္ေနတဲ့ ဘဂၤါလီကိစၥကိုပဲ ကၽြန္ေတာ္ေျဖမယ္။ ဒီေနရာမွာလည္း ကၽြန္ေတာ္တုိ႔ကေတာ့ ဘဂၤါလီနဲ႔ ပတ္သက္ၿပီးေတာ့ကာ ေျပာတာေတာ့ ႏုိင္ငံသားေပးျခင္း မေပးျခင္း ျပႆနာေတြက ေနစတာေပါ့ေလ။

ဆုိေတာ့ ဒီေနရာမွာလည္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ေရာက္ေနတဲ့ ဘဂၤါလီေတြကို ကၽြန္ေတာ္ တုိ႔က ႏုိင္ငံသား ဥပေဒအရ ကၽြန္ေတာ္တုိ႔ ႏုိင္ငံသားေပးျခင္း၊ ႏုိင္ငံသားျပဳခြင့္ ေပးျခင္း၊ ဧည့္ႏုိင္ငံသားေပးျခင္း ဒီလုိရွိပါတယ္။ ဒါေတြ ကေတာ့ ဒီဥပေဒအတုိင္း သြားရမွာေပါ့။ ဒီဟာကို ကၽြန္ေတာ္တို႔ အေနနဲ႔ လက္ခံထားၿပီးျဖစ္တယ္ဆုိတာ နားလည္ဖို႔ လိုတယ္။ ဒီ ေနရာမွာလည္း ဘဂၤါလီျပႆနာက အခုမွျဖစ္တာမဟုတ္ဘူး ဟိုးလြန္ခဲ့တဲ့ ႏွစ္ေပါင္း မ်ားစြာကတည္းက အႀကိမ္ ေပါင္းမ်ားစြာ ျဖစ္ခဲ့တ့ဲျပႆနာတစ္ခုျဖစ္တယ္။ ဒါကိုလည္း ကၽြန္ေတာ္တုိ႔ေခတ္ အဆက္ဆက္ အစိုးရ အဆက္ဆက္ လည္း ေျဖရွင္းခဲ့တာေတြရွိပါတယ္။ အဲ့ဒီေတာ့ ဒီျပႆနာကို တျဖည္းျဖည္းနဲ႔ ကၽြန္ေတာ္တို႔ ေျဖရွင္းလာတဲ့ အခါမွာ ေစာေစာက ေျပာတဲ့ ဘဂၤါလီေတြ ျပန္လက္ခံေရးမွာ ႏုိင္ငံသားေပးျခင္း မေပးျခင္းျပႆနာ တစ္ခုတည္းတင္ မဟုတ္ေတာ့ဘူး။ ဒါလြယ္ လြယ္ကူကူပါပဲ၊ ေျဖရွင္းလုိ႔ရတဲ့ ကိစၥပါပဲ၊ ကၽြန္ေတာ္တုိ႔ အစိုးရ အေနနဲ႔လည္း ဘဂၤါလီ ေတြကို ျပန္လည္လက္ခံေရးနဲ႔ပတ္သက္ၿပီး လုပ္ငန္းစဥ္ေတြ စမယ္ဆုိၿပီးေတာ့ ကၽြန္ေတာ္ တို႔ မႏွစ္က တည္းက ေျပာခဲ့တာေပါ့။ ဒါေပမဲ့ လြယ္လြယ္ကူကူနဲ႔ လုပ္မယ့္ကိစၥက လြယ္လြယ္ကူကူနဲ႔ ျဖစ္မလာဘူး။ ဘာေတြ ျဖစ္လာလဲဆုိေတာ့ သူကေတာ့ အဓိက ေတာ့ ႏုိင္ငံတကာ ဖိအားေတြပါလာတာလည္း ရွိတာေပါ့။ ေနာက္တစ္ခုကေတာ့ လူဦးေရ သိပ္သည္းမႈျပႆနာလည္းရွိတယ္၊ ရာသီ ဥတုျပႆနာလည္းရွိတယ္၊ ေနရာထုိင္ခင္း ျပႆနာလည္း ရွိတယ္၊ စားေရးေသာက္ ေရးျပႆနာေတြလည္း ရွိတယ္။ ဒီျပႆနာ ေတြအေပၚမူတည္ၿပီးေတာ့မွ ဘဂၤါလီေတြ ျပန္လက္ခံေရးကိစ္ၥဟာ ပုိၿပီးေတာ့ ႐ႈပ္ေထြး လာတယ္လုိ႔ ကၽြန္ေတာ္ေျပာခ်င္တယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တုိ႔ နံပါတ္တစ္အခ်က္ အေရးႀကီး ဆံုးကေတာ့ ႏွစ္ႏုိင္ငံအစိုးရသေဘာတူထားတဲ့ ျပန္လည္လက္ခံေရး လုပ္ငန္းစဥ္ အားလံုးကို ျမန္ျမန္အေကာင္ အထည္ေဖာ္ျခင္းကေတာ့ အေကာင္းဆံုး ျဖစ္မယ္လုိ႔ ကၽြန္ေတာ္က ေျပာလုိတယ္။ ကၽြန္ေတာ္တုိ႔ဘက္က လုပ္ႏုိင္တာေတြ အကုန္လံုး လုပ္ေပးေနတယ္။ အစိုးရလုပ္တာ ကၽြန္ေတာ္တုိ႔ သိတာေပါ့။ ကၽြန္ေတာ္တုိ႔ ဘက္ကလည္း အကူအညီေပးေနတာပဲ။ အဲ့ဒီ ေတာ့ အဓိကကေတာ့ သက္ဆုိင္ရာႏုိင္ငံ ဘက္က လည္း ဒါကို ျမန္ျမန္ေဆြးေႏြး အေကာင္အထည္ေဖာ္ႏုိင္ဖုိ႔ အတြက္လည္း အျပဳသေဘာေဆာင္တဲ့ ႀကိဳးစားေဆာင္ ရြက္မႈ ေတြကိုျဖစ္ေစခ်င္တယ္။ ဒီလုိမဟုတ္ဘဲနဲ႔ ျပႆနာႀကီး ထြားေအာင္ လုပ္ေနတယ္ဆုိရင္ ေတာ့ ပုိၿပီး ေတာ့မွ ခက္ခဲလာမွာျဖစ္တယ္လုိ႔ ကၽြန္ေတာ္ေျပာခ်င္ပါတယ္။ ဒီအေပၚမွာလည္း ကၽြန္ေတာ္ ဘဂၤလားေဒ့ရွ္ ႏုိင္ငံနဲ႔ပတ္သက္ၿပီး အိမ္နီးခ်င္းႏွစ္ႏုိင္ငံရွိပါတယ္။အိႏိ္ၵယရွိတယ္၊ ျမန္မာရွိတယ္၊ အိႏိ္ၵယမွာ လည္း တခ်ဳိ႕ျပည္နယ္ေတြမွာလည္းဘဂၤလားေဒ့ရွ္ႏုိင္ငံက တခ်ဳိ႕သြားေရာက္ ေနထုိင္တဲ့ ျပႆနာေတြရွိလုိ႔ အေရးယူ ေဆာင္ရြက္တာေတြရွိတယ္။ အိႏိ္ၵယႏုိင္ငံအစိုးရ ေၾကညာခဲ့တာေတြ အမ်ားႀကီးရွိတာ ေပါ့။ ဒီလုိပဲ ျမန္မာႏုိင္ငံမွာလည္း ဒီျပႆနာ ေတြရင္ဆုိင္ေနရတာေပါ့၊ အဲ့ဒီေတာ့ အေျခခံ ျဖစ္တဲ့ အေျခခံ အေၾကာင္းက အတူတူပဲ။

