တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထီးလိုမင်းလိုဘုရားကြီး အထက်ဌာပနာတော်သွင်းလှူခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နား တော်၊ ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားသို့ တက်ရောက်ကြည်ညို

နေပြည်တော်၊ ဖေဖော်ဝါရီ – ၂၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ၂၀၁၆ခုနှစ်၊ သြဂုတ် ၂၄ ရက်တွင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပျက်စီးမှု များဖြစ်ပေါ်ခဲ့သည့် ထီးလိုမင်းလိုဘုရားကြီးကို ပြန်လည်ပြုပြင်မွမ်းမံပြင်ဆင်ပြီး အထက် ဌာပနာတော်သွင်းလှူခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင်လှူ ပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားအား ယနေ့နံနက် ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဠဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာ ပဏ္ဍိတ၊ ဗန်းမော်ဆရာတော် ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှ၊ နိုင်ငံတော်ဒုတိယသမ္မတဟောင်း ဦးဉာဏ်ထွန်းနှင့် ဇနီး၊ ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်ဇနီး၊ နယ်စပ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာလင်းနှင့်ဇနီး၊ နိုင်ငံကျော် အနုပညာရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစု များ၊ ဝတ်အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများတက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် မင်္ဂလာမဏ္ဍပ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်နှင့် ပန်း၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူ ပူဇော်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက် လာကြသူများက ဗန်းမော်ဆရာတော်ဘုရားကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြသည်။

ယင်းနောက် ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများအား စေတီတော် ၀တ္တုကံနေရာတွင် ပက်ဖျန်းကြဲဖြန့်ချည်နှောင်တားဆီးကာရံကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ရတနာစိန်ဖူးတော်၊ ရတနာရွှေကျုတ်တော်၊ ငှက်မြတ်နားတော်နှင့်လှူဖွယ်ပစ္စည်းများအား ဗန်းမော်ဆရာတော်ဘုရားကြီးထံ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်ပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) နှင့်ဇနီး၊ နိုင်ငံတော်ဒုတိယသမ္မတဟောင်း ဦးဉာဏ်ထွန်းနှင့် ဇနီး၊ တပ်မတော်အရာရှိ ကြီးများနှင့်တက်ရောက်လာကြသူတို့က အထက်ဌာပနာတော်များနှင့် လှူဖွယ်ပစ္စည်း များအား သံဃာတော်အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ဗန်းမော်ဆရာတော်ဘုရားကြီးထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထီးလိုမင်းလိုဘုရားကြီးကို စနစ်တကျပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၇)တို့မှ ဝန်ထမ်းများကိုယ်စား ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့် တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရတနာရွှေကျုတ်တော်အတွင်း သို့ ရတနာပစ္စည်းများအား ထည့်သွင်းပူဇော်သည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး နှင့် အဖွဲ့ဝင်များသည် အထက် ဌာပနာတော်များ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် နှင့်ရွှေထီးတော်ဘုံအဆင့်ဆင့်အားပင့်ဆောင်၍ စေတီတော်ကြီးအား လက်ယာရစ် လှည့်လည်ပင့်ဆောင်ပူဇော်ကြသည်။ ထို့နောက် မင်္ဂလာအချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အထက်ဌာပနာတော်များ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်အား မင်္ဂလာ ရထားပျံဖြင့် စေတီတော်အထွတ်သို့ ပင့်ဆောင်၍ အမွှေးနံ့သာရည်များပက်ဖျန်းကြကာ ရွှေထီးတော်တင်လှူပူဇော်မှုအောင်မြင်ခြင်း အထိမ်းအမှတ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။

ထို့နောက် သံဃာတော်အရှင်သူမြတ်များက ထီးလိုမင်းလိုစေတီတော်မြတ်ကြီး အား ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူကြပြီး အခမ်းအနား အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် ဆရာတော်သံဃာတော်များအားနေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကာ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြသည်။