ဒါေပမဲ့ ႏုိင္ငံတကာက တုံ႔ျပန္မႈက်ေတာ့ မတူဘူးျဖစ္တယ္။ဒါလည္း တစ္မ်ဳိးပဲလုိ႔ ကၽြန္ေတာ္ေျပာ ခ်င္တယ္။ ေနာက္တစ္ ခုကလည္း ကၽြန္ေတာ္တို႔ ဒီလူေတြကို လက္ခံပါ၊ လက္ခံဖုိ႔ေျပာတုိင္းလည္း ဘယ္ႏုိင္ငံမွ လက္ခံမွာမဟုတ္ဘူး၊ ကၽြန္ေတာ္တုိ႔ ေဒသမွာ တင္မဟုတ္ဘူး။ ဥေရာပမွာ လည္း ျပႆနာ ေတြအမ်ားႀကီးျဖစ္ေနတာရွိတယ္၊ ျမန္မာႏုိင္ငံ ကလည္း ျမန္မာႏုိင္ငံရဲ႕ ဥပေဒအရ လက္ခံ သင့္ လက္ခံထုိက္တဲ့၊ ရွိသင့္ရွိထုိက္တဲ့ ပုဂိ္ၢဳလ္၊ သူတို႔တင္မဟုတ္ပါဘူး။ ကၽြန္ေတာ္ တို႔ႏုိင္ငံနားမွာ အိမ္နီးနားခ်င္းႏုိင္ငံ အိႏိ္ၵယလည္းရွိတယ္၊ တ႐ုတ္လည္း ရွိတယ္၊ ထုိင္းလည္းရွိတယ္၊ လာအုိလည္း ရွိတယ္၊ဘဂၤလားေဒ့ရွ္ ရွိတယ္၊ ၅ ႏုိင္ငံရွိတယ္၊ အဲ့ေတာ့ သူတုိ႔ ဒီအိမ္နီးနားခ်င္းနယ္စပ္ ေဒသေတြ မွာ ျဖစ္ပ်က္ေနတဲ့ ကိစၥေတြမွာလည္း ဥပေဒနဲ႔ ညီၫြတ္တယ္ဆုိလုိ႔ရွိရင္ ကၽြန္ေတာ္တို႔ေတြ အေနနဲ႔လည္း ဥပေဒနဲ႔ အညီ ေဆာင္ရြက္ႏိုင္ဖုိ႔ မေဆာင္ရြက္ႏုိင္ စရာအေၾကာင္းမရွိဘူးလို႔ ကၽြန္ေတာ္ ေျပာလုိတယ္၊ ႏုိင္ငံတစ္ႏုိင္ငံရဲ႕ ဥပေဒကိုေတာ့ ေလးစားရမယ္ဗ်။ မေလးစားဘဲနဲ႔ေတာ့ မျဖစ္ဘူး။

ဆက္လက္ေဖာ္ျပပါမည္။

ဖတ္သင့္ေသာ သတင္းမ်ား

ျပန္စာထားခဲ့ပါ။

သင့္ email လိပ္စာကို ေဖာ္ျပမည္ မဟုတ္ပါ။ လိုအပ္ေသာ ကြက္လပ္မ်ားကို * ျဖင့္ ေဖာ္ျပထားပါသည္။