အဆိုပါ ထီးလိုမင်းလိုဘုရားကြီးကို အေဒီ ၁၂ ရာစု တွင် နရပတိစည်သူမင်း၏ သားတော် ဇေယျသိင်္ခ၊ နားတောင်းများ၊ ထီးလိုမင်းလို ဟူ၍ သုံးမည်ရသည့်မင်းကြီးက တည်ထားကိုးကွယ်ခဲ့ကြောင်း၊ ဘုရားအမှတ် ၁၈၁၂ ဖြစ်ပြီး ဘုရားကျောက်စာမှာ ပုဂံပြတိုက်တွင် ကျောက်စာတိုင် အမှတ် ၅၀ ဖြစ်ကြောင်း၊ အစဉ်အလာစကားအဆိုအရ နရပတိစည်သူမင်းကြီးတွင် သားတော်ငါးဦးရှိပြီး အငယ်ဆုံးသားတော်ဖြစ်သည့် ဇေယျသိင်္ခမင်းသားကို အိမ်ရှေ့မင်းအရာပေးလိုသောကြောင့် ထီးဖြူစိုက်၍ “ထီးနန်း အမွေဆက်ခံထိုက်သော သားတော်ဘက်သို့ ထီးဖြူညွတ်စေသတည်း” ဟု အဓိဌာန်ပြု တိုင်တည်ရာတွင် ဇေယျသိင်္ခမင်းသားဘက်သို့ ထီးဖြူညွတ်ခဲ့ပြီး အိမ်ရှေ့မင်းအရာဖြစ် ခဲ့ကြောင်း၊ ထိုအချိန်မှစ၍ နားတောင်းများ (ဇေယျသိင်္ခ) အမည်ပျောက်ကာ “ထီးလိုမင်းလို” ဟု အမည်တွင်ခဲ့ကြောင်း၊ မင်းဖြစ်သောအခါတွင် ထိုဘုရားကို တည်ခဲ့သောကြောင့် ထီးလိုမင်းလိုဘုရားဟုအများက ခေါ်တွင်ခဲ့ကြောင်း၊ ဘုရားကြီးမှာ လိုဏ်သုံးဆင့်ဘုရားဖြစ်ပြီး အလယ်လိုဏ်မှာ လျှို့ဝှက်မှောင်ပတ်လမ်းကျယ်ဖြစ်ကာ ကြောင်လိမ်လှေကားထိပ်ရှိ လျှို့ဝှက်ပေါက်မှ တဆင့်သွားရကြောင်း၊ အုတ်စီလက်ရာ၊ လေးထောင့်ပေါင်းကူးဗိသုကာလက်ရာ၊ ပန်းတော့လက်ရာ၊ ကျောက်ပေါ်တွင် အစိမ်းရောင်အတွင်း အဝါရောင်စဉ့်သုတ်ထားသောလက်ရာတို့မှာ ဘုရားကြီး၏ ထူးခြားချက်များဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် ငလျင်ဒဏ်များအပါအဝင် သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးယိုယွင်းခဲ့မှုများကို စေတနာရှင် အလှူရှင် များက ပြုပြင်ထိန်းသိမ်းခဲ့ကြကြောင်း၊ ၂၀၁၆ ခုနှစ်အတွင်း ငလျင် ၄ ကြိမ်လှုပ်ခတ်ခဲ့ပြီး သြဂုတ် ၂၄ ရက်တွင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ကာ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သောကြောင့် ပုဂံ-ညောင်ဦးဒေသရှိ စေတီ၊ ပုထိုးများနှင့် သာသနိက အဆောက်အအုံများ ပြန်လည်ပြုပြင်ရန်အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြကြောင်း၊ အဆိုပါ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် စေတီ၊ ပုထိုးများအနက် ယခု “ထီးလိုမင်းလို”ဘုရားကြီးကို ပြန်လည်ပြုပြင် မွမ်းမံပြင်ဆင်ပြီး အထက်ဌာပနာတော်သွင်းလှူခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်များ တင်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့တွင်ကျင်းပ ပြုလုပ် တင်လှူပူဇော်ခဲ့ခြင်းဖြစ်သည်။

(Unicode Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ထီးလိုမင္းလိုဘုရားႀကီး အထက္ဌာပနာေတာ္သြင္းလႉျခင္း၊ စိန္ဖူးေတာ္၊ ငွက္ျမတ္နား ေတာ္၊ ေ႐ႊထီးေတာ္တင္လႉပူေဇာ္ပြဲႏွင့္ ဗုဒၶါဘိေသက အေနကဇာတင္ မဟာမဂၤလာ အခမ္းအနားသို႔ တက္ေရာက္ၾကည္ညိဳ

ေနျပည္ေတာ္၊ ေဖေဖာ္ဝါရီ – ၂၇

မႏၲေလးတိုင္းေဒသႀကီး၊ ေညာင္ဦးၿမိဳ႕နယ္၊ ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမ၌ ၂၀၁၆ခုႏွစ္၊ ၾသဂုတ္ ၂၄ ရက္တြင္ အင္အားျပင္းငလ်င္လႈပ္ခတ္ခဲ့မႈေၾကာင့္ ပ်က္စီးမႈ မ်ားျဖစ္ေပၚခဲ့သည့္ ထီးလိုမင္းလိုဘုရားႀကီးကို ျပန္လည္ျပဳျပင္မြမ္းမံျပင္ဆင္ၿပီး အထက္ ဌာပနာေတာ္သြင္းလႉျခင္း၊ စိန္ဖူးေတာ္၊ ငွက္ျမတ္နားေတာ္၊ ေ႐ႊထီးေတာ္တင္လႉ ပူေဇာ္ပြဲႏွင့္ ဗုဒၶါဘိေသက အေနကဇာတင္ မဟာမဂၤလာအခမ္းအနားအား ယေန႔နံနက္ ပိုင္းတြင္ က်င္းပျပဳလုပ္ရာ ႏိုင္ငံေတာ္သံဃမဟာနာယက အဖြဲ႕ဥကၠ႒၊ အဘိဓဇမဟာရဠဂု႐ု၊ အဘိဓဇအဂၢမဟာ သဒၶမၼ ေဇာတိက၊ အဂၢမဟာ ပ႑ိတ၊ ဗန္းေမာ္ဆရာေတာ္ ဘုရားႀကီး ေဒါက္တာ ဘဒၵႏၲကုမာရာဘိဝံသ အမႉးျပဳေသာ ဆရာေတာ္၊ သံဃာေတာ္ အရွင္သူျမတ္မ်ား ႂကြေရာက္ခ်ီးျမႇင့္ေတာ္မူၾကသည္။

အခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႏွင့္ ဇနီးေဒၚၾကဴၾကဴလွ၊ ႏိုင္ငံေတာ္ဒုတိယသမၼတေဟာင္း ဦးဉာဏ္ထြန္းႏွင့္ ဇနီး၊ ျပည္ထဲေရးဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ႏွင့္ဇနီး၊ နယ္စပ္ေရးရာဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ အၿငိမ္းစားတပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ား၊ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ ေက်ာ္စြာလင္းႏွင့္ဇနီး၊ ႏိုင္ငံေက်ာ္ အႏုပညာရွင္မ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား၊ အရာရွိ၊ စစ္သည္၊ မိသားစု မ်ား၊ ဝတ္အသင္းအဖြဲ႕မ်ားႏွင့္ ေဒသခံျပည္သူမ်ားတက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတို႔သည္ မဂၤလာမ႑ပ္အတြင္းရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အား ျမသပိတ္ဆြမ္းေတာ္ႏွင့္ ပန္း၊ ေရခ်မ္းႏွင့္ ဆီမီးမ်ား ကပ္လႉ ပူေဇာ္ၾကသည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အခမ္းအနားတက္ေရာက္ လာၾကသူမ်ားက ဗန္းေမာ္ဆရာေတာ္ဘုရားႀကီးထံမွ ကိုးပါးသီလခံယူေဆာက္တည္ၾကၿပီး သံဃာေတာ္ အရွင္သူျမတ္တို႔ ႐ြတ္ပြားသရဇၩာယ္ခ်ီးျမႇင့္ေတာ္မူၾကသည့္ ပရိတ္တရားေတာ္မ်ားကို နာယူၾကသည္။

ယင္းေနာက္ ပရိတ္ပန္း၊ ပရိတ္ေရ၊ ပရိတ္ခ်ည္၊ ပရိတ္သဲမ်ားအား ေစတီေတာ္ ၀တၱဳကံေနရာတြင္ ပက္ဖ်န္းႀကဲျဖန႔္ခ်ည္ေႏွာင္တားဆီးကာရံၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတို႔က ရတနာစိန္ဖူးေတာ္၊ ရတနာေ႐ႊက်ဳတ္ေတာ္၊ ငွက္ျမတ္နားေတာ္ႏွင့္လႉဖြယ္ပစၥည္းမ်ားအား ဗန္းေမာ္ဆရာေတာ္ဘုရားႀကီးထံ ဆက္ကပ္လႉဒါန္းၾကသည္။

ဆက္လက္ၿပီး ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ႏွင့္ဇနီး၊ ႏိုင္ငံေတာ္ဒုတိယသမၼတေဟာင္း ဦးဉာဏ္ထြန္းႏွင့္ ဇနီး၊ တပ္မေတာ္အရာရွိ ႀကီးမ်ားႏွင့္တက္ေရာက္လာၾကသူတို႔က အထက္ဌာပနာေတာ္မ်ားႏွင့္ လႉဖြယ္ပစၥည္း မ်ားအား သံဃာေတာ္အရွင္သူျမတ္မ်ားထံ ဆက္ကပ္လႉဒါန္းၾကသည္။ ထို႔ေနာက္ ဗန္းေမာ္ဆရာေတာ္ဘုရားႀကီးထံမွ အႏုေမာဒနာတရားနာယူ၍ လႉဒါန္းမႈအစုစုအတြက္ ေရစက္သြန္းခ်အမွ်ေပးေဝၾကသည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ထီးလိုမင္းလိုဘုရားႀကီးကို စနစ္တက်ျပဳျပင္ထိန္းသိမ္းေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ၾကသည့္ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန(ပုဂံဌာနခြဲ)ႏွင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ အေဆာက္အဦအထူးအဖြဲ႕(၇)တို႔မွ ဝန္ထမ္းမ်ားကိုယ္စား ေရွးေဟာင္းသုေတသနႏွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာန(ပုဂံဌာနခြဲ) ၫႊန္ၾကားေရးမႉး ဦးေအာင္ေအာင္ေက်ာ္ႏွင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးဝင္းတင့္ တို႔အား ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ား ေပးအပ္ခ်ီးျမႇင့္သည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ရတနာေ႐ႊက်ဳတ္ေတာ္အတြင္း သို႔ ရတနာပစၥည္းမ်ားအား ထည့္သြင္းပူေဇာ္သည္။ ၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး ႏွင့္ အဖြဲ႕ဝင္မ်ားသည္ အထက္ ဌာပနာေတာ္မ်ား၊ ရတနာစိန္ဖူးေတာ္၊ ငွက္ျမတ္နားေတာ္ ႏွင့္ေ႐ႊထီးေတာ္ဘုံအဆင့္ဆင့္အားပင့္ေဆာင္၍ ေစတီေတာ္ႀကီးအား လက္ယာရစ္ လွည့္လည္ပင့္ေဆာင္ပူေဇာ္ၾကသည္။ ထို႔ေနာက္ မဂၤလာအခ်ိန္တြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ အထက္ဌာပနာေတာ္မ်ား၊ ရတနာစိန္ဖူးေတာ္၊ ငွက္ျမတ္နားေတာ္ႏွင့္ ေ႐ႊထီးေတာ္ဘုံအဆင့္ဆင့္အား မဂၤလာ ရထားပ်ံျဖင့္ ေစတီေတာ္အထြတ္သို႔ ပင့္ေဆာင္၍ အေမႊးနံ႔သာရည္မ်ားပက္ဖ်န္းၾကကာ ေ႐ႊထီးေတာ္တင္လႉပူေဇာ္မႈေအာင္ျမင္ျခင္း အထိမ္းအမွတ္ ရတနာေ႐ႊမိုး၊ ေငြမိုးမ်ား ႐ြာသြန္းၿဖိဳးၾကသည္။

ထို႔ေနာက္ သံဃာေတာ္အရွင္သူျမတ္မ်ားက ထီးလိုမင္းလိုေစတီေတာ္ျမတ္ႀကီး အား ဗုဒၶါဘိေသကအေနကဇာတင္၍ ဗုဒၶါဘိသိက္သြန္းေတာ္မူၾကၿပီး အခမ္းအနား အၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အခမ္းအနား တက္ေရာက္လာၾကသူမ်ားသည္ ဆရာေတာ္သံဃာေတာ္မ်ားအားေန႔ဆြမ္းဆက္ကပ္လႉဒါန္းၾကကာ တက္ေရာက္လာၾကသည့္ ဧည့္သည္ေတာ္မ်ားအား ေန႔လယ္စာျဖင့္ တည္ခင္း ဧည့္ခံခဲ့ၾကသည္။

အဆိုပါ ထီးလိုမင္းလိုဘုရားႀကီးကို ေအဒီ ၁၂ ရာစု တြင္ နရပတိစည္သူမင္း၏ သားေတာ္ ေဇယ်သိခၤ၊ နားေတာင္းမ်ား၊ ထီးလိုမင္းလို ဟူ၍ သုံးမည္ရသည့္မင္းႀကီးက တည္ထားကိုးကြယ္ခဲ့ေၾကာင္း၊ ဘုရားအမွတ္ ၁၈၁၂ ျဖစ္ၿပီး ဘုရားေက်ာက္စာမွာ ပုဂံျပတိုက္တြင္ ေက်ာက္စာတိုင္ အမွတ္ ၅၀ ျဖစ္ေၾကာင္း၊ အစဥ္အလာစကားအဆိုအရ နရပတိစည္သူမင္းႀကီးတြင္ သားေတာ္ငါးဦးရွိၿပီး အငယ္ဆုံးသားေတာ္ျဖစ္သည့္ ေဇယ်သိခၤမင္းသားကို အိမ္ေရွ႕မင္းအရာေပးလိုေသာေၾကာင့္ ထီးျဖဴစိုက္၍ “ထီးနန္း အေမြဆက္ခံထိုက္ေသာ သားေတာ္ဘက္သို႔ ထီးျဖဴၫြတ္ေစသတည္း” ဟု အဓိဌာန္ျပဳ တိုင္တည္ရာတြင္ ေဇယ်သိခၤမင္းသားဘက္သို႔ ထီးျဖဴၫြတ္ခဲ့ၿပီး အိမ္ေရွ႕မင္းအရာျဖစ္ ခဲ့ေၾကာင္း၊ ထိုအခ်ိန္မွစ၍ နားေတာင္းမ်ား (ေဇယ်သိခၤ) အမည္ေပ်ာက္ကာ “ထီးလိုမင္းလို” ဟု အမည္တြင္ခဲ့ေၾကာင္း၊ မင္းျဖစ္ေသာအခါတြင္ ထိုဘုရားကို တည္ခဲ့ေသာေၾကာင့္ ထီးလိုမင္းလိုဘုရားဟုအမ်ားက ေခၚတြင္ခဲ့ေၾကာင္း၊ ဘုရားႀကီးမွာ လိုဏ္သုံးဆင့္ဘုရားျဖစ္ၿပီး အလယ္လိုဏ္မွာ လွ်ိဳ႕ဝွက္ေမွာင္ပတ္လမ္းက်ယ္ျဖစ္ကာ ေၾကာင္လိမ္ေလွကားထိပ္ရွိ လွ်ိဳ႕ဝွက္ေပါက္မွ တဆင့္သြားရေၾကာင္း၊ အုတ္စီလက္ရာ၊ ေလးေထာင့္ေပါင္းကူးဗိသုကာလက္ရာ၊ ပန္းေတာ့လက္ရာ၊ ေက်ာက္ေပၚတြင္ အစိမ္းေရာင္အတြင္း အဝါေရာင္စဥ့္သုတ္ထားေသာလက္ရာတို႔မွာ ဘုရားႀကီး၏ ထူးျခားခ်က္မ်ားျဖစ္ေၾကာင္း၊ ေခတ္အဆက္ဆက္ ငလ်င္ဒဏ္မ်ားအပါအဝင္ သဘာဝေဘးအႏၲရာယ္မ်ားေၾကာင့္ ပ်က္စီးယိုယြင္းခဲ့မႈမ်ားကို ေစတနာရွင္ အလႉရွင္ မ်ားက ျပဳျပင္ထိန္းသိမ္းခဲ့ၾကေၾကာင္း၊ ၂၀၁၆ ခုႏွစ္အတြင္း ငလ်င္ ၄ ႀကိမ္လႈပ္ခတ္ခဲ့ၿပီး ၾသဂုတ္ ၂၄ ရက္တြင္ အင္အားျပင္းငလ်င္လႈပ္ခတ္ခဲ့ကာ ပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့ေသာေၾကာင့္ ပုဂံ-ေညာင္ဦးေဒသရွိ ေစတီ၊ ပုထိုးမ်ားႏွင့္ သာသနိက အေဆာက္အအုံမ်ား ျပန္လည္ျပဳျပင္ရန္အတြက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားႏွင့္ ေစတနာရွင္ အလႉရွင္မ်ားက အလႉေငြမ်ားေပးအပ္လႉဒါန္းခဲ့ၾကေၾကာင္း၊ အဆိုပါ ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့သည့္ ေစတီ၊ ပုထိုးမ်ားအနက္ ယခု “ထီးလိုမင္းလို”ဘုရားႀကီးကို ျပန္လည္ျပဳျပင္ မြမ္းမံျပင္ဆင္ၿပီး အထက္ဌာပနာေတာ္သြင္းလႉျခင္း၊ စိန္ဖူးေတာ္၊ ငွက္ျမတ္နားေတာ္ႏွင့္ ေ႐ႊထီးေတာ္မ်ား တင္လႉပူေဇာ္ျခင္း မဟာမဂၤလာအခမ္းအနားကို ယေန႔တြင္က်င္းပ ျပဳလုပ္ တင္လႉပူေဇာ္ခဲ့ျခင္းျဖစ္သည္။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